မန္တလေးနန်းမြို့ရိုးနှင့်ကျုံး

2019-01-30edit MyoMinThu

(Zawgyi Version) Mandalay-Fort ရန်ကုန်နှင့်မန္တလေးသည် မတည့်။ မတည့်ဆိုရာတွင် ရန်သူလိုတိုက်ခိုက်နေကြခြင်းမဟုတ်၊ ညီအစ်ကို၊ မောင်နှမအချင်းချင်း မထိခလုတ် ထိခလုတ် စနောက်ခြင်းမျိုးနှင့်အချိန်ပြည့်ယှဉ်ပြိုင်နေခြင်းမျိုးဖြစ်သည်။ ရန်ကုန်ကလူတွေက နိုင်ငံတော်ရဲ့ ဂုဏ်ယူဖွယ် ရွှေတိဂုံဘုရားအကြောင်းပြော၍ ဂုဏ်ယူနေချိန်တွင် မန္တလေးသားတို့က မန္တလေးတောင်၊ ကျုံးနှင့်နန်းမြို့ရိုး၊ မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်သောသီပေါမင်းစိုးစံခဲ့သည့်ရွှေနန်းတော်တို့အကြောင်းပြော၍ ချေပလိမ့်မည်။ ချစ်ဖွယ်ကောင်းသောပြိုင်ဆိုင်မှုမျိုးဖြစ်သည်။ ဒီတစ်ခေါက်မှာတော့ မန္တလေး နန်းမြို့ရိုးနဲ့ကျုံးအကြောင်းမိတ်ဆက်ပေးချင်ပါတယ်။

သမိုင်းအကျဉ်း

Mandalay-Fort မန္တလေးနန်းမြို့ရိုးဟာ မန္တလေးရဲ့ ပုံရိပ်ဖြစ်ရုံသာမက အရှေ့တောင်အာရှ တွင်လည်း မြန်မာတို့၏ဂုဏ်ယူစရာပုံရိပ်တစ်ခုပါ။ မင်းတုန်းမင်းဟာ ၁၈၅၀ခုနှစ်မှာ သူ၏နောင်တော်ကြီး ပုဂံမင်းဆီကန ထီးနန်းကိုလွှဲပြောင်းယူပြီး 1857တွင် နန်းတော်၊ ကျုံး၊ နန်းမြို့ရိုး စသည်တို့ကို ဆောက်လုပ်ပြီးရတနာပုံနေပြည်တော်အဖြစ် စိုးစံတော့သည်။ မြို့ရိုးသည် ထူထဲ ခိုင်မာပြီး ရာသီဥတုဒဏ်ကိုကြံကြံခိုင်နိုုင်သည်။ နေ့ဘက်အချိန်တွင် မန္တလေးမြို့၏အမြင့်တစ်နေရာမှကြည့်လျှင် လွယ်လင့်တကူမြင်တွေ့နိုင်ပြီး နန်းမြို့ရိုးကို ရေအပြည့်ရှိသော ကျုံးနှင့် အတားအဆီးအနေနှင့် ကာထားသည်။ မြို့ရိုးအတွင်းရှိ မန္တလေးနန်းတွင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်တို့အတွက် စတည်းချရာ စစ်စခန်းဖြစ်ခဲ့သည့်အတွက် မဟာမိတ်တပ်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ နန်းတော်အတွင်းပိုင်းကို ပြန်လည်တည်ဆောက်ရန်အတွက်လည်းကောင်း၊ ရွှေနန်းတော်ဘုန်းကြီးကျောင်း(ရွှေကျောင်း)ကို တည်ဆောက်ရန်အတွက် မပျက်စီးပဲကျန်ခဲ့သော နန်းမြို့ရိုးမှသစ်များကို ခွာ၍တည်ဆောက်ခဲ့သေးသည်။ မန္တလေးတောင် အောက်ခြေရှိ ရွှေကျောင်းသည်လည်းမန္တလေး၏နာမည်ကျော်နေရာများထဲမှတစ်ခုဖြစ်သည်။ နန်းတော်ကိုတော့ ၁၉၉၀တွင် ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီး ဘုရင်မနန်းဆောင်၊ ညီလာခံခန်းမတို့ကိုလည်း စစ်အစိုးရကဦးဆောင်၍ ပြုပြင်ခဲ့သည်။ ၃၆၀ ဒီဂရီပတ်လုံးကြည့်နိုင်သော မျှော်စင်မှာလည်းမြတ်နိုးဖွယ်ကောင်းသော နန်းတွင်း၏နေရာများစွာထဲမှတစ်ခုဖြစ်သည်။ Mandalay-Fort လ မြို့ရိုး၏တံတိုင်းသည် အောက်ခြေမှရှစ်မီတာမြင့်ပြီး သုံးမီတာ ထူသည်။ အပေါ်သို့ သွယ်သွားပြီ တံတိုင်းအပေါ်တွင် ၁မီတာခွဲသာထူတော့သည်။ အရည်အသွေးကောင်းပြီး အုတ်ဖုတ်သမားကောင်းကောင်းတို့မှဖုတ်ထားသော အုတ်တို့နှင့်တည်ဆောက်ထားသည်။ တံတိုင်းမှာ ၂ကီလိုမီတာ ပတ်လည်အရှည်ရှိပြီး ကျုံးရေပြင်ကတော့ ၇၀မီတာအကျယ်၊ ၃မီတာ အနက်ရှိကြောင်းမှတ်သားသိရှိရပါသည်။ ဒါကြောင့်လည်း ၁၉ရာစု ဝန်းကျင်တွင် လုံခြုံမှုအပြည်နဲ့နန်းတော်၊ မြို့ရိုးဟု ပတ်ဝန်းကျင်နိုင်ငံများကချီးကျူးခဲ့ကြခြင်းဖြစ်သည်။

ခေတ်သစ်မန္တလေးကျုံးနှင့်မြို့ရိုး

Mandalay-Fort မန္တလေးကျုံးနှင့် မြို့ရိုးဝန်းကျင်သည် ယခင်ကနှင့်မတူ အတော်ပြောင်းလဲသွားပြီဖြစ်သည်။ ဥပမာ စတီးလက်ရန်းများတပ်လိုက်ခြင်းမျိုးဖြစ်သည်။ ကိစ္စတိုင်းတွင်ကောင်းကျိုးရှိသလို ဆိုးကွက်များလည်းရှိသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ သန့်ရှင်းသပ်ရပ်သွားသော်လည်း ယခင် ရှေးဟောင်းအငွေ့အသက်ပျောက်သွားသည်မှာ ငြင်းမရသော အချက်အလက်ပင်ဖြစ်သည်။ ထို့အပြင် ညနေစောင်း နှင့် မိုးချုပ်ချိန်တွင် ကျုံးအနီးတစ်ဝိုက်သည် လူပြတ်၍ဒုစရိုက်မှုများ ပေါများရာနေရာဖြစ်နေသေးသည့်အတွက် တစ်ယောက်ထဲအဖော်မပါပဲမသွားသင့်ပါ။ ဒါပေမယ့်လည်း မန္တလေးရဲတပ်ဖွဲ့ကနေ မှုခင်းများကျဆင်းအောင် စီမံချက်နှင့်တတ်အားသရွေ့ဆောင်ရွက်လျက်ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ ြမို့ရိုးနှင့်ကျုံးသည် မန္တလေး၏ပုံရိပ်ဖြစ်နေဆဲပင်ဖြစ်သည်။ မန္တလေး၏အသက်ဝိညာဉ်လို့ပင်တင်စားနိုင်ပြီး မန္တလေးရောက်တုန်းရောက်ခိုက် မသွားမဖြစ်ကိုသွားလည်သင့်သော နေရာဖြစ်ကြောင်းမှတ်ချက်ပြုလိုက်ရပါတော့သည်။ (Unicode Version)







Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မန္တလေးနန်းမြို့ရိုးနှင့်ကျုံး
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း