"မန္တလေးမြို့ရဲ့ အကောင်းစားစားသောက်ဆိုင် Mono Club"

2019-07-15edit MyoMinThu

European အစားအစာနဲ့ Asian အစားအစာကောင်းကောင်းတွေကို ဈေးနှုန်းအသင့်အတင့်နဲ့စားမယ်။ဒီလိုဆိုရင်တော့    မန္တလေးမြို့မှာဖွင့်ထားတဲ့ တော်တော်များများလည်း သိပြီးသားဖြစ်တဲ့ Mono Club Restaurant ဆိုင်လေးနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ အေးအေးဆေးဆေးထိုင်ချင်တာပဲဖြစ်ဖြစ် ဓါတ်ပုံလှလှလေးတွေ ရိုက်ချင်တာပဲဖြစ်ဖြစ်Wi-Fi လည်းကောင်းပြီး အစားအသောက်ကောင်းတွေရနိုင်တဲ့ဆိုင်လေးလည်း ဖြစ်ပါတယ်။

ဆိုင်ရဲ့အပြင်အဆင်လေးကတော့ Classic ဆန်တယ်ပဲပြောရမလား Boutiqueဆန်တယ်ပဲပြောရမလား။ သေ သေသပ်သပ်နဲ့အရမ်းကို တိတ်ဆိတ်လှပါတယ်။အေးအေးဆေးဆေးထိုင်ပြီး အလုပ် ကိစ္စဆွေးနွေးချင်သူများရဲ့အကြိုက်ပဲပေါ့နော်။

ဆိုင်မှာလာထိုင်သမျှသူတွေကိုလည်း Coffee & Tea ကြိုက်နှစ်သက်ရာ တစ်ခွက်စီကို free အနေနဲ့ ဝန်ဆောင်မှု ပေးသေးတာနော်။Appetizer အနေနဲ့ စားဖြစ်ခဲ့တဲ့အစားအစာတွေကတော့ Clay pot rice with beef & prawn ( မြေအိုးထမင်းပေါင်း)ပဲဖြစ်ပါတယ် ။ အမဲသားနူးနူးအိအိလေးနှင့် ပုစွန်၊ ဂျပန်တို့ဖူးတို့အပါအဝင် ရာသီပေါ်အသီးအနှံအစုံကိုကြော်ပြီး ပေါင်းစပ်ထားတာကြောင့် ပုံမှန်စားနေကြအရသာထက်ကို ပိုပြီးစားကောင်းလွန်းလှပါတယ်။

နောက်တစ်ခုက အမဲသားကြိုက်နှစ်သက်သူများအတွက် Grilled Beef Steak ပါ။ သူက (Sauce) ၂မျိုး ရွေး လို့ရပါတယ်။ Red Wine Sauce ရယ်၊ Black Pepper Sauce ရယ်ပဲဖြစ်ပါတယ်။

ယမုံကတော့ Sauce အရသာသိချင်တာကြောင့် နှစ်မျိုးလုံးနဲ့စားခဲ့တယ်။အမဲသား crazy မို့လားမသိဘူး။ သူနဲ့တွဲပေးထားတဲ့ potato cream လေးနဲ့တွဲစားရတာကိုအကြိုက်ဆုံးပဲ မွှေးနေတာပဲ။

အသားက မာလည်း မမာဘူး။ ပျော့လဲမပျော့ဘူး။ အနေတော်လေးပဲ။ တခြားဆိုင်တွေမှာရတဲ့ Beef Steak ထက် သူ့ရဲ့အဓိကအားသာချက်ကတော့ အစာပလာနည်းကြီးအသားတုန်းကြီးကြီးပြင်ဆင်ပေးထားတာပါပဲ။

နောက်တစ်ခုက Tom Yum Kung (ပုစွန်တုံယမ်း)ဟင်းရည်ပဲဖြစ်ပါတယ်။

ပုစွန်ခပ်ကြီးကြီး အကောင်သုံးကောင်တောင် ပါပါတယ်နော်။ ပေးရတဲ့ဈေးထက်ကို ပိုတန်တဲ့ သူ့ရဲ့အရသာက လုံးဝကို အဆင်ပြေလွန်းလှပါတယ် ။ ယမုံကတော့တစ်ပွဲလုံး ကုန်အောင် စားခဲ့တယ်။ နောက်တစ်ခုက European အစားအစာ Mushroom Cream Soup ပဲဖြစ်ပါတယ်။ သူကတော့ Soupထဲကို Western cheese bread လေးနှစ်ပြီး စားရတာပါပဲ။ သူ့ရဲ့အရသာက စိမ့်စိမ့်မွှေးမွှေးလေးနဲ့ Foreigner အကြိုတ် menu ပဲဖြစ်ပါတယ်။

သောက်စရာတွေအနေနဲ့ကတော့ Cocktail အရသာ အမျိုးအစားပေါင်း (၄၀) ရရှိနိုင်တဲ့အပြင် … ဘီယာ (၁၀)ခွက်ဝယ်ရင် shisha (၁)အိုး လက်ဆောင်ပေးတဲ့အပြင် အရက်တစ်လုံးဝယ်တာပဲဖြစ်ဖြစ် ဝိုင်တစ်လုံးဝယ်တာပဲဖြစ်ဖြစ် shisha (၁)အိုး free ပေးတာနော်။ Wow  Shisha ကြိုတ်တဲ့သူတွေ အတွက် တန်တာထက်ကိုပိုတဲ့ promotion လေးပါပဲ ။

အထူးဝန်ဆောင်မှုအနေနဲ့ကတော့ Unplugged Band ကို (အင်္ဂါ-ဗုဒ္ဓဟူး)နေ့မှလွဲ၍ ကျန်တဲ့ရက်တွေမှာ ည ၇နာရီ မှ ည ၁၀နာရီအထိ သီဆိုတီးခတ် ဖျော်ဖြေပေးနေပါတယ်။

ဈေးကတော့ သူ့ဈေးနဲ့သူပုံမှန်ပဲလို့ပြောရမယ်။ စားရတာလဲ အဆင်ပြေတယ်။ ဆိုင်ရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ဖွင့်ထားသလို အေးအေးဆေးဆေးရှိလှပါတယ်။ ဆိုင်ရဲ့ ဝန်ထမ်းများကလည်း ဆက်ဆံရေး ပြေပြစ်သလို ဝန်ဆောင်မှုလဲကောင်းလှပါတယ်။ မန္တလေးမှာ Restaurant တွေ Bar တွေပေါ်ပေမယ့်လို့မိသားစု/မိတ်ဆွေများနှင့်အေးအေးဆေးဆေးထိုင်လို့ရမယ့် နေရာလေးတစ်ခုအဖြစ်အရောက်သွားဖို့ ယမုံ recommend ပေးပါတယ်။

Car parking ကလဲနေရာအလုံအလောက်ရှိတာမို့ ဘာမှ စိတ်ပူစရာမလိုပါပူးနော်။ လိပ်စာကတော့ ၆၅ လမ်းနဲ့ ၄၁လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်ထဲမှာပဲဖြစ်ပါတယ်။ ဆိုင်ပုံစံလေးနဲ့အခင်းအကျင်းပုံစံလေးကို သိချင်တယ်ဆိုရင်တော့အောက်ကပုံလေးတွေကို တစ်ပုံချင်း ဖိကြည့်ပေးပါနော်။


Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


"မန္တလေးမြို့ရဲ့ အကောင်းစားစားသောက်ဆိုင် Mono Club"
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း