ဧရာဝတီလင်းပိုင်

2019-08-07edit Kyaw

ကျနော်ငယ်ငယ်ကတည်းက သမုဒ္ဒရာကြီးကို အရမ်းပဲစိတ်ဝင်တစားရှိခဲ့တယ်။ပင်လယ်ရေလှိုင်းတွေက ကျနော့် စိတ်ကို ထွေပြားယစ်မှုးစေတယ်။ ရေအောက်မှာကျက်စားတဲ့သတ္တဝါတွေဆိုရင် ပိုလို့တောင် မယုံကြည်နိုင်စရာ၊ အံ့သြစိတ်ဝင်စားစရာဖြစ်ရပါသေးတယ်။ တခါတလေများဆို သမုဒ္ဒရာထဲက ထူးဆန်းထွေလာ သတ္တဝါကြီးတွေ ကိုတောင် အိပ်မက်မက်မိပါသေးတယ်။ သန်းခေါင်ကျော်ကြီးလန့်နိူးရတာမျိုးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ရဲ့ ဆယ်ကျော်သက်ဘဝနေ့ရက်တွေမှာ အဏ္ဏဝါလောကကို စိတ်ဝင်စားမှုကပဲကြီးစိုးနေခဲ့တာပါပဲ။ ဒီလို နဲ့တက္ကသိုလ်တက်တော့ ဘာပြောကောင်းမလဲ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို အဏ္ဏဝါထဲက သက်ရှိလော ကအကြောင်းကို အငမ်းမရရှာဖွေဖတ်ရှုခဲ့တော့တယ်။ အဏ္ဏဝါလောကအကြောင်း လေ့လာနိုင်သမျှလေ့လာရင်း ကျနော့်စိတ်ကိုအဖမ်းစားနိုင်ဆုံးသတ္တဝါက လင်းပိုင်တွေဖြစ်လာခဲ့တယ်။

ကြေကွဲစရာကောင်းတဲ့အချက်ကတော့ လက်ရှိအချိန်မှာသူတို့က မျိုးသုန်းလုနီးပါးဖြစ်နေပြီဆိုတာပါပဲ။ ကမ္ဘာ လောကကြီးမှာ ကိုယ်တယောက်တည်းနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေ ဒုနဲ့ဒေးပါပဲ။ဒါကြောင့် မျိုးသုန်း ပျောက်ကွယ်မယ့် အန္တရာယ်ရဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကလင်းပိုင်တွေအတွက် တတ်နိုင်သမျှကာကွယ် စောင့် ရှောက်ပေးကြဖို့ awareness ဖြစ်စေမယ့်စာလေး တညို့တထွာလောက်ကလွဲပြီး ကျွန်တော်က ဘာများ တတ်နိုင်ဦးမှာတဲ့လဲ။ မြန်မာနိုင်ငံမှာကျက်စားနေတဲ့လင်းပိုင်တွေက နိုင်ငံရဲ့အသက်တမျှ အရေးကြီးတဲ့ဧရာဝ တီမြစ်ထဲမှာ ကျက်စားနေကြပါတယ်။ ကျနော့်အနေနဲ့ ဧရာဝတီလင်းပိုင်လေးတွေအကြောင်း သိသမျှလေး တွေကို ပြန်ပြီးမျှဝေလိုက်ရပါတယ်။

လင်းပိုင်ဘယ်နှစ်မျိုးရှိလဲ

အဏ္ဏဝါလင်းပိုင် ၃၃မျိုး၊ မြစ်ထဲမှာကျက်စားတဲ့လင်းပိုင် ၄မျိုးနဲ့ လင်းရှုးခေါ်တဲ့အမျိုးအစားက ၆မျိုးရှိပါတယ်။ လင်းပိုင်းတွေက ဉာဏ်ရည်မြင့်တဲ့နို့တိုက်သတ္တဝါထဲမှာပါဝင်ပြီး ဝေလငါးအနက်နဲ့ လမ်းပြဝေလငါးတို့ပါဝင်တဲ့ သွားပါတဲ့ဝေလငါးမျိုးဆက်ထဲမှာ အပါအဝင်ဖြစ်တယ်။ ရေသတ္တဝါတွေထဲမှာ လင်းပိုင်တွေဟာ သူတို့ရဲ့မြူးထူး ကစားတတ်တဲ့အကျင့်နဲ့ ပျော့ပျောင်းတဲ့လှုပ်ရှားနိုင်စွမ်းကြောင့် ထင်ရှားပါတယ်။ သတ္တဝါတွေထဲမှာ လင်းပိုင် တွေက အသိဉာဏ်အမြင့်ဆုံးမျိုးစိတ်လို့ ယူဆရပါတယ်။ အဲဒီလိုယူဆနိုင်စရာအကြောင်းတွေလည်း အများကြီး ရှိနေပါတယ်။

လင်းပိုင်မျိုးစိတ်


လင်းပိုင်အရိုးငြမ်းအဖွဲ့အစည်းအား ပြတိုက်တွင်မြင်တွေ့ရစဉ်

ဧရာဝတီလင်းပိုင်


အခု ဧရာဝတီလင်းပိုင်အကြောင်း ပြောကြရအောင်ပါ။ ဧရာဝတီလင်းပိုင်ကို မဲခေါင်မြစ်လင်းပိုင်လို့လည်း သိရှိ ထားကြပါတယ်။ ကဗ္ဘောဒီးယား၊လာအိုနိုင်ငံကို ဖြတ်သန်းတဲ့မဲခေါင်းမြစ်ထဲမှာ တွေ့နိုင်သလို အင်ဒိုနီးရှားက မဟာခမ်မြစ်ထဲမှာလည်း မြစ်နိုင်ပါတယ်လို့ တောရိုင်းတိရိစ္တာန်ကာကွယ်ရေးလူမှု့အဖွဲ့အစည်း (WCS) က ဆိုပါ တယ်။ မဲခေါင်က ကဗ္ဘောဒီးယားကနေ ပင်လယ်ထဲကိုစီးဆင်းပါတယ်။ ဒါကြောင့် ဧရာဝတီလင်းပိုင်ဆိုတာ  အဏ္ဏဝါလင်းပိုင်အမျိုးအစားထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ဧရာဝတီလင်းပိုင်ဟာ သွေးနွေးသတ္တဝါဖြစ်ပြီး၊ အကောင်လိုက်ပေါက်ဖွားတယ်၊ နို့တိုက်တယ်၊ လေရှုတယ်ပေါ့ဗျာ။ ဧရာဝတီလင်းပိုင်တွေက မီးခိုးရောင် ဘီလ် လူဂါဝေလငါးဘက်ကို နီးနီးစပ်စပ်တူတဲ့ပုံပေါ်ပေမယ့် တကယ်တမ်းမှာတော့ အနက်ရောင်ဝေလဘက်ကိုပိုပြီး ဆက်နွယ်မှုရှိပါတယ်။

ဧရာဝတီလင်းပိုင်ရဲ့ရုပ်ပိုင်းဆိုင်ရာထင်ရှားတဲ့လက္ခဏာများ


ဧရာဝတီ အဏ္ဏဝါလင်းပိုင်တွေက ရေစီးထဲမှာကူးခတ်ရင်း ရေထဲကနေ ခုန်ပေါက်ထွက်ပေါ်လာလေ့ရှိပါတယ်။ နှာခေါင်းတိုတိုလေးနဲ့ ချစ်စရာ့ဧရာဝတီလင်းပိုင်လေးတွေက ၈ပေကနေ ၉ပေအထိဖွံ့ဖြိုးလေ့ရှိပါတယ်။ နဖူး ဖောင်းဖောင်းနဲ့လင်းပိုင်တွေဟာ မေးရိုးတဖက်တချက်မှာ သွား ၁၂ချောင်းကနေ ၁၉ချောင်းအထိရှိတတ်တယ်။ ရေငန်မှာပဲကျက်စားတဲ့အခြားအဏ္ဏဝါလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင်မတူညီတဲ့အချက်က ရေငန်နဲ့ရေချိုနှစ်မျိုး စလုံးမှာ ရှင်သန်နိုင်တဲ့အချက်ပါပဲ။ ဧရာဝတီလင်းပိုင်က ဥပဒေအရ အကာအကွယ်အပေးခံထားရတဲ့မျိုးစိတ်ပါ။  ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ကြေကွဲစရာမျိုးသုန်းမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေကြရပါပြီ။ လင်းပိုင်တွေ အသက် ရှုတာကို အများဆုံးပမဏာအနေနဲ့ ဘယ်လောက်ကြာကြာအောင့်ထားနိုင်သလဲဆိုတာ တိတိကျကျ မှတ်တမ်း အရမပြောနိုင်ပေမယ့် တွက်ချက်မှုတွေအရတော့ ၆မိနစ်လို့ဆိုထားပါတယ်။ အရိပ်ကျနေတဲ့ရေအောက်နေရာ တွေ၊ ညဉ့်အချိန်တွေမှာ အစာရှာဖို့နဲ့ လမ်းကြောင်းရှာဖို့အတွက် ဧရာဝတီလင်းပိုင်တွေက ပဲ့တင်လှိုင်းကိုအသုံး ပြုကြပါတယ်။

 

လင်းပိုင်ဘယ်နှစ်ကောင်ကျန်သေးလဲ


မဲခေါင်မြစ်ထဲမှာ ကျန်လှမှ ၇၈ကောင်ကနေ ၉၁ ကောင်လောက်ပါပဲ။ မဲခေါင်မြစ်ထဲမှာရှိတဲ့အရေအတွက်က အ ရေးတကြီးကာကွယ်စောင့်ရှောက်ရမယ့် မျိုးသုန်းမှုပမဏာကို ရောက်နေပါပြီ။ မန္တလေးနဲ့ ဗန်းမော်မြို့တွေအ ကြားက ဧရာဝတီမြစ်ထဲမှာလက်ရှိ ၆၉ကောင်လောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကဗ္ဘောဒီးယား၊ လာ အိုကိုဖြတ်သန်းတဲ့မဲခေါင်မြစ် နဲ့ အင်ဒိုနီးရှားက မဟာခမ်မြစ်တွေထဲမှာ အားလုံးပေါင်းခန့်မှန်းခြေ ၈၀ ကနေ ၁၀၀ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါသေးတယ်။

ဧရာဝတီလင်းပိုင်ကို ဘယ်လိုသွားကြည့်ကြမလဲ


ပထမရက်

မန္တလေးဆိပ်ခံဘောတံတားကနေ မော်တော်ဘုတ်နဲ့ ဧရာဝတီမြစ်ကို ဆန်တက်ပြီး လင်းပိုင်တွေရှိတဲ့နေရာအထိ သွားလို့ ရနိုင်ပါတယ်။ ပုံမှန်အားဖြင့် အင်းဒေါင်ရွာ ဒါမှမဟုတ် မြေဆွမ်းရွာတွေအနီးမှာ တွေ့ရတတ်ပါတယ်။  ဒေသခံအေးဂျင့်က မိတ်ဆွေရဲ့ခရီးစဉ်တွက် မော်တော်ဘုတ်နဲ့ တံငါသည်တယောက် စီစဉ်ပေးပါတယ်။ တံငါ သည်က သူနဲ့လင်းပိုင်တို့ အပြန်အလှန်ဆက်သွယ်မှုနဲ့ ငါးဘယ်လိုရှာသလဲဆိုတာကို ပြသပေးမှာပါ။

ဒုတိယရက်

နောက်တရက်မှာတော့ မင်းဂန်ရွာဘက်ကို သွားပြီး သမိုင်းဝင်အမှတ်တရနေရာတွေကို သွားကြည့်ပြီးမှ နေ့ လည်ခင်းပိုင်းမှ မန္တလေးဘက်ကို ပြန်တက်လာခဲ့ရင် အတော်ပဲလို့ ပြောရမှာပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဧရာဝတီလင်းပိုင်းတွေ မျိုးသုန်းပါတော့မယ်။ ဒါဆို ကျနော်တို့ ဘာလုပ် သင့်ပါသလဲ။ သူတို့ကို ကာကွယ်သင့်သလား။ ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ။ သူတို့က အန္တရာယ် မပြုတဲ့ မျိုးစိတ်တွေဖြစ်ရုံမကဘဲ ချစ်စရာကောင်းတဲ့သတ္တဝါလေးတွေပါ။ ကြောက်စရာကောင်းတဲ့ ထူးဆန်းထွေ ရာ ရေသတ္တဝါကြီးတွေလည်း မဟုတ်ကြပါဘူး။ ဒါ့အပြင် အသိဉာဏ်မြင့်တဲ့ နို့တိုက်သတ္တဝါမျိုးစိတ်ထဲမှာလည်း ပါဝင်ပါသေးတယ်။ ဆက်သွယ်ပြောဆိုနိုင်တဲ့ဘာသာစကားဖြစ်ထွန်းမှုကြောင့် လောကမှာ ဉာဏ်ရည်မြင့်မားတဲ့ မျိုးစိတ်အနေနဲ့ရပ်တည်နေတဲ့ လူသားတွေအနေနဲ့ နို့တိုက်သတ္တဝါ မျိုးစိတ်တစ်ခု မျိုးသုန်းပြီး ဒီကမ္ဘာလောက ထဲကနေ ပျောက်ကွယ်သွားတော့မယ့်အရေးကို ဒီအတိုင်းပဲ လက် ပိုက်ကြည့်နေကြတော့မှာလားဆိုတာ အရေး တကြီး အဖြေပေးရမယ့်အချိန်ကို ရောက်နေပါပြီ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဧရာဝတီလင်းပိုင်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း