မြိတ်ကျွန်းစုများဆီသို့

2019-04-08edit Htoo

Mergui-Archipelago

Background

Mergui-Archipelago ကျွန်တော် စာစရေးကတည်းက အမြဲရေးချင်နေသော နေရာလေး တစ်ခုရှိတယ်လို့ ကျွန်တော်အမြဲ ပြောလေ့ ပြောထ ရှိပါတယ် ကိုယ်တိုင် Blogger တစ်ယောက် ဖြစ်လာတဲ့ အချိန် ကိုယ် ထုတ် အပြ ချင်ဆုံး မြို့ကတော့ ကျွန်တော်ရဲ့ မွေးရပ်မြေ ကျွန်တော့် ငယ်ဘဝရဲ့ အမှတ်တရ အများဆုံးရှိရာ မြို့ဖြစ်တဲ့ မြိတ်မြို့ အကြောင်းပါ ကိုယ် ဘယ်လောက် အဲဒီ နေရာတွေကို ချစ်လဲ ဆိုတာ ကျွန်တော့်နှင့် ခင်မင်ရင်းနှီးတဲ့ သူတိုင်း သိပါတယ်

မြိတ်အကြောင်းစမပြောခင် လူတွေစိတ်ဝင်စားနေတဲ့ မြိတ်ကျွန်းစုနှင့် အရင်မိတ်ဆက်ပေးပါရစေ

မြိတ်ကျွန်းစု

Mergui-Archipelago Mergui-Archipelago Mergui Archipelago လို့ လူသိများတဲ့ မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ ကျွန်းအစုအဝေးကြီးဖြစ်ပါတယ် တနသာၤရီတိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျွန်းပေါင်း ၈၀၀ ကျော်ရှိပါတယ် အဓိကအားဖြင့် ကျွန်းတွေဟာ မြိတ်နှင့် ကော့သောင်းကြားမှ ရှိပြီး ကျွန်းတစ်ချို့ကို မြိတ်ဘက်က သွားနိုင်သလို ကော့သောင်းနှင့် နီးတဲ့ ကျွန်းများကိုတော့ ကော့သောင်းကနေ သွားရမှာပါ တစ်ချို့ကျွန်းတွေဟာ သေးငယ်ပေမယ့် စတုရန်းကီလိုမီတာ ရာချီတဲ့ ကျွန်းတွေလည်း အများအပြားပါ ကျွန်းနွေဟာ Indochina နှင့် မလေးကျွန်းစွယ် တို့ရဲ့ အပြင်ဘက် andaman sea ထဲမှာ တည်ရှိတာပါ ကျွန်းတွေဟာ ထုံးကျောက် နှမ်းဖတ်ကျောက်တွေနှင့် အဓိက ပုံဖော်ထားပြီး ဒီရေတောတွေ Mass Tourism ရဲ့ လွှမ်းမိုးခြင်းမခံရသေးတဲ့ ဖြူလွှလွှ ကမ်းခြေတွေက သင့်ကို ဆွဲဆောင်နေမှာပါMergui-Archipelago Mergui-Archipelago

ရေနေ နို့တိုက်သတ္တဝါများရဲ့ ပျော်မြူးရာမြေဖြစ်သလို ကံမော်ကျွန်းရဲ့ အရှေ့ဘက်ကိုဆိုရင် whale bay ဆိုပြီးတော့တောင် ခေါ်တွင်လေ့ရှိပါတယ်တဲ့ whales အမျိုးအစားပေါင်း မြောက်မြားစွာရှိရာနေရာလို့လည်း divers တော်တော်များများက ယူဆကြပါတယ်

လောလောဆယ်ကတော့ အရင်က ထိန်းသိမ်းခြင်းထက်စာရင် ငါးမှိုင်းခွဲတာတို့ ဘာတို့ လုပ်ခဲ့တာကြောင့် coral တွေ ပျက်စီးတာတွေ ရှိပါတယ် ဒါကြောင့် ငါးမှိုင်းခွဲတာတွေကို အရေးယူပြီး ထိန်းသိမ်းကြပါလို့ ဦးစွာ ပဏာမ တောင်းဆိုချင်ပါတယ်

မြိတ်ကျွန်းစုတွေဆီသို့

Mergui-Archipelago Mergui-Archipelago

သွားမယ်ဆို အဓိကကတော့ နှစ်နည်းပေါ့

မြိတ်ကနေသွားမလား ကော့သောင်းကနေသွားမလား

မြိတ်ကနေဆိုရင်တော့ မြိတ်ကိုအရင်သွားရမှာပါ မြိတ်ကိုဘယ်လိုသွားတယ် မြိတ်မြို့မှာ ဘယ်လို လည်မယ် ဘာတွေစားသင့်တယ်ဆိုတာ ကျွန်တော် သီးသန့်ထပ်ရေးပေးပါ့မယ် ဒီပို့စ်ကတော့ မြိတ်မြို့ဘက်အခြမ်းမှာရှိတဲ့ ကျွန်းတွေအကြောင်းအဓိက ပြောပြသွားမှာပါ

ဘယ်ကိုသွားမလဲဆိုတာ ကိုယ့်ရွေးချယ်မှုအပေါ်မှာဘဲ မူတည်ပါတယ် ဒီပို့စ်လေးဟာ မြိတ်မြို့ရောက်ရင် ကျွန်းတွေကို ဘယ်လိုသွားရမလဲမဆို ideas ကောင်းတစ်ခုတော့ ပေးစွမ်းနိုင်မှာပါ

ကျွန်းတွေ အတွက် tour package
~~~~~~~~~~~~~~~~~~~~~~~~~~

အဓိကကတော့ မြိတ်ဘက်ကနေသွားလို့ရတဲ့ tour က သူ့ package နှင့် သူရှိပါတယ် အခုလက်ရှိကတော့ one day tour လေးတွေပေါ့ နီးရာနီးရာ ကျွန်းတွေကို စုပြီး package လေးတွေ လုပ်ထားတာပါ နောက်ဆို overnight tour package တွေပါ လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်

Package တွေ အနေနှင့်ကတော့

* ငါးဖောင်ကျွန်း(ငါးမွေးမြူရေးစခန်း), လေးကျွန်း နှင့် သမီးလှကျွန်း
* ဒုံးရေတံခွန်, ဒုံညောင်မှိုင်းရွာ(ဆလုံရွာ), သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း
* မလိသဘာဝငှက်သိုက်ကျွန်း, မလိတံငါရွာ, ပိန္နဲကျွန်း

ဆိုပြီး သုံးမျိုးရှိပါတယ်

မလိကျွန်းဘက်ကတော့ နည်းနည်းဝေးတာရယ် အနီးအနားမှာ ကျွန်းတွေသိပ်မရှိလို့ လှိုင်းကြီးတာရယ်တွေကြောင့် အခုလက်ရှိမှာတော့ သွားလို့ အဆင်မပြေသေးပါဘူး

အဓိက tour company တော်တော်များများ အဓိက ပြေးဆွဲနေတာက အပေါ်က နှစ်ခုပါ ကြိုက်ရာ package ကိုရွေးပြီး ဘိုကင်ကြိုတင် ပြီးရင် ပိုက်ဆံရှင်းပြီး သွားရုံပါဘဲ ကျွန်တော်ကတော့ အကုန်သွားချင်လုပ်ချင်တဲ့ သူပီပီ နှစ်မျိုးလုံးသွားခဲ့ပါတယ်

ကျွန်တော့်ကတော့ မြိတ်ရောက်တာနှင့် ဘယ် tour နှင့် သွားရမလဲဆိုတာ လိုက်စုံစမ်းရင်း Blissful Myanmar Travel & Tour ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်

ပထမ ကျွန်းပတ်တဲ့နေ့

Mergui-Archipelago Mergui-Archipelago ပထမနေ့မှာတော့ ကျွန်တော်ဟာ လေးကျွန်းဘက်ကို ရွေးလိုက်ပါတယ် မနက်စောစော ၈နာရီလောက်မှာ စထွက်ပြီး ၇ နာရီလောက်ဆို tour company က ကားတွေနှင့် ဟိုတယ်မှာလာကြိုပေးပါတယ် ကျွန်တော်ကတော့ ကိုယ့်ဆိုင်ကယ်နှင့် ကိုယ်ဘဲ အိမ်က ထွက်ခဲ့လိုက်တော့တယ်

လေးကျွန်း

Mergui-Archipelago Mergui-Archipelago

ပထမနေ့ island tour ရဲ့ ပထမဦးဆုံး နေရာပေါ့ မြိတ်ကနေ ၁ နာရီခွဲ နှစ်နာရီလောက်မောင်းရင် ရောက်ပါတယ် သူ့ဆီမှာ ထူးခြားတာကတော့ သဲက ဖြူဖွေးနေတာပါ ဖြူလွှလွှ သဲတန်းပေါ်မှာ ပြေးလွှားမလား mini hiking လေးလုပ်ပြီး ကမ်းခြေကို အပေါ်စီးက ကြည့်မလား snorkeling လုပ်မလား အပန်းဖြေမလား ဘာမဆို ရနိုင်တဲ့ နေရာပေါ့

သူ့ကို လေးကျွန်း (marcus island) လို့ ခေါ်ပေမယ့် marcus island ဆိုတာ ကျွန်းလေးကျွန်းပါတဲ့ အစုအဝေးပါ ကမ်းခြေရှိတဲ့ ကျွန်းကိုတော့ Harris island လို့ခေါ်ပါတယ် လူတွေကတော့ နှုတ်ကျိုးနေပြီပေါ့ လေးကျွန်းဆိုပြီး အသိများကြပါတယ်

Mergui-Archipelago "Mergui-Archipelago

ရောက်ရင် ကျွန်းအနောက်က တောင်ကုန်းလေးကိုတက်ကြပါ ကျောက်တန်းတွေနှင့် ကြည်လင်နေတဲ့ရေနှင့်အတူ ကျွန်းရဲ့ နောက်အရသာတစ်ခုကို ပေးစွမ်းနိုင်မှာပါ
ရေတက်နေတဲ့ အချိန်ဆိုရင်တော့ သွားရခက်ပါတယ် tour company က ထည့်ပေးလိုက်တဲ့ guide ကို လိုက်ပြခိုင်းပါ စိတ်ချရအောင်ပါ

ကမ်းခြေမှာ အနားယူ ရေဆော့ပြီး သကာလ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်ကို စကောလေးနှင့် ထည့်ပြီး မြိန်မြိန်စားကြတာပေါ့ ပြီးတော့ ခဏနားပြီးတာနှင့် နောက်တစ်ကျွန်းကို ဆက်သွားတာပေါ့

 သမီးလှကျွန်း

Mergui-Archipelago Mergui-Archipelago သမီးလှကျွန်းကတော့ ရေအောက်မှာ ရှိတဲ့ ကျောက်ခက်ပန်းဆွဲတွေ coral reefs တွေသာမက nemo လေးတွေပါ တွေ့နိုင်တဲ့ နေရာလေးပါ ကျွန်တော့်ရောက်တဲ့ အချိန်ကတော့ မုန်တိုင်းဝင်ပြီး လှိုင်းကြီးနေလို့ လှည့်ပြန်ခဲ့ရတဲ့နေရာလေးပေါ့ ဒါပေမယ့် သွားခဲ့လို့ ဓာတ်ပုံလှလှလေးတွေ ရခဲ့ရင် ကျွန်တော့်ကို အားကျအောင် လာပြဖို့ မမေ့ပါနှင့်လို့ ကိုယ် မရိုက်ခဲ့ရတော့ အားလုံးရဲ့ ဓာတ်ပုံကို သရေယိုဖို့ အသင့်ပါ ဟီး

ငါးဖောင်ကျွန်း ငါးမွေးမြူရေးစခန်း

Mergui-Archipelago

ငါးမွေးမြူရေးလုပ်ငန်းကို လေ့လာတဲ့နေရာပေါ့ သူ့ဆီမှာကတော့ ငါးစာကျွေးလို့ရသလို ငါးတွေကို ဝယ်လို့လည်းရပါတယ် တစ်ခါတစ်လေ အဲဒီနေရာကို အရင်ဝင်ခဲ့ရင် ငါးတွေဝယ်ပြီး လေးကျွန်းရောက်တဲ့ အချိန် ကမ်းခြေမှာ BBQ လုပ်စညးလို့ရပါတယ်

တစ်ခါတစ်လေ လိပ်ဥသောင်ကမ်းခြေနှင့် ကုလားကျွန်း ကမ်းခြေတွေကိုလည်း သွားရောက်အပန်းဖြေနိုင်ပါတယ် အချိန်ရယ် လှိုင်းအခြေအနေရယ်ပေါ် မူတည်ပြီးပေါ့ အဲဒီ one day trip လေးဟာ ညနေ ၅ နာရီလောက်မှာ မြိတ်ကို ပြန်ရောက်ပါတယ်

ဒုတိယ ကျွန်းပတ်တဲ့နေ့

ဒုတိယနေ့ကျတော့ မော်ကင်း (ခေါ်) ဆလုံလူမျိုးတွေရဲ့ ရိုးရာဓလေ့ တွေကို လေ့လာချင်လို့ ဒုံးကျွန်းဘက်ကို ရွေးလိုက်ပါတယ်

မနက် ၈ နာရီလောက် မြိတ်ကနေစထွက်တော့ ပထော်ပထက်အကျော်နားလောက်မှာ ဒီရေတောတွေကြားထဲက ပတ်ပို့ပါတယ် နိုင်ငံခြားသားတွေကတော့ အဲဒီ ဒီရေတောမှာ kayaking လှေလေးတွေ လှော်ပြီးပတ်ကြတယ်လို့ ပြောပါတယ် ငှက်မိုးစုံတွေ့ရတယ်လို့ပြောတယ် နောက်တစ်ခါ အိမ်ပြန်မှ သွားလုပ်ကြည့်ရမယ်

ပထမနေရာဖြစ်တဲ့ ဒုံးရေတံခွန်မရောက်ခင် လမ်းမှာ ငါးဖမ်းသင်္ဘောတစ်စီးတွေ့တော့ ခဏ နားပြီး ငါးဖမ်းလှေပေါ်တက်ကြည့်ကာ လေ့လာခဲ့ပါသေးတယ်

၁။ ဒုံးရေတံခွန်

Mergui-Archipelago Mergui-Archipelago ရှားရှားပါးပါး ကျွန်းပေါ်ကနေ ပင်လယ်ထဲကို စီးကျနေတဲ့ ရေတံခွန်ပါ ရေတံခွန်ရယ် ပင်လယ်ရယ်နှင့် လှပတဲ့ ပေါင်းစပ်မှုပေါ့ ဒုံးကျွန်းရဲ့ တစ်ဖက်ကမ်းမှာ ရှိပြီး ဒုံးရေတံခွန်ပေါ်က ရေကန်ငယ်လေးမှာ ရေစိမ်ရင်း ပင်လယ်ကြီးကို ငေးကြည့်တာဘဲ ဖြစ်ဖြစ် ရေတံခွန်အပေါ်တက်ကြည့်တာဘဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်

 ဒုံးညောင်မှိုင်းရွာ (ဆလုံရွာ)

Mergui-Archipelago

ညောင်မှိုင်းရွာရောက်တော့ ခဏနား ထမင်းလေးဘာလေးစား အုန်းရည်လေးသောက် ကမ်းစပ်မှာ ရွာကကလေးလေးတွေ ရေကူးတာကိုကြည့် ပြီးတာနှင့် ဆလုံရွာကို လေ့လာပေါ့

ဆလုံလူမျိုးအကြောင်းပြောရရင် - သူတို့ဟာ မြန်မာလူမျိုး ၁၃၅ မျိုးထဲက အမျိုးအနွယ်စု ဖြစ်သလို ရွေ့ပြောင်းနေထိုင်ကြရင်း မျိုးတုန်းပျောက်ကွယ်လူနီးနီး ဖြစ်နေတဲ့ လူမျိုးစုတစ်ခုပါ sea gypsy လို့ လူသိများပြီး ရေထဲတွင် အချိန်အတန်ကြာ ငုတ်နိုင်တဲ့ လူမျိုးတွေပါ ကလေးတွေကို ရေထဲပစ်ချကာ ရေကူးသင်ပေးလေ့ရှိပြီး ရေထဲမှာဘဲ အဓိက ရှင်သန်နေထိုင်တဲ့ သူတွေပါ တစ်ခါတစ်လေ ထမီရင်လျား ဒါမှမဟုတ် ကိုယ်လုံးတီးနေတတ်ပေမယ့် အခုတော့ ဧည့်သည်တွေ လာတာများလာတာနှင့် အမျှ globalization နှင့် အတူ ဆလုံလူမျိုးတစ်ချို့ဟာ အခုဆို သာမာန် လူတွေလို နေထိုင်လာကြတာကို တွေ့ရမှာပါ သူတို့ဟာ ကိုယ်ပိုင် ဘာသာစကား ထွန်းကားတဲ့ လူမျိုးစုထဲက တစ်ခုလည်း ဖြစ်ပါတယ်

သူတို့ရဲ့ အဓိကအလုပ်အကိုင်ကတော့ ရေလုပ်ငန်းပေါ့ မိုးရာသီကုန်တာနှင့် သူတို့ဟာ အသက်ကြီးရွယ်အိုတွေရယ် ကလေးတွေရယ်က လွှဲလို့ အားလုံး ပင်လယ်ထဲထွက်ကာ ငါးဖမ်းရင်း အသက်မွေးဝမ်းကြောင်းပြုကြပါတယ် တစ်လနှစ်လမှ တစ်ခါ ကမ်းကပ်ပြီး တစ်ခါတစ်လေ မိုးရာသီမှ ရွာကို ပြန်လာတာလည်း ရှိပါတယ် သူတို့ရိုးရာ ငါးခြောက်လှမ်းတာတွေ ဘာတွေဟာလည်း သူတို့ ဓလေ့နှင့် စနစ်ကျလှပါတယ် မိုးရာသီအတွက် ထင်းတွေ ကြိုတင်စုဆောင်းထားတာလည်း တွေ့ရပါတယ် ဒီလောက်ဆိုရင် အကြမ်းဖျင်းလောက်တော့ တီးမိခေါက်မိရှိပြီ ထင်ပါတယ်

ဆလုံရွာအကြောင်းပြီးတော့ သဲနက်တန်းကျွန်း (နှစ်ဖက်လှကျွန်း) ပေါ့

သဲနက်တန်းကျွန်း (နှစ်ဖက်လှကျွန်း)

Mergui-Archipelago

အဲဒီနေရာရဲ့ အရှေ့ဖက်မှာ snorkeling လုပ်လို့ရတဲ့နေရာရှိပါတယ် ကျွန်တော်တို့ သွားတဲ့ အချိန်မှာတော့ ရေကြီးနေလို့ သေချာ မတွေ့ခဲ့ရပါဘူး ဒါပေမယ့် သဲဖြူဖြူ ကမ်းခြေဟာ အရှေ့ဖက်ရော အနောက်ဖက်မှာရော ရှိနေတော့ ကမ်းခြေနှစ်ခု ရောက်သလိုဘဲ ရေလေးဆော့ လူရှင်းနေတဲ့ ကမ်းခြေမှာ အေးဆေးနားနေရတဲ့ feeling ဟာ ဘာနှင့် မှ လဲလို့ ရမှာ မဟုတ်ပါဘူး

နောက်လူတွေ သွားရင်တော့ ရေမတက်နေဘဲ ရေအောက်အလှအပတွေ သေချာမြင်ရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ဓာတ်ပုံလှလှလေးတွေ ရရင်လည်း လာပြနော် သရေယိုလို့ရအောင်

ကျွန်းတွေပတ်ပြီးတော့ မြိတ်ပြန်တော့ လမ်းမှာ လှိုင်းမိပါသေးတယ် ခဏလှိုင်းငြိမ်တာ စောင့်ရင်း ပြန်ထွက်လာခဲ့တာ ၅ နာရီလောက်မှာ မြိတ်ကို ပြန်ရောက်ပါတယ်

ကျွန်တော့်ရဲ့ နှစ်ရက်တာ ကျွန်းပတ်တဲ့ ခရီးစဉ်ကို အဲဒီမှာဘဲ အဆုံးသတ်ခဲ့ပါတယ်

Mergui Island

Mergui-Archipelago နောက်ကျွန်းတစ်ခု ပြောပြချင်တာက Mergui Island ပါ ကျွန်တော် ရှေ့နှစ်က အိမ်ပြန်တုန်းက သူငယ်ချင်းတွေနှင့် လှေတစ်စီးငှား ဟိုကျွန်းသွားမယ် ဒီကျွန်းသွားမယ်နှင့် လက်ညှိုးထိုးရင်း ရောက်သွားတယ့် နေရာပါ အုန်းပင်လေးတွေနှင့် လှပသလို ကျွန်းပေါ်မှာ မိသားစု တစ်စုသာ ရှိပါတယ် သဲကတော့ အရမ်း မဖြူပါဘူး စက်လှေသမားတွေကတော့ ရေပြင်အော်သဲတန်းရှည်ကျွန်းလို့လည်း ခေါ်ကြပါတယ်

Tour Information

Name - Blissful Myanmar Travel & Tour
Ph - 09444777944, 09777444944, 09788887779, 09450899996
Email - info@blissfulmyanmartravels.com
Address - အမှတ်(၅), ဆိပ်ငယ်ဘောတံတားလမ်း, ဆိပ်ငယ်ရပ်, မြိတ်မြို့
Facilities - guide, ကားအကြိုအပို့, အစားအသောက်, life jacket & snokel gears

Package Price

One day trip ကို မြန်မာဆိုလျှင် တစ်ယောက်ကို ၇၀၀၀၀ ကျပ်ပါတဲ့ ဘယ် Package ယူယူပါ Foreigners တစ်ယောက်ကိုတော့ USD 80 ယူတယ် ပြောပါတယ် လူအယောက် နှစ်ဆယ် အထိ လက်ခံပြီး အနည်းဆုံး ၆ ယောက်ရှိရင် ခရီးစဉ်စထွက်ပေးပါတယ်တဲ့

တစ်ယောက်တည်းဆိုရင်လည်း တစ်ခြားအဖွဲ့တွေနှင့်ပေါင်းပြီး လိုက်သွားလို့ရပါတယ် သူငယ်ချင်းတိုးတာပေါ့ ကျွန်တော်လည်း ဒီလိုဘဲ သူများအဖွဲ့နှင့်ပေါင်းသွားခဲ့တာပါ

အချုပ်

အဲလောက်ဆိုရင် မြိတ်ရောက်ရင် ကျွန်းတွေပတ်ဖို့ ideas လေး ရလောက်ပြီထင်ပါတယ် မြိတ်ဘက်က အလှအပတွေကို သွားရောက်ကြည့်ရှုနိုင်သလို သဘာဝတရားလေးတွေကိုလည်း ထိန်းသိမ်းပေးဖို့ တောင်းဆိုပါရစေ

ကိုယ့်နိုင်ငံရဲ့ အလှတရားတွေကို ကမ္ဘာ့က စိတ်ဝင်စားနေတဲ့ အချိန် ကိုယ့်ဘက်ကလည်း အမှိုက်ပစ်ဖို့, coral တွေကို အိမ်ယူသွားဖို့ ကြိုးစားတာတို့ မလုပ်ဘဲ သေချာ ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်ပါတယ် ကျွန်တော့် အရှေ့တစ်ခေါက်က သွားသလို မဟုတ်ဘဲ ကျွန်းတော်တော်များများမှာ ထိန်းသိမ်းပေးနေကြတဲ့သူတွေ ရှိလို့လည်း ကျေနပ်မိပါတယ်

အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်လည်း နေရာတော်တော်များများမှာတွေ့ခဲ့ရပါတယ် နိုင်ငံတော်အစိုးရကလည်းသေချာ ထိန်းသိမ်းပြီး tourist attraction point ဖြစ်အောင်လုပ်သင့်ပါတယ် နိုင်ငံတော်အတွက် ဝင်ငွေတစ်ဖက်တစ်လမ်းမှ တိုးတက်စေနိုင်တဲ့နေရာတွေပါ

မြိတ်ကျွန်းစုကို အားလုံးဝိုင်းဝန်းစောင့်ရှောက်ပေးမယ်လို့လည်း မျှော်လင့်မိပါတယ်

မြိတ်မြို့ကို ဘယ်လိုသွားရတယ် ဆိုတာရယ် city tour အတွက်ကို နောက်တစ်ပို့စ်နှင့်ရေးပေးပါ့မယ် ဆက်လက်စောင့်စားဖတ်ရှုပေးပါလို့

ကျေးဇူးတင်ပါတယ်

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြိတ်ကျွန်းစုများဆီသို့
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း