Yangon မြို့မှာ Adventure ဆန်ဆန် ကနူးလှေလေးစီးပြီးအပန်းဖြေရအောင်
2019-03-04edit Swan
ဘယ်သူမဆိုခရီးသွားတာနှစ်သက်ကြပါတယ်။ ဒါပေမယ့်အလုပ်ကိစ္စတွေ ကျောင်းကိစ္စတွေနဲ့အမြဲ နပန်းလုံးနေကြရတော့ စိတ်ထဲရှိသလောက်မသွားဖြစ်ကြဘူးပေါ့။ အလုပ်ကိစ္စတွေကြောင့် အပန်းလဲပြေချင် အချိန်လဲသိပ်မရှိဘူးဆိုရင် ရန်ကုန်မြို့အင်ယားကန်မှာပဲ အားလပ်ချိန်တွေကုန်ဆုံးလို့ရပီနော် 😍 အင်ယားကန်ကိုရောက်ဖူးတဲ့သူတိုင်း ရေပြင်ကြီးကိုကြည့်ပြီးတော့ လှေစီးချင်ကြတယ်မလား ? ? အင်းယားကန်ကအပြင်ကကြည့်တော့သေးတယ်ထင်ရပေမယ့်လှေလေးစီးပြီးးတကယ်သွားကြည့်တော့ အကျယ်ကြီးနော် ။ သွားမယ်ဆို မနက်စောစောနဲ့ ညနေပိုင်းတွေက အကောင်းဆုံးပါပဲ။နေ့ခင်းဆို နေပူတော့ feel သိပ်မရှိဘူးပေါ့ 😁 အချိန်က မနက် ၆ နာရီကနေ ညနေ ၆ လောက်ထိဖွင့်ပါတယ် ။ပိတ်ရက်က Sunday ပါ ။ Myanmar Rowing and Canoeing Federation ကိုကိုယ်တိုင်သွားလိုက်တာအဆင်ပြေပါတယ် ။ အင်းယားလမ်း တက္ကသိုလ်ရေကူးကန်ဘေးက မြန်မာလှေလှော်အဖွဲ့ချုပ်ဆိုတဲ့ နေရာကိုဝင်သွားလိုက်ပါ အပျော်စီးကနူးလှေစီးဖို့လို့ပြောရင် ဆရာနဲ့တွေ့ပေးပါလိမ့်မယ် ။ ဆရာကမြန်မာ့ လက်ရွေးစင် ကနူး / ကယက်နည်းပြချုပ် ဦးခင်မောင်မြင့်ပါ ။ ဆရာကတော်တော်ကိုသဘောကောင်းပါတယ် အကုန်သေချာလိုက်လုပ်ပေးပါတယ် ။ မလှော်တတ်ရင်လဲကိစ္စမရှိပါဘူး ဆရာကဘေးကနေသေချာလိုက်ထိန်းပေးပါတယ်. ကုန်းပေါ်ပြန်တက်တဲ့အထိဂရုစိုက်ပေးပါတယ် ။ Life jacket လဲပေးတော့ရေမကူးတတ်လဲစိုးရိမ်စရာမရှိပါဘူး ။ သေချာတော့ဝတ်ဖို့လိုတယ်နော် ။ လှေကတစ်ယောက်လှော်နဲ့ နှစ်ယောက်လှော် နှစ်မျိုးရှိတယ် Rs လေးတွေကတော့ ၂ ယောက်လှော်ပေါ့နော် Fa လေးတွေကတော့လွတ်လွတ်လပ်လပ်တစ်ယောက်ထဲအေးဆေးပဲ 😁😝
❌ ( သတိထားရမှာတွေက ) ❌ အဓိကသတိထားရမှာက သူငယ်ချင်းတွေလှေပေါ်မှာအရမ်းပျော်ပီး မဆော့ကြပါနဲ့။ လှေကလူးရင်မှောက်တတ်ပါတယ် ။ ငြိမ်ငြိမ်လေးပဲစီးပေါ့နော် 😁 ဓာတ်ပုံ တွေရိုက်မယ်ဆိုလဲလှေကိုအရင်ငြိမ်အောင်ထားပီးမှရိုက်ပါ ။ ကင်မရာတွေ ဖုန်းတွေ ရေထဲပြုတ်မကျအောင် အထူးဂရုစိုက်ဖို့တော့လိုတယ်နော် ။ ပြုတ်ကျသွားရင်ရေငုပ်ရမှာဆိုတော့adventureပိုဆန်သွားမှာပေါ့😂 ပီးတော့ တားမြစ်ထားတဲ့နေရာလေးတွေကို စည်းတားထားပါတယ်အလယ်ကကျွန်းဘက်တွေက သွားလို့မရပါဘူး ။ ဒါပေမယ့် ဒီဘက်ခြမ်းမှာလဲအကျယ်ကြီးပါ Myanmar plaza ကိုတွေ့တဲ့အထိတောင်ထွက်လို့ရပါတယ် ။ Myanmar plaza ကိုလှေစီးသွားကြတာပေါ့ 😂ရေထဲမှာနေတာက အချိန်မသတ်မှတ်ထားဘူး ။ ပျော်သလောက်နေပေါ့ ။လှေလှော်ရင်အစပိုင်းကတော့ကြောက်နေတော့ခက်တယ်ထင်ရပါလိမ့်မယ် ။ နောက်ပိုင်းကျတော့ အထာနက်သွားရင်အေးဆေးပါပဲ ။ ညာကိုကွေ့ချင်ရင် ဘယ်တစ်ဖက်ပဲလှော် ဘယ်ကိုကွေ့ချင်ရင် ညာတစ်ဖက်ပဲလှော် နောက်ဆုတ်ချင်ရင်လှော်တက် နှစ်ဖက်ကိုပြောင်းပြန်ပုံစံလှော်ပေါ. ဒါတွေက မသင်ပေးပဲသိလာပါလိမ့်မယ် ။ ဈေးနှုန်းက တစ်ယောက် 15000 ပါ နောက်တစ်ခါလာရင်လျော့ပေးမယ်တဲ့😁 လေအေးအေးလေးနဲ့ ဓာတ်ကောင်းကောင်းဖမ်းပီးအားလပ်ချိန် လေးကို အပန်းဖြေလို့ရပီပေါ့... 😍 အားလုံးအဆင်ပြေကြပါစေ😍
Additional Information
Address: No. 132, Inya Road, Yangon Sailing Club Phone: (+95) 9 899786389 Email: info@myanmarsailing.org Websites: https://www.facebook.com/myanmarsailing/, http://www.myanmarsailing.org/en/ Rates: https://www.facebook.com/myanmarsailing/posts/1046181598869468 Opening Hrs: Tue, Wed, Thu, Sat & Sun 9:00 – 17:30 (closed on Mon & Fri) [blogcard url="https://mingalago.com/interest/inya-lake/"] (Unicode Version)
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။