၁၁ကြိမ်မြောက် ပြည်တွင်းထုတ်ကုန်များပြပွဲ
2020-03-28edit MingalaGO
မြန်မာပြည်တွင် ထုတ်လုပ်သည်! မြန်မာ့ထုတ်ကုန်များ! ကျွန်တော် ဈေးဝယ်စင်တာတွေရောက်ရင် အဆိုပါ စာသားပါတဲ့ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေပဲ ရှာဝယ်ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာနည်းပညာပိုင်းအားနည်းမှုကြောင့် ထုတ်ကုန်စွမ်းအားမမြင့်မားသော်လည်း ယနေ့ခေတ်မှာတစ်နိုင်တစ်ပိုင် လုပ်ငန်းတွေ များပြားလာတာဟာ တိုးတက်မှုတစ်ခုပါပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကကျွန်တော့်သူငယ်ချင်းရဲ့ လမ်းညွှန်မှုနဲ့ ကရဝိတ်ဥယျာဉ်မှာပြုလုပ်ခဲ့တဲ့ ၁၁ကြိမ်မြောက် ပြည်တွင်းထုတ်ကုန်များပြပွဲကိုလည်ပတ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံကိုပြောပြပေးမှာဖြစ်ပါတယ်။
Makers Market ကိုလစဉ်လတိုင်းပထမအပတ် တနင်္ဂနွေနေ့ညနေခင်းတွေမှာ ပြုလုပ်လေ့ရှိတယ်။ မြန်မာပြည်တွင်းထုတ်ကုန်များ၊လက်မှုပစ္စည်းများ၊ ချည်ထည်အဝတ်အထည်များ၊ စားသောက်ကုန်များကိုတစ်နေရာတည်း တစ်စုတစ်ဝေးတည်း ဝယ်ယူနိုင်အောင် ခင်းကျင်းပြသထားတဲ့ ဈေးပွဲတော်တစ်ခုပဲဖြစ်တယ်။ လက်မှုပညာရှင်များ၊ ဒီဇိုင်နာများနှင့် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံနိုင်ရန် လည်းအခွင့်အရေးကောင်းတစ်ခုဖြစ်တယ်။
“Makers Market ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာပြည်တွင်းမှာအရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေရှိတယ်ဆိုတာကိုသိစေလိုတဲ့အတွက်ပဲဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ မကြေးမုံလွင်ကပြောပြပေးပါတယ်။
Maker Market ဟာပလတ်စတစ် အသုံးမပြုတဲ့ပွဲ ဖြစ်ပါတယ်။ ရောင်းချသူတွေကပစ္စည်းထုပ်ပိုးမှုအတွက် ပလပ်စတစ် အစားထိုးအိတ်တွေ အသုံးပြုမှာဖြစ်ပြီးပွဲကိုလာရောက်သူများကလည်းကိုယ်ပိုင် ဈေးဝယ်အိတ် တွေကို ယူဆောင်လာပြီးဝယ်ယူကြပါတယ်။
ဒီဈေးရောင်းပွဲမှာဆိုရင် မြန်မာ့ချည်ထည်များဖြင့် ချုပ်လုပ်ထားတဲ့ နေ့စဉ်ဝတ်အဝတ်အထည်များ အများအပြားတွေ့ရှိရတယ်။ ပြည်တွင်းဖြစ်ချည်ထည်များဖြင့်သေသပ်လှပစွာချပ်လုပ်ထားတဲ့ ဒီဇိုင်းများကိုပွဲလာရောက်သူများက စိတ်ဝင်တစား ဝယ်ယူကြတယ်။ Urban Rangoon ဖိုးဝချည်ထည် Pho Wa cotton shop Myanmar YanantNature CollectionTLANG TRIBEအပ်ချည်လုံးCharlotte Barjou DesignMe for your own styleအစရှိတဲ့ အဝည်အထည်ဆိုင်များ ခင်းကျင်းပြသထားပါတယ်။
“ပွဲရဲ့ စည်းမျည်းစည်းကမ်းကတော့ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းထုတ်ပစ္စည်းများသာရောင်းချဖို့ပဲ ဖြစ်တယ်”
ထို့အပြင် ကြိမ်ထည်ပစ္စည်းများ၊ ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများ၊သဘာဝ ပန်းများအသီးများဖြင့်ပြုလုပ်ထားသော လက်လုပ်ဆပ်ပြာများ၊ ပြန်လည်အသုံးပြု ပစ္စည်းများ အများအပြားတွေ့ရှိရတယ်။တနိုင်တပိုင်ဖန်တီး ထုတ်လုပ်ထားတဲ့ လက်မှုအဆင်တန်ဆာများကိုနိုင်ငံခြားသားများက အမြတ်တနိုးဝယ်ယူကြတာဟာ ဂုဏ်ယူစရာဖြစ်တယ်။
ဈေးဝယ်ရင်း ကန်ရေပြင်ကျယ်ကြီးဘေးမှာ အနားယူစားသောက်ဖို့အတွက် စားသောက်ဆိုင်တွေလည်း ရောင်းချပေးထားတယ်။ တကယ့်ကို အမိုက်စား ဈေးပွဲတော်တစ်ခုပဲ ဖြစ်တယ်။
အလုပ်တွေနဲ့ မအားလပ်လို့ အမြဲတမ်း ဈေးဝယ်မထွက်နိုင်ဘူး ဆိုရင်တောင် တစ်လမှတစ်ကြိမ်သာ ပြုလုပ်တဲ့ ဒီMakers Market လေးကို အရောက်သွားဖို့ တိုက်တွန်းချင်ပါတယ်။
ဈေးရောင်းပွဲကို ညနေ ၄ နာရီမှ ၆ နာရီ အထိ လစဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပလေ့ရှိပါတယ်။
ပွဲကျင်းပတဲ့ ရက်ကတော့ တစ်လနှင့်တစ်လ မတူတာကြောင့် https://www.facebook.com/yangonmakersmarket/ ကိုအမြဲစောင့်ကြည့်ဖို့တော့လိုပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။