ဝိုင်ရနံ့တွေနဲ့ ခြုံလွှမ်းထားတဲ့ တောင်ကုန်းလေးပေါ်က ဝိုင်ခြံလေး (သို့မဟုတ်) Red Mountain

2020-02-25edit MyoMinThu

သရဲတကာ့ သရဲထဲမှာ ဘယ်သူရဲဖြစ်ရတာ အမိုက်ဆုံးလဲသိလား ?
 
ကျတော်ကတော့ ဝိုင်သရဲဖြစ်ရတာ အမိုက်ဆုံးလို့ထင်ပါတယ် ။ ကမ္ဘာအရပ်ရပ်က နှစ်ပေါင်းများစွာ စီရင်ထားတဲ့ဝိုင်တွေကို အဲ့ဒီနေရာဒေသတွေမရောက်ဖူးပေမယ့်၊ ဝိုင်ကိုသောက်လိုက်တဲ့အခါမှာ အဲ့ဒီနေရာဒေသတွေကို ရောက်ရှိသွားသလိုမျိုးခံစားရပါတယ် ။ တစ်ခြားသူတွေတော့မသိဘူး ၊ ကျတော် ဝိုင်ကိုနှစ်သက်ရခြင်း အကြောင်းများစွာထဲက တစ်ခုကိုပြောရမယ်ဆိုရင် ပြင်သစ်ဝိုင်ကိုသောက်နေတဲ့အချိန် ပဲရစ်ကရနံ့တွေရလာသလို ၊ ဂျာမဏီက ဝိုင်ဆိုရင်တော့ ဘာလင်တံတိုင်းကြီးကိုပြေးမြင်မိတာပေါ့ ။ 

ဒါနဲ့ဘဲ ကျတော် ညောင်ရွှေရောက်တုန်း နာမည်ကျော် “Red Mountain Estate Vineyard and Winery” ဝိုင်ခြံ ကိုဝင်ခဲ့ပါတယ် ။အဲ့ဒီနေရာလေးရဲ့ “Sunset” ကနာမည်ကျော်တယ်လေ ။ညောင်ရွှေမြို့ ရဲ့ ညနေခင်းအချိန် လေးနာရီခွဲလောက်ဆိုရင် ညောင်ရွှေမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေဟာ နေဝင်ချိန်ကို ခံစားကြည့်ရှု့ဖို့အတွက် “Red Mountain Estate” ဝိုင်ခြံလေးမှာ မချိန်းထားပေမယ့် ဆုံလေ့ရှိကြတယ် ။ လေးနာရီခွဲလောက်ဆိုရင် တစ်ယောက်ထဲသော်လည်းကောင်း ၊ ကိုယ့်ရဲ့ခရီးသွားဖော်တွေ အစုအဖွဲ့လေးတွေနဲ့သော် လည်းကောင်း ဝိုင်သောက်တဲ့နေရာလေးကို ရောက်ရှိ နေရာယူလျက်ရှိပါတယ် ။

ကျတော်ကတော့ တောင်ကြီးကသူငယ်ချင်းတွေနဲ့ ဝိုင်ခြံလေးကို ခပ်စောစောရောက်ဖြစ်တယ် သုံးနာရီခွဲလောက်ပေါ့ ။ 

အဲ့ဒါနဲ့ ကျတော်တို့လည်း ဗဟုသုတရရန်အလို့ငှာ ဝိုင်ချက်တဲ့စက်ရုံတွေဘက်ကို လျောက်ပတ်ကြည့်ကြတယ် ။ ဝန်ထမ်းတွေကလည်း စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြကြတယ် ။ ဝိုင်ချက်ဖို့ စပျစ်သီးက သတ်သတ်ရှိကြောင်း ၊ ခူးပြီးတဲ့အခါမှာလည်း အပူချိန်အတိအကျနဲ့ထိန်းသိမ်းထားရကြောင်း ၊ သောက်သုံးနိုင်တဲ့အဆင့်ထိရောက်ဖို့အတွက် တစ်နှစ်တန်သည်ဖြစ်စေ၊ နှစ်နှစ်တစ်သည်ဖြစ်စေ ထိန်းသိမ်းထားရကြောင်းလေ့လာသိရှိခဲ့ရပါတယ် ။   

ကိုယ်ပိုင်ကျောင်းတွေ ၊ တက္ကသိုလ်တွေ အတွက် လေ့လာရန် သင့်လျော်တဲ့နေရာလေးဖြစ်တာကြောင့် ကျောင်းသား၊ကျောင်းသူ လေးတွေ တဖွဲဖွဲလာနေကြတာကိုလည်းတွေ့ရပါတယ် ။ ကျောင်းတွေအတွက်လေ့လာရေး လာချင်တယ်ဆိုရင်တော့ “Red Mountain Estate” ရဲ့ဖုန်းနံပါတ် “၀၉ ၂၅၂၈ ၁၉၉၀၀” သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ ။

“Red Mountain Estate” restaurant ဟာ ၂၀၀၂ ခုနှစ်ထဲက စတင်ခဲ့ပေမယ့် ဈေးကွက်ထဲကို ရောက်ရှိတဲ့အချိန်ကတော့ ၂၀၀၈ ခုနှစ်မှဖြစ်ပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့်  ဝိုင်တစ်ပုလင်း ဖြစ်လာဖို့ဆိုတာ မလွယ်ကူမှန်း သိနိုင်ပါတယ် ။ 

“Red Mountain Estate” ရဲ့ ဝိုင်ပညာရှင်ကတော့ ကောင်းမွန်ပြီး နာမည်ကြီးတဲ့ ဝိုင်တွေထုတ်လျက်ရှိတဲ့ သြစတေးလျ နိုင်ငံမှ သြစတေးလျလူမျိုးဘဲဖြစ်ပါတယ် ။ ဝိုင်လောကမှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ပညာရှင်တစ်ဦး အနေနဲ့ ရပ်တည်ခဲ့တဲ့သူဟုလည်း သိရှိခဲ့ရပါတယ် ။

ဈေးနှုန်းများ

ကျတော်ဆိုင်ထဲဝင်ဝင်ချင်းတုန်းက မဝံ့မရဲနဲ့ ပိုက်ဆံအိတ်ကို စမ်းကြည့်သေးတယ် ။ ဆိုင်နေရာက အလန်းစားဆိုတော့ဈေးကြီးမယ်ထင်နေတာ ။ Menu တောင်းကြည့်တော့မှ အံ့သြသွားတယ် ။ဝိုင်တွေကိုမြည်းစမ်းရုံဆို ငါးထောင်ဘဲပေးရတယ် ။ ဝိုင်နီ ၊ ဝိုင်ဖြူ နှစ်မျိုးရှိတယ်၊ ပုလင်းနဲ့ဆိုရင် ၁၀၀၀၀ ကျပ်ကနေစပြီးတော့ အမျိုးအစားအများကြီး ရှိတယ် ။ ဝိုင်ကအဓိကဆိုပေမယ့် တစ်ခြား Snack တွေ ၊ Menu တွေလည်းရှိတယ် ။ ဈေးနှုန်းကလည်းမများဘူး ။ 

နေဝင်ချိန်ရောက်ရင် လာတဲ့သူများတဲ့အတွက် နေရာထိုင်ခင်းကောင်းကောင်းလိုချင်ရင်တော့ စောစောလေးသွားဖို့လိုပါတယ် ။ ရာသီဥတုအပေါ်မူတည်ပြီး နေဝင်ချိန်ဟာ စောတာ၊နောက်ကျတာ ရှိနိုင်တဲ့အတွက် ညနေလေးနာရီလောက်ထဲက “Red Mountain Estate” restaurant ကိုရောက်နေရင် ကောင်းပါတယ် ။

ဘယ်လိုသွားရမလဲ

ညောင်ရွှေမြို့ထဲက သုံးဘီးငှားသွားမယ်ဆိုရင် ၄၀၀၀/၅၀၀၀ လောက်ကျပါမယ် ။ ၁၅မိနစ် ၊ မိနစ် ၂၀ လောက်ဘဲကြာပါတယ် ။ အပြန်အတွက်လည်း တခါထဲ Booking လုပ်ရင်လုပ် ၊ မလုပ်ရင်လည်း အဲ့ဝင်ပေါက်နားမှာ သုံးဘီးဆိုင်ကယ်သမားတွေရှိပါတယ် ။ စက်ဘီးစီးသွားရင်တော့ အကောင်းဆုံးပေါ့ ။

ရှောင်ရန်

“Sunset” ဝင်တဲ့အချိန် ဓါတ်ပုံရိုက်တဲ့အခါ ပြည်တွင်း ပြည်ပခရီးသွားတွေ ရှိတဲ့အတွက် ရှေ့ကနေ ပိတ်ရပ်တာတို့ ၊ ကို့ရို့ကားယား အကြာကြီးလုပ်တာတွေရှောင်စေလိုပါတယ် ။

ဆောင်ရန်

နှစ်သောင်းမကျော်တဲ့ ပိုက်ဆံနဲ့ နေဝင်ဆည်းဆာကို အတူကြည့်ဖို့ အဖော်တစ်ယောက်ပေါ့။ ဒုတိယဟာကိုမရှိလို့ ပိုက်ဆံလေးဆောင်ပြီး တစ်ယောက်ထဲသွားလည်းရပါတယ်။ ဘယ်သူမှတော့ ဆွဲမထုတ်ပါဘူး။ စတာပါ။ စတာပါ။

နှစ်သောင်းမကျော်တဲ့ ပိုက်ဆံနဲ့ နေဝင်ဆည်းဆာကို အတူကြည့်ဖို့ အဖော်တစ်ယောက်ပေါ့ ။ဒုတိယဟာကိုမရှိလို့ ပိုက်ဆံလေးဆောင်ပြီး တစ်ယောက်တည်းသွားလည်းရပါတယ် ။ဘယ်သူမှတော့ဆွဲမထုတ်ပါဘူး ။ စတာပါ ။စတာပါ ။

ဒါကတော့ “Red Mountain Estate” အကြောင်း ကျတော့်ရဲ့ Review လေးပါ ။ညောင်ရွှေရောက်ပြီး "Red Mountain Estate" မှာ နေဝင်ဆည်းဆာကို မကြည့်ဘဲပြန်သွားရင်တော့ ညောင်ရွှေ နှင့် အင်းလေး ကိုလာလည်တာ အမြတ်မယူဘဲ အရင်းအတိုင်းပြန်သွားရတာနဲ့ အတူတူပါဘဲ လို့ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ် ။
 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဝိုင်ရနံ့တွေနဲ့ ခြုံလွှမ်းထားတဲ့ တောင်ကုန်းလေးပေါ်က ဝိုင်ခြံလေး (သို့မဟုတ်) Red Mountain
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း