မင်းကွန်း

2019-03-29edit ShweYee

မင်းကွန်းမြို့လေးဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိပြီးတော့ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုန်းကြီးကျောင်းများ၊တရားအားထုတ်ရာရိပ်သာများ၊ ရှေးခေတ်သမိုင်းဝင် အရေးကြီးတဲ့အရာများရှိခြင်းကြောင့် နာမည်ကြီးပါတယ်။

မင်းကွန်းကိုစက်လှေနဲ့သွားကြည့်ခြင်း။

Mingun မင်းကွန်းကိုစက်လှေနဲ့သွားကြည့်ခြင်းကအလွန်ကိုသာယာပြီးတော့ မြစ်ထဲက ဘဝတွေမျိုးစုံကို မြင်တွေ့ရမှာပါ။ စစ်ကိုင်းကနေဆိုရင် ၁၁မိုင်သာဝေးပြီးတော့ ကားလမ်းကနေလည်းသွားလို့ရောက်ပါတယ်။ အဲ့ဘက်ကဆိုရင်တော့နာရီဝက်လောက်သာကြာပါတယ်။ မန္တလေးကနေဆိုရင်တော့ မြစ်ထဲကနေသွားရင် ၇မိုင်လောက်ဝေးပြီး မန္တလေးကနေဆိုရင်တော့ စက်လှေနဲ့သာသွားလို့ရပါတယ်။ ဒီလှေနဲ့ကတော့၄၅မိနစ်လောက်ကြာပါတယ်။ စစ်ကိုင်းကနေမင်းကွန်းကိုစက်လှေခရီးနဲ့ သွားမယ်ဆိုပါကကန်တော်ကြီကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ မင်းကွန်းကနာမည်ကြီးလေးခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီးကိုတည်တုန်းကအုတ်ခဲတွေကျောက်တွေရဖို့အတွက် မြေကြီးကိုတူးရင်းနဲ့ ကန်တော်ကြီးဖြစ်လာရတယ်လို့ ဆိုပါတယ်။၁၇၉၁ခုနှစ်မှာ ဘိုးတော် ဘဒွန်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကန်တော်ကြီးကနေပြီးတော့ မင်းကွန်းပုထိုးတော်ကြီးကိုသင်ရောက်ပါလိမ့်မယ်။ မင်းကွန်းပုထိုးတော်ကြီးအပေါ ်ကနေပြီးတော့ မင်းကွန်းနဲ့ ဧရာဝတီမြစ်ကို သင်အပေါ ်ကနေမြင်ရမှာပါ။ သင်ကအပေါ ်ကိုတက်ဖို့အတွက် လှေကားထစ်ပေါင်း ၁၇၄ဆင့် ရှိတဲ့ လှေကားထစ်ကိုတက်ပြီးသွားလို့လည်းရပါတယ်။

မင်းကွန်းပုထိုးတော်ကြီး။

Mingun ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အဆောက်အဦးတွေထဲက တစ်ခုဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီးကို ၁၇၉၁ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပါတယ်။ ဒီဘုရားဟာ ပုံတော်ရ ဘုရားဖြစ်ပြီးတော့ မင်းကွန်းပုထိုးတော်ကြီးရဲ့ ရှေ့ပြေးပုံစံဖြစ်ပါတယ်မင်းကွန်းပုထိုးတော်ကြီးမှာ ကုန်းဘောင်ခေတ်က မြန်မာ့အနုပညာနဲ့ လက်မှုတွေ ကို လေ့လာလို့ရပါတယ်။ ဘိုးတော်ဘုရားမင်းဟာ သူရွှေဘိုမှာထီးနန်းရတဲ့အချိန်မှာအဲ့ကနေလှမ်းပြီး ဖူးမျှော်နိုင်ဖို့အတွက် မင်းကွန်းပုထိုးတော်ကြီးကို တည်ခဲ့တာဖြစ်ပါတယ်။ ဘုရားကြီးဟာ မပြီးမစီးတစ်ဝက်တစ်ပျက်နဲ့ကျန်ခဲ့ပါတယ်။ မင်းကွန်းဘုရားကြီးရှေ့မှာခြင်္သေ့နှစ်ကောင် ရုပ်ထုရှိပါတယ်။ လာလည်တဲ့ခရီးသွားတွေအတွက်ကတော့ ပုထိုးတော်ကြီးရဲ့ အရှေ့ဘက်မုဒ်ဦး လှေကားက ဧရာဝတီမြစ်ဘက် မျက်နှာမူထားတာကြောင့် အဲ့ဘက်ကို ကြိုက်ကြပါတယ်။ ဒီကနေကြည့်ရင်တော့ ဧရာဝတီမြစ်ရဲ့အလှနဲ့ သာယာတဲ့ မင်းဝန်တောင်ကြီးကို မြင်ရမှာဖြစ်ပါတယ်။ ဒီမပြီးစီးသေးတဲ့အဆောက်အဦးကြီးကို ၁၈၃၈ခုနှစ်မှာ ငလျင်ဒဏ်ကြောင့် အဆောက်အဦးက အက်ကွဲကြောင်းတွေထင်လာပါသေးတယ်။ သို့သော်လည်း ကမ္ဘာပေါ ်မှာတော့အုတ်နဲ့ဆောက် ထားတဲ့အကြီးဆုံး အဆောက်အဦးအဖြစ် ရှိနေပါသေးတယ်။

မင်းကွန်းခေါင်းလောင်း

Sagaing-Region ၁၈၀၈ ခုနှစ်မှာ ဘိုးတော်ဘုရားမင်းက ကြီးမားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးထိပ်မှာ ထည့်သွင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အလွန်တရာကြီးမားလှတဲ့ခေါင်းလောင်းကြီးကို ပြုလုပ်ခဲ့ပါတယ်။ အမြင့်ကတော့ ၃.၇မီတာရှိပြီးအလေးချိန်ကတော့ ခေါင်းလောင်းပေါ ်မှာ မြန်မာစာလုံးနဲ့ ၅၅၅၅၅ ဆိုပြီးရေးထားပါတယ်။ ၅၅၅၅၅ဆိုတာ ပိသနဲ့ပြောတာဖြစ်ပြီး မြန်မာ့အတိုင်းအတာဖြစ်ကာ တန်၉၀လောက်လေးပါတယ်။မင်းကွန်းခေါင်းလောင်းကြီးက ကမ္ဘာမှာအကြီးဆုံးခေါင်းလောင်းကြီးအဖြစ် ၂၀၀၀ ပြည့်နှစ်အထိ စံချိန်တင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက  Bell of Good Luck က အလေးချိန် ၁၁၆တန်နဲ့ ကမ္ဘာ့အကြီးမားဆုံးဖြစ်လာခဲ့ပါတယ်။ မောစကိုမြို့က ခရင်မလင် ခေါင်းလောင်းကြီးက အရင်က အကြီးဆုံးဖြစ်ပေမယ့် ကွဲသွားပြီးတော့နောက်ပိုင်း အသုံးမပြုတော့တာကြောင့်မဟုတ်တော့ပါဘူး။

စက်တော်ရာဘုရား

Mingun ဒီဘုရားဖြူဖြူလေးကတော့ မင်းကွန်းရဲ့ လှေဆိပ်နဲ့ကပ်လျက်မှာရှိပါတယ်။ သူ့မျက်နှာစာက မြစ်ကမ်းဘက်ကို မျက်နှာမူနေပြီးတော့ ရှေ့မှာ ခြင်္သေ့နှစ်ကောင်က အစောင့်သဖွယ်စောင့်ကြပ်နေပါတယ်။ ဒီဘုရားကိုတော့ ၁၈၈၁ခုနှစ်မှာစတင်ဆောက်ခဲ့ပြီး ကျောက်သားမှာ တင်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေရာတော်ကို အိမ်လေးနဲ့ထားထားပါတယ်။
လှေကားထစ်တွေကတော့ ဆင်ဖြူမီဘုရားနဲ့ တောင်ခုနှစ်ခုကိုကိုယ်စားပြုပါတယ်။ ဒီဘုရားဟာ မင်းကွန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိပေမယ့် မင်းကွန်းရဲ့အဓိက ဆွဲဆောင်တဲ့နေရာထဲမှာ မပါတာကြောင့် ဒီဘုရားဟာ တိတ်ဆိတ်အေးချမ်းပြီးတော့ ရွာမြင်ကွင်းတွေရယ်၊ လှပတဲ့ ဧရာဝတီမြစ်ကြီးရယ်ကိုအေးချမ်းစွာ ခံစားနိုင်ပါတယ်။ ဘုရားအပြင် ရိုးရာသစ်သားလှေကိုပါ ပြသထားပါတယ်။ ဘုရားအနီးမှာ လှေဆိပ်ရှိတာမို့ မင်းကွန်းတစ်ဝိုက်ကို လည်ပတ်ဖို့ ဒီကနေစပြီး သွားလို့ရပါတယ်။

မြသိန်းတန် ဘုရား

ShweBo

အံသြဖွယ်ရာ အထင်ကြီးစရာကောင်းတဲ့ မြသိန်းတန်စေတီကို ဘကြီးတော်ဘုရင်က ဆောက်ခဲ့ပြီး သူ့ရဲ့မြေး ဘိုးတော်ဘုရား ဘုရင်မင်းကြီးက ၁၈၁၆မှာ မင်းကွန်းပုထိုးတော်ကြီးနဲ့နီးနီးနားနားမှာ ပဲတည်ထားခဲ့ပါတယ်။ဒီဘုရားကို စူဠာမနိဘုရားကိုယ်စားပြုပြီး တည်ထားခဲ့ပါတယ်။ ဘုရားပတ်ပတ်လည်မှာ ကွေ့ကွေ့ကောက်ကောက် လှေကားပုံစံ ခုနှစ်ခုရှိပြီး မီရူးတောင်တစ်ဝိုက်က တောင်ခုနှစ်ခုကို ကိုယ်စားပြုပါတယ်။ ဒီဘုရားဟာ ၁၈၃၈ခုနှစ်မှာငလျင်ဒဏ်ကြောင့်ဆိုးရွားစွာပျက်စီးသွားပြီးတော့ မင်းတုန်းမင်းက ၁၈၇၄ခုနှစ်မှာပြန်လည်ပြုပြင်ခဲ့ပါတယ်။ပိဍကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဘွဲ့ရထားတဲ့ဆရာတော်ဦးဝိစိတ္တဘိဝံသထိုင်တဲ့ ဘုန်းကြီးကျောင်းလည်း ဒီနားတစ်ဝိုက်မှာရှိပါတယ်။ ဆရာတော်ဘုရားကို ဂင်းနစ်စံချိန်စာအုပ်ထဲမှာ ကမ္ဘာမှာဉာဏ်အကောင်းဆုံး သူအဖြစ် စာရင်းထည့်ထားပါတယ်။

မင်းကွန်းဘိုးဘွားရိပ်သာ။

ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၁၉၁၅ခုနှစ်ဒေါ်ဦးဇွန်က စတင်တည်ထောင် ပြီး သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်မယ့်သူမရှိတဲ့သူတွေအတွက်ဆိုပြီး ရည်ရွယ်ကာ တည်ထောင်ခဲ့ပါတယ်။ဒီမင်းကွန်းဘိုးဘွားရိပ်သာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဘိုးဘွားရိပ်သာဖြစ်ပါတယ်။ မင်းကွန်းက အနုသုခုမ လက်ရာတွေဟာ တကယ့်ကိုအထင်ကြီးစရာကောင်းအောင် လှပသေသပ်စွာရှိနေပါတယ်။ မင်းကွန်းဟာ မန္တလေးလိုပဲ ကုန်းဘောင် ခေတ်ကတည်းက နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မင်းကွန်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း