"အောင်ဘာလေ မြန်မာ့ထီ"
2019-07-27edit Htut Minn
မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောတရားဝင်လောင်းကစား ဖြစ်တဲ့ အောင် ဘာလေထီလုပ်ငန်းဟာ ၁၉၃၈ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့ပါ တယ်။
လကုန်ခါနီးလာတာနဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေ အပေါ်မှာထီရောင်းတဲ့ အရောင်စုံ၊အမှတ်တံဆိပ် မျိူးစုံနဲ့ လက်တွန်းလှည်းလေးတွေနေရာ ယူ လာပါတယ်။ ဆောင်းဘောက်စ်ကနေထွက်ပေါ်လာတဲ့နူးညံ့တဲ့ တေး သီချင်းသံလေးတွေဟာကံစမ်းလိုက်ချင်ဘိဆိုတဲ့ လူတွေကိုဖိတ်ခေါ်နေ သယောင်ပါပဲ။
အောင်ဘာလေထီဟာမြန်မာနိုင်ငံရဲ့တစ်ခုတည်းသောတရားဝင်လောင်း ကစား ဖြစ်ပါတယ်။ လစဉ် (၁) ရက်နေ့ ကနေစပြီးထီလက်မှတ်တွေ ရောင်းချပေးပါတယ်။ဆုကြီးဆုသေးအမျိူးအစားစုံလင်တဲ့ အတွက် ထီဝါသနာအိုးတွေစိတ်ကူးယဉ်လို့ ကောင်းပါတယ်။
နိုင်ငံတစ်ခုလုံး ပြူပြင်ပြောင်းလဲရေးလုပ်ဖို့လိုသလိုအစိုးရပိုင် ထီလုပ်ငန်း ဟာလည်း အကြိမ် ကြိမ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ မကြာသေးခင်က ထီဦးစီးဌာနကနေထီလက်မှတ်နဲ့ ဆုအမျိုး အစားအသစ်တွေ ထပ်တိုးခဲ့ ပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေမှာအစိုးရထီတစ်စောင် ပျမ်းမျှ တန်ဖိုးကျပ် (၄)ထောင် ရှိနေချိန်မှာအောင်ဘာလေထီလက်မှတ် (၁) စောင်အတွက် တန်ဖိုးကျပ် (၁) ထောင် သတ်မှတ်ခဲ့ပါတယ်။လက်မှတ် အရောင်းမြှင့်တင် ဖို့အတွက် အမြင့်ဆုံးဆုကြေးကို သိန်းတစ်သောင်းခွဲ သတ်မှတ်ပြီးအထူးအစီအစဉ် ဖြစ်တဲ့ဝေဝေဆာ ဆာပဒေသာအစီအစဉ် ထည့်သွင်းခဲ့ပါတယ်။အဲ့ဒီအစီအစဉ် မှာထီဝါသနာအိုးတွေ အတွက် ကျပ် (၁) သိန်း၊ (၂) သိန်း၊ (၃) သိန်းနဲ့ (၁၀) သိန်းဆုတွေ ထည့်သွင်း ထားပါတယ်။
ဒုတိယဆုသိန်း တစ်သောင်းနဲ့ တတိယဆုသိန်းငါးထောင် သတ်မှတ်ပြီး အနိမ့်ဆုံးဆုကြေး ကတော့ ကျပ် ငါးသောင်း ဖြစ်နေ တုန်းပါပဲ။ ထီဦးစီးဌာနကနေ လစဉ်ထီစောင်ရေ (၃၃) သန်းခန့် ရောင်းချပေးပါတယ်။ လက်မှတ်ရောင်းရငွေ ရဲ့(၆၀) ရာခိုင်နှုန်းကို ဆုကြေးအဖြစ် သုံးစွဲပြီးကျန် (၄၀) ရာခိုင်နှုန်းကို နိုင်ငံ့ ဘဏ္ဍာအဖြစ် ကောက်ယူပါတယ်။ အောက်မြန်မာပြည်အတွက် ဆုလက်မှတ်တွေကို ရန်ကုန်အောင်ဘာလေ သိန်းဆုဌာနမှာလဲလှယ် ထုတ်ယူနိုင်ပြီး အထက်မြန်မာပြည်အတွက် ဆိုရင်တော့ မန္တလေးအောင်ဘာလေ သိန်းဆုဌာနမှာ ထုတ်ယူနိုင်ပါ တယ်။ငွေကျပ်(၁၀)သိန်းအောက် ဆုတွေ ကိုတော့ သက်ဆိုင်ရာ မြို့ နယ်မှာရှိတဲ့ပြည်တွင်းအခွန်များဦးစီးဌာနတွေ မှာထုတ်ယူနိုင်ပါတယ်။ ဆုလက်မှတ်တွေ ကိုတစ်နှစ်အတွင်းလဲလှယ်ရ မှာပါ။ ထုတ်ယူခြင်းမရှိတဲ့ ဆုကြေးတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပါတယ်။
ကိန်းဂဏန်းအထောက်အထားတွေ အရထီပေါက်နိုင်ချေအင်မတန် နည်း ပါးပေမယ့် လူတွေကတော့ ထိုးနေကြတာပါပဲ။ အမှန်တော့ လူတွေဟာ ထီပေါက်ပြီးပိုက်ဆံအများကြီးသာရခဲ့ရင်ဆိုတဲ့ ယုတ္တိ မတန်တဲ့ (၁၅) စက္ကန့်စာမျော်လင့်ချက် လေးအတွက် ငွေကြေး အနည်းငယ်သုံးဖို့ ဝန်မလေး ကြပါဘူး။ထီထိုးတဲ့လူတိုင်း ကသူတို့ ထီပေါက်မယ်လို့ တထစ်ချ မယုံကြည်ကြပါဘူး။ ဒါပေမယ့် တစ်ထောင်တန် ထီလက် မှတ်လေးတစ်စောင်ဟာပိုကောင်းတဲ့ အနာဂတ်ဘဝကို စိတ်ကူးယဉ်နိုင်ဖို့ တံခါးလေးတစ်ချပ်ပဲမဟုတ်ပါလား။သင်ရောထီပေါက်ရင်ဘာလုပ်မှာလဲ။
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။