Mandalay – Pyin Oo Lwin – Hsipaw, Adventure trip

2019-03-14edit MyoMinThu

Mandalay – Pyin Oo Lwin – Hsipaw

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခရီးတိုလေးကိုစတင်ဖို့ကတော့သင်က မန္တလေးကနေ မနက်၆နာရီဝန်းကျင်လောက်မှာစပြီးထွက်ရပါမယ်။ ဘာလို့အစောကြီး ဖြစ်ရသလဲ။ ပြင်ဦးလွင်ကနေသီပေါကိုသွားတဲ့ ရထားက ၈နာရီ၂၅မိနစ်လောက်ထွက်တာမို့ မှီအောင်လို့ဖြစ်ပါတယ်။ ဟိုတယ်ကိုပဲဖြစ်ဖြစ်၊သင့်အိမ်ကနေပဲဖြစ်ဖြစ် ကားနဲ့သင့်ဆီကိုလာကြိုပေးဖို့ မှာထားလို့ရပါတယ်။ ဗင်ကားလိုမျိုးနဲ့လာကြိုပေးရင်တော့တစ်ယောက်ကို ၆၅၀၀ကျပ်လောက်ကျပါတယ်။မန္တလေးကနေပြင်ဦးလွင်ကိုသွားတဲ့ ကြာချိန်ကတော့ ၂နာရီလောက်ပါပဲ။ သင်ကရထားဘူတာကိုရောက်တဲ့အခါမှာသင့်ရထားလက်မှတ်တွေကို ဝယ်ထားပြီး ရထားစောင့်နေတဲ့အချိန်မှာမနက်စာစားလို့ရပါတယ်။ ရထားကမနက် ၈နာရီ၂၅မိနစ်မှာ ထွက်ကာအထက်တန်းနဲ့ သက်တောင့်သက်သာစီးရတာတောင်မှ ၁၆၀၀ကျပ်သာကျသင့်ပါတယ်။ ရထားကလမ်းမှာလေးနေရာရပ်ပါတယ်။ နာမည်ကြီးဂုတ်ထိပ်တံတားလို့ခေါ ်တဲ့ နောင်ပိန်နဲ့နောင်ချိုကြားကတံတားကိုပြောတာပါ။ ဂုတ်ထိပ်မှာကတော့သင့်အတွက် မမေ့နိုင်စရာကောင်းတဲ့ လှပတဲ့ရှုခင်းပုံတွေ၊ selfiesပုံတွေ၊ လှပတဲ့မြင်ကွင်းတွေကိုရထားခဏရပ်ပေးချိန်မှာဆင်းရိုက်လို့ရပါတယ်။ဒီရထားစီးရတာကတကယ်ကိုသက်တောင့်သက်သာရှိပြီးတော့သင်ကဘယ်နေရာမှာဆင်းချင်တာလဲဆိုတာပေါ ်မူတည်ပြီးဆင်းလ့ိုရပါတယ်။ တကယ်လို့သီပေါကသင့်ရဲ့နောက်ဆုံးဆင်းမယ့်နေရာဖြစ်ပါကသင်ကအဲ့ဒီကိုနေ့ခင်း ၃နာရီလောက်မှာရောက်ပါလိမ့်မယ်။ နောက်တစ်ခုရွေးုလို့ရတာကတော့ နောင်ပိန်မှာဆင်းပြီးကားနဲ့ဆက်ပြီးသွားလည်းရပါတယ်။ ဒီနည်းကတော့သင့်အတွက် အချိန် ၁နာရီခွဲလောက် သက်သာသွားစေမှာဖြစ်လို့သင်ကသီပေါကိုနေ့ခင်း ၁နာရီခွဲလောက်မှာရောက်နေမှာဖြစ်ပါတယ်။

ဘယ်သွားမလဲဘာလုပ်ကြမလဲ။

MandalayPyin-Oo-LwinHsipaw

သင်ကသီပေါကိုရောက်တာနဲ့ နေ့ခင်းပိုင်းဖြစ်သွားပြီမို့သင့်ဟိုတယ်မှာ check-in ဝင်ပြီးသီပေါရဲ့ night life ကိုခံစားဖို့သင်ကြိုက်တဲ့စားသောက်ဆိုင်ကိုရွေးပြီးစားပါ။ အနီးအနားတွေမှာ မြန်မာစာ၊ တရုတ်စာ၊ ရှမ်းရိုးရာစာတွေဆိုပြီးအစုံရှိတတ်ပါတယ်။ မြို့လေးကခပ်သေးသေးလေးနဲ့ ခဏဆိုအကုန်ရောက်တာမို့ မြို့တစ်လျှောက်ကိုအေးအေးဆေးဆေးလမ်းလျှောက်ရင်းနဲ့ ကြည့်လို့လည်းရပါသေးတယ်။ဟိုတယ်တွေကတော့ ၁သောင်းကျပ်ကနေ ၅သောင်းကျပ်ထိရှိပြီးအစားစာရှိပါတယ်။ သင်ကသီပေါမြို့ကို အဝင်မှာတိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်နဲ့ သီပေါ ရေတံခွန်ကိုသွားတဲ့လမ်းမှာတော့ Kumudra Hill Mountain Viewဟိုတယ်ကိုတွေ့ရမှာပါ။ အဲ့နေရာလေးကတော့ မြောက်ပိုင်းရှမ်းပြည်နယ်ရဲ့အလှအပကိုကောင်းမွန်စွာခံစားလို့ရတဲ့နေရာလေးလည်းဖြစ်ပါတယ်။ အဲ့ဟိုတယ်ကနေပြီးတော့ မြို့ထဲကိုအလကားပို့ပေးတဲ့ ဘတ်စ်လည်းရှိကာဟိုတယ်မှာရေကူးကန်၊ အမိုးပေါ ်မှာလည်း Jacuzzi ရှိပြီး၊ လမ်းလျှောက်တောင်တက်လို့ရတဲ့ toursများ၊ စားသောက်ဆိုင်ကလည်းကုမုဒြာတောင်နဲ့ ပတ်ဝန်းကျင်ကို သိမ်းကျုံးမြင်ရတဲ့ ရှုခင်းရှိကာဟိုတကယ်အတွင်းမှာတင်အကုန်လုံးစုံလင်လှပါတယ်။

နေ့တစ်ဝက် စက်လှေနဲ့ သွားခြင်း။

MandalayPyin-Oo-LwinHsipaw နောက်ရက်မနက်ရောက်တဲ့အခါမှာတော့ မနက်၉နာရီလောက်မှာ ရွာတစ်ရွာကိုသွားဖို့စက်လှေစီးရပါတယ်။ စက်လှေနဲ့ သွားတာကတော့ တစ်နာရီလောက်သာကြာပါတယ်။ရှုခင်းတွေကိုလှေစီးရင်း ကြည့်သွားလို့ရပါတယ်။ လမ်းဘေးတစ်လျှောက်မှာတော့ ဖရဲသီးခင်း၊ နာနတ်ခင်း၊ ရာဘာပင်ခင်းတွေနဲ့ လမ်းလျှောက်လို့ရတဲ့ တောလမ်းတွေကို မြင်တွေ့ရမှာပါ။ အဲ့ကဒေသခံဂိုက်ကနေပြီးတော့ သင့်ကို မြစ်တွေစုံတဲ့နေရာမှာခဏနားပြီးအဲ့နေရာမှာပဲသင်ရေချိုးလို့ရနားလို့ရနေ့လည်စာစားလု့ိရအောင်လုပ်ပေးမှာပါ။ အဲ့နေရာလေးကရင်သပ်ရှုမောလှအောင်လှပါတယ်။ တစ်ခါတစ်လေမှာတော့ အဲ့မြစ်ကရေစီးအလွန်သန်ပါတယ်။ နေ့ခင်းဒီလိုလှေစီးပြီးရင်တော့ သီပေါကိုအလာလမ်းကြောင်းအတိုင်း ပြန်လို့ရပါတယ်။

Little Bagan

MandalayPyin-Oo-LwinHsipaw

ပုဂံအသေးလေးလို့ ခေါ ်ကြပေမယ့် တကယ့်ပုဂံအစစ်လိုမျိုးတော့ ထပ်တူမကျပေမယ့် သူ့ဟာနဲ့သူတော့ ခမ်းနားပါတယ်။ ဘုရားဆင်းတုနဲ့ ဘုရားသေးသေးလေးတွေကို မြက်ပင်တွေ၊ ရေညှိတွေနဲ့ အပေါ ်က ဖုံးအုပ်နေပါတယ်။ အဲ့နေရာနားမှာ ရေရတဲ့နေရာရှိပြီးတော့ အနီးတဝိုက်က လူတွေကလည်း သူတို့နေ့စဉ်ပုံမှန်အတိုင်းပဲ လှုပ်ရှားသွားလာ နေထိုင်ကြပါတယ်။ မြို့ရဲ့ မြောက်ဘက်ပိုင်းမှာတော့ ဒီ little baganလေးဟာ သူ့ဘာသာ သီးသန့်ရှိနေပြီး ရှေးဟောင်း ဘုရားလေးတွေနဲ့ လှပစွာ အဆင်တန်ဆာမွမ်းမံထားတဲ့ ကျွန်းသစ်ဘုန်းကြီးကျောင်းနှစ်ခု ရှိပါတယ်။ Little bagan လို့သာ ခေါ ်ပေမယ့် ဒီနေရာလေးက ခပ်သေးသေးလေးမဟုတ်ပဲ အမှတ်တရ တွေအများကြီးကို ပေးနိုင်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သစ်သားနဲ့ဆောက်ထားတဲ့ Madahya ဘုန်းကြီးကျောင်းဟာ အရမ်းကို အံ့သြစရာကောင်းအောင် လှပြီး၊ဝါးပင်တွေစီတန်းပေါက်နေတဲ့ မဟာ နန္ဒ ကံသာဘုန်းကြီးကျောင်းကနေကြည့်ပါကလည်း မြင်ရပါတယ်။

အရောင်တင်ထားတဲ့ ဝါးနဲ့ပြုလုပ်ထားတဲ့ နှစ်ပေါင်း ၁၅၀လောက်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်လည်းရှိပြီး ဘုရားဆင်းတုတော်ကို ရွှေပြား၊ ရွှေဆိုင်းတွေနဲ့ကပ်ထားပါတယ်။အနီးတဝိုက်မှာတော့ Angkorian စတိုင်လ် အတိုင်း စိမ်းစိမ်းစိုစိုနဲ့ ကာထားပါတယ်။ အစ္စ ဘုရားအနီး ဝါးနဲ့ပြုလုပ်ထားတဲ့ ဗုဒ္ဓဘုရားကျောင်း ရဲ့အရှေ့ဘက်မှာ လမ်းကြမ်းလေးရှိပါတယ်သီပေါ မြို့ကို စောင့်တဲ့နတ်လို့ သိထားကြတဲ့ လှပတဲ့ နေရာလေးဖြစ်တဲ့ Sao Pu Sao Nai ကလည်းအနီးအနားမှာ ရှိပါတယ်။

နေဝင်တောင်။

သီပေါမြို့ကို အပေါ ်စီးကနေပြီးတော့ ၃၆၀ဒီဂရီမြင်ရတာကတော့ သိမ်တောင်ဘုရား ဖြစ်ပါတယ်။ တစ်ချို့ကလည်း ကိုးမျက်နှာဘုရား သို့မဟုတ် နေဝင်တောင်လို့ခေါ ်ကြ သိကြပါတယ်။ လာရှိုးလမ်းကနေအနောက်ဘက်ကို မတ်ဆောက်ပြီး သွားတဲ့ လမ်းဘက်ဖြစ်ကာ သီပေါကနေပြီးတောင်ဘက်ကိုတစ်မိုင်လောက်သွားရပါတယ်။ သွားတဲ့လမ်းမှာ တံတားအသစ်တစ်ခုကို ဖြတ်သွားရမှာဖြစ်ပြီးတော့ လမ်းသုံးခွဆုံတဲ့နေရာမှာ အင်္ဂလိပ်လို ဆိုင်းဘုတ်လေးတစ်ခုရှိပါတယ်။ သွားရတဲ့ကြာချိန်ကတော့ ၁၅မိနစ်လောက်ပဲရှိပါတယ်။

ဘောဂျို ဘုရား။

MandalayPyin-Oo-LwinHsipaw

သီပေါရဲ့ အနောက်ဘက် ငါးမိုင်လောက်မှာ သီပေါ ကျောက်မဲ လမ်းမှာ ရှိတဲ့ ဘော်ဂျိုဘုရားဖြစ်ကာ ဒီဘုရားဟာဆိုရင် ရှမ်းအဖွဲ့အစည်းရဲ့ အဓိက အရေကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တပေါင်းလ(ဖေဖော်ဝါရီ၊ မတ်လ) လပြည့်နေ့မှာနှစ်တိုင်း ဘော်ဂျို ဘုရားပွဲ ပြုလုပ်ပါတယ်။ ဘုရားကိုတော့ ၁၉၉၅ခုနှစ်ကပုံစံအတိုင်း တည်ထားပြီး ဘုရားထိပ်ဖူးကို ပတ္တမြားအစစ်တွေထည့်ပြီး တည်ဆောက်ခဲ့တယ်လို့လည်း ကောလဟလစကားအနေနဲ့လိုလို အတည်လိုလိုပြောတာတွေရှိခဲ့ပါတယ်။နာမည်က အကြမ်းအားဖြင့် အဖေ ကျွန်မကို လာခေါ ်လှည့်ပါ ဆိုတဲ့ သဘောမျိုးနဲ့မှည့်ထားတာ ဖြစ်ပြီး ပထမဆုံးဘုရားကို လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ရှမ်းဘုရင်တစ်ပါးက သူ့ရဲ့သမီးတော်လေး စောမွန်လှကို ဗမာဘုရင် လက်ထဲကို ရှမ်းဗမာ ငြိမ်းချမ်းရေးအနေနဲ့ မိဖုရားတင်မြှောက်ဖို့ ဝမ်းနည်းစွာထည့်ပေးလိုက်ရတဲ့အထိမ်းအမှတ်အနေနဲ့ တည်ထားတဲ့ဘုရားဖြစ်ပါတယ်။ ဗမာ ဘုရင်က စောမွန်လှမင်းသမီးကို ချစ်ပေမယ့်လည်း သူ့ရဲ့ မိဖုရားတွေထဲမှာ ခုနှစ်ယောက်မြောက်အဖြစ်သာ ထားနိုင်ပြီး မိဖုရား စောမွန်လှကြောင့်မို့ အချင်းချင်း ခွဲခြားတာတွေ၊ ထိခိုက်တာတွေ ဖြစ်လာကြပါတယ်။ဘုရင့်ရဲ့ တစ်ခြားမိဖုရားတွေက မိဖုရားစောမွန်လှကို ပုန်ကန်သူအဖြစ် စွပ်စွဲပြောဆိုကြပါတယ်။ ဘုရင်က ကောလဟာလတွေကို မယုံကြည်ပေမယ့်လည်း နန်းတွင်းထဲမှာထားပါက တစ်ခြားသူတွေက လုပ်ကြံမှာကို စိုးရိမ်တာကြောင့် နန်းတွင်းအပြင်ကို ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သို့သော်လည်း မိဖုရားစောမွန်လှဟာ လမ်းခရီးမှာတင် နေမကောင်းဖြစ်ခဲ့ပါတယ်။ ရှမ်းဘုရင်ကြီးဟာ သူ့သမီးသတင်းကိုကြားပြီးတော့ လမ်းကို လာခဲ့သော်လည်းပဲ သူရောက်တဲ့အချိန်မှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။ မိဖုရားစောမွန်လှ ဆုံးပါးသွားတဲ့ နေရာကို ရှမ်းဗမာ ချစ်ကြည်ရေးအနေနဲ့ ဘုရားတစ်ဆူတည်ထားခဲ့ပါတယ်။ ကျောက်မဲ သို့မဟုတ် မန္တလေး လမ်းပေါ ်ကနေပြီးညာဘက်အခြမ်းဘက်ကနေကြည့်ပါက ဘုရားကို တစ်ပိုင်းတစ်စတော့မြင်ရနိုင်ပါတယ်။

စွန့်စားခန်းပြီးဆုံးခြင်း။

နေ့လည်ခင်း လှည့်ပတ်ကြည့်ရှုပြီးသွားတဲ့အခါ သီပေါစော်ဘွားရဲ့နန်းတွင်းနဲ့ နတ်နန်းရှိတဲ့နေရာကို သွားလည်နိုင်ပါတယ်။သီပေါ စံအိမ်တော်ကတော့ ညနေ ၃ခွဲကနေ ၅နာရီထိဖွင့်ပါတယ်။ အပြန်မှာတော့သိမ်တောင် ကနေပြီးတော့လှပတဲ့ရှုခင်းကို ဝင်ကြည့်မယ်ဆိုပါက သီပေါမြို့ကနေဆိုအရှေ့ဘက်ကို တုတ်တုတ်ငှားပြီး (ငှားခကတော့၅ထောင် ကျပ်လောက်ပေးရပါတယ်) သွားလို့ပါတယ်။ အဲ့ဒါပြီးရင်တော့ ညစာကို ရှမ်းစာကောင်းကောင်းစားလို့ရပါတယ်ပြီးသွားရင် ဟိုတယ်ပြန်နားလို့ အဆင်ပြေပါတယ်။ နောက်ရက်မနက်မှာတော့ မန္တလေး ပြင်ဥိးလွင် သီပေါ စွန်းစားခရီးစဉ်လေးကို ပျော်ရွှင်ကျေနပ်စွာ အဆုံးသတ်လိုက်ပါ။


Translated by
Dr.Sandy Kyaw

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


Mandalay – Pyin Oo Lwin – Hsipaw, Adventure trip
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း