မြန်မာလူမျိုးများနဲ့ကျွန်မ။

2018-09-30edit Mya Nandar

Myanmar-People-and-I ကျွန်မနာမည်ကတော့ Chatsuda Sukplang ဖြစ်ပါတယ်။ကျွန်မမြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာလည်တုန်းက ၂၀၁၂ တုန်းကဖြစ်ပြီးတော့ကျွန်မရဲ့ဘော့စ်က ရန်ကုန်ကရုံးမှာ အလုပ်လုပ်ဖို့လွှတ်လိုက်တာဖြစ်ပါတယ်။ အဲ့လိုနဲ့မြန်မာနိုင်ငံကိုရောက်ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအပေါ ်ကို ကျွန်မအမြင်တွေပြောင်းလဲသွားပါတယ်။မြန်မာနိုင်ငံကို ကျွန်မ မလာခင်တုန်းက ဒီနိုင်ငံအကြောင်းကိုနည်းနည်းလေးသာသိထားပါတယ်။ ကျွန်မက နိုင်ငံတွေတော်တော်များများကို လည်ပတ်ပြီးသော်လည်း မြန်မာနိုင်ငံကတော့ကျွန်မ သွားချင်တဲ့ နိုင်ငံစာရင်းထဲမပါခဲ့ပါဘူး။ မြန်မာနိုင်ငံကလူတွေအကြောင်းနဲ့ ယဉ်ကျေးမှုတွေအကြောင်းကို အနည်းငယ်လေ့လာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ဘာသာစကားကိုလေ့လာဖို့အတွက် စိတ်အားထက်သန်လာပါတယ်။ အဲ့ဒါကြောင့်ပဲ မြန်မာနိုင်ငံကိုလာဖို့နေဖို့ကျွန်မအတွက် တံခါးပိုပွင့်လာပါတယ် ဘာလို့လဲဆိုတော့အခုကျွန်မက မြန်မာလို့ပြောနိုင်၊ ရေးနိုင်၊ဖတ်နိုင်လာပြီဖြစ်လို့ပါ။ အခုအခါမှာတော့ ကျွန်မမှာ မြန်မာလူမျိုးသူငယ်ချင်းတွေအများကြီးရှိနေပြီးတော့ လွန်ခဲ့တဲ့နှစ်တွေကနေစပြီး အခုထိလည်းနိုင်ငံထဲက မြို့တော်တော်များများကို လည်ပတ်ပြီးဖြစ်နေပြီဖြစ်ပါတယ်။Myanmar-People-and-I ကျွန်မရဲ့ ရန်ကုန်ကိုလာတဲ့ပထမဆုံးခရီးတိုအနေနဲ့ ကျွန်မသတိထားမိတာတော့ မြန်မာလူမျိုးတော်တော်များများ အင်္ဂလိပ်စကားကို မပြောနိုင်ကြပါဘူး။ ကျွန်မတွေးထားက သူတို့အင်္ဂလိပ်စကားတစ်ချို့တစ်လေတော့ပြောနိုင်မယ်ထင်ထားတာမို့ ပြောင်းပြန်ဖြစ်နေပါတယ်။အဲ့ဒါကြောင့် မြန်မာနိုင်ငံကလူတွေနဲ့စကားပြောဖို့ကြိုးစားတဲ့အခါမှာ ဘာသာစကားပြသနာအနည်းငယ်ရှိခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲ မြန်မာဘာသာစကားကို သင်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘန်ကောက်မှာ မြန်မာစကားသင်ပေးနိုင်တဲ့ဆရာရှိမလားရှာခဲ့တာ ကျွန်မရုံးမှာပဲလာပြီးဘာသာစကားသင်ပေးနိုင်တဲ့အမျိုးသားဆရာတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူ့နာမည်ကဆရာဆမ် ဖြစ်ပြီးတော့ ကျွန်မရဲ့ပထမဆုံးမြန်မာဆရာဖြစ်ပါတယ်။Myanmar-People-and-I မြန်မာဘာသာစကားစသင်တော့ ဆရာဆမ်ကို ကျွန်မက စကားပြောပဲသင်ပေးပါလို့ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့မြန်မာစကားလုံးတွေက ကျွန်မအတွက် အရမ်းခက်နေတယ်လို့ထင်ခဲ့လို့ပါ။ အဲ့ဒါကြောင့် အခြေခံစကားပြောတာတွေကိုကာရာအိုကေ ဆိုနည်းလိုမျိုး သင်ခဲ့ပါတယ်။ ၂၀၁၂ အတွင်းမှာ ကျွန်မက ရန်ကုန်ကို မကြာခဏသွားရတာမို့ ကျွန်မရဲ့မြန်မာဘာသာစကားကို လေ့ကျင့်ဖို့အခွင့်အရေးတွေရှိခဲ့ပါတယ်။ အံ့သြစရာကောင်းတာက ကျွန်မ နဲ့စကားပြောတဲ့လူအကုန်လုံးက အရမ်းကို ခင်ဖို့ကောင်းကြပြီးတော့ ကျွန်မရဲ့မပီမသ သိပ်မမှန်တဲ့မြန်မာစကားတွေကိုကြားရတာလည်းသူတို့က လက်ခံပြီးပျော်ပျော်ရွှင်ရွှင်နားထောင်ပြီးပြန်ပြင်ပေးကြပါတယ်။ ကျွန်မက Thailand ထိုင်းကပါလို့သူတို့ကိုပြောတဲ့အခါ သူတို့က ကျွန်မကို ယိုးဒယားလို့ခေါ ်ကြပါတယ်။ဆိုလိုတာကတော့ ယိုးဒယားဆိုတာရှေးအခေါ ်ဖြစ်ပြီးထိုင်းလို့ပဲ ဆိုလိုရင်းဖြစ်ပါတယ်။Myanmar-People-and-I ကျွန်မ ရန်ကုန်မှာနေတာကြာလာတော့ ကျွန်မသာ မြန်မာဘာသာစကားကို အရေးရော၊အဖတ်ပါတတ်မယ်ဆိုပါကရုံးက ပြသနာအသေးလေးတွေကို ကောင်းကောင်းလွယ်လွယ်ကူကူဖြေရှင်းလို့ရနိုင်မယ်ဆိုတာကို ကျွန်မသဘောပေါက်လာပါတယ်။ ဥပမာ ပါဆယ်လာပို့တဲ့ကောင်လေးက ပိုက်ဆံရှင်းဖို့တောင်းတဲ့အခါမှာ ကျွန်မက မြန်မာလိုမဖတ်တတ်တာကြောင့်မို့ ဂဏန်းအက္ခရာတွေကိုပါမြန်မာလိုရေးတာကြောင့် ဒုက္ခရောက်ရတတ်ပါတယ်။ တစ်ခါတစ်လေ ရုံးက ရုံးစာတွေကို မြန်မာလိုအနည်းငယ်ညှပ်ပြီးသုံးရတာတွေ ရေးရတာမျိုးတွေမှာ ကျွန်မက မြန်မာစကားတစ်လုံးမှမဖတ်တတ်တာကြောင့် မကူညီနိုင်ဘူးဖြစ်ရပါတယ်။ကျွန်မကနေရာတွေတော်တော်များများကို လည်ပတ်သွားလာတဲ့အခါမှာလည်းဆိုင်းဘုတ်တွေတော်တော်များများဟာ မြန်မာဘာသာစကားတွေနဲ့ချည်းဖြစ်နေပါတယ်။ ဥပမာ ရွှေတိဂုံဘုရား(၂၀၁၂) အဲ့တုန်းက ကျွန်မရဲ့မွေးနေ့မွေ့နံ ဘုရားရုပ်ပွားတော်ကို ရှာဖို့အတွက်အတော်ခက်ခဲခဲ့ပါတယ်။ ကျွန်မက စနေနေ့မှာမွေးတာကြောင့် နဂါးရုပ်ပုံပါတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ရှာပြီး ကန်တော့ခဲ့ရပါတယ်။ အဲ့တုန်းက ဗုဒ္ဓရုပ်ပွားတော်အားလုံးတို့မှာ မြန်မာဘာသာနဲ့သာရေးထားပါတယ်။ အဲ့ဒါကြောင့်မို့ ဆရာဆမ်က Mahesak လမ်းမှာ မြန်မာဘာသာစကားသင်တန်းဖွင့်တော့ သူ့ရဲ့ အရေးနဲ့အဖတ် သင်ကြားခြင်းကို ကျွန်မ ချက်ခြင်းပဲသွားတက်ခဲ့ပါတယ်။Myanmar-People-and-I ကျွန်မက မြန်မာဘာသာစကားကို ဆက်ပြီးလေ့လာခဲ့ပြီးတော့ တောင်ကြီးကို လေ့လာရေးခရီးထွက်ဖို့ ကျွန်မရဲ့မြန်မာကျောင်းက စီစဉ်တော့ချက်ခြင်းကျွန်မလိုက်ဖို့ စာရင်းပေးခဲ့ပါတယ်။ ကျွန်မနဲ့အတန်းဖော်တွေက တောင်ကြီးမှာသုံးပတ်လောက်နေခဲ့ကြပြီး၊ ကျွန်မတို့အားလုံး ဒီတောင်ကြီးခရီးသွားခြင်းက ကျွန်မတို့ဘဝမှာ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပဲဆိုတာ သဘောတူလက်ခံကြပါတယ်။ ကျွန်မတို့က ဟိုတယ်အသေးလေးတစ်ခုမှာပဲနေခဲ့ကြပြီးပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးခဲ့ပါတယ်။ မနက်တိုင်းကျွန်မတို့ စောစောထတယ် နေထွက်ချိန်မှာ လေပြေညှင်းလေးတွေနဲ့အတူ မနက်စာစားကြပြီးတော့ မနက်ပိုင်း သင်တန်း ၇နာရီအမီကို ဆရာမအိမ်ကို သွားပြီးတက်ကြပါတယ်။ ဆရာမဒေါ ်နီနီကျော်က အစိုးရကျောင်းဆရာမဖြစ်ပေမယ့် သူမရဲ့သင်ကြားချိန်ကနေ့ခင်းပိုင်းကျောင်းမှာ သင်ပေမယ့် သူမကကျွန်မတို့အတွက်မနက်ပိုင်း သို့မဟုတ် ညနေပိုင်းတို့ကို ညှိပြီးသင်ပေးတဲ့အထိသဘောကောင်းလှပါတယ်။ မြန်မာစကားဘာမှသိပ်မသိတဲ့ လူတွေကို စိတ်ရှည်လက်ရှည်နဲ့သေချာသင်ပြပေးတဲ့ အရမ်းသဘောကောင်းတဲ့အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။Myanmar-People-and-I မနက်ခင်းပိုင်းအတန်းပြီးတဲ့အခါမှာ ကျွန်မတို့ကပုံမှန်အားဖြင့်နန်းရှမ်းကွေးတို့အိမ်ကိုလမ်းလျှောက်သွားကြပါတယ်။ ပီကွေး( ညီအမလို့အဓိပ္ပာယ်ရပါတယ်)ကရှမ်းလူမျိုးဖြစ်ပြီးဘာသာစကားတော်တော်များများပြောနိုင်ပြီး ထိုင်းစကားပါပြောနိုင်ပါတယ်။ သူမ ရဲ့မိသားစုစီးပွားရေးကတော့ ဆောက်လုပ်ရေးပစ္စည်းတွေရောင်းခြင်းပဲဖြစ်ပါတယ်။ သူမရဲ့မိသားစုက တောင်ကြီးမှာ ကျွန်မတို့ကိုအမြဲလက်ခံပေးတဲ့ အိမ်ဖြစ်ပြီး၊ကျွန်မတို့ကလည်း သူမနဲ့သူမအမျိုးသားဦးချူးနိုင်ကို ကျွန်မတို့ကလည်း အရမ်းလေးစားပါတယ်။ ပီကွေးက ကျွန်မတို့ကို ဈေးထဲကို ခေါ ်သွားပြီးတော့ သူမသူငယ်ချင်းတွေအများကြီးနဲ့မိတ်ဆက်ပေးပါတယ်။ ကြည့်ရတာတော့ဈေးထဲမှာ သူမကို အကုန်သိကြပြီး သူမကလည်းအားလုံးကိုသိနေသလိုပါပဲ။ သူမက သူ့အသိုင်းအဝိုင်းမှာတော့ နာမည်ကြီးပြီးတော့ လေးစားရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။Myanmar-People-and-I At Pi Kaew’s House Myanmar-People-and-I အဲအဲ ဆိုတာတော့ သူမရဲ့ သမီးလေးဖြစ်ပြီးတော့ ဆရာမကကျွန်မတို့ကို စာသင်တဲ့အချိန်မှာ ကူညီလေ့ရှိပြီး ကျွန်မတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်လာပါတယ်။ သူမက ခေတ်မီပြီးကြင်နာတတ်တဲ့ ခင်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ ပီကွေးနဲ့ သူမသမီးတို့က ကျွန်မတို့ကို သူမတို့ရဲ့မိသားစုဝင်တွေလိုပဲ ဂရုစိုက်ကြပါတယ်။ ပီကွေးရဲ့ဆိုင်က အမြဲတမ်းဈေးဝယ်တွေနဲ့စည်ကားနေတာကြောင့် ကျွန်မတို့ဘာသာဈေးထဲကိုသွားပြီး ဒေသခံတွေနဲ့စကားပြောခြင်း၊ဒေသထွက်အစားအစာတွေ စားခြင်းတို့နဲ့ အချိန်ဖြုန်းလေ့ရှိကြပါတယ်။ကျွန်မရဲ့ မြန်မာစကားပြောတာကို လေ့ကျင့်ဖု့ိအတွက် အကျီၤဆိုင်တစ်ဆိုင်မှာ ရှိနေပြီး ကျွန်မသူငယ်ချင်းကတော့ ရွှေဥဆိုတဲ့ ဆိုင်မှာ ရောက်နေပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အဲ့ဒီမှာ အချိန်ကောင်းလေးတွေရခဲ့ကြပြီးတော့ ဆိုင်ရှင်တွေ၊ အလုပ်သမားတွေနဲ့လည်း သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။Myanmar-People-and-I ကျွန်မတို့ အချိန်ပိုတဲ့အချိန်တွေမှာတော့ စာကြည့်တိုက်၊ပြတိုက်နဲ့ တောင်ကြီးမြို့က စူဠာမဏိဘုရားတို့ကို သွားပါတယ်။KBZ နဲ့ တောင်ကြီးအသင်းတို့ကန်တဲ့ ဘောလုံးပွဲကိုလည်းကြည့်ခဲ့ကြပါတယ်။ လူတွေအများကြီးက ဒီဘောလုံးပွဲကိုလာပြီးကြည့်ကြတာကို အံ့သြစရာမြင်တွေ့ရပါတယ်။ မြန်မာဘာသာစကားနဲ့ သံပြိုင်သီချင်းကိုပါ နားထောင်ခဲ့ရပါတယ်။သူရဲ့စာသားလေးကတော့ “ကမ္ဘော၊ကမ္ဘော၊ ကမ္ဘောဇ၊ကမ္ဘော၊ ကမ္ဘော၊ကမ္ဘောဇ” ဆိုတဲ့စာသားလေးကိုတောင် မှတ်မိနေပါသေးတယ်။Myanmar-People-and-I

ကျွန်မတို့အားတဲ့နေမှာတော့ကျွန်မနဲ့ကျွန်မသူငယ်ချင်းတို့ကကားတစ်စီးငှားပြီးတော့ကက္ကူဘုရား၊ ထမ်းစမ်းဂူတို့ကိုသွားလည်ခဲ့ကြပါတယ်။ တောင်ကြီးမှာနေတဲ့ နောက်ဆုံးရက်မှာတော့ ဦးချူနိုင်နဲ့ သူ့မိသားစုတို့က မြန်မာစားသောက်ဆိုင်တစ်ခုကိုခေါ ်သွားပါတယ်။ ကျွန်မတို့ရဲ့တောင်ကြီးမှာနေတဲ့ ညစာတွေထဲကအကောင်းဆုံးညစာဖြစ်ခဲ့ပါတယ်။

လပေါင်းများစွာကြာတဲ့အခါမှာတော့ အဲအဲကမင်္ဂလာဆောင်တာကြောင့် ကျွန်မနဲ့ ကျွန်မသူငယ်ချင်းက သူမ မင်္ဂလာဆောင်ကိုတက်ရင်း ဆရာမမိသားစုနဲ့အခြားသော တောင်ကြီးက သူငယ်ချင်းတွေဆီဝင်လည်ခဲ့ကြပါတယ်။ သူတို့တွေအားလုံးက ကျွန်မတို့ကို ပြန်တွေ့ရတာကို အရမ်းပျော်နေကြပြီး ကျွန်မတို့ကလည်း ပျော်ပါတယ်။

Myanmar-People-and-I ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ၂၇ကြိမ်မြောက် SEA Gamesကို အိမ်ရှင်အဖြစ်ကျင်းပတာမို့ ထိုင်းက ရွက်လွှင့်အသင်းရဲ့အကူအညီအဖြစ် volunteer လုပ်ပြီးမြန်မာနိုင်ငံကို ပြန်ရောက်လာပါတယ်။ ကျွန်မရဲ့နိုင်ငံ ထိုင်းကို ကူညီပြီးလာရတာ၊ကျွန်မရဲ့ ရေကြောင်းကသူငယ်ချင်းတွေ၊ ရွက်လွှင့်အသင်းက သူတွေကို ကူညီခွင့်ရတာ ကျွန်မအရမ်းပဲ ဂုဏ်ယူပြီးတော့ ဝမ်းသာမိပါတယ်။ ကျွန်မဒီအလုပ်ကို ကူညီပေးရတာကတော့ မြန်မာနိုင်ငံကို မရောက်ဖူးတဲ့သူတွေအနေနဲ့ဒီအလုပ်က အနည်းငယ်ခက်ခဲနိုင်တာမို့ပဲဖြစ်ပါတယ်။ထိုင်းရွက်လွှင့်အသင်းအတွက် ဟိုတယ်ငှားတာ၊ ကားငှားတာ၊မြန်မာနိုင်ငံက သင်္ဘောကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေနဲ့သူတို့လိုအပ်တာအကုန်လုံးကို လိုက်ပြီးကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။Myanmar-People-and-I Myanmar People and I_11 ကျွန်မတို့က ငွေဆောင်ကမ်းခြေကနေ ပုသိမ်ကို သွားခဲ့ပါတယ်။ ရန်ကုန်ကနေ ခြောက်နာရီလောက်ကြာပါတယ်။ ပုသိမ်ကနေ ငွေဆောင်ကိုသွားတဲ့ လမ်းကြောင်းကောက်ကောက်တွေကြောင့် လူတော်တော်များများကားမူးကြပါတယ်။ ကျွန်မကတော့ကားမမူးခဲ့ပါဘူး။ ကျွန်မတို့ငွေဆောင်မှာ သုံးပတ်လောက်အချိန်ဖြုန်းခဲ့ကြပါတယ်။ ငွေဆောင်ကလူတွေက အင်္ဂလိပ်စကားသိပ်မပြောနိုင်တာကြောင့် ကျွန်မအတွက် မြန်မာစကားလေ့ကျင့်ဖို့အခွင့်အရေးလည်း ပိုရခဲ့ပါတယ်။ SEA Games မှာပါတဲ့ ရန်ကုန်၊ မန္တလေးက တက္ကသိုလ်ကျောင်းသားတွေတောင် အင်္ဂလိပ်စကားပြောနဲ့ကောင်းကောင်း မပြောနိုင်ကြပါဘူး။ အဲ့ဒါကြောင့်တစ်ဖက်ကမြန်မာအဖွဲ့က ကျွန်မနဲ့ မြန်မာလိုပြောလို့ရလို့ ဝမ်းသာကြပါတယ်။ စိတ်မကောင်းဖြစ်မိတာကတော့ သူတို့ကကျွန်မကိုမမ(ညီအမကဲ့သို့) လို့မခေါ ်ပဲ အန်တီလို့ခေါ ်တာပါပဲ။ ဒါပေမယ့်လည်းသူတို့အားလုံးက အရမ်းအကူအညီရပြီး၊ခင်မင်စရာကောင်းလှပါတယ်။ SEA Games ပြီးတော့ ကျွန်မသူတို့ဆီကို အီမေးလ်တွေအများကြီးပို့ခဲ့ပေမယ့် တစ်ခုမှ စာမပြန်လာပါဘူး။ သူတို့ထဲကတစ်ယောက်ကတော့ ကျွန်မကို သူနေတဲ့ ပခုက္ကူက အိမ်လိပ်စာကိုပေးခဲ့ပါတယ်။ သို့သော်လည်း ကျွန်မ ပခုက္ကူကိုရောက်တိုင်း သူ့အိမ်ကိုရှာလို့မတွေ့ခဲ့ပါဘူး။Myanmar-People-and-I

ကျွန်မတွေ့ရတဲ့ မြန်မာလူမျိုးတော်တော်များများကတော့အရမ်းကို သဘောကောင်းပြီးကြင်နာကြပါတယ်။ ဥပမာအားဖြင့် ပြောရရင်တော့ရန်ကုန်က ကျွန်မသူငယ်ချင်းတစ်ယောက်က ရန်ကုန်က မြို့ပတ်ရထားကို သုံးနာရီကြာတဲ့ဟာကို ကျွန်မနဲ့အတူလိုက်စီးပေးပါတယ်။ နောက်ပိုင်းသူမပြောပြတာကတော့ အဲ့လိုမြို့ပတ်ရထားစီးဖို့ သူမအတွက်အလွန်ပျင်းစရာကောင်းကြောင်းနဲ့ သူမလိုက်စီးပေးရတာက ကျွန်မက အရမ်းစီးချင်ပြီးတော့မြန်မာပြည်က လမ်းပေါ ်က ဘဝတွေကို ကြည့်လို့ရအောင်၊ ဓာတ်ပုံရိုက်လို့ရအောင်လို့လိုက်ပြတာဖြစ်ကြောင်း ပြောပြပါတယ်။ နောက်ထပ်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျွန်မက မြန်မာအစားအစာတွေကြိုက်မှန်း သိတာကြောင့် ထမင်းဟင်းတွေချက်လာပေးခြင်း၊ ဒေသထွက် အချိုစားစရာတွေ သယ်လာပေးခြင်းတို့အမြဲလုပ်ပါတယ်။ ကျွန်မအမြဲတမ်း ခေါ ်လေ့ရှိတဲ့ ကားဆရာ တစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဦးလှဌေးဖြစ်ပြီးတော့ သူကတော့သူ့ဧည့်သည်တွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ တကယ်သိတဲ့သူဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ခရီးသစ်တစ်ခုကို မသွားခင် သူက အအေးတွေ၊ရေခဲတွေ၊ထီးတွေ၊ တစ်ရှုးတွေနဲ့တစ်ခါတစ်လေမြန်မာမုန့်ပဲသရေစာတွေကိုပါ ဝယ်ထားဆောင်ထားပြင်ထားတတ်ပါတယ်။ ကျွန်မတို့လျှောက်သီးတို့၊ ဒူးရင်းသီးတို့ ဝယ်စားလို့ ဈေးသည်က မခွာပေးရင်လည်းသူက သူ့ရဲ့အိတ်ဆောင်ဓားလေးနဲ့ ခွဲခြမ်းပြီးပေးတတ်ပါတယ်။ သူက ကျွန်မရဲ့ခရီးစဉ်ပြီးတော့လေဆိပ်မှာ အမှတ်တရလက်ဆောင်လေးတစ်ခုလည်းပေးခဲ့ပါသေးတယ်။ အဲ့ကနေ ကျွန်မနဲ့သူငယ်ချင်းဖြစ်ပြီးတော့ကျွန်မမြန်မာနိုင်ငံလာတိုင်းသူ့ကားနဲ့ပဲ သွားလာဖြစ်ပါတော့တယ်။

ကျွန်မမြန်မာစကားကို ပိုပြီးလေ့လာသင်ကြားပြီးလေလေ၊မြန်မာနဲ့ ထိုင်းစကားက စကားတော်တော်များများက တူနေတာကို သတိထားမိပါတယ်။ အထူးသဖြင့် ပါဠိ စကားတွေပေါ့။ ကျွန်မအားတဲ့အချိန်လေးတွေမှာ ကျွန်မတို့အသုံးပြုနေကျစကားတစ်ချို့ကိုစုပြီးစာရင်းပြုစုထားလေ့ရှိပါတယ်။ ယခုလက်ရှိမှာ ကျွန်မမြန်မာစာကို ဆရာဦးဌေးဝင်းနဲ့သင်နေပါတယ်။ ကျွန်မ သူနဲ့စာသင်ရတာကို ပျော်ပြီး သူသင်နိုင်သလောက် ကျွန်မသင်ချင်ပါတယ်။ သူကကျွန်မ မြန်မာနာမည်ကို မြနန္ဒာလို့ပေးထားပါတယ်။

ကျွန်မက မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံကို အရမ်းကို စိတ်ဝင်စားပါတယ်။ အခုအခါမှာ ကျွန်မမြန်မာနိုင်ငံကို ခဏခဏ မသွားတော့ပေမယ့် တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်တော့ရောက်ဖြစ်ပါတယ်။ ဒီ့ထက်ပိုပိုပြီးလည်း သွားလည်ချင်ပါသေးတယ်။ ကျွန်မရဲ့ တစ်ချို့သူငယ်ချင်းတွေကတော့ မဖွံဖြိုးသေးတဲ့မြန်မာနိုင်ငံနဲ့ မြန်မာဘာသာစကားကိုရူးသွပ်တာကို အရူးလို့ပြောကြပါတယ်။ ကျွန်မအမြင်မှာတော့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ဗဟုသုတတွေနဲ့ နားလည်မှုအချို့ လွဲနေကြလို့ ဒီလိုထင်ကြတယ်လို့ ထင်ပါတယ်။

အခုကျွန်မမှာ ရည်မှန်းချက်အသစ်တစ်ခုရှိပါတယ်။ တကယ်လို့ ကျွန်မသာမြန်မာဘာသာစကားနဲ့ စာတွေရေးနိုင်ပါကမြန်မာနိုင်ငံကလူတွေ ကျွန်မစာတွေကို ဖတ်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပါ။ အဲ့ဒါ ကျွန်မရဲ့အိပ်မက်ပါပဲ။

Translated by
Dr. Sandy Kyaw

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာလူမျိုးများနဲ့ကျွန်မ။
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း