ဒို့အိမ်
2019-02-03edit Htike
ရန်ကုန်မြို့ကြီးရဲ့ မြို့လည်ခေါင်မှာနေ့လည်ခင်းနေပူပြင်းပြင်းကြီးထဲမှာကားဟွန်းသံတွေ၊ ခန္ဓာကိုယ်မှာချွေးတွေ ရွှဲနစ်ပြီးပလတ်ဖောင်းပေါ ်မှာလမ်းလျှောက်ပြီးသွားရတာဟာလမ်းသွားလမ်းလာတွေအတွက် အတော်ကိုဒုက္ခရောက်လှပါတယ်။ နေပူပူကြီးထဲမှာတိတ်ဆိတ်ပြီး ၊အေးအေးချမ်းချမ်းလမ်းလျှောက် စရာနေရာဟာမရှိသလို ဖြစ်နေပါတယ်။ အခုလက်ရှိမှာတော့ မြို့တော်ရဲ့ အေးချမ်းသာယာမှုအရအစီအစဉ်တွေ ချနေကြပြီး၊ အကောင်အထည်ဖော်နေကြပြီဖြစ်ပါတယ်။ သို့သော်လည်းမြိုံလည်ကောင်မှာမျက်စိနောက်စရာအာရုံတွေ၊ အနံ့အသက်မကောင်းမှုတွေကတော့ ရှိနေသေးဆဲပဲဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီလိုနောက်ဖေးလမ်းကြားပြုပြင်မှု ကိုအလေးထားလာတဲ့ ဓလေ့ထူးတစ်ခုကိုမြို့ရဲ့ ကြန်အင်လက္ခဏာတစ်ခုအဖြစ် ပြုလုပ်လာနေပြီဖြစ်ပါတယ်။ သို့သော်လည်းရာသီဥတုအပူချိန် ၄၀ဒီဂရီလောက်မှာ စိတ်ပျက်စရာတွေ ၊ခေါင်းကိုက်စရာတွေနဲ့ အတော်ကိုဦးနှောက်ခြောက်စရာတွေ ဖြစ်နေပါသေးတယ်။
အဲ့ဒါကြောင့်မို့ပဲ ၂၉လမ်းကလိုမျိုးနောက်ဖေးလမ်းကြား သန့်သန့်လေးတွေ၊ အမှိုက်တွေကင်းမဲ့ပြီး၊ သာသာယာ ယာလမ်းကြားလေးတွေ ပေါ ်လာတာဟာအံ့သြဝမ်းသာစရာပဲဖြစ်ပါတယ်။ ဒီလိုနောက်ဖေးလမ်းကြားဟာ ၂၉လမ်းရဲ့ အထက်ဘလောက် တစ်ခုလုံးဟာဆိုရင် အမှိုက်တွေ၊ အညစ်အကြေးတွေ အားလုံးသန့်စင်ထားပြီးတော့ နံရံတွေကို ဆေးအလှပန်းချီလေးတွေချယ်ခြင်း၊ အတုယူစရာစကားလုံးလေးတွေ ရေးချယ်ခြင်းနဲ့အလှဆင်ထားတာကို တွေ့ရမှာပါ။ ဒန်းလေးတွေနဲ့၊ ထိုင်ခုံလေးတွေ တစ်ချို့ပါချထားပေးပြီးအေးအေးလူလူလာထိုင်ချင်သူတွေ၊ အများပြည်သူ သုံးဖို့တွေ လုပ်ပေးထားကာမု့န်ပဲသရေစာအပြင်းပြေလာရောက်စားသုံးချင်သူတွေအတွက်လည်းအမှိုက်တွေပစ်လို့ရ အောင် အမှိုက်ပုံးတွေချထားပေးပါတယ်။ နံရံမှာဆွဲထားတဲ့ပန်းချီကားတွေဟာလည်းလူတိုင်းဟာလုပ်နိုင်ရမယ်ဆိုပြီးပြောပြနေသလိုပါပဲ။ လူတိုင်းဆိုတဲ့နေရာ မှာ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့ အစိုးရကလူတွေ အားလုံးပူးပေါင်းပြီးတော့ တတ်အားသမျှ လုပ်ကိုင် ထားကြတာဖြစ်ပါတယ်။ အကုန်လုံးကလည်းသေချာကာကွယ်စောင့်ရှောက်ဦးမှ အချိန်တိုအတွင်းပျက်စီးဆုံးရှုံးသွား ခြင်းမရှိမှာဖြစ်ပါတယ်။ ဒို့အိမ် (ကျွန်တော်တို့ရဲ့အိမ်) လို့ခေါ ်တဲ့ လူထုအကျိုးပြုအဖွဲ့အစည်းဟာရန်ကုန်မြို့တော်မှာတည်ရှိပါတယ်။ ပတ်ဝန်းကျင်မှာ မြို့ပြလူနေမှုပုံစံကိုဖွဲ့စည်းနေတာနဲ့အညီမြို့ပြ အဖွဲ့အစည်းတစ်ခုမှာလူတွေရဲ့ရင်ထဲမှာလွယ်လွယ်ကူကူ၊သက်သက်သာသာနဲ့ အဆင်ပြေပြေရှိစေဖို့အတွက် တောက်လျှောက်ကြိုးစားအားထုတ်နေကြပါတယ်။ဒီကုမ္ပဏီဟာဆိုရင် ရှေးခေတ်ကအဆောက်အဦးများကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ နေရာခပ်ကျယ်ကျယ်ရဖို့အတွက် အားပေးခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလူအချင်းချင်းမှတစ်ဆင့် အဖွဲ့အစည်းလူ တွေထဲထိရောက်ဖို့ကြိုးစားနေပါတယ်။
ဒို့အိမ်ကနေပြီးတော့ အိမ်တွေ၊တိုက်တွေရဲ့ နောက်ဖေးလမ်းကြားတွေကိုစိမ်းစိုတဲ့ နေရာတွေဖြစ်ဖို့၊ ကလေးတွေ လွတ် လပ်စွာပြေးဆော့ကစားလို့ရတဲ့နေရာတွေ အဖြစ်ပြောင်းလနေပါယတ။် အဲ့လိုလုပ်တဲ့အခါမှာမသုံးဖြစ်ပဲအလဟသဖြစ် နေတဲ့နေရာတွေကို ပြန်လည်အသုံးပြုလို့ရအောင် ဖော်ထုတ်ခြင်း၊ လူတွေအချင်းချင်းဆက်သွယ်မှုရရှိပြီးအဖွဲ့အစည်းတစ်ခုဖြစ်အောင် ထူထောင်ခြင်းတို့ကို ကြိုးစားနေကြပါတယ်။ ဒီအဖွဲ့အစည်းဟာဆိုရင် ကော်ပိုရိတ်အဖွ့ဲ တစ်ခုဖြစ်ပြီးတော့၊ အကျိုးအမြတ်မယူတဲ့ NGO တစ်ခုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံရဲ့ မြို့နေပုံစံဖွဲ့စည်းမှုမှာ မြန်မာနိုင်ငံသားတွေအတွက်အကောင်းဆုံး၊ သက်တောင့်သက်သာအဖြစ်ဆုံး၊ လူနေမှုပုံစံအကောင်းဆုံးနဲ့ အမြင်တင့်တယ်အောင်လုပ်ဖို့အတွက်ရည်မှန်းချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေတင်သာမကဒီမြို့နေလူထုအဖွဲ့အစည်းကိုတည်ထောင်မှုမှာနိုင်ငံခြားသားတွေပါ ပါဝင် ဆောင်ရွက်ပြီးတော့ သမိုင်းမှာ ချမ်းသာကြွယ်ဝတဲ့ မြို့နေအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီးလုပ် ဆောင်နေကြပါတယ်။ Emilie Roellဆိုတဲ့ ဒတ်ချ်လူမျိုးတစ်ယောက်က မြန်မာနိုင်ငံမှာနေတာလေးနှစ်ကျော်ပြီဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့တိုးတက်ရေးလမ်းကြောင်းပေါ ်မှာရောက်နေတဲ့အချိန် မြန်မာနိုင်ငံကြီးကခေတ်မှီလမ်းကြောင်းပေါ ်မှာတက်နေပြီးရှေးဟောင်းအမွေအနှစ်တွေ ယဉ်ကျေးမှုတွေပျောက်မသွားဖို့ အတွက် ဒို့အိမ်ကိုစပြီးတည်ထောင်ခဲ့ပါတယ်။
ဒို့အိမ်ကို ၂၀၁၇ခုနှစ် အလယ်ပိုင်းလောက်မှာစတင်တည်ထောင်ခဲ့ပြီးတော့ ဒီအဖွဲ့အစည်းဟာဆိုရင် သုတေသနစာ တမ်းတွေစုဆောင်းပြုစုကြခြင်း၊ ဒီဇိုင်းတွေစုဆောင်းကြခြင်း၊ရှေးခေတ်ကမူမပျက်အောင်ပြုလုပ်ကြခြင်းနဲ့ လူမှုရေးစိတ်ပညာအကြောင်းတို့ကိုပါ သေချာလိုက်စားပြီးလုပ်ခဲ့ ကြပါတယ်။ သူတို့ရဲ့ အဓိကသော့ချက်အနေနဲ့က တော့ စီးပွားရေးလုပ်ငန်းဆိုင်ရာအမွေအနှစ်နဲ့ ယခုမြန်မာနိုင်ငံကလူတွေရယ် အခုအချိန်မှာသူတို့နဲ့လုပ်ကိုင်နေတဲ့အရာ တွေကိုဖော်ပြရာမှာတကယ့် အရင်းအမြစ်တွေကိုဖော်ပြခြင်းနဲ့ ရန်ကုန်ရဲ့ တကယ့်ဗိသုကာအဆောက်အဦးတွေ ဟာအရေးကြီးတယ်ဆိုတာကို ပြသလိုခြင်းတို့ကတကယ့်အချက်တွေဖြစ်ပါတယ်။ ဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူတွေအတွက် အဓိကထားလုပ်တာဖြစ်ပြီးနောက်ပိုင်းမှာလည်း ဒီကလူတွေကိုသာအပိုင်အဖြစ်ပေးခဲ့မှာဖြစ်ကာအနာဂတ်မှာဆက်ပြီးအဆင်ပြေဖို့၊ ထိန်းသိမ်းဖို့နဲ့ဆက်လက်ကြီးထွား ဖို့အတွက် လုပ်ကြခြင်းဖြစ်ပါတယ်။ ဒို့အိမ်ကနေပြီးငွေရေးကြေးရေးအရလည်းထောက်ပံ့ပေးခြင်းကိုတော့ ဖောက်သည်များနဲ့ဆက်ဆံခြင်း၊ ငွေကြေး ဝင်ငွေနဲ့ညီမျှနိုင်တဲ့ ငွေကိုချေးငှားခြင်းနဲ့ သူတို့ရဲ့ ငွေရေးကြေးရေးကိုစီမံပါတယ်။ ဒီလိုအကျိုးအမြတ် မယူတဲ့အဖွဲ့အစည်းကနေအာရုံစိုက်ပြီးလုပ်တာကတော့ ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားတွေကိုလှပတဲ့ နေရာတစ် ခုအဖြစ် ဖြစ်ဖို့ပြန်လည်ပြုပြင်ခြင်းပဲဖြစ်ပါတယ်။ စတင်ပြီးလုပ်တာကတော့ အချင်းချင်းတွေကနေအလှူငွေတွေစတင် ကောက်ခံခြင်းကနေပြီးတော့ ကောင်စစ်ဝန်ရုံးတွေဖြစ်တဲ့ဂျာမနီ၊ ဆွစ်ဇာလန်၊ ဒိန်းမာခ့်၊ Europe အဖွဲ့အစည်းနဲ့ နယ်သာလန် နိုင်ငံတွေ ပါဝင်ခဲ့ပြီး၊ အခြားသောစီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများနဲ့ တစ်ဦးတစ်ယောက်ချင်းစီလာ လှုကြတဲ့အလှုရှင်တွေနဲ့ စပြီးအကူငွေကောက်ခံဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာလုပ်တဲ့ပထမဆုံးနောက်ဖေးလမ်းကြားလုပ်ငန်းအနေနဲ့ကတော့ ၂၀၁၆ဂျူလိုင်လမှာ၂၇လမ်းအတွင်းမှာ ပြီးစီးသွားခဲ့ပါတယ်။ အဲ့ကနေစပြီးတော့ဒီအသင်းအဖွဲ့ဟာရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်တွေဖြစ်တဲ့ ၃၉လမ်း(ဆိပ်ကမ်းသာလမ်း)ကိုဇွန်လ ၂၀၁၇၊၃၁လမ်းနဲ့ ၃၂လမ်း တို့မှာတော့ဂျူလိုင် ၂၀၁၇၊ ဘိုဆန်ပတ် လမ်းကိုတော့ ဧပြီလ ၂၀၁၈ ခုနှစ်နဲ့ ရွှေဘုံသာလမ်းကိုတော့မေလ ၂၀၁၈ တို့မှာရှင်းလင်းသန့်စင် လုပ်ဆောင်တာတွေ ပြီးစီးခဲံပါတယ်။ သူတို့ရဲ့ project တစ်ခုချင်းစီမှာထူးခြားတဲ့စတိုင်လ် တစ်ခုစီရှိပါတယ်။ တစ်ချို့နေရာမှာတော့ လှပတဲ့ ဓာတ်ပုံစတိုင်တွေ ပြသထားခြင်း၊ လမ်းဘေးပန်းချီပုံစံရေးဆွဲထားခြင်းနဲ့ စကိတ်စီးလို့ရတဲ့နေရာတွေအထိ ပြုလုပ် ထားပေးပါတယ်။ ဒို့အိမ်ကနေပြီးတော့သူတို့ရဲ့နောက်ဆုံးနဲ့ လေးခုမြောက်Projectတစ်ခုဖြစ်တဲ့ ၂၉လမ်းနဲ့ ရွှေဘုံသာလမ်း၊ ပန်းပဲတန်း မြို့နယ်ကနေရာကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေရာမှာတော့အရင်တုန်းကတအားကိုအမှိုက်တွေကြီးပဲ ပြည့်နေတဲ့နေရာ ကိုနေရာကျယ်ဖြစ်အောင်၊ ကလေးတွေဆော့ကစားလု့ိရအောင်နဲ့ street art များကိုထည့်သွင်းရေးဆွဲခြင်း၊ အားကစားတွေပါ လုပ်လု့ိရတဲ့ ပစ္စည်းတွေပါ ထည့်ခြင်းတို့နဲ့ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလိုလမ်းကြားလေးဖြစ်ဖို့အတွက်ကို သူတို့မှာအချိန် ၁နှစ်လောက်ယူခဲ့ရပြီး အပေါ ်က ပစ်ချတဲ့အမှိုက်တွေကိုရှင်းရခြင်း၊ မြောင်းတွေဖော်ရခြင်း၊ ရေမြောင်း တွေရေစီးတာကောင်းအောင် ရှင်းရခြင်း၊ ရေပိုက်တွေ ပြန်လည်ပြုပြင်ခြင်းတို့ကိုသူတို့အဖွဲ့အစည်းကငွေနဲ့ ပြုလုပ်ခဲ့ပါ တယ်။ ရန်ကုန်ကစည်ပင်သာယာအဖွဲ့အစည်းကနေပြီးမှ အဲ့နေရာကိုနောက်ဖေးလမ်းကြားတစ်ခုလုံးကိုကွန်ကရစ် အပြည့်ခင်းပေးခဲ့ပါတယ်။ ဒို့အိမ်ကနေပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ပူးပေါင်းခြင်း၊ အစိုးရ၊ NGO အဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ပူပေါင်းပြီး တော့ ပြည်သူလူထုအတွက် အဆင်ပြေစေမယ့်၊ အကျိုးရှိစေမယ့်၊ လူနေမှုစရိုက်မြင့်တက်စေမယ့် ကိစ္စများကိုအဆက်အ ပြတ်လုပ်ဖို့ကြိုးစားနေမှာဖြစ်ကာယဉ်ကျေးမှုအမွေအနှစ်တွေ၊ သမိုင်းတန်ဖိုးတွေမပျောက်ပျက်စေပဲ မြို့နေအသိုင်းအဝိုင်းကောင်းတစ်ခုဖြစ်အောင် ဆက်လက်ကြိုးစားသွားကြမှာဖြစ်ပါတယ်။
Photo by Grace
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။