ပြက္ခရွေ့ သို့မဟုတ် မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်တည်နေရာ
2019-04-02edit nyeinsuwai
မတ်စောက်သောတောင်တန်းများဖြင့် ဝန်းရံထားသောအလှကို သင်ခံစားဖူးချင်ပါသလား။ မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မဟု လူသိများသော ပြက္ခရွေ့တောင်ကို သွားရောက်လည်ပတ်ကြည့်ပါ။
ပြက္ခရွေတောင်၏ သမိုင်းကြောင်း
ဤနေရာသည် ပုဂံပြည့်ရှင်အနော်ရထာမင်းကြီးမှ ဗုဒ္ဓမြတ်စွာဘုရား၏ ပဉ္ဓမမြောက်စွယ်တော်ပွားကို ဌာပနာတည်၍ တည်ထား ကိုးကွယ်ခဲ့သော နေရာဖြစ်သည်။ ပုဂံပြည်မှ ဗုဒ္ဓစွယ်တော်ပွားလေးဆူမှာ လူသိများကျော်ကြားလှသည်။ ပြက္ခရွေစေတီတော်မြတ်ကြီးမှာ လူသိနည်း၍ ဆည်းကပ်ကိုးကွယ်ရန် လွယ်ကူတော့မည်မဟုတ်ပေ။ စေတီတော်မြတ်ကြီးသည် မြစ်သာမြို့အရှေ့တောင်ဘက်ရှိ ပြက္ခရွေ့တောင်ထပ်ပေါ်တွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၃၉၅ခုနှစ်တွင် ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ပွားကို ဆင်ဖြူတော်ဖြင့် ယူဆောင်၍ တောင်ထပ်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာသို့ သွားရောက်လည်ပတ်ရန် ခက်ခဲသော်လည်း သွားရောက်ဖူးမြော်ပြီး တောင်းဆုပြုပါက ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။
ပြက္ခရွေ့တောင် သို့မဟုတ် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တည်နေရာ
ပြက္ခရွေ့တောင်၏တည်နေရာအတိအကျမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊မြသုခကျေးရွာအနီး တွင် ဖြစ်သည်။ တည်နေရာမှာ မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်တည်နေရာဖြစ်ပြီး ကမ္ဘာ့တည်နေရာပြစနစ်တိုင်းတာချက်အရ မြောက်လတ္တီကျု ၂၁ဒီဂရီ ၁၂,၆၉၅ မိနစ်၊ အရှေ့လောင်တ္တီကျု ၆၉ဒီဂရီ ၁၄,၇၅၉မိနစ်တွင် တည်ရှိနေပါသည်။ ဗြိတိသျှကိုလိုနီခေတ် မြေတိုင်းဦးစီးဌာနမှတိုင်းတာချက်များအရ မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မနှင့် စေတီတော်မြတ်ကို တောင်ထိပ်တွင် တွေ့မြင်ဖူးမြော်နိုင်ပါသည်။
ပြက္ခရွေတော်ကို ဘယ်လိုသွားရမလဲ
မန္တလေးမှ နံနက် ၆နာရီ စတင်ထွက်ခွာနိုင်ပြီး ကျောက်ဆည်မြို့တွင် နံနက်စာစားသုံးနိုင်သည်။ ကူမဲမြို့သို့ရောက်ရှိလျှင် အထက်တန်း ကျောင်းတကျောင်းနှင့် ကင်းတားဆည်လမ်းကို တွေ့ရမည်ဖြစ်ပြီး နောက်ထပ်လမ်းခွဲတစ်ခုကို တွေ့ရသည့်အထိ ထိုလမ်းအတိုင်းဝင် သွားရမည်ဖြစ်သည်။ လမ်းညာဘက်တွင် စစ်စခန်းတစ်ခုကိုတွေ့မြင်ရမည်ဖြစ်ပြီး ထိုနေရာသို့အရောက်တွင် ဘယ်ဘက်သို့ကွေ့ရမည် ဖြစ်သည်။ ထိုသို့ကွေ့လိုက်လျှင် ပြက္ခရွေ့တောင်ခြေစခန်းသို့ရောက်ရှိမည်ဖြစ်သည်။ တောင်ခြေတလျှောက်မှ “မော်” ဘုန်းကြီးကျောင်း သို့ တိုက်ရိုက်သွားနိုင်ပြီး ထိုနေရာတွင် သင့်ကားကို ရပ်နားထားနိုင်ပါသည်။ ထို့နောက် တောင်တက်လှေခါးများအတိုင်း တောင်ပေါ်သို့ စတင်တက်ရောက်နိုင်ပါပြီ။ ပြက္ခရွေ့တောင်အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မတည်နေ ရာမှာ ပြက္ခရွေ့တောင် အရှေ့ပိုင်းဖြစ်သည်။
တောင်တက်ရာလမ်းကြောင်း
တောင်တက်ခရီးအတွက် အမြင့်ပေ ၂.၅မိုင်၊ ပေအားဖြင့် ၃၇၉၉ပေ၊ (၁.၁၆ကီလိုမီတာ) ရှိသော တောင်ကိုးလုံးကို ဖြတ်ကျော်ရမည်ဖြစ် သည်။ တောင်တက်ခရီးအလေ့အကျင့်ရှိသူများအတါက် ၅နာရီခန့်သာကြာမြင့်နိုင်ပြီး အလေ့အကျင့်မရှိသူများအတွက် ၆နာရီခန့်ကြာ မြင့်မည်ဖြစ်သည်။ ပထမဆုံးအနေဖြင့် တောင်ခြေရှိလှေကားကို ၁၅မိနစ်ခန့် လမ်းလျှောက်ရမည်ဖြစ်သည်။ ထို့နောက်ဝေဝေဝါးဝါးလမ်း များသာရှိသော ဝါးတောများ၊ မတ်စောက်ပြီး တက်ရောက်ရန်ခက်ခဲသော ကျောက်ဆောင်လမ်းများကို တက်ရမည်ဖြစ်သည်။ အချို့ သောနေရာများတွင် ကြီးမားသောကျောက်တုံးကြီးများကို ဖြတ်ကျော်၍ တောက်တက်တောင်ဆင်းပြုလုပ်ရမည်မှာ အသက်ရှုမှား လောက်စရာ ထိတ်လန့်စရာကောင်းလှသည်။ အပြန်ခရီးတွင် အထောက်အကူဖြစ်ရန်အတွက် တောင်ဝှေးတချောင်းယူလာရန် အကြံပြု တိုက်တွန်းလိုသည်။ သို့မဟုတ်ပါက မမေ့ပျောက်နိုင်သောဒဏ်ရာများ ရရှိသွားနိုင်ပါသည်။ တောင်ခြေရှိဘုန်းတော်ကြီးကျောင်းမှလည်း တုတ်များ ယူလာနိုင်ပါသည်။ မလုပ်သင့်သောအချက်မှာ အချိန်ကြာမြင့်စွာအနားယူခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်တက် ခရီးတလျှောက် သဘာဝရှုခင်းများမှာ အလွတ်မခံသင့်သောအတွေ့အကြုံများဖြစ်ပြီး ငေးမောရင်းနှင့်ပင် တောင်ထိပ်သို့ရောက်ရှိသွားပါ လိမ့်မည်။ ချစ်စရာကောင်းသော လမ်းပြခွေးတချို့ကလည်း သင်နှင့်အတူ လမ်းတလျှောက် လိုက်ပါနေကြပါလိမ့်မည်။
တောင်ထိပ်ပေါ်ကနေ ဘာတွေရှုမြင်ရမလဲ
ပေပေါင်း ၃၇၉၉ပေ၊ (၁.၁၆ကီလိုမီတာ)၊ ၂.၅မိုင်ရှည်လျားသော တောင်ကိုးလုံးကိုဖြတ်ကျော်ပြီးနောက် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာ ပြက္ခရွေ့တောင်သို့ ရောက်ရှိမည်ဖြစ်သည်။ တောင်ထိပ်ရှိ မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မှနေရာတွင် ဗုဒ္ဓမြတ်စွာစွယ်တော် ပွားကို ဌာပနာတည်ထားသည့် ထင်ရှားသောကျောက်တိုင်ကိုတွေ့မြင်ရမည်ဖြစ်သည်။ တောင်၏အရှေ့ဘက်ကိုကြည့်လိုက်လျှင် ရှမ်းပြည် နယ်၊ ရွာငံတောင်တန်းများကို အနုပညာလက်ရာမြောက်သော ပန်းချီကားတချပ်သဖွယ် တွေ့မြင်ရပါမည်။ ထို့အပြင် မြောက်ဘက်တွင် လည်း တောင်တန်းများနှင့် သဘာဝအလှအပများဖြင့် ပြည့်နှက်နေသော လယ်ကွင်းများစွာကို တွေ့မြင်ရပေလိမ့်မည်။ တောင်ပေါ်တွင် ညအိပ်လိုသည့် ခရီးသွားဧည့်သည်များအတွက် စောင်နှင့်ခေါင်းအုံးများ စီစဉ်ပေးသည့် ဘုန်းတော်ကြီးတပါးလည်း သီတင်းသုံးနေထိုင်လျှက်ရှိပါသည်။ ဆောင်းရာသီသွားရောက်လည်ပတ်သူများသည် ခမ်းနားထည်ဝါသောတိမ်တိုက်ပင်လယ်ကြီးကို တွေ့မြင်ခံစားကြရပါမည်။
စားစရာရရှိရန်ခက်ခဲသောကြောင့် စားစရာနှင့်သွားရည်စာများ ယူဆောင်သွားရန် အကြံပြုလိုပါသည်။ စေတီတော်ကြီးအား မွမ်းမံပြုပြင် သည့်အချိန်များတွင် ပြုပြင်ရန်အသုံးပြုမည့်အရာများကို နည်းနည်းချင်းသယ်ဆောင်ပေးသူများ၏စိတ်ဓါတ်ကို များစွာချီးကျုးမိပါသည်။ တောင်ပေါ်သို့တက်ရသည်မှာ တခါတရံတွင် ကိုယ့်ကိုယ်ကိုပင် မသယ်ချင်တော့လောက်အောင်ပင် ပင်ပန်းလှပါသည်။ ထို့ကြောင့် လေးယောက် သို့မဟုတ် ငါးယောက် အုပ်စုလိုက်တက်လျှင် ပို၍အဆင်ပြေပါသည်။ ပြန်အဆင်းတွင် တောင်ခြေရှိဘုန်းတော်ကြီးကျောင်း မှ စွန့်လှူဧည့်ခံသော အစားအစာများနှင့်သွားရည်စာများကို စားသုံးပြီး အပန်းဖြေနိုင်ပါသည်။
မဖြစ်မနေသတိထားသင့်သောအချက်များ
တောင်တက်ခရီးအတွက် ဓါတ်ဆားရည်နှင့် ရေနှစ်ပုလင်းတို့ကို ယူဆောင်လာရန် အကြံပြုလိုပါသည်။ ပေါ့ပါးခိုင်ခံပြီး အလွယ်တကူ ချော်မလဲနိုင်သော ဖိနပ်မျိုးကို ဝတ်ဆင်သင့်ပါသည်။ သို့မဟုတ်ပါက အဆင်းလမ်းတွင် သင့်ခြေထိပ်များ ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် မိုးရာသီတွင် သွားရောက်လည်ပတ်ခြင်းမပြုရန် အထူးအကြံပြုသတိပေးလိုပါသည်။
တည်နေရာ
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။