"ရေတွေကျသွားပြီးနောက်"

2019-08-14edit Ye Naung


သံလွင်မြစ်ရေကျဆင်းပြီး ဘားအံမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ခုကို ရုတ်သိမ်းလိုက်ပြီဆိုတဲ့သတင်း မီဒီယာတွေမှာ ဖတ်ရှုလိုက်ရပါတယ်။ ပြီးခဲ့တဲ့ဇွန်လကစပြီး ပြင်းထန်တဲ့မုတ်သုန်မိုးကြောင့် နိုင်ငံတဝှမ်းရေကြီး ရေလျံမှုတွေဖြစ်ပွားခဲ့တာကြောင့် ပြည်သူ ၈၀၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြရတယ်ဆိုတဲ့ သတင်းကို တနိုင်ငံလုံးက ပြည်သူတွေနဲ့အတူ Mingala Go အဖွဲ့သားတွေလည်း စိတ်မကောင်းစွာနဲ့ ဖတ်ရှုသိရှိထားခဲ့ကြရပါတယ်။

တကယ်တော့ သဘာဝဘေးဒဏ်တခုဖြစ်တဲ့ ရေကြီးရေလျံမှုဟာ ဖြစ်ပွားချိန်အတွင်း အများပြည်သူတို့ကို ဘေးဒုက္ခကြုံရ စေရုံသာမက ရေတွေပြန်ကျသွားချိန်မှာလည်း နောက်ဆက်တွဲပြဿနာတွေကို ချန်ထားရစ်ပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် အများပြည်သူတွေအနေနဲ့ ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ရတာတွေလည်း ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဖြေရှင်းလုပ်ဆောင်ကြရမယ့်အခြေအနေမျိုးမှာ အသုံးဝင်နိုင်မယ့် အချက်အလက်တချို့ကို မျှဝေ ဖော်ပြပေးလိုက်ရပါတယ်။

မုန်တိုင်းနဲ့အခြားသဘာဝဘေးရန်တွေအပါအဝင် ရေကြီးမှုနောက်ပိုင်း မှာ ဖြစ်ပေါ်လာတဲ့ ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် တွေကြောင့် ထိခိုက်အလွယ်ကူဆုံးက ကလေးသူငယ်တွေပါပဲ။ကလေးငယ်တွေဟာ အရေးကြီးတဲ့ဖွံ့ဖြိုးမှုအဆင့်မှာ တည် ရှိနေတာဖြစ်လို့ အဆိပ်အတောက်တွေနဲ့ထိတွေ့မှုဖြစ်ခဲ့ရင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေခံစားစေရနိုင်ပါတယ်။
ဒါကြောင့် ရေကြီးပြီးနောက်ပိုင်း အိုးအိမ်တည်နေရာတွေကို သန့်ရှင်းရေးလုပ်ဆောင်ကြတဲ့နေရာမှာ ဖြစ်နိုင်သမျှ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်ဖွံ့ဖြိုးဆဲကလေးကြီးတွေကို မပါဝင်စေသင့်ပါဘူး။

ဒါအပြင် ကလေးငယ်တွေကို ရေကြီးမှုဖြစ်စဉ်အတွင်းမှာသာမက ရေတွေကျသွားချိန်မှာလည်း လူကြီးသူမတွေရဲ့ကြီးကြပ် စောင့်ရှောက်မှုနဲ့ မလွတ်စေသင့်ပါဘူး။ သန့်ရှင်းရေးလုပ်ဆောင်ကြတဲ့ အရွယ်ရောက်သူတွေအနေနဲ့လည်း အောက်ဖော်ပြပါ ပြဿနာတွေက ကလေးငယ်တွေအပေါ်ဘယ်လိုထိခိုက်မှုဖြစ်နိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

နေထိုင်နိုင်စွမ်း - အဓိကပြဿနာတွေက သောက်သုံးရေပြန်လည်ရရှိနိုင်မှု၊ အိမ်သာကို ပုံမှန်အတိုင်းပြန်အသုံးပြုပြီးအညစ် အကြေးတွေ ပတ်ဝန်းကျင်ကို မပျံ့ပွားအောင်လုပ်ဆောင်နိုင်ရေး၊ လမ်းအခြေအနေလုံခြုံဘေးကင်းမှု၊ ရေကြောင့်ပျက်စီး သွားတဲ့ အိုးအိမ်တွေကို ပြန်လည်မွမ်းမံမှု၊ အစားထိုးတည်ဆောက်မှု၊သုံးရေရရှိမှု၊ နေအိမ်ကြမ်းပြင်မှာ ရေတက်ချိန် က ကျန်ရစ်ခဲ့တဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေဖယ်ရှားမှု။ ရေမှာနစ်မြှပ်နေတဲ့ လျှပ်စစ်ဓါတ်ကြိုးများပြဿနာ။

အထူးသဖြင့် ပျက်စီးပွားတဲ့မိလ္လာစနစ်ကကျန်းမာရေး ဆိုင်ရာဘေးအန္တရာယ်တွေကို ဖြစ်စေပါတယ်။

ရေကိုကျိုချက်သောက်သုံးတာ၊ ရေသန့်ဗူးအသုံးပြုတာတွေကို စဉ်းစားသင့်ပါတယ်။ ရေကျပြီးနောက်ပိုင်းမှာ ဝမ်းလျောဝမ်းပျက်ရောဂါလည်း ဖြစ်ပေါ်တတ်တာကြောင့် သောက်သုံးရေသန့်ရှင်းမှု၊အသုံးပြုတဲ့ အိုးခွက်ပန်းကန်တွေ သန့်ရှင်းမှု ရှိဖို့ အရေးကြီးပါတယ်။ကလေးတွေနဲ့ပတ်သက်ပြီး အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ရေကြီးမှုဖြစ်ပွားခဲ့တဲ့ဝန်းကျင်ကို ပြန် လည် အခြေချနေထိုင်မှုမှာ ကလေးငယ်တွေက နောက်ဆုံးဖြစ်သင့်ပါ တယ်။






 

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


"ရေတွေကျသွားပြီးနောက်"
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း