ရန်ကုန်တွင်မသွားမဖြစ် သွားသင့်သောနေရာ( ၄ ) ခု

2020-07-30edit Philips

ရွှေတိဂုံစေတီတော်

ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာနိုင်ငံရဲ့တန်ဖိုးအထားရဆုံး တန်ဖိုးအရှိဆုံးရတနာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရောက်လျင် ရွှေတိဂုံစေတီတော်ကို မသွားမဖြစ်သွားကြတယ်။ ဉာဏ်တော် ၃၂၆ပေ မြင့်ပြီး သိင်္ဂုတတ္တရကုန်းပေါ်တွင်တည်ရှိသည်။ ရွှေတိဂုံစေတီတွင် သမိုင်းဝင်ခေါင်းလောင်းကြီးများ၊ တန်ခိုးကြီးလှသော ဌာပနာများဖြင့် တည်ထားကိုးကွယ်ကြတယ်။ ရွှေတိဂုံစေတီတော်ကို အရပ်၈မျက်နှာမှ တက်ရောက်ဖူးမြော်နိုင်ပါတယ်။ ထူးခြားသော စေတီပုထိုးများစွာရှိပြီး အလွန်တန်ခိုးကြီးလှသော စေတီတော်မြတ်ဖြစ်ပါတယ်။ယောကျာ်းလေးများအနေဖြင့် ရွှေတိဂုံအထက်ပစ္စယံသို့ သွားရောက်ဖူးမြော်နိုင်ပါတယ်။ ရွှေတိဂုံစေတီရောက်လျင် အောင်မြေသည်လည်း မသွားမဖြစ် သွားသင့်သောနေရာဖြစ်သည်။ အောင်မြေတွင် အဓိဌာန်၍ ဆုတောင်းပါလျင် ဆုတောင်းပြည့်ကြတယ်။ ရွှေတိဂုံစေတီတွက် ဗုဒ္ဓဝင်ပြခန်းကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ ရွှေတိဂုံရောက်လျင် အံ့ဖွယ်နေရာ ကိုးနေရာသည်လည်း မသွားမဖြစ်သွားသင့်ပါတယ်။

နေရာ ၁ - ပတ္တမြားမျက်ရှင်ဘုရား

နေရာ ၂ - ဝိဇ္ဇာဇော်ဂျီဘုရား

နေရာ ၃ - ရှင်စောပုဘုရား ( ဟံသာဝတီမှ ရှင်စောပုဘုရင်မကြီးတည်ထားတဲ့ဘုရားဖြစ်သည်)

နေရာ ၄ - ဆံတော်တွင်းရုပ်ပွါးတော် ( ရွှေတိဂုံစေတီတည်ခဲ့စဉ်က ဆံတော်လေးဆူကို ဆေးကြောသန့်စင်ခဲ့သောတွင်းဖြစ်သည် )

နေရာ ၅ - ရှင်အဇ္ဇဂေါဏဘုရား ( ဆိတ်မျက်လုံးတစ်ဖက် ၊ နွားမျက်လုံးတစ်ဖက် ဖြင့် ရှင်အဇ္ဇဂေါဏရဟန်းတည်ထားခြင်းဖြစ်သည်)

နေရာ ၆ - ဘိုးဘိုးအောင်ဘုရား

နေရာ ၇ - ရှင်မထီးဘုရား

နေရာ ၈ - လက်ပက်လက်ဘုရား

နေရာ ၉ - ပြဒါးရှင်ဘုရား ရွှေတိဂုံဘုရား မရောက်လျင် မြန်မာနိုင်ငံမရောက်သေးဟု ဆိုရလောက်အောင် မြန်မာနိုင်ငံရဲ့ ကျက်သရေအရှိဆုံး စေတီတော်သို့လည်း မသွားမဖြစ်သွားရောက်ဖူးမြော်သင့်ပါတယ်။

အမျိုးသားပြတိုက်

နိုင်ငံတိုင်းတွင် ၄င်းတို့ရဲ့ယဉ်ကျေးမှု အဆင့်ဆင့်ပြောင်းလဲလာပုံကို အမျိုးသားပြတိုက်ဟူ၍ ထားရှိကာလေ့လာနိုင် သကဲ့သို့ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှုကို လေ့လာနိုင်တဲ့အမျိုးသားပြတိုက်ရှိပါတယ်။ ရန်ကုန် နှင့်နေပြည်တော်ဟူ၍ ၂ နေရာရှိတယ်။ ရန်ကုန်အမျိုသားပြတိုက် အကြောင်းပြောပြပါမယ်။ ရန်ကုန်အမျိုးသားပြတိုက်တွင် မြန်မာစာပေအဆင့်ဆင့်ပြောင်းလဲလာပုံများ ၊ ဝတ်စားဆင်ယင်ပုံ ပြောင်းလဲလာမှုများ ၊ မြန်မာ့သမိုင်းများအကြောင်း ၊ မြန်မာ့တူရိယာများ ၊ မြန်မာ့ဘုရင်တို့ရဲ့ ဝတ်စားဆင်ယင်ပုံများ ၊ အသုံးအဆောင်များ၊ ရှေးမြန်မာတို့ရဲ့ ရုပ်ကြွင်းရုပ်ထုများ ၊ မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်သောနေရာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတို့ရဲ့သမိုင်းကို လေ့လာချင်ရင်တော့ မသွားမဖြစ် သွားလေ့လာသင့်သောနေရာပဲဖြစ်ပါတယ်။

 

ဝန်ကြီးများရုံး

ရန်ကုန်မြို့လယ်ဧရိယာတွင်တည်ရှိပြီး ရန်ကုန်မြို့အမွေအနှစ်ဖြစ်ပါတယ်။ ဝန်ကြီးများရုံးကို ၁၈၀၀ ခုနှစ် နှောင်းပိုင်းတွင် တည်ဆောက်ခဲ့ကြတယ်။ ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့ ရုံးအဖြစ် အသုံးပြုဆောက်လုပ်ခဲ့ကြတဲ့နေရာဖြစ်ပါတယ်။ ထူးခြားမှုမှာ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင် ၇ ဦး အစည်းအဝေးလုပ်နေစဉ်တွင် လုပ်ကြံခံခဲ့ရသောနေရာပဲဖြစ်ပါတယ်။ အခုနှစ်များတွင်မူ ပြုပြင်မွမ်းမံထားကာ အလွန်လှပသော နေရာတစ်ခုအဖြစ်တည်ရှိနေပါသည်။ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း၊ ကော်ဖီဆိုင်အမိုက်စားလေးတွေနဲ့ ဝန်ကြီးများရုံးသည် အလည်အပတ်အနေနဲ့ တစ်ခါလောက်တော့ သွားရောက်လေ့လာသင့်တဲ့နေရာပဲဖြစ်ပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သို့ နေအိမ်

 

ဗိုလ်ချူပ်အောင်ဆန်းပြတိုက်သည် ရန်ကုန် နှင့် နက်မောက် ၂ နေရာတွင်တည်ရှိပါတယ်။ ရန်ကုန်ပြတိုက်မှာ ဗဟန်းမြို့တွင်တည်ရှိတယ်။ ဗိုလ်ချုပ်ပြတိုက်တွင် ဗိုလ်ချုပ်နောက်ဆုံးအချိန်ထိ အသုံးပြုသွားခဲ့သော ကား နှင့် ကားဂိုထောင် ၊ ဗိုလ်ချုပ်ရုပ်ထု ၊ ဗိုလ်ချုပ်လက်ရေးများကိုလေ့လာနိုင်ရုံသာမက ဗိုလ်ချုပ်အသုံးပြုသွားခဲ့သော ပစ္စည်းများ၊ ဗိုလ်ချုပ် ရှားပါးဓာတ်ပုံများ ၊ ကျောင်းသားဘဝဓာတ်ပုံများ ၊ ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးဓာတ်ပုံများ၊ ဗိုလ်ချုပ်စာဖတ်ခန်း ၊ အိပ်ခန်းများအားတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါတင်မကပဲ အိမ်ရှေ့တွင် ရေကန်တစ်ကန်ရှိပြီး ထိုရေကန်မှာ သားဖြစ်သူ အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့သောကန်လည်းဖြစ်ပါတယ်။ ထို့ကြောင့် ဗိုလ်ချုပ်ပြတိုက်သည်လည်း လေ့လာသင့်သောနေရာတစ်နေရာဖြစ်ပါတယ်။

 

ဗိုလ်ချုပ်စျေး

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုသောအားဖြင့် ပေးခဲ့သောနာမည်ဖြစ်ပါတယ်။ စကော့စျေးလို့လည်း ခေါ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်တွင်တည်ရှိသည်။ ရန်ကုန်မြို့နေပြည်သူတို့ရဲ့ အားထားရာနေရာ၊ လိုအပ်တာတွေကို ဝယ်ရန်နေရာတစ်ခုဖြစ်သည်။ ဘာပဲလိုလိုတော်တော်များများ ဗိုလ်ချုပ်စျေးကို ပြေးကြတယ်။ နိုင်ငံခြား ခရီးသွားဧည့်သည်များအတွက်လည်း စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စျေးအခြေအနေတွေကို သိနိုင်သလို၊ မြန်မာ့ရတနာများကိုလည်း လေ့လာဝယ်ယူနိုင်တယ်။ ကျောက်မြတ်ရတနာများ၊ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့ရိုးရာပစ္စည်း၊ အထည်များကိုလည်း ဝယ်ယူနိုင်ပါတယ်။ ဗိုလ်ချုပ်စျေးမှာ အရမ်းကောင်းသော အစားအသောက်များလည်းရပါတယ်။ ဗိုလ်ချုပ်စျေးရောက်ရင် မစားမဖြစ်ပေါ့ဗျာ။ ဦးကြွိဆီချက် ၊ ဆနွင်းမကင်း၊ သာကူ ၊ ဝက်သားတုတ်ထိုး ၊ ခေါက်မုန့် ၊ ကပ်စေးနှဲ၊ အသီးဖျော်ရည်များ၊ ငဖယ်သုပ် ၊ ကိုင်းဥကင် ၊ ပုစွန်ခွက်ကြော် ၊ လျှာဂျွမ်းပြန်မချစ် ကလည်း မစားမဖြစ်စားကြည့်သင့်တဲ့ဆိုင်ပါပဲ။ တစ်နေရာထဲမှာ စျေးလည်းဝယ်နိုင်ပြီး မြန်မာ့ အစားအစာတွေပါ မြည်းစမ်းခွင့်ရမယ့် ဗိုလ်ချုပ်အောင်ဆန်းစျေးကိုတော့ မြန်မာနိုင်ငံရောက်လျင် မသွားမဖြစ် သွားကြည့်သင့်တဲ့နေရာပါပဲ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရန်ကုန်တွင်မသွားမဖြစ် သွားသင့်သောနေရာ( ၄ ) ခု
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း