မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့အားကစား ၊ ဘောလုံးအားကစား

2018-09-16edit MyoMinThu

Myanmar football (Source: wikimedia)
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာသူတို့နိုင်ငံရဲ့ လူငယ်တွေအပေါ်မှာမူတည်နေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးနိုမ့်ကျရင် နိုင်ငံရဲ့ အနာဂတ်ဟာလည်းမကောင်းနိင်ပါဘူး။့မြန်မာ (ဗားမားလို့လည်းသိကြတဲ့) က အရှေ့တောင်အာရှမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ မြန်မာလူငယ်တွေဟာမြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေတွေအတွက် တာဝန်တွေရှိလာပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေရဲ့ဘဝအကြောင်း ပြောရမယ်ဆိုရင် ဘောလုံးကစားခြင်းကိုလည်းမေ့ထားလို့၊ ရှောင်လွှဲလို့မရပါဘူး။ လမ်းဘေးတွေမှာဘောလုံးကစားခြင်းဟာဆိုရင် မြန်မာနိုင်ငံမှာလူကြိုက်များတဲ့ အားကစားနည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ကစားတဲ့သူအများစုကတော့ ယောကျ်ားလေးတွေဖြစ်ပေမဲ့ မိန်းကလေးတချို့ကလည်းဘောလုံးကစားရတာကိုနှစ်ခြိုက်ကြပါတယ်။ ဥပမာတစ်ခုအနေဖြင့် ၂၀၁၈ခုနစ်မှာမြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့ FIFA အဆင့် ၄၄ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဘောလုံးအားကစားကအလွန်လူသိများလူကြိုက်များတဲ့ အားကစားတစ်ခုဖြစ်ပီး နိုင်ငံတစ်ဝှမ်းမှာ ကစားကြပါတယ်။ သင်တို့ မြန်မာလူမျိုးတွေ ဘယ်လောက်ဘောလုံးအားကစားကို နှစ်သက်ကြလဲဆိုတာ မြန်မာအမျိုးသားဘောလုံးပွဲတွေထဲမှာရှိတဲ့ မြန်မာပရိသတ်တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ သို့မဟုတ် နိုင်ငံခြားမှာနေထိုင်တဲ့ မြန်မာလူမျိုးများတို့ဟာ မြန်မာအမျိုးသားဘောလုံးပွဲတွေကိုအားပေးရန် အမြဲတက်ကြွကြပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်း

Myanmar National Football Team

မြန်မာနိုင်ငံရဲ့ အစွန်အဖျားပိုင်းမှာနေထိုင်ရတဲ့ တချို့ကလေးတွေကပညာရေးအခွင့်အလမ်းသိပ်မရရှိကြပါဘူး။ ဘောလုံးသမားဖြစ်ဖို့အိပ်မက်တွေဟာ သူတို့ဘဝပြောင်းလဲဖို့အတွက် သူတို့ရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း မြန်မာအမျိုးသားဘောလုံးအသင်းရဲ့ ကစားသမားအများဆုံးကလည်းနိုင်ငံရဲ့ နယ်စွန်နယ်ဖျားကလူတွေဖြစ်ပါတယ်။ မြန်မာဘောလုံးအဖွဲ့အစည်းရဲ့ရွှေခေတ်ကဆိုရင် ၁၉၄၈ခုနှစ်မှာစပီး ၁၉၇၀ ခုနှစ်မှာအဆုံးသတ်ခဲ့ပါတယ်။ အဲ့အဖွဲ့အစည်းကိုဗမာ့အမျိုးသားဘောလုံးအသင်းဟုလည်း ၁၉၈၉မတိုင်ခင်အထိ လူသိများခဲ့ပါတယ်။ ၁၉၆၈မှာတော့ ဗမာ့အမျိုးသားဘောလုံးအသင်းဟာအာရှဖလားပြိုင်ပွဲမှာငွေတံဆိပ်ဆုရရှိခဲ့ပီး နွေရာသီအိုလံပစ်ကိုလည်း ၁၉၇၂ခုနှစ်မှာ ပါဝင်ခဲ့ပါတယ်။ အဲ့တာတွေကဆိုရင် ၁၉၆၀နဲ့ ၁၉၇၀ခုနှစ်တွေမှာအာရှကစားပွဲတွေကိုနိုင်ခဲ့ခြင်းဖြင့် အာရှဘောလုံးအသင်းတွေကြားဦးဆောင်နိုင်ခဲ့ခြင်းလို့လည်းပြောလိုရရပါတယ်။ မြန်မာကအရှေ့တောင်အာရှကစားပွဲတွေမှာ ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁နဲ့ ၁၉၇၃ ဆိုပီး ၅နှစ်ဆက်တိုက် ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဗမာ့အမျိုးသားဘောလုံးအသင်းရဲ့ ရွှေခေတ်နောက်ပိုင်းမှာသူတို့ဟာအမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၉၃ခုနှစ်မှာ ငွေတံဆိပ်ကိုသာဆွတ်ခူးခဲ့ပါတယ်။

မြန်မာလမ်းဘေးဘောလုံးအားကစားယဉ်ကျေးမှု

street football street football street football လမ်းပေါ်တွင် ဘောလုံးကစားခြင်းသည် မြန်မာနိုင်ငံမှာလူကြိုက်များကျော်ကြားသောအားကစားများထဲကတစ်ခုဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့ ကစားဖို့ ငွေကြေးအများကြီးမကုန်သောကြောင့် ဖြစ်ပါတယ်။ သင့်မှာ လူ၆ယောက်ရှိရုံနဲ့ သင် လမ်းဘေးဘောလုံးကစားနည်းကိုကစားနိုင်ပီဖြစ်ပါတယ်။ ယေဘုယအားဖြင့် အဖွဲ့တစ်ဖွဲ့စီတိုင်းမှာ လူ၃ယောက်ရှိရပီး အဲ့ဒီ့ထဲကတစ်ယောက်ကတော့ ဂိုးဖမ်းသမားလုပ်ရပါတယ်။ ကျန်နှစ်ယောက်ကတော့ အပြန်အလှန်တိုက် စစ်ဆင်ရင်း အရှုံးမပေးပဲကစားကြရပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာတော့ ဂိုးဖမ်းသမားကအမှတ်များများရရန် အဝေးချိန်ကန်ချက်ဖြင့် ကူညီကစားပေးရပါတယ်။ မြန်မာနိင်ငံမှာတော့ ပလက်စတစ်နှစ်ထပ်ဘောလုံးတွေကို အဝေးများများရောက်စေရန် အသုံးပြုကစားကြပါတယ်။ လူနည်းစုကတော့ ရာဘာဘောလုံးကိုအသုံးပြုကြပါတယ် ဘာလို့လည်းဆိုတော့ အဲ့တာကကစားသမားတွေသာမကလမ်းဘေးမှ ဖြတ်သွားသူတွေကိုပါ အနာတရဖြစ်စေသောကြောင့်ဖြစ်ပါတယ်။ လမ်းဘေးဘောလုံးကစားခြင်းကို မြန်မာနိုင်ငံမှာလူမျိုးဘာသာမရွေးအဆင့်အတန်းမရွေးကစားလို့ရပါတယ်။ ဟုတ်ပီ။ လမ်းဘေးဘောလုံးကစားခြင်းဟာဆိုရင် လွတ်လပ်ရေးနေ့တွေကဲ့သို့သောအခါကြီးရက်ကြီးတွေမှာကျင်းပလေ့ရှိတဲ့ ပွဲတွေမှာလူကြိုက်များကျော်ကြားတဲ့ အားကစားပွဲတွေထဲကတစ်ခုဖြစ်ပီးလူတွေဟာအားကစားပြိုင်ပွဲတွေကိုအားပေးကြလေ့ရှိပါတယ်။

ဖူဆယ် ဘောလုံးအားကစားယဉ်ကျေးမှု

လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ရန်ကုန်လမ်းမပေါ်တွေမှာကားတွေများများစားစားမရှိသေးဘူး။ လူအတန်းအစားမရွေးရန်ကုန်လမ်းမတွေပေါ်မှာညနေဘက်ဆိုဘောလုံးကစားလေ့ရှိခဲ့ကြပါတယ်။ မိုးရွာနေချိန်တောင်မှ ဘောလုံးဝါသနားအိုးတွေဟာ လူစုပီးဘယ်မြို့နယ်မှာပဲဖြစ်ဖြစ်ပျော်ရွှင်စွာဆက်လက်ကစားခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ ဖူဆယ်ဘောလုံးအားကစားဟာရန်ကုန်တင်မှာပဲအရမ်းကျော်ကြားတာမဟုတ်ပဲ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်တို့လို ကျော်ကြားတဲ့ မြို့တွေမှာပါ ကျော်ကြားလာပါတယ်။ အဲ့တာ ဘာကြောင့်လည်းဆိုတော့ လူငယ်အများစုနဲ့ ကလေးအများစုက လမ်းဘေးဘောလုံးကန်ခြင်းကို ရူးသွပ်ကြတယ်၊ ဒါပေမဲ့ အများပိုင်နေရာတွေဟာ ကန့်သက်ချက်တွေရှိလာပီး သူတို့ကစားနိုင်သလောက် ကစားခွင့်မရကြတော့လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင် ရန်ကုန်မှာဘောလုံးကန်မယ်ဆိုရင် (မြေနီကုန်းကုန်းကျော်တံတားအောက်လိုမျိုးအလကားဆော့ခွင့်ရှိတဲ့နေရာဒါမဲ့ ရနိုင်တဲ့အချိန်ကိုစောင့်ခြင်းသို့မဟုတ် အလှည့်ကျကစားခြင်း)ဘောလုံးကန်ဖို့ခွင့်ပြုပီးဖွင့်ပေးထားတဲ့ အများပိုင်နေရာဖူဆယ်ကွင်းတွေကို ငှားလို့ရပါတယ်။ ဖူဆယ်ကွင်း တစ်ဆက်ရှင်ငှားရမ်းခမှာ မြန်မာငွေ ၁၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်အတွင်းရှိပါတယ်။ ဖူဆယ်ကွင်းအများစုဟာ မြို့လယ်ခေါင် သို့မဟုတ် အဓိကလမ်းမကြီးတွေနဲ့ အနည်းငယ်ဝေးပါတယ်။ ငှားရမ်းခဈေးနှုန်းတွေက ဖူဆယ်ကွင်း အခြေအနေနဲ့ နေရာအပေါ်မှာ အပြောင်းအလဲရှိပါတယ်။ ဒါ့ကြောင့် သင် ဖူဆယ်ကွင်းတွေ သွားချင်တယ်ဆိုရင် သင့်ကိုယ်ပိုင်ကားဖြင့် သွားဖို့ သို့မဟုတ် တက္တစီကား ငှားသွားဖို့ မမေ့ပါနဲ့။

မြန်မာအမျိုးသားဘောလုံးအဖွဲ့ချုပ် (MNL)

Myanmar-National-League-2018

မြန်မာအမျိုးသားဘောလုံးအဖွဲ့ချုပ် (MNL)

၂၀၁၈ခုနစ်မှာ မြန်မာအမျိုးသားဘောလုံးအသင်းချုပ်ကိုဘောလုံးကလပ်အသင်း ၁၂သင်းနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာအမျိုးသားဘောလုံးအသင်းမရှိခင်က မြန်မာပရီးမီးယားလိခ်ဟာဆိုရင် အားပေးရန် ရှိတဲ့ တစ်ခုတည်းသောအသင်းပဲဖြစ်ခဲ့ပါတယ်။ မြန်မာပရီးမီးယားလိခ်ကကလပ်အများစုကဆိုရင် ရန်ကုန်အချေစိုက်ဘောလုံးအသင်းကလပ်များဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်မှာတော့ အဲ့မြန်မာပရီးမီးယားလိခ်ကို မြန်မာအမျိုးသားအသင်းအဖွဲ့ချုပ်ကအစားထိုးနေရာယူလိုက်ပီးအဖွဲ့ချုပ်ဖလားပြိုင်ပွဲကအဲ့အဖွဲ့ချုပ်အစောပိုင်းမှာ နှစ်လကြာအားကစားပွဲအဖြစ် စတင်ကစားကြပါတယ်။ အဲ့ပြိုင်ပွဲကို မြန်မာနိုင်ငံရဲ့ အဓိကအားကစားကွင်းနှစ်ခုမှာကျင်းပလေ့ရှိကြပါတယ်။ သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း အားကစားကွင်းနဲ့ကလပ်အသင်း ၈တို့ဟာ နိုင်ငံရဲ့ မတူညီတဲ့ နယ်ပယ်ဒေသတွေကိုကိုယ်စားပြုနေပါတယ်။ ရတနာပုံ FC က ရန်ကုန်ပြည်ထောင်စု FC ကို ၂၀၀၉ခုနစ်မှာ မြန်မာအမျိုးသားအဖွဲ့ချုပ်ဖလား နောက်ဆုံးပွဲစဉ်ကိုအနိုင်ပိုင်းခဲ့ပီးချန်ပီယံဖြစ်လာခဲ့ပါတယ်။ ရတနာပုံ FC ဟာ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၄နဲ့ ၂၀၁၆ မှာချန်ပီယံဖြစ်ခဲ့ပီးတော့ ရန်ကုန်ပြည်ထောင်စု FC ကတော့ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃နဲ့ ၂၀၁၅ မှာချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာနောက်ဆုံး မြန်မအမျိုးသားလိခ်ရဲ့ ချန်ပီယံကတော့ ရှမ်းပြည်ထောင်စု FC ပဲဖြစ်ပါတယ်။ မြန်မာအမျိုးသားဘောလုံးအသင်းရဲ့ ကစားသမားအများစုမှာ မြန်မာအမျိုသားအဖွဲ့ချုပ်ကချည်းပဲဖြစ်ပါတယ်။

မြန်မာအမျိုးသားအဖွဲ့ချုပ် ကလပ်အသင်း ၁၂သင်း
၁။ ရန်ကုန်ပြည်ထောင်စု FC (ရန်ကုန်တိုင်းကိုယ်စားပြု)
၂။ ရတနာပုံ FC (မန္တလေးတိုင်းကိုယ်စားပြု)
၃။ ဧရာဝတီပြည်ထောင်စု FC (ဧရာဝတီတိုင်း ကိုယ်စားပြု)
၄။ ရန်ကုန်ပြည်ထောင်စု FC (ရန်ကုန်တိုင်းကိုယ်စားပြု)
၅။မကွေး FC (မကွေးတိုင်းကိုယ်စားပြု)
၆။ဟံသာဝတီပြည်ထောင်စု FC (ပဲခူးတိုင်းကိုယ်စားပြု)
၇။မြန်မာတောင်ဘက် FC (မွန်ပြည်နယ်ကိုယ်စားပြု)
၈။ ဇွဲကပင်ပြည်ထောင်စု FC (ကရင်ပြည်နယ်ကိုယ်စားပြု)
၉။ ရန်ကုန်ပြည်ထောင်စု FC (ရခိုင်ပြည်နယ်ကိုယ်စားပြု)
၁၀။ စစ်ကိုင်းပြည်ထောင်စု FC (စစ်ကိုင်းတိုင်းကိုယ်စားပြု)
၁၁။ မြဝတီ FC (စစ်တပ်ကိုယ်စားပြု)
၁၂။ GFA FC (ချင်းပြည်နယ်ကိုယ်စားပြု)

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့အားကစား ၊ ဘောလုံးအားကစား
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း