ရန်ကုန်မြို့ထဲက အကောင်းဆုံး Music Bar တွေထဲကမှတစ်ခု (သို့မဟုတ်) Brooklyan Bar
2019-06-14edit MyoMinThuမိုးအေးအေးလေး 💦💦မှာcoupleတွေ ro မယ်💏 or ဒါမှမဟုတ် တယောက်သောသူနဲ့ dateလုပ်ဖို့ 🤫အကောင်းဆုံး ရန်ကုန်မြို့ထဲက music bar 🎼🎸
မိုးတွေရွာနေလို့စိတ်ညစ်နေပြီလား 🤓? မိုးရာသီဆိုတော့ roof top bar တွေ ထက်စာရင် မိုးလုံလေလုံ in house barလေးတွေက ပိုအဆင်ပြေတယ်နော် 💓.ချစ်သူနဲ့roဖို့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အေးဆေး chillလုပ်ချင်လို့ဖြစ်ဖြစ် အလုပ်ကိစ္စစကားပြောဖို့ အေးဆေး စိတ်ငြိမ်တဲ့barကောင်းကောင်းလေး ရှာနေရင်တော့ " Brooklyn "ဆိုတဲ့ barလေးရှိနေပါပြီ။
ဒီ Barရဲ့ထူးခြားချက်ကတော့ ကိုလိုနီ အဆောက်အအုံဟောင်းဖြစ်တဲ့အတွက် vintageအရသာကို အပြည့်အဝ ခံစားရ မှာဖြစ်ပြီး decoration တွေကလည်း ရိုးရိုးရှင်းရှင်း မီးမှိန်မှိန်လေးမို့ romantic ဆန်💖 လို့ကောင်းမှာ အမှန်ပဲ 💯
နောက်ထူးခြားချက်ကတော့ အသံပါဝါကောင်းကောင်းကောင်းအဆိုရှင်တွေဖျော်ဖြေပေးမယ့် unplugged music 🎤🎼🎸show ရှိတာပဲဗျို့ . ဒာဲဒါနဲ့တင်အတော်တန်နေပြီ ဆိုရမယ် 💞
ဒီbarရဲ့ ၂ပေခွဲထူတဲ့အုတ်ရဲ့သက်တမ်းကလည်း နှစ်တစ်ရာရှိပြီဆိုတော့ လုံးဝ amazingနော်
Foods
ကဲ အစားအသောက်🥘🍛🍲🍤
ဒီbarက အစားအသောက်ပိုင်းမှာ ဆိုရင်တော့ တော်တော် စုံတဲ့barလို့ပြောရမယ် European စာရော localစာပါနှစ်မျိုးလုံးရတယ် . အထူးတလည် recommendation ပေးချင်တာကတော့ "ဆိတ်လက်ဖက်ထောင်း"ပါပဲ။ must try တခုပါပဲ။ ဝက်ကုတ်သားကင်နဲ့ ချာကွေ့တီလို့ခေါ်တဲ့ မလေးရှား အစားအစာကို့လည်းtryကြည့်ဖို့မမေ့နဲ့နော်👀ဒါ့အပြင် ထူးခြားချက်တခုကတော့ တခြားဆိုင်တွေမှာ မြေပဲကို snackအနေနဲ့ အခမဲ့ပေးပေမယ့် ဒီမှာတော့ မြေပဲမပေးဘဲပေါက်ပေါက်ဆုပ်ကို ဖရီး သုံးဆောင်ခွင့်ပြုထားတဲ့အချက်ပါပဲ။
Order and Prices
ဪ...ဒါနဲ့ အဓိကဈေးနှုန်း ❗️၁၀၀၀၀- ၁၅၀၀၀ခွဲ❗️လောက်နဲ့အေးဆေး စားလို့ရတယ်ဆိုတော့ ဘယ်လိုလဲ ? snackတွေဆို ၃၀၀၀ လောက်ဆိုရပြီ အိုအေမှာစိုပြေပေါ့နော် 🔅
Beverage
ကဲ...အသောက် 🥃🍻🍹🥂
သောက်စရာတွေကတော့အစုံကဗျို့ cocktailဆို ၃၀၀၀ က စပြီးရှိမယ် မူးချင်တယ် ကောင်းချင်တယ်ဆို Brooklyn speech နဲ့ classic long Allen တွေကတော့ must try ပါနော် recommend 👍 ပိုပြီးထူးခြားတာက အင်္ဂါနေ့တိုင်း 🍹 "cocktail night "🥂ရှိတာပါပဲ cocktail nightနေ့ဆို ဘာ cocktailသောက်သောက် buy one get one 😳 ကို no time limit the whole night ပါနော် တန်ပြီးရင်တန်တဲ့ bar. မို့ သွားကြည့်သင့်တယ်နော် 👏🏻
Bad reviewကတော့ no smoking area🚭မို့ပါ ကိုယ်တွေလို ဆေးလိပ်ကြိုက်သူတွေက အပြင်ထွက်သောက်ရလို့ပါ ဟဲဟဲ😜😝
No smoking areaမို့ familyတွေအေးဆေးကလေးတွေပါခေါ်ပြီးchillလို့ရပါတယ် 👨👩
နောက်တခုကကိုယ့်မှာပါတဲ့ budgetလေးကို ပြောပြပြီး အဆင်ပြေအောင် barကစီစဉ်ပေးတာပဲ customerကို တော်တော်အလေးပေးထားတာကိုတွေ့ရတယ် 👌 barကအနည်းငယ်ကျဉ်းတယ်ထင်ရပေမယ့် လူ ၇၅ ၊ ၈၀တော့ အသာလေးဆန့်တယ် wedding dinner 🌟birthday🎂 တွေ ကျင်းပမယ်ဆိုလည်းရတယ် ၊ ဈေးနှုန်းလူဦးရေအဆင်ပြေအောင်ညှိပေးတယ် ⚡️
မို့ထဲဘက်ရာက်ရင်း မိုးအေးအေးမှာ တိတ်တိတ်ဆိတ်ဆိတ်privateဆန်ဆန် standard ရှိရှိ မီးမှိန်မှိန်နဲ့အထာကျကျ ro ချင်ရင်တော့ သွားtryကြည့်သင့်တယ်နော် ဒါနဲ့ 📸 ဓာတ်ဖမ်းဖို့ decoration လှလှလေးတွေလည်းရှိတယ်နော် 🥰
Unicode version
Foods
Order and Prices
Beverage
Address
Address
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။