Shel’s Bistro

2020-01-22edit MyoMinThu

ပရီးမီးယားလိဂ်ပွဲတွေ ပြန်စနေပြီနော်။ဘောလုံးပွဲကြည့်ဖို့ ဆိုင်ကောင်းကောင်းရှာနေပြီလား။ လက်ဖက်ရည် ဆိုင်မှာ ကြည့်ရတာပျင်းလာတဲ့လူတွေ ကိုယ့်ဘော်ဒါတစ်သိုက်ကိုခေါ်ပြီး အေးဆေး ဘောလုံးပွဲကြည့်၊ Chill နိုင်တဲ့ Barလေးတစ်ခုကိုညွှန်ပေးပါရစေ။

Bar ဆိုပေမယ့် အစားအသောက်တွေ ကောင်းကောင်မွန်မွန်ရနိုင်တဲ့ Restaurant Barပုံစံမျိုးလေးဆိုတော့ Familyလိုက်သော်လည်းကောင်း သူငယ်ချင်းအုပ်စုလိုက်သော်လည်းကောင်း သွားထိုင်လို့အဆင်ပြေတယ်။ couple တွေသွားမယ်ဆိုရင်လည်း ရိုက်မထုတ်ပါဘူးတဲ့နော်။

Rooftop Barဖြစ်တဲ့အတွက် Sunsetလေးကြည့်၊ ဓာတ်ဖမ်းဖို့လည်း အထူးသင့်လျော်တယ်ဗျ။



ရန်ကုန်မှာ ဘားတွေ မှိုလိုပေါက်နေတယ်ဆိုပေမယ့် လူတွေရှုပ်၊ အသံတွေဆူညံနဲ့ အေးအေးဆေးဆေး Chillဖို့ မပြောနဲ့ ရှေ့နောက် လှည့်ရင်တောင် သူများကိုထိမိမှာ စိုးရိမ်နေရတယ်။ Shel’s Bistro မှာတော့ အဲ့ဒုက္ခတွေနဲ့ ကင်းဝေးတယ်။ ဘောလုံးပွဲ လွတ်လွတ်လပ်လပ်ကြည့်၊ဂိုးဝင်ရင် "ဟေးခနဲ" သံပြိုင်အော်ကြ၊ ဘီယာလေး နည်း နည်းထွေလာရင် တီးချင်ဆိုချင်တဲ့သူတွေအတွက်လည်း စီစဉ်ထားတာရှိပဗျာ။ ကိုယ့်သူငယ်ချင်း အုပ်စုလိုက် စင်ပေါ်တင်ပြီး ဆိုနိုင်တီးနိုင်အောင် Open Mic လေးလည်း ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ စီစဉ်ပေးထားတယ်။ (ကီးတော့ဝင်အောင် ဆိုကြနော်)  Acoustic band တွေလည်း ရှိတယ် ပြောတယ်။

အစားနဲ့အသောက်

Pineapple Fried Rice

နာနတ်သီး အခွံထဲမှာ နာနတ်သီးရနံ့မွှေးနေတဲ့အပြင် နာနတ်သီးအဖတ်လေးတွေကို မအီအောင် ချဉ်ပြုံးပြုံး အရသာကဲပြီးကြော်ထားတဲ့ နာနတ်သီး ထမင်းကြော်လေး Shel’s bistro ရဲ့ နာမည်ကျော်Menu တွေထဲက တစ်ခုပေါ့။

On The Wave

On the wave က နာမည်နဲ့လိုက်အောင် တစ်ခွက်သောက်တာနဲ့ လှိုင်းတွေပေါ်ရောက်နေသလို တငြိမ့်ငြိမ့်နဲ့  တရိပ်ရိပ် ခံစားမှုမျိုးပေးစွမ်းနိုင်မှာပါ။ Whiskey၊ Bacardi, Gin, Vodka base တွေမျိုးစုံရှိလို့ ကြိုက်တဲ့ဟာသာ ရွေးပေတော့။

Grilled Pork Rib

Shel’s Bistro ရဲ့ ဝက်နံရိုးကင်က အမြင်နဲ့ သွားရည်ယိုစရာကောင်းရုံမကသေးဘူး၊ အနံနဲ့လည်း ဆွဲဆောင်တယ်။
ဝါးလိုက်တာနဲ့ ပါးစပ်ထဲမှာ နူးအိနေတာပဲ။ ကြီးလည်းအကြီးကြီးပဲ။

Prawn Stick

ပုစွန်ကိုနည်းမျိုးစုံနဲ့ စားချင်တဲ့သူတွေအတွက် Prawn Stick လိုပုံစံမျိုးလည်းရှိတယ်နော်။

Pascatore Seafood Spaghetti

Spaghetti က European Food ဖြစ်ပေမယ့် Asianပါးစပ်နဲ့လိုက်အောင် ပြင်ဆင်ပေးထားတယ်။ အဲ့ဒါကိုမှ Sea food လတ်လတ်ဆတ်ဆတ်နဲ့ စားရတော့ ဘယ်ပြောကောင်းမလဲ၊ ရှယ်ပဲပေါ့ဗျာ။

Prawn Paratha

ပုဇွန်ပလာတာကတော့ ကျွန်တော် Shel’s Bistro တစ်ဆိုင်ထဲမှာ တွေ့ဖူးတာပဲ။ လျှို့ဝှက်ထားတဲ့ Menu ဆိုတော့ အသေးစိတ် မပြောပြတော့ဘူး။ အသစ်အဆန်းရသတစ်မျိုးရမှာတော့ အာမခံပါတယ်ခင်ဗျ။ 

Soft Shell Crab with Black Pepper Sauce

ကျွန်တော်ရန်ကုန်မှာ ဂဏန်းပျော့စားချင်ရင်  Shel’s Bistro ကိုပဲသွားတယ်။ ဘာလို့လဲဆိုတော့ အဲ့ဆိုင်က ဂဏန်းပျော့မှာ သုံးတဲ့ Sauce က  Unique ဖြစ်လို့။ အပိုတွေမပြောတော့ဘူး။   တစ်ခေါက်သာ အရင်မှာ စားကြည့် ။

Pumpkin Soup

Barရောက်ရင် သောက်တာပဲဖြစ်ဖြစ၊စားတာပဲဖြစ်ဖြစ် စိုစိုပြေပြေဖြစ်ဖို့ ဟင်းရည်တစ်ခွက်တော့လိုတယ်လေ။ ပုံမှန်မှာနေကျ တုံယမ်းဟင်းချိုတွေကို စိတ်ကုန်နေပြီဆိုရင်တော့ Pumpkin Soup ကို Try ကြည့်ပါဗျ။ အအီ ပြေပြေလေး။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


Shel’s Bistro
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း