Palm wine မြန်မာ့ရိုးရာအရက် သို့ ထန်းရည်

2020-07-23edit Philips

"ဝိုင်" ဟာ ပြင်သစ်နိုင်ငံရဲ့ သင်္ကေတပဲ။ ဝီစကီဆိုရင် ဂျာမနီ။ Vodka ဆိုရင် ပိုလန်ပေါ့။ မြန်မာပြည်ဆိုရင်ရော... ကျွန်တော်တို့ရဲ့ ပြယုဂ်က​တော့ ထန်းရည်ပေါ့ဗျာ။

"ထန်းပင်ကျရည်...ထန်းပင်ကျရည်... ချိုတမြမြ ခါးတလေလေ.." လို့ ဆရာသုမောင်ရဲ့ "ထန်းပင်ကျရည်" သီချင်းထဲမှာ အကြားအာရုံနဲ့ ကျွန်တော်တို့ မြည်းစမ်းခွင့်ရခဲ့ကြတယ်။

ထန်းရည်ကို ဘယ်လိုရရှိလဲ ထန်းပင်ကရရှိပါတယ်။

ထန်းရည်တွင် အချိုရည် နဲ့ အခါးရည် ဟူ၍ ၂ မျိုးရှိပါတယ်။ ထန်းရည်ချိုကို ထန်းဦးရေလို့ ခေါ်သည်။ ၎င်းကို မနက်စောစောရရှိတဲ့ မြူအိုးတွေကနေ ရတတ်ပြီး ထန်းရည်ခါးကတော့ နေ့လည် ဆယ်နှစ်နာရီကျော်ရောက်သည်နဲ့ အချဉ်ဖောက်ပြီးဖြစ်သွားသည့်အရည်ကိုခေါ်သည်။

ထန်းရည်ခါးကို ထန်းပင်ပေါ်ရှိ ထန်းရည်ချိုယိုကျနေသော ထန်းစတွင် အခါးအိုးချိတ်ဆွဲခြင်းဖြင့် ရရှိသည်။ အခါးအိုးဆိုတာကတော့ ထန်းရည်ခါးအနယ် ထည့်ထားတဲ့ မြူအိုးကို ဆိုလိုတာဖြစ်ပါတယ်။ ထန်းရည်သည် အချိနိ ကြာရင်ကြာသလောက်အချဉ်ဖောက်ပြီး အခါးဓာတ်က ပိုလာတတ်ပါတယ်။ ထန်းရည်ကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း သောက်သုံးနိုင်သည်။

ထန်းရည်ရရှိပုံ

ထန်းပင်မှာ အဖိုနှင့်အမဟူ၍ ၂ မျိုးရှိတယ်။ အဖို၊ အမ ၂ မျိုးလုံး၌ ထန်းရည်ရရှိနိုင်ပါတယ် ။ အဖိုပင်သည် အမပင်ထက် တစ်ဆ၊ တစ်ဆ ခွဲလောက် ပို၍ ထန်းရည်ရရှိပါတယ်။ ထန်းရည်ကို အဖိုပွင့် ဖြစ်စေ အမပွင့်ဖြစ်စေ ထန်းနို့ကိုထုချေပေးရတယ်။ ထိပ်ဖျားကိုဓားနဲ့နေ့စဉ် လှီးဖြတ်ပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များ ရရှိပါတယ်။ ထန်းရည်ကို များသောအားဖြင့် မြေအိုး သို့မဟုတ် ဝါးကျဉ်ထောင့်ဖြင့် ခံယူကြတယ်။ အညာဒေသတွင် မြူအိုးသုံးပြီး မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ဝါးကျည်တောက်ကိုသုံးကြသည်။

ထန်းရည်တွေ့ရှိရသောနေရာဒေသ

 

ထန်းပင်များကို များသောအားဖြင့် အညာမြေဒေသများ မန္တလေးတိုင်းတို့တွင် အများဆုံးတွေ့ရတတ်ပါတယ်။ မြန်မာတို့ရဲ့ နှလုံးသား ပင်မ လို့ ခိုင်းနှိုင်းကြသည့် ပုဂံမြို့တွင်လည်း အများဆုံးတွေ့ရတတ်တယ်။ ပုဂံသွားရဲ့ အလှတရားတွေထ့က တခုကတော့ လမ်းတဖက်တချက်ဆီတွင် တွေ့ရသော ထန်းရည်တောများ ထန်းရည်ဆိုင်များဖြစ်သည်။

အရင်ခေတ်များစွာက ထန်းတောနှင့်ထန်းရည်ဆိုင်များ ပေါများခဲ့သော်လည်း အခုခေတ်ပေါ် ဘားများ၊ ဘီယာဆိုင်များကြားတွင် တစစ မှေးမှိန်ပျောက်ကွယ်စပြုလာသည်ဖြစ်သည်။ သို့ပေမယ့် ထန်းရည်ဆိုင်များကို မြန်မာနိုင်ငံဒေသတစ်ချို့တွင် တွေ့နိုင်ပါတယ်။ ရန်ကုန်၌လည်း ထန်းရည်ဆိုင်လေးများရှိပါတယ်။ အခုအခါတွင် ထန်းရည်ကို ထုတ်ကုန်တစ်ခုအနေနဲ့ ပုလင်းများဖြင့်ထုတ်ပိုးရောင်းချနေတာလည်းရှိပါတယ်။

 

"ထန်းရည်မှရရှိသောအကျိုးကျေးဇူးများ"

 

ထန်းရည်အချိုသည် သကြားကဲ့သို့ချိုမြသောအရသာရှိပါတယ်။ အများကြီးသောက်ရန် မသင့်တော်ပေမယ့် အနည်းငယ်သောက်သုံးပေးရင် ကျန်းမာရေးအတွက် ကောင်းသည်။ ထန်းရည်သည် ကင်ဆာကိုပင် တိုက်ဖြတ်ပေးနိုင်သည့်အစွမ်းရှိသည်ဟု သာဓကများရှိဖူးသည်။ ထို့ပြင် အမြင်အာရုံလည်းကောင်းစေတယ်။ အရေပြား၊ ဆံသားနဲ့ လက်သည်းခြေသည်းများကို ကျန်းမာစေနိုင်တယ်လို့ ဆရာဝန်များရဲ့ လေ့လာတွေ့ရှိချက်တွေရှိပါတယ်။

"ထန်းရည်သောက်နည်း "

 

“ ထန်းရည်နဲ့ငါးပိလူမသိစေနဲ့ “ ဟူ၍ ဆိုရိုးစကားရှိပါတယ်။ ထန်းရည်ကို ငါးပိနဲ့ တွဲဖက်သောက်သုံးကြတယ်။ ထန်းရည်သောက်လျင် ငါးပိ၊ငါးခြောက်၊ စနိုက်ကြော်၊ ငုံးကြော် စသည်တို့ဖြင့် တွဲဖက်သောက်သုံးကြတယ်။ ထန်းရည်ကို အများကြီးတစ်ခါတည်းမော့၍ သောက်သုံးရန်မသင့်တော်ပါ။ ခွက်သေးသေးလေးနဲ့ သို့မဟုတ် အညာမြေများတွင် အုန်းမုန့်ခွက်လေးနဲ့ ဖြည်းဖြည်းသောက် အမြည်းလေးစားမှသာ ထန်းရည်ရဲ့ အရသာစစ်စစ်ကို ခံစားရနိုင်ပါတယ်။

ထန်းရည်ဆိုသည်မှာ တစ်နည်းအားဖြင့် မြန်မာ့ရိုးရာအရက်ဟု တင်စားနိုင်ပါတယ်။ အကယ်၍ သင်ဟာ မြန်မာနိုင်ငံရောက်ပြီး ထန်းရည်လေးမှမြည်းစမ်းခွင့်မရခဲ့ရင် လာရကျိုးနပ်သည်ဟု မခေါ်ဆိုသင့်ချေ။ မြန်မာပြည်သားတယောက်အနေနဲ့လည်း ဒီနိုင်ငံမှာ လူဖြစ်ပြီး ထန်းရည်လေးမှ မသောက်ဖူးရင် လူဖြစ်ရကျိုးမနပ်။ အဲ့အတွက် ခရီးထွက်ပါ။ ထန်းတောတွေရှိရာကို မရောက်ရောက်အောင်သွားပါ။ ပြီးရင် ထန်းရည် ချိုခါးတွေကို ထန်းတောမှာ ကျကျနနထိုင်ပြီး မြည်းစမ်းကြည့်ဖို့အကြံပြုချင်ပါတယ်ဗျို့။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


Palm wine မြန်မာ့ရိုးရာအရက် သို့ ထန်းရည်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း