"ရန်ကုန်မြို့က စားသောက်ဆိုင်အလန်းတွေ" ငပိချက်
2019-06-07edit Ye Naung
တနလာၤနေ့မှာ ရုံးသမားတွေအတွက် အရာအားလုံးက လေးတိလေးကန်ဖြစ်နေပါတယ်
ခင်ဗျာ။
စနေတနင်္ဂနွေမှာ အပီကဲပြီးတော့ အလုပ်ခွင်ပြန်ဝင်တဲ့အချိန်နည်း
နည်းလေးတော့ ငြီးငွေ့စရာလေးဖြစ်နေလိမ့်မယ်။ အဲ့တော့ စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် အသစ်ဖွင့်တဲ့ မြန်မာစားသောက်ဆိုင် လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ငပိချက်
ငပိချက်ဖွင့်တဲ့ သက်တမ်းက နှစ်ပတ်ပဲရှိသေးပေမယ့် social media ပေါ်မှာရော စားသောက်သူတွေကြားမှာရော ဆူညံပွက်လောရိုက်အောင် အောင်မြင်နေတာပါ။ ကျွန်တော်ဆိုင်ကို ရောက်တော့ အညာစတိုင် ဆိုင်အပြင်အဆင်နဲ့ အိမ်ထမင်း အိမ်ဟင်းလိုချက်ထားတဲ့ ဟင်းလျာတွေ တွေ့တော့မှ နာမည်ကြီးတာလည်းမဆန်းဘူးလို့ တွေးမိတယ်။ ကျွန်တော် အပြင်ဆိုင်တွေမှာ သိပ်စားလေ့စားထမရှိဘူး။ အကြောင်းက ဟင်းတွေထဲမှာအဆီများပြီး ကျန်းမာရေးနဲ့ မညီညွှတ်ဘူးလို့ ယုံကြည်ထားလို့ပါ။ ဒါပေမဲ့ ငပိချက်ရောက်တော့ အဲ့ယုံကြည်ချက်တွေက နွေလယ်ခေါင်မှာ ထုတ်စားတဲ့ ရေခဲမုန့်လိုပဲ အရည်ပျော်သွားတယ်။
ဆီကို ခြောက်ကပ်ကပ်လေးနဲ့ စားကောင်းအောင်လုပ်ထားပေးတဲ့
အပြင် အစပ်အဟပ်ကိုလည်း မအီသွားအောင် ပြင်ပေးထားတယ်။ ငရုတ်သီးစိမ်းကို ပမာဏအလိုက်ရွေးလို့ရတယ်။ အနည်းငယ်စပ်၊
တော်တော်စပ်၊ စပ်ပြဲလန်ဆိုပြီး level သုံးခုရွေးလို့ရတယ်။ ကျွန်တော်ကတော့ ပုစွန် ငရုတ်သီးစိမ်းချက်ဟင်းကို စားဖြစ်အောင်စားဖို့ ညွှန်းချင်ပါတယ်ခင်ဗျ။
ဟင်းပွဲတွေတင်မကသေးဘူး။ အချိုပွဲတွေကလည်း ငပိချက် နာမည်ကျော်ရခြင်းအကြောင်းတရားထဲက တစ်ခုပါပဲ။ နို့စိမ်းသာခွေယိုင် ဟာ သွေးတိုးသမားတွေအတွက် အဆင်ပြေပြီး ရေခဲချောင်းအေးအေးလေးနဲ့ အချိုတည်းလို့လည်းရတယ်။ ထန်းသီးမုန့်က လွှတ်ကောင်းဗျာ။အသုပ်စုံတွေလည်း ရနိုင်ပြီး ကျွန်တော်ကတော့ မြင်းခွာရွက် သုပ်လေး မြည်းစမ်းခဲ့သေးတယ်။
ဪ မေ့တော့မလို့။ ဟင်းလျာတွေကို လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်ပါတယ်တဲ့နော်။
ဈးနှုန်းတွေ
ဈေးနှုန်းက အသက် ပဲ။ ထမင်းတစ်ပွဲ ၅၀၀ကျပ်ကို အသုတ်တစ်မျိုးမျိုးနဲ့ချွေတာစားမယ်ဆိုရင် ၂၀၀၀ထက်ပိုမကုန်ဘူး။ ထမင်းအဝစား ၁၅၀၀ကျပ်ဆို အချိုပွဲ free ပါသေးတယ်။ (ဟင်းပွဲဖို့းတော့ မပါဘူးနော်) ဟင်းပွဲတွေက လည်း ၃၀၀၀-၄၀၀၀ ကျပ် ဝန်းကျင်ပဲဆိုတော့ မိုင်ကုန် ဗိုက်ကားအောင်စားမှ ၇၀၀၀ထက်မပိုဘူးလေ။
ဈေးနှုန်းသက်သာပေမယ့် စေတနာ ပါတာကိုလည်း ဟင်းပွဲတွေက တစ်ဆင့် ခံစားမိစေပါတယ်။
Unicode version
.
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။