ခြင်းလုံး  မြန်မာ့ရိုးရားအားကစားနည်း

2018-08-17edit Mon

Chinlone Photo by Paul Arps

ခြင်းလုံး (ခြင်းလုံးလို့ မြန်မာဘာသာစကားအရခေါ်ဆို)ဟာ ကြိမ်ဘောလုံးလို့လည်းသိကြတဲ့ မြန်မာ့ရိုးရာ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ခြင်းလုံးတစ်လုံးရဲ့ ပုံမှန်စံအရွယ်အစားကတော့ အချင်း ၅.၇၅ လက်မရှိပြီး အချောသတ်ထားတဲ့ ကြိမ်ဖြင့် ပဉ္စဂံအကွက် ၁၂ခုပုံစံဖော်ပြီးရက်လုပ်ထားပါတယ်။ ခြင်းလုံးကို အရမ်းကြီးလည်း မပေါ့ဘဲနူးညံ့တဲ့ ကြိမ်နဲ့ပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံတလွှားမှာကစားကြတဲ့ ခြင်းလုံးအားကစားနည်း ဟာဆိုရင် ၃မျိုးရှိပါတယ်။ အဲ့တာတွေကတော့ ‘ပိုက်ကျော်ခြင်း’ (ပိုက်စည်းတစ်ခုကိုကျော်၍အသင်းနှစ်သင်းကစားခြင်း)၊ “ခြင်းဝိုင်း” (ကစားသမားများက စက်ဝိုင်းပုံသဏ္ဍာန် ရပ်နေကြရပြီးအလယ်တွင် လူတစ်ယောက်ထားရကာ ဘောလုံးကို မြေပေါ်သို့မကျအောင် ခြေဖြင့် ခတ်ဆော့နည်း) နှင့်“တစ်ပင်တိုင်” အမျိုးသမီးတကိုယ်တော် ဖျော်ဖြေခြင်းနည်း) တို့ ဖြစ်ကြပါတယ်။ပထမနည်း “ပိုက်ကျော်ခြင်း” နည်းကဆိုရင် မြန်မာ့ရိုးရာအားကစားနည်းမဟုတ်ဘဲထိုင်းနိုင်ငံကတီထွင်ပီးကစားကြတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့အခုခေတ်မှာတော့ အဲ့ကစားနည်းအပါအဝင် ကျန်ကစားနည်းတွေပါမကျန် မြန်မာနိုင်ငံတဝှမ်းလုံးမှာ ကစားနေကြပီဖြစ်ပါတယ်။ခြင်းလုံးပွဲတော်ဟာဆိုရင် “ခြင်းဝိုင်း” ဆိုတဲ့ နေရာမှာအဓိကထားကျင်းပကြပီးလူထုပရိတ်သတ်အရှေ့မှာဖျော်ဖြေပွဲပုံစံအနေနဲ့ ကျွမ်းကျင်မှုအနေနဲ့ ပြသကြပါတယ်။

ခြင်းလုံးကစားနည်းသမိုင်း

Chinlone ခြင်းလုံးကစားနည်းကိုကစားလာကြတာအနှစ် ၁၅၀၀ ကျော် ရှိပီဖြစ်ပြီး ရှေးယခင်တုန်းကအားကစားထက် ဖျော်ဖြေရေးဘက်ကိုပိုသက်ရောက်ပါတယ်။ ၁၉၅၃ ခုနှစ်ကဦးအာရင်ဟုခေါ်သောပြေးခုန်ပစ်အားကစားအဖွဲ့အစည်း၏ ဥက္ကဌကို ဗမာအစိုးရက ခြင်းလုံးကစားနည်း စည်းမျဉ်းစာအုပ်ကို ရေးသားပြုစုစေခဲ့ပါတယ်။  ပထမဆုံး တရားဝင် ခြင်းလုံးပြိုင်ပွဲကို အဲ့ဒီ့နှစ်မှာပဲ ရမ်ကွန်း(ရန်ကုန်)မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဗီယက်နမ်က ဒကောင်ဝ်၊ လာအိုက ကက်တာ၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားက စီပက်ခ် ရက်ဂါ၊ ဖိလစ်ပိုင်က စီပါ့နဲ့ ထိုင်းနိုင်ငံက တာ့ခ်ရော အစရှိသဖြင့်  အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ခြင်းလုံးကစားနည်း နည်းတူ ကစားနည်းတွေ ရှိကြပါတယ်။

ခြင်းလုံးကစားနည်းကိုဘယ်လိုကစားမလဲ

Chinlone Photo by Paul Arps

ခြင်းလုံးအားကစားကိုအဖွဲ့တစ်ဖွဲ့နှင့်အတူသို့မဟုတ် တစ်ကိုယ်တော် ကစားနိုင်ပါတယ်။ အသင်းတစ်သင်းတွင် ကစားသမား ၆ယောက်ရှိပြီးကစားသမားအကုန်လုံး ၂၂ပေအချင်းရှိ စက်ဝိုင်းထဲတွင် ရပ်နေရပါတယ်။  သူတို့က ခြေဖဝါး ဒူးနဲ့ ခေါင်းတွေကိုအသုံးပြုပီးတယောက်နဲ့တယောက် ရှေ့နောက်မကျန် ဘောလုံးကိုမြေပြင်ပေါ်သို့မကျစေပဲထိန်းပီးကစားကြရပါတယ်။ ကစားသမားများထဲကတစ်ယောက်ကတစ်ကိုယ်တော်ကစားစွမ်းရည်ပြရန်အလယ်သို့ နေရာယူရပီးကျန် ကစားသမားများကသူ့ကိုကူညီကစားပေးရပါတယ်။ သူတို့ကဘောလုံးမြေပြီးပေါ်သို့ပြုတ်မကျခင်နဲ့ ကစားပွဲအသစ် စတင်ချိန်တွေမှာသူတို့ရဲ့ ဆန်းသစ်ပီးလှပတဲ့ လှုပ်ရှားမှှုတွေနဲ့ ကစားနည်း နည်းလမ်းမျိုးစုံတို့ဖြင့် ကစားကာစွမ်းရည်ကို ပြသကြပါတယ်။ အသင်းတစ်သင်းထဲကကစားသမားနောက်တယောက်ကလည်းနောက်ကစားပွဲစစချင်းမှာပဲအလယ်ကို လူစားလဲဝင်ရောက်ကစားရပါတယ်။ ခြင်းလုံးကစားနည်းမှာဆိုရင် ခြေချောင်းထိပ်များ၊ ခြေဖနှောင့်၊ ခြေဖဝါးအတွင်းအပြင်အစွန်းများ၊ ခြေဖဝါးနဲ့ ဒူးခေါင်းစသဖြင့် လက်တွေ လက်မောင်းတွေ မသုံးဘဲ  ခြင်းခတ်ရာတွင် အသုံးပြုရမယ့် အမှတ်၆မှတ်ရှိပါတယ်။

ကစားနည်းကိုပထမဆုံးစတီထွင်ကတည်းကဘောလုံးကိုထိတွေ့ကစားခြင်းနည်းလမ်းပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး“မျက်ကန်းကန်ချက်” ဟုခေါ်သောဘောလုံးကိုနောက်ပြန်မကြည့်ရပဲခြေဖြင့်ခတ်ခြင်းဖြစ်သောခက်ခဲသည့် လှုပ်ရှားကစားမှုလည်း ပါဝင်ပါတယ်။ဒီအားကစားနည်းကပျော့ပျောင်းခြင်း၊ ဖျက်လက်ခြင်း၊ နည်းလမ်းကျခြင်း၊ ကျစ်လစ်မှု၊ ပြိုင်ဘက်ကင်းသောဟန်ချက်ညီညီစတိုင်တွေနဲ့ ခွန်အားတွေ အလွန်မှ လိုအပ်လှပါတယ်။ ခြင်းလုံးကစားနည်းဟာ “တပင်တိုင်” ဟုသိကြတဲ့ တကိုယ်တော်စွမ်းရည်ပြခြင်းဖြစ်ပီးအမျိုးသမီးများကဟန်ချက်ညီစွာကကွက်ဆန်းတွေနဲ့ ခြင်းလုံးကစားနည်းရဲ့ အနုပညာအလှအပတို့ကို ပြသရသောကစားနည်းဖြစ်ပါတယ်။ ပရိသတ်ထုဟာသာမန်ထက်ပိုတဲ့ ခြင်းလုံးခတ် ကစားခြင်းနဲ့ ခြင်းလုံးကိုလေပေါ်မှာတင် မကျဘဲအချိန်ကြာကြာထိန်းသိမ်းကစားကာခြေနှင့် ခြင်းလုံးခတ်နည်းမျိုးစုံဖြင့် ကျွမ်းကျင်မှုပြသခြင်းတို့ကိုအထူးနှစ်ခြိုက်ကြပါတယ်။ ကျွမ်းကျင်ကစားသမားတစ်ယောက်ဟာ ခြင်းလုံးလေးလုံးမှ ရှစ်လုံးအထိတပြိုင်နက်ထဲကစားနိုင်ပီးပရိသတ်ကိုဆွဲဆောင်ရန်စင်နောက်ကွယ်ကနေရိုးရာသီချင်ဖွင့်ရင်းသူမရဲ့ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုများနဲ့ ဖျော်ဖြေကြပါတယ်။

ဘယ်သူတွေ ခြင်းလုံးကစားနိုင်သလဲ

Chinlone ယနေ့ခေတ် ခြင်းလုံးကစားရာမှာအသက်အရွယ်မရွေးကျားမမရွေးကစားကြပါတယ်။ ခြင်းလုံးကစားနည်းကိုယောက်ျား၊ မိန်းမအသက်အရွယ်မျိုးစုံတို့ဟာအခက်အခဲမရှိကစားကြပါတယ်။  

ကစားချိန် ဘယ်လိုဝတ်စားမလဲ

Chinlone ခြင်းလုံးကိုခြေဗလာနဲ့ ကစားကြသလို ခြင်းလုံးကိုခံစားထိတွေ့ ကစားနိုင်ရန် အထူးပြုလုပ်ထားသော ခြင်းလုံးဖိနပ်တွေကိုစီးပီးလည်းကစားကြပါတယ်။ ဒါပေမဲ့ ကစားသမားများကို ဘယ်လိုဝတ်ရမယ်ဆိုတာ ကန့်သတ်မထားပါဘူးကစားသမားတွေဟာသက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ကြပီးလုံခြည်/ပုဆိုးတို့ကိုခါးအောက်ပိုင်းတွင် ပတ်ပီးကတောင်းကျိုက်ကာ ဝတ်ဆင်ကြပီးကစားကြပါတယ်။ အဆင့်မြင့် ကစားပွဲ၊ ပြိုင်ပွဲတွေမှာတော့ ကစားသမားများဟာဂျာစီစပို့ရှပ်အင်္ကျ ီနဲ့ ဘောင်းဘီတိုတို့ကိုအသင်းအလိုက် ဆင်တူဝတ်ဆင်ပြီးကစားကြပါတယ်။

ခြင်းလုံးပွဲတော်

ခြင်းလုံးပွဲတော်ကို ဝါဆိုလ(ဂျူလိုင်လအတွင်း)  မြန်မာလ ပြက္ခဒိန်ရဲ့ လေးလမြောက်လမှာကျင်းပလေ့ရှိကြပြီးမန္ထလေးမြို့က မဟာမုနိ ဘုရား ပရဝန်နေရာတွင်ရှိသော အားကစားရုံသေးလေးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ပွဲတော်ဟာဆိုရင် တစ်လနီးပါးလောက် ကြာမြင့်တတ်ပြီးနေ့တိုင်းမနက် ၉နာရီကနေပီးတော့ သန်းခေါင်ယံအချိန်အထိကစားကြလေ့ရှိပါတယ်။ နိုင်ငံစုံများက အားကစားသမားတွေနဲ့ အသင်းတွေကဒီပွဲတော်ကိုကျင်းပဆင်နွှဲကြရန် မန္ထလေးသို့ လာရောက်လည်ပတ်ကြပါတယ်။ တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံချက်တွေကိုထုတ်လွှင့်အစီရင်ခံတင်ဆက်သူမှ ပြုလုပ်ကြေငြာပေးပီးဒိုင်လူကြီးများကကစားသမားများနဲ့ အသင်းများကိုသူတို့ရဲ့ စွမ်းဆောင်မှှုတွေကိုကြည့်ပြီး အကဲဖြတ်ပေးကြပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ခြင်းလုံး  မြန်မာ့ရိုးရားအားကစားနည်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း