ညောင်ရွှေမြို့က “Aqua Lilies Spa”
2020-06-15edit MingalaGO
ညောင်ရွှေဆိုတာ Backpacker သမားတွေ၊ ပြည်တွင်းပြည်ပ ခရီးသွားတွေ စတည်းချနေကျမြို့လေးပါ။ အင်းလေးကန်နဲ့ ကပ်ရပ်ရှိတဲ့အပြင် Tricking သွားတဲ့လူတွေရဲ့ စိတ်ကြိုက်မြို့လေးဖြစ်ပါတယ်။ အဲ့အတွက် တနေကုန် တောတွေတောင်တွေ တက်၊ မြင်းစီး၊ လှေလှော် လိုမျိုး activity တွေ ပေါင်းစုံကို တနေကုန် လုပ်ပြီးရင် အနားယူဖို့ နေရာလေးတစ်ခုတော့ လိုအပ် တာပေါ့လေ။
ဟုတ်ကဲ့ပါရှင့်။
နန်း ညောင်ရွှေရောက်လို့ ပြန်ခါနီး ရက်မှာ မသွားမဖြစ်သွားတဲ့ Spa လေး တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Aqua Lilies Spa ပါပဲ။ Branch နှစ်ခုရှိပါတယ်။ ဆိုင်တဆိုင်နဲ့ တဆိုင် သိပ်မဝေးဘဲ လမ်းလျှောက်သွားလို့တောင် ရပါတယ်။ ပထမဆိုင်အဟောင်းမှာ Traditional နည်းနဲ့ နှိပ်နယ်တဲ့category လေးတစ်ခုပိုပါပြီး ဆိုင်သစ်ကတော့ စားသောက်ဆိုင်လေးနဲ့တွဲဖွင့်ထားတယ်။ ဆိုင် အဟောင်းက ရိုးရာအပြင်အဆင်၊ ဆိုင်အသစ်ကတော့ ခေတ်သစ်ဒီဇိုင်းအပြင်အဆင်နဲ့ပေါ့။
ဒီနေ့တော့ ညီမက ညီမအမေကိုပါ Spaသွားတာ ခေါ်သွားလိုက်တယ်။Spa သွားရင် ဒုက္ခအရောက်ဆုံးက အစားအသောက်ကိစ္စပါပဲ။ ဘယ်သူမဆို Spaသွားတယ်ဆိုထဲက လောလောလောလောနဲ့ မသွားချင်ကြပါဘူး။အဲ့တော့ အချိန်ကြာရင်ကြာသလို တခုခုမှာစားဖို့ Spaရဲ့ အနီးအနားမှာ ဆိုင်အဆင်ပြေရဲ့လား လို့ ကြည့်ရတာလည်း အခါခါ။ ဒီ Spa လေးကတော့ စားသောက် ဆိုင်နဲ့တွဲဖွင့်ထားတဲ့အတွက် အရမ်းအဆင်ပြေတယ်။ပြီးတော့ မိန်းကလေး သီးသန့် ဖြစ်နေတာလည်း ကောင်းပါတယ်။ ဝန်ဆောင်မှုပေးတဲ့ ညီမလေးတွေက လည်း ယဉ်ယဉ် ကျေးကျေး၊ရည်ရည်မွန်မွန်လေးတွေ။ ပြီးတော့ အခန်းလေးတွေကလည်း Private ဆန်ဆန်လေးဖြစ်တဲ့အပြင် သန့်ရှင်း သပ်ရပ်မှုရှိတော့ စိတ်အေးလက်အေး Spaဝင်လို့ရတယ်။
ပြီးတော့ မိန်းကလေး သီးသန့် ဖြစ်နေတာလည်း ကောင်းပါတယ်။ ဝန်ဆောင်မှုပေးတဲ့ ညီမလေးတွေက လည်း ယဉ်ယဉ် ကျေးကျေး၊ရည်ရည်မွန်မွန်လေးတွေ။ ပြီးတော့ အခန်းလေးတွေကလည်း Private ဆန်ဆန်လေးဖြစ်တဲ့အပြင် သန့်ရှင်း သပ်ရပ်မှုရှိတော့ စိတ်အေးလက်အေး Spaဝင်လို့ရတယ်။
ခြေသည်းလက်သည်းအလှဆင်တာတွေ၊ ခန္ဓာကိုယ်တခုလုံး Body Spa တွေ၊ ရိုးရာနည်းနဲ့ နှိပ်တဲ့ပုံစံတွေ၊ မျက်နှာဆေး ပေါင်းတင် အစရှိသဖြင့် ပျက်စီးသွားတဲ့ အသားအရည်ကို ပြန်လည်ကောင်းမွန်စေတဲ့အပြင် စိတ်ရောကိုယ်ပါ အပန်းပြေ စေပါတယ်ရှင့်။
နန်းနဲ့ မေမေကတော့Spaဝင်တိုင်း အနှိပ်ခံရင်း အိပ်ပျော်သွားတယ်။ နိုးလာတဲ့အချိန်မှာ အသားလေးတွေက ကြည်လင်ပြီး လန်းလန်းဆန်းဆန်းနိုးလာတယ်။ ပြီးတော့ ဆာဆာနဲ့ တဆက်တည်း ဖွင့်ထားတဲ့ “The Garden Restaurant” ကနေပဲ မှာစားလိုက်တယ်။
နန်းနဲ့ မေမေကတော့Spaဝင်တိုင်း အနှိပ်ခံရင်း အိပ်ပျော်သွားတယ်။ နိုးလာတဲ့အချိန်မှာ အသားလေးတွေက ကြည်လင်ပြီး လန်းလန်းဆန်းဆန်းနိုးလာတယ်။ ပြီးတော့ ဆာဆာနဲ့ တဆက်တည်း ဖွင့်ထားတဲ့ “The Garden Restaurant” ကနေပဲ မှာစားလိုက်တယ်။Pizza ကစလို့ ဥရောပအစားအစားတော်တော်များများကို ကွာလတီကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်း Homemade ပုံစံ လေးတွေလုပ်ထားပေးတယ်။
ဒီတော့ ညောင်ရွှေရောက်ပြီး Adventureဆန်တဲ့ ခရီးတွေထွက်၊ ဓာတ်ပုံတွေအဝရိုက်ပြီးရင် နောက်ဆုံးပိတ်အနေနဲ့ ဇိမ်ခံဖို့အကောင်းဆုံး မဝင်မဖြစ် နေရာလေးကတော့ Aqua Lilies Spa ဖြစ်ပါတယ်လို့
သတင်းစကားပါးပါရစေနော်။ညောင်ရွှေရောက်လို့ Spa ရောက်ခဲ့လို့ရှိရင် MingalaGo MingalaGo MingalaGo လို့ သုံးခါပြောလိုက်ရင် စားသမျှ၊ သောက်သမျှ၊ Spa ဝင်သမျှကို ၁၅% လျော့ဈေးပေးဦးမှာတဲ့ရှင်။သုံးခေါက် တိတိနော်။ ၂ခေါက်ထဲ အော်ရင် လျော့ဈေးမပေးဘူးတဲ့။
ကိုဗစ်ကြောင့်ပိတ်ထားပေမယ့် သြဂုတ်လ(၁) ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ပါပြီလို့သိရပါတယ်။
ကျန်းမာရေး ကိုအထူးအလေးထားသည့်အနေဖြင့်..
အဝင်တွင်လက်ဆေး basin ထားရှိခြင်း
Mask ,Hand Gel များထားရှိပေးခြင်း
Safety အတွက် တယောက် တစ်ခန်း Service ပေးခြင်း
ခုံတွေကိုလည်းခြားထားပေးခြင်း
ခုံ ပရိဘောက အသုံးအဆောင်များကိုလည်းပိုးသတ် သန့်ရှင်းရေးပြုလုပ်ထားခြင်း
ဝန်ထမ်းများကိုလည်း ကျန်းမာရေးအားသေချာစစ်ဆေးပေးခြင်း ၊ကာကွယ်ရေးအတွက် လည်း သေချာပြင်ဆင်ထားတဲ့အတွက် Customer တွေအတွက်လည်း စိုးရိမ်စိတ်ကင်းကင်းနဲ့ အနားယူနိုင်တာပေါ့။
ကဲ....
MingalaGo လို့ သုံးခေါက်ပြောပြီးလျော့စျေးယူလိုက်ကြရအောင်နော်။
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။