Alliance Myanmar River Cruise-RV Panorama

2019-01-21edit MyoMinThu

Alliance-Myanmar-River-Cruise မြန်မာပြည်မှာ ရေကြောင်းပို့ဆောင်ရေးကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ကုမ္မဏီများဟာ မရှိသလောက်နည်းပါနေသေးပါသည်။ ထိုနည်းပါသည့် ကုမ္မဏီများအနက်မှ Alliance Myanmar ဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ပြေးဆွဲပေးနေတဲ့ ရေကြောင်းပို့ဆောင်ရေးကုမ္မဏီတစ်ခုဖြစ်၏။ ကျွန်တော်ကတော့ MingalaGo ရဲ့ တာဝန်ခံ မန်နေဂျာ "မျိုး" ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Alliance Myanmar River Cruise-RV Panoramas ရဲ့ လုပ်ငန်းစဉ်နဲ့ ဝန်ဆောင်မှုတွေအကြောင်း Interview ဖြစ်ခဲ့ပါတယ်။  

Alliance Myanmar River Cruise-RV Panoramas က ဘာလဲ?

Alliance-Myanmar-River-Cruise Alliance-Myanmar-River-Cruise ဖြေ-Alliance Myanmar River Cruise-RV Panoramas ဟာ ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္မဏီတစ်ခုပါ။ သဘောၤနှစ်စင်းနဲ့ အစဉ်မပြတ်ပြေးဆွဲပေးပြီး ခရီးသွားတွေနည်းပါးတဲ့ မိုးရာသီကလွဲပြီး ကျန်လတွေမှာ နေစဉ်ပြေးဆွဲပေးလျက်ရှိပါတယ်။ ကျွန်မတို့ ကုမ္မဏီရဲ့ရည်ရွယ်ချက်ကတော့ ပုဂံ-မန္တလေး ၊ မန္တလေး-ပုဂံ ခရီးစဉ်တွေ အတွက် မြန်မာပြည်မှာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္မဏီဖြစ်လာစေဖို့ပါ။

မေး-သဘောၤအချိန်စာရင်းတွေကဘယ်လိုတွေဖြစ်မလဲ။

Alliance-Myanmar-River-Cruise Alliance-Myanmar-River-Cruise Alliance-Myanmar-River-Cruise ဖြေ-ခရီးစဉ်နှစ်ခုရှိပါတယ်။ ပုဂံ-မန္တလေးနဲ့ မန္တလေး-ပုဂံ ခရီးစဉ်ပါ။ မန္တလေး-ပုဂံခရီးစဉ်အတွက်ဆိုရင်တော့ သဘောၤက မန္တလေးဆိပ်ကမ်းမှ မနက် ငါးနာရီခွဲမှထွက်ခွာပြီး ပုဂံ-မန္တလေး သဘာၤကတော့ ညောင်တုန်းဆိပ်ကမ်းမှ မနက်ငါးနာရီခွဲတွင်ပင်ထွက်ခွာပါတယ်။ ထို့အတွက်ကြောင့် မနက်ငါးနာရီလောက်နောက်ဆုံးထားပြီး သက်ဆိုင်ရာဆိပ်ကမ်းကိုအရောက်လာမှသာ စိတ်ချရပါလိမ့်မယ်။ map မန္တလေး-ပုဂံ ခရီးစဉ်အတွက်လမ်းမှာရှိတဲ့ ရွာငယ်လေးမှာ တစ်နာရီလောက် လေ့လာရေးခရီးစဉ်အနေနဲ့ နားပေးပြီး ခရီးသည်တွေကို ကျေးလက်ဒေသလူနေမှုပုံစံအစစ်အမှန်တွေနဲ့ထိတွေ့စေပါတယ်။ ထိုနောက် ဆက်လက်ထွက်ခွာပြီး ညနေခြောက်နာရီဝန်းကျင်တွေပုဂံသို့ဆိုက်ရောက်လေ့ရှိပါသည်။ ပုဂံ-မန္တလေး ခရီးစဉ်အတွက်ကတော့ ရေဆန်ခရီးဖြစ်သည့်အတွက် ဘယ်မှာမှမနားပေမယ့် ညနေ ခြောက်နာရီမှပင် မန္တလေးသို့ဆိုက်ရောက်ပါတယ်။ [su_table responsive="yes"]

6:00 AM Check-in Time
6:30 AM Cast off from Mandalay
6:35 AM Briefing about safety, Dos and Don'ts
7:00 AM Breakfast Time
10:30 AM Visit a typical village on the Ayeyarwaddy River Bank
12:30 PM Lunch
3:00 PM Demonstration and Discussion on Myanmar Culture & Tradition
5:30 PM Arrival to Bagan

[/su_table] [su_table responsive="yes"]

5:00 AM Check-in Time
5:30 AM Cast off from Bagan
5:45 AM Briefing about safety, Dos and Don'ts
6:00 AM Breakfast Time
12:00 PM Lunch
3:00 PM Demonstration and Discussion on Myanmar Culture & Tradition
5:30 PM Arrival to Mandalay

[/su_table]

မေး-ဝန်ဆောင်မှုနှင့်ဈေးနှုန်းတွေကရော ဘယ်လိုတွေဖြစ်မလဲ

Alliance-Myanmar-River-Cruise ဖြေ- မန္တလေး-ပုဂံခရီးစဉ်အတွက် (မနက်စာ၊နေ့လည်စာ၊ Sightseeing အပါအဝင်)တစ်ယောက်$58 ကျသင့်ပြီး ပုဂံ-မန္တလေး ခရီးစဉ်အတွက် $37 ကျသင့်ပါတယ်။ (ခရီးသွားရာသီပေါ်လိုက်၍ဈေးနှုန်းအတိုးအလျော့ရှိနိုင်ပါသည်) ခရီးသည်တွေအတွက် မနက်စာ သုံးဆောင်ချိန်မှာ မနက်ခြောက်နာရီခွဲမှ ကိုးနာရီအတွင်းဖြစ်ပြီး မနက် နေထွက်ချိန်ကို သဘောၤပေါ်မှ ခံစားနိုင်မှာဖြစ်ပါတယ်။ နေ့လည်စာကိုတော့ ဝက်သား၊ကြက်သား၊ငါး တို့ကို ခရီးသည်များကြိုက်နှစ်သက်ရာတစ်ခုခုရွေးချယ်နိုင်ဖို့စီစဉ်ပေးထားပါတယ်။ Mini Barလေးလည်း သဘောၤပေါ်မှာ ဖွင့်လှစ်ထားပေးပြီး အဖျော်ယမကာ၊ ဘီယာ တို့ကို အပိုငွေကြေးပေး၍သုံးဆောင်နိုင်ပါသည်။ ထိုနောက်တွင် အတွေ့အကြုံကြွယ်ဝသောဂိုက်များမှ နိုင်ငံခြားသားခရီးသည်များအား သနပ်ခါး သွေးနည်း၊ လိမ်းနည်းတို့ကိုပျော်ပျော်ပါးပါး သင်ကြားပေးပါသေးတယ်။

မေး-လက်မှတ်အတွက်ရော ကျွန်တော်တို့ဘယ်လိုဆက်သွယ်ရမလဲ

Alliance-Myanmar-River-Cruise ဖြေ- ဆိပ်ကမ်းရောက်မှသာ ငွေချေမယ်ဆိုပါက ကျွန်မတို့ Cash only ပဲ လက်ခံပါတယ်။ တကယ်လို့ online booking ကနေ လက်မှတ်ဖြတ်မယ်ဆိုရင်တော့ VISA cardနဲ့ ပေးချေလို့ရပါတယ်ရှင့်။ လက်မှတ်အတွက်အသေးစိတ်စုံစမ်းချင်ပါက (+95) 1 500282 နဲ့ sales@alliancemyanmarrivercruise.com တို့မှာ စုံစမ်းနိုင်ပါတယ်။ ကျွန်မတို့ FB page ကတော့ https://www.facebook.com/alliancemyanmarrivercruise/ ဖြစ်ပါတယ်။ ရုံးလိပ်စာက တော့ အခန်းနံပါတ် ၇၊ တိုက် “O” ရွှေမဉ္ဇူလမ်း၊ ရွှေပုန်းညှက်ရိပ်မွန်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


Alliance Myanmar River Cruise-RV Panorama
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း