မန္တလေးရောက်တိုင်း တည်းခိုဖြစ်တဲ့ ဘတ်ဂျတ်သမားတွေအတွက် နိဗ္ဗာန်ဘုံလေး (သို့မဟုတ်) Ostello Bello

2019-08-01edit MyoMinThu

မန္တလေးဟာ မြန်မာနိုင်ငံကိုလာလည်တဲ့ ကမ္ဘာလည်ခရီးသွားတွေ မဝင်မဖြစ် မြို့လေးပါ။ အဲ့တော့ကျ မန္တလေးမြို့မှာ တည်းခိုဖို့ ဈေးသက်သာတဲ့ hostel လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်မင်ကတော့ မန္တလေးရောက်ရင်တော့ အဲ့မှာပဲနေဖြစ်တယ်ဗျ။

Hostel ဆိုတဲ့အတိုင်း နိုင်ငံပေါင်းစုံက လူပေါင်းစုံ hostel မှာလာရောက်ဆုံတွေ့ကြတယ်။ အဲ့တော့ သူတို့နဲ့ စကားပြောရင်း ကမ္ဘာအရပ်ရပ်က အလေ့အကျင့်တွေ ရိုးရာတွေကို ဖလှယ်ပြီးသား ဖြစ်သွားရော။ ကျွန်တော်အမြင်အရတော့ Hostel ဆိုတာ ခဏတာ အိပ်စက်အနားယူဖို့ နေရာတစ်နေရာ ထက် ပိုပါတယ်ဗျာ။



Ostell Bello ရဲ့ Management က နိုင်ငံခြားတွေဆိုပေမယ့် ဝန်ထမ်းတော်တော်များများက ဗမာလူမျိုးတွေကြီးပဲ၊ အဲ့တော့ မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်တွေ တွင်တွင်ကြီး ဖုံးလွှမ်းနေခဲ့တာပေါ့။
ဘာသာစကား အခက်အခဲလည်း ထင်သလောက် စိုးရိမ်စရာမရှိခဲ့ဘူး။ လာနေတဲ့လူတွေက မြန်မာနည်းပေမယ့် တစ်ချို့ အတွေ့အကြုံရချင်လို့ တမင် လာတည်းခိုကြတဲ့လူတွေတော့ရှိတာပဲ။


Ostello က လေးယောက်ခန်းဆို တစ်ဈေး၊ ခြောက်ယောက်ခန်းကို တစ်ဈေး၊ ရှစ်ယောက်ခန်းဆို တစ်ဈေး၊ ပြီးတော့ နှစ်ယောက် Private room လည်းရှိသေးတယ်နော်။ စုစုပေါင်း လူဦးရေကို တွက်ချက်ပြီးတော့ တစ်ရက်စာ ကို ယူတာဖြစ်တဲ့အတွက် ဈေးနှုန်းက လူဦးရေပေါ်မှာ မူတည်ပြီး အမြဲပြောင်းလဲနေတာကို သတိချပ်စေချင်တယ်။ ဒီအခန်းကို ဒီနေ့ဒီဈေးနှုန်းဖြစ်ပေမယ့် လူနည်းသွားရင် နောက်နေ့ ဈေးကျသွားရော။ လူများသွားရင်လည်း ဈေးတက်သွားရော။ အဲ့လိုလေးတွေရှိတယ်။
အခန်း Check in က ၁၂လောက်မှ။ ဒါပေမယ့် အခန်းမရသေးလည်း အောက်ဆုံးထပ်မှာ ရေချိုးခန်း၊ အိမ်သာတွေရှိတာကြောင့် အေးအေးဆေးဆေး နားလို့ရတယ်။



အပေါ်ထပ်မှာ Rooftop bar ရှိတယ်။ ညနေပိုင်းဆို တည်းခိုတဲ့လူတွေတော်တော်များများစုပြီး ဘီယာသောက်ရင်း Chill ကြလေ့ရှိတယ်။ game တွေ ဆော့ကြတယ်။ တစ်နိုင်ငံဆီက လာကြပေမယ့် အကုန်လုံးက ညီအစ်ကိုမောင်နှမတွေလိုဖြစ်သွားကြရော။ ဘီယာကတော့ "ဒဂုံ" တစ်မျိုးပဲရပေမယ့်၊ သောက်စရာ ကော့တေးမျိုးစုံနဲ့၊ စားစရာတွေလည်းမှာလို့ရတယ်။ ပြင်ပ က ဝယ်လာတဲ့ သောက်စရာတွေကိုတော့ တင်းတင်းကြပ်ြပ် ပိတ်ပင်ထားတယ်။ ၁၁ထိ rooftop bar ဖွင့်ပေမယ့် ၁၁ကျော်ရင် အရှိန်ကမသေသေးတော့ အောက်ထပ်ကို အလျှိုလျှို ဆင်းကြတယ်။ အောက်ထပ်မှာ အရမ်းဆူလို့မရပေမယ့် မနက် ၁နာရီ ၊ ၂နာရီလောက်ထိ Chill လို့ရတယ်။

Activity



Activity
ဇယ်တောက်မလား၊မိုနိုပိုလီဆော့မလား၊ စစ်တုရင်ထိုးမလား၊ အောက်ထပ်မှာ ဂိမ်းပေါင်းစုံ ဆော့လို့ရပါတယ်ခင်ဗျ။

လိပ်စာကတော့ အမှတ်(၅၄)၊ ၂၈လမ်း၊ (၇၃လမ်းနဲ့ ၇၄လမ်းကြား)၊ မန္တလေးမြို့ ဖြစ်ပါတယ်။

Phone No- ‭+95 24067227‬ ဖြစ်ပါတယ်။
ဒါကတော့ Ostello Bello Mandalay ရဲ့ Official fb page ဖြစ်ပါတယ်။ https://www.facebook.com/OstelloBelloMandalayHostel/

မန္တလေးရောက်ရင် ဝင်ရောက် တည်းခိုဖို့မမေ့နဲ့ဦးနော်။

 

 

မႏၲေလးဟာ ျမန္မာႏိုင္ငံကိုလာလည္တဲ့ ကမာၻလည္ခရီးသြားေတြ မဝင္မျဖစ္ ၿမိဳ႕ေလးပါ။ အဲ့ေတာ့က် မႏၲေလးၿမိဳ႕မွာ တည္းခိုဖို႔ ေစ်းသက္သာတဲ့ hostel ေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ မင္မင္ကေတာ့ မႏၲေလးေရာက္ရင္ေတာ့ အဲ့မွာပဲေနျဖစ္တယ္ဗ်။

Hostel ဆိုတဲ့အတိုင္း ႏိုင္ငံေပါင္းစံုက လူေပါင္းစံု hostel မွာလာေရာက္ဆံုေတြ႕ၾကတယ္။ အဲ့ေတာ့ သူတို႔နဲ႔ စကားေျပာရင္း ကမာၻအရပ္ရပ္က အေလ့အက်င့္ေတြ ႐ိုးရာေတြကို ဖလွယ္ၿပီးသား ျဖစ္သြားေရာ။ ကြ်န္ေတာ္အျမင္အရေတာ့ Hostel ဆိုတာ ခဏတာ အိပ္စက္အနားယူဖို႔ ေနရာတစ္ေနရာ ထက္ ပိုပါတယ္ဗ်ာ။



Ostell Bello ရဲ႕ Management က ႏိုင္ငံျခားေတြဆိုေပမယ့္ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက ဗမာလူမ်ိဳးေတြႀကီးပဲ၊ အဲ့ေတာ့ ျမန္မာ့ယဥ္ေက်းမႈအေငြ႕အသက္ေတြ တြင္တြင္ႀကီး ဖံုးလႊမ္းေနခဲ့တာေပါ့။
ဘာသာစကား အခက္အခဲလည္း ထင္သေလာက္ စိုးရိမ္စရာမရွိခဲ့ဘူး။ လာေနတဲ့လူေတြက ျမန္မာနည္းေပမယ့္ တစ္ခ်ိဳ႕ အေတြ႕အၾကံဳရခ်င္လို႔ တမင္ လာတည္းခိုၾကတဲ့လူေတြေတာ့ရွိတာပဲ။

Ostello က ေလးေယာက္ခန္းဆို တစ္ေစ်း၊ ေျခာက္ေယာက္ခန္းကို တစ္ေစ်း၊ ရွစ္ေယာက္ခန္းဆို တစ္ေစ်း၊ ၿပီးေတာ့ ႏွစ္ေယာက္ Private room လည္းရွိေသးတယ္ေနာ္။ စုစုေပါင္း လူဦးေရကို တြက္ခ်က္ၿပီးေတာ့ တစ္ရက္စာ ကို ယူတာျဖစ္တဲ့အတြက္ ေစ်းႏႈန္းက လူဦးေရေပၚမွာ မူတည္ၿပီး အၿမဲေျပာင္းလဲေနတာကို သတိခ်ပ္ေစခ်င္တယ္။ ဒီအခန္းကို ဒီေန႔ဒီေစ်းႏႈန္းျဖစ္ေပမယ့္ လူနည္းသြားရင္ ေနာက္ေန႔ ေစ်းက်သြားေရာ။ လူမ်ားသြားရင္လည္း ေစ်းတက္သြားေရာ။ အဲ့လိုေလးေတြရွိတယ္။
အခန္း Check in က ၁၂ေလာက္မွ။ ဒါေပမယ့္ အခန္းမရေသးလည္း ေအာက္ဆံုးထပ္မွာ ေရခ်ိဳးခန္း၊ အိမ္သာေတြရွိတာေၾကာင့္ ေအးေအးေဆးေဆး နားလို႔ရတယ္။



အေပၚထပ္မွာ Rooftop bar ရွိတယ္။ ညေနပိုင္းဆို တည္းခိုတဲ့လူေတြေတာ္ေတာ္မ်ားမ်ားစုၿပီး ဘီယာေသာက္ရင္း Chill ၾကေလ့ရွိတယ္။ game ေတြ ေဆာ့ၾကတယ္။ တစ္ႏိုင္ငံဆီက လာၾကေပမယ့္ အကုန္လံုးက ညီအစ္ကိုေမာင္ႏွမေတြလိုျဖစ္သြားၾကေရာ။ ဘီယာကေတာ့ "ဒဂံု" တစ္မ်ိဳးပဲရေပမယ့္၊ ေသာက္စရာ ေကာ့ေတးမ်ိဳးစံုနဲ႔၊ စားစရာေတြလည္းမွာလို႔ရတယ္။ ျပင္ပ က ဝယ္လာတဲ့ ေသာက္စရာေတြကိုေတာ့ တင္းတင္းၾကပ္ၿပ္ ပိတ္ပင္ထားတယ္။ ၁၁ထိ rooftop bar ဖြင့္ေပမယ့္ ၁၁ေက်ာ္ရင္ အရွိန္ကမေသေသးေတာ့ ေအာက္ထပ္ကို အလွ်ိဳလွ်ိဳ ဆင္းၾကတယ္။ ေအာက္ထပ္မွာ အရမ္းဆူလို႔မရေပမယ့္ မနက္ ၁နာရီ ၊ ၂နာရီေလာက္ထိ Chill လို႔ရတယ္။

Activity



Activity
ဇယ္ေတာက္မလား၊မိုႏိုပိုလီေဆာ့မလား၊ စစ္တုရင္ထိုးမလား၊ ေအာက္ထပ္မွာ ဂိမ္းေပါင္းစံု ေဆာ့လို႔ရပါတယ္ခင္ဗ်။

လိပ္စာကေတာ့ အမွတ္(၅၄)၊ ၂၈လမ္း၊ (၇၃လမ္းနဲ႔ ၇၄လမ္းၾကား)၊ မႏၲေလးၿမိဳ႕ ျဖစ္ပါတယ္။

Phone No- ‭+95 24067227‬ ျဖစ္ပါတယ္။
ဒါကေတာ့ Ostello Bello Mandalay ရဲ႕ Official fb page ျဖစ္ပါတယ္။ https://www.facebook.com/OstelloBelloMandalayHostel/

မႏၲေလးေရာက္ရင္ ဝင္ေရာက္ တည္းခိုဖို႔မေမ့နဲ႔ဦးေနာ္။



Do you like this contents?
If you have MingalaGO user's account, you can add bookmark into your mypage.