ရေဒီယိုဘား
2019-05-28edit MyoMinThu
TGIFတော့ ရောက်ခဲ့ပြန်ပြီနော်။ တပတ်တာ အလုပ်ထဲက စိတ်ပင်ပန်းမှုတွေကို ဆေးကြောဖို့ သောကြာနေ့ တညတော့ အပြင်ထွက်ကိုထွက်သင့်တယ်ဗျ။ ဟုတ်ကဲ့ပါ..MingalaGoမှ သူများနဲ့မတူ တမူထူးခြားတဲ့ရန်ကုန် မြို့ထဲက Bar တွေကို သောကြာနေ့တိုင်းမှာ မိတ်ဆက်ပေးလျက်ရှိရာ ဒီတစ်ခေါက်အလှည့်ကျလာ တာတော့ ဖွင့်တာမကြာသေးပေမယ့် လူငယ်ရော
လူကြီးတွေကြားထဲမှာရော ရေပန်းစားနေတဲ့ “The Radio Bar” ပါ ခင်ဗျ။ ကျွန်တော်တို့ MingalaGo ရဲ့ Article Writer တစ်ယောက်ဖြစ်တဲ့ Annie နဲ့ ဒီနေ့မှာတော့The Radio Bar ကိုရောက်ခဲ့ပါတယ်။
အကောင့်သိချင်ရင်တော့ မင်မင်ကို Cb မှာ တိုးတိုးတိတ်တိတ်လာရောက်ဆက်သွယ်ပါနော်။ 😂
The Radio Bar
The Radio Bar ကို ပြီးခဲ့တဲ့ ဧပြီ ၂ရက်နေ့ကမှ ဖွင့်ခဲ့ပါတယ်။ရှေးဟောင်း အန်းတိတ် အပြင်အဆင် ၊ တေးဂီတတို့ဟာ The Radio Bar အချိန်တိုအတွင်း အောင်မြင်ရခြင်း အကြောင်းရင်းတွေပေါ့။ငယ်ငယ်က ကြား ဖူးတဲ့ ပျော်ပွဲစားရုံကြီးတစ်ခုကို ရောက်သွားသလိုမျိုး ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ စတူဒီယိုခေတ်က နာမည်ကြီးခဲ့တဲ့သီချင်းတွေကို Live Show အနေနဲ့ နားဆင်နေပြီး ဟောခန်းကြီး အလယ်မှာ စိတ်လွတ်ကိုယ်လွတ် အော်ဆိုရတဲ့ အခိုက်အ
တန့်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ Bar တွေမှ ကြားနေကျမဟုတ်တဲ့ "ရေဒီယို ကမာရွတ်ရေ..
ကြိုးစားလိုက်စမ်းကွယ်"လို့သံပြိုင်သီဆိုသံတွေဟာThe Radio Barရဲ့သန်းခေါင်ယံညတွေကို
ပြီးပြည့်စုံစေတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဆူဆူညံညံ မကြိုက်တဲ့ လူတွေ၊ အေးဆေး စကားပြောချင်တဲ့ လူ တွေအတွက် "ဝိုင်"ခန်းလေး လုပ်ပေးထားတယ်။ Music band တွေကို အပေါ်ထပ်က လည်း နားဆင် လို့ရ အောင် နှစ်ထပ်လုပ်ထားသေးတယ်။ နောက်ပိုင်းတော့ အပေါ်ထပ်မှာ Rooftop Bar လေးပါ ထပ်ဖွင့် သွားမယ် လို့တော့ကြားတယ်ဗျ။
အဲ့တော့ နေရာတစ်ခုထဲမှာ ရသာစုံ ရနိုင်တဲ့ ရှေးခေတ် ပျော်ပွဲစားရုံကြီးလိုမျိုးပဲ။
ဂီတအမျိုးအစားတွေကို The Radio Bar မှာ ရက်အလိုက်ခွဲထားပြီးအင်္ဂါ ကြာသပတေးတွင် ရှေးဟောင်း စတူဒီယို သီချင်းများကို တီးခတ်သည့် လူကြီး Band လာသည့်အတွက် လာရောက်သည့် Customer များမှာ လည်း လူကြီးအများစုဖြစ်သည်။စနေနေ့နဲ့ တနင်္ဂနွေနေ့တွင် English Rock သီချင်းများ ကို ခံစားနိုင်ပြီး တနလာၤနေ့မှာ လူငယ်ပရိတ်သတ် အကြိုက် The salt Bandကလာရောက်ဖျော်ဖြေပါတယ်။ အဲ့ရက်မှာတော့ ထုံးစံအတိုင်း လူငယ်တွေလာရောက် တာ အများဆုံးပေါ့။ ဗုဒ္ဓဟူးနဲ့သောကြာရက်တွေမှာ သီချင်းအစုံသီဆိုတဲ့ "The Friend”ပါ။ သူတို့ကတော့ ပရိတ်သတ်တောင်း သမျှ သီချင်းတွေကို တော်တော်များများကိုရနေတော့ အဲ့ရက်တွေမှာလည်း ထုံးစံအတိုင်း လူကအထူးစည်ကား ပြန် ရော။
အစားအသောက်နဲ့သောက်စရာများ
ဆိတ်လက်ဖက်ထောင်းနဲ့ ဝက်လက်ပေါင်းကြော်တို့ကတော့ ကျွန်တော်အဲ့ကိုရောက်ရင်မမှာ
မဖြစ်မှာတဲ့ စားစရာတွေပေါ့။ အပြင်ကယူလာတဲ့ အရက်ပုလင်းတွေအတွက် Bottle Chargeကို Free အနေနဲ့ သတ်မှတ်ပေး ထားတာလည်း ရန်ကုန်မြို့က Bar တွေထဲမှာ
ထင်းခနဲပေါ်နေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ Bar မှာ လည်း အဖျော်ယမကာမျိုးစုံ၊ စည်ဘီယာတို့လည်းတော်တော်များများရတယ်။
ကဲ အဲ့လို အဲ့လို ထူးခြားမှုတွေကြောင့် “The Radio “ ကို ဆိုက်ဆိုက်မြိုက်မြိုက်သွားချင်တယ်ဆိုပါက လိပ်စာ က အမှတ် ၂၄၊အောင်ဇေယျလမ်းမကြီး၊ရန်ကင်းမြို့နယ်မှာရှိပြီး၊ ဖုန်းနံပါတ်
ကတော့ (+95) 9 44255 5584 ဖြစ်ပါတယ်။
မေ့တော့မလို့၊တစ်ပတ်မှာ ခုနှစ်ရက်လုံး ပိတ်ရက်မရှိဖွင့်ပြီး ညနေ ငါးနာရီဆို စကဲလို့ရပါပြီ၊ Bar ပိတ်ချိန်က တော့ ၁၂နာရီဖြစ်ပါတယ် ခင်ဗျ။ ဟုတ်ကဲ့ပါ၊ TGIF မှာ MingalaGo ပရိတ်သတ်ကြီးလည်း စိတ်၏ကျန်းမာခြင်း ကိုယ်၏သောက်နိုင်ခြင်းနဲ့ ပြည့်စုံပါစေလို့
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။