Laser Arena at Myanmar Plaza

2019-01-26edit MyoMinThu

Laser-Arena ဒီနေ့မှာတော့"ဖန်တီးရာ" ကနေ Co-worker တွေအတွက်လစဉ်ကျင်းပပေးတဲ့ Activity လေးကိုပါဝင်ဆင်နွှဲဖြစ်ပါတယ်။ဒီတစ်လအတွက် Outdoor Activity လေးကတော့မြန်မာပလာဇာသုံးလွှာမှာရှိတဲ့ “Laser Arena Myanmar Plaza" မှာကျင်းပဖို့ရည်ရွယ်ထားသည့်အတွက်ကျွန်တော်တို့ညနေငါးနာရီခွဲလောက်ရုံးကစီစဉ်ပေးထားတဲ့ဖယ်ရီလေးနဲ့ထွက်လာပါတော့တယ်။“ဖန်တီးရာ"ရဲ့ “Co-Working Space”အကြောင်းကိုတော့အောက်ပါLinkမှာအသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ https://phandeeyar.org/coworking-space/

Laser Arena Myanmar Plaza

Laser-Arena Laser Arena Myanmar Plaza ကို၂၀၁၈မှာဖွင့်လှစ်ခဲ့ပြီးဆယ်ကျော်သက်များအကြားတွင်တော်တော်လေးရေပန်းစားခဲ့ပါသည်။ထိုမျှမကသေးရုံး (သို့မဟုတ်) ကျောင်းများမှပျော်ရွှင်စရာ outdoor activity များဆင်နွှဲရန်ထည့်သွင်းစဉ်းစားရသည့်နေရာလေးအဖြစ်ပင်ရပ်တည်လာခဲ့သည်။ 212B, မြန်မာပလာဇာတတိယထပ်တွင်တည်ရှိပြီးတစ်ဆက်ရှင်အတွက်လူတစ်ယောက်ကို၅၀၀၀ကျပ်ကျသင့်ပါသည်။(တစ်ဆက်ရှင်ကို၁၂မိနစ်ကြာမြင့်ပါသည်။) တကယ်လို့သင်ဟာလက်ရှိကျောင်းတက်နေတဲ့ကျောင်းသားဖြစ်ပါကကျောင်းသားကတ်ပြရုံဖြင့်၃၀၀၀ကျပ်သာကျသင့်မည်ဖြစ်သောကြောင့်ကျောင်းသားကတ်လေးတွေဆောင်ထားကြဖို့အကြံပေးချင်ပါတယ်။နှစ်ဆက်ရှင်ကြာဆော့ကစားပါကအပိုအနေတစ်ဆက်ရှင်အခမဲ့ဖြစ်ပါသည်။

ဂိမ်းကစားနည်း

Laser-Arena ဂိမ်းကစားနည်းသည် Paintball ကစားနည်းနှင့်အနည်းငယ်ဆင်သည်။သို့သော် paintballကစားနည်းလိုအသားမနာချေ။အသင်းလိုက်ကစားရသောကစားနည်းဖြစ်၍ကစားသမားများအနေဖြင့်ဝတ်စုံများကိုအပါ်မှထပ်၍ဝတ်ဆင်ရန်လိုအပ်သည်။လေဆာသေနတ်များဖြင့်ဝတ်စုံအပေါ်ရှိမီးလုံးလေးများကိုထိအောင်ပစ်ရပြီး 3D action ဂိမ်းပုံစံမျိုးဖြစ်သည်။တစ်ဖက်တွင်အနည်းဆုံးကစားသမားသုံးယောက်ရှိရန်လိုအပ်ပြီးအများဆုံးတစ်ဖက်၈ယောက်စီသာကစားနိုင်သည်။အသင်းနှစ်သင်းမှာအနီနဲ့အပြာဟူ၍အရောင်ခွဲထားပြီးကစားသမားတစ်ဦးချင်းစီ၏ဝတ်စုံတွင်နံပါတ်ပြားများကိုယ်စီပါရှိသည်။ကစားပွဲပြီးဆုံးသွားသည်နှင့်ဘယ်နံပါတ်ဘယ်နှစ်မှတ်ရလဲဆိုတာကို Projectorပေါ်တွင်ကြည့်ရှုနိုင်သည်။

ဂိမ်းကိုဘယ်လိုနိုင်အောင်ဆော့မလဲ

အချက်ပေးခေါင်းလောင်းသံကြားသည်နှင့်ဂိမ်းဆော့ရမည့်အခန်းအတွင်းသို့ဝင်၍တိုက်ပွဲအတွက်နေရာယူကြရသည်။ထိုနောက်တွင်မီးပိတ်သွားသည်နှင့်တစ်ပြိုင်နက်ဝတ်စုံများပေါ်ရှိမီးရောင်မှအပတစ်ခန်းလုံးအမှောင်ကျသွားတော့သည်။ဝတ်စုံပေါ်တွင်ပစ်ခတ်၍ရသောနေရာလေးနေရာရှိသည်။ပခုံးတွင်နှစ်ခု၊ကျောဘက်တွင်တစ်နေရာနှင့်ရင်ဘတ်တွင်တစ်နေရာတို့ဖြစ်သည်။ကိုယ့်ဝတ်စုံပေါ်ရှိအဆိုပါအမှတ်များကိုတစ်ဖက်အသင်းမှပစ်ခတ်၍မရအောင်တတ်နိုင်သလောက်အကာအကွယ်ယူရမည်။တစ်ဖက်မှအမှတ်များကိုလည်းမိမိလေဆာသေနတ်ဖြင့်ထိအောင်ပစ်ခတ်ပြီးအမှတ်ရယူရမည်။လေဆာသေနတ်နှင့်တစ်ဖက်လူကိုထိအောင်ပစ်ခတ်နိုင်ပါကတစ်ဖက်လူ၏ဝတ်စုံရှိမီးများမှာငါးစက္ကန့်လောက်မှိတ်သွားလိမ့်မည်။ထိုအချိန်တွင်သူသည်လူသေကဲ့သို့ယူဆ၍ရပြီးပစ်ခတ်၍မရ၊ပစ်ခတ်ခံ၍မရပဲဖြစ်နေလိမ့်မယ်။ငါးစက္ကန့်ကြာပြီးသည်နှင့်ဝတ်စုံရှိမီးများပြန်လင်းလာပြီးတိုက်ပွဲအတွင်းသို့တစ်ဖန်ပြန်လည်ဝင်ရောက်နိုင်သည်။

အခြားအချက်အလက်များ

Laser-Arena Laser Arena သည်မနက်၁၀နာရီမှညကိုးနာရီထိပိတ်ရက်မရှိဖွင့်လှစ်လျက်ရှိသည်။စုံစမ်းလို့ရတဲ့ဖုန်းနံပါတ်က (+95) 9 775587797 ဖြစ်ပြီးFb pageကတော့ https://www.facebook.com/laserandicearena/ဖြစ်ပါတယ်။ကျွန်တော့်အတွေ့အကြုံအရပြောရရင် Laser Arena ကသင့်ရဲ့တစ်နေ့တာကြုံရတဲ့စိတ်ဖိစီးမှုတွေကိုခဏဖြစ်ဖြစ်လွတ်ကင်းစေမှာပါ။အဖွဲလိုက်ကစားရတဲ့ဂိမ်းဖြစ်သည့်အတွက်အဖွဲလိုက်လုပ်ဆောင်ရတဲ့အရည်အချင်းကိုတိုးတက်စေပြီးလူတစ်ဦးနဲ့တစ်ဦးဆက်ဆံပုံကိုလည်းတိုးမြင့်စေပါသည်။ကစားခင်ကအဖွဲဝင်အချင်းချင်းမသိကျွမ်းစေကာမူကစားပွဲအပြီးမှာအသိမိတ်ဆွေတွေဖြစ်သွားစေပါတယ်။ဒါကြောင့်မို့ဖိအားတွေဖြေလျော့ဖို့ဖြစ်ဖြစ်အသိမိတ်ဆွေတိုးပွားဖို့ဖြစ်ဖြစ် Laser Arena ကိုတစ်ကြိမ်လောက်တော့မရောက်ရောက်အောင်သွားသင့်ပါတယ်ခင်ဗျာ။  

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


Laser Arena at Myanmar Plaza
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း