မြင်းစီးဖူးလား
2019-10-11edit MyoMinThuရန်ကုန်မြို့မှာ နေတဲ့ လူတွေအတွက် မြင်းစီးဖို့ ဝေးစွ၊ မြင်းကို အပြင်မှာ မြင်ရဖို့တောင်အတော်ခက်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ရပ်ကွက်တွေထဲကို လာတဲ့ မြင်းတွေကို အခကြေးငွေနဲ့ ရပ်ကွက် တစ်ပတ်ကို ၂၀၀၊ ၃၀၀ လောက်နဲ့ စီးလို့ရပါတယ်။ ဒါပေမယ့် ကလေးတွေအတွက်သာ ဖြစ်ပြီး လူကြီးတွေစီးတာတော့ မရှိသလောက်ကိုရှားပါးပါတယ်။ အဲ့တော့ လူကြီးတွေရော၊ ကလေးတွေရော အပျော်တမ်းမြင်းစီးနိုင်တဲ့ ရန်ကုန်မြို့ကနေရာကောင်းလေးကို ညွှန်ပြပါရစေ။
Yangon Equestrian Country Club (YECC) ဟာ သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့ပါတယ်။ မြန်မာတို့သည် ရှေးယခင်ထဲက ဆင်၊မြင်းတို့ကို အသုံးပြုပြီး နိုင်ငံတည်ထောင်ရာ သမိုင်းကိုရေးခဲ့ကြသည်။ ဓားခုတ်၊ မြင်းစီး ကောင်းသည့် လူမျိုးများအဖြစ် ဂုဏ်ယူခဲ့ကြသည်။ကုန်းဘောင်ခေတ်နှောင်းမှာတော့ တိမ်ကောသွားပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ မိခင်အဖွဲ့အစည်းကတော့ မြန်မာမြင်းစီး ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ၁၉၈၇ တွင်တော့ မြင်းစီးခြင်းကို ပထမဆုံး အားကစားပွဲအသွင်ပြောင်းပြီး ကျင်းပခဲ့ကာ မြန်မာ့မြင်းစီးအားကစား တစ်ခန်းလှစ်ခဲ့သည်။
မြင်းစီးခြင်းကို နိုင်ငံတကာတွင် ခုံခုံမင်မင်ဖြင့် ဈေးကြီးပေးပြီး စီးနင်းကြသည်။ ရန်ကုန်တွင်တော့ မြင်းစီးအားကစားကို တစ်ခြား အားကစားတွေနဲ့ ယှဉ်ရင် စိတ်ဝင်စားမှု အလွန် နည်းပါးသည်ဟု ပြော၍ရသည်။ ဒါပေမယ့်လည်း မြင်းစီးကွင်းမှာ တွေ့ရသူအများစုသည် ၁၂ နှစ်အောက် ကလေးသူငယ်များဖြစ်သဖြင့် နောက်လာမည့် မျိုးဆက်ကိုတော့ အားထားစောင့်ကြည့်ရမည်ဖြစ်သည်။
ယနေ့မှာတော့ MingalaGo ရဲ့ မင်မင်က မြန်မာ့မြင်းစီးအဖွဲ့ချုပ်တည်ရှိရာ YECC ကို အရောက်သွားပြီး အတွေ့အကြုံရယူခဲ့ပါတယ်။
မြင်းစီးတာက အန္တရာယ်ရှိလား
တားမြစ်ချက်တွေကို ရှောင်ကြည်မယ်ဆို မြင်းစီးတာက အန္တရာယ်မကင်းစရာအကြောင်းမရှိပါဘူး။
အဲ့တော့ အန္တရာယ်ကင်းအောင်
၁။ မြင်းတစ်ကောင်နဲ့တစ်ကောင်ကြား အနည်းဆုံး ၉ပေထားရပါမယ်။
၂။မစီးနင်းခင်ဖြစ်ဖြစ် မြင်း၏နောက်ပိုင်းကို မချဉ်းကပ်ရ။ စီးနင်းနေစဉ်လည်း အထိန်းအသိမ်းမရှိပဲ တစ်ခြားမြင်း၏နောက်ပိုင်းကို မချဉ်းကပ်ရ။
၃။ မြင်းပေါ်တက်စဉ် အုတ်ခတ်နဲ့ ဇတ်သွား နဲ့ အတိုအရှည်ကို မပျက်မကွက် စစ်ဆေးပါ။
၄။ ဇတ်ကြိုး၊ ဝမ်းဗိုက်ကြိုးတွေရဲ့ အလျော့အတင်းနဲ့ ခိုင်ခန့်မှုကို ဂရုပြုပါ။
၅။ ခြေနင်းကြိုး ခိုင်မခိုင် သေချာသတိထားပြီး မြင်းကုန်းကို ခိုင်ခိုင်တပ်ပါ။
အတွေ့အကြုံမရှိရင်ရော အဆင်ပြေပါ့မလား
အတွေ့အကြုံမရှိပါလည်း အေးဆေးပါ။ အရည်အချင်း ပြည့်မှီတဲ့ Trainer များက သင့်ကို ကူညီပါ့မယ်။ သင်ကြားပေးပါလိမ့်မယ်။
ကလေးတွေရော စီးလို့ အဆင်ပြေပါ့မလား
သိပ်ပြေတာပေါ့ဗျာ။ ၁၀နှစ်ပတ်ဝန်းကျင်ကလေးတွေ ကိုယ်တွေထက်တောင် ကျွမ်းကျွမ်းကျင်ကျင်စီးနေသေးတယ်။ ပြီးတော့ မြင်းတစ်စီးကို Trainer တစ်ယောက်ကျ ဂရုတစိုက် သင်ကြားပေးနေတော့ စိတ်ပူစရာအကြောင်းမရှိပါဘူး။
ဘာလို့မြင်းစီးသင့်တာလဲ
သွားလာဆက်သွယ်ရေးအတွက် ကျွန်တော်တို့ လေယာဉ်တွေ စီးဖူးတယ်။ ရထားတွေစီးဖူးတယ်။ ကား အမျိုးအစားပေါင်းစုံစီးဖူးတယ်။ ဒါပေမယ့် မြင်းစီးတဲ့ ခေတ်ကို ကျွန်တော်တို့ မမီလိုက်ကြဘူး။
အဲ..ဘာလို့မြင်းစီးသင့်လဲဆိုတာ သေချာသိချင်ရင်တော့ တစ်ခေါက်လောက် စမ်းပြီး စီးစေချင်တယ်။ မြင်းပေါ်ရောက်နေတဲ့ ခံစားချက်ဟာ သာမန်နဲ့မတူပဲ Royal ဆန်တယ်ခံစားရပါလိမ့်မယ်။ အဲ့တော့ စကားတွေ အများကြီးမပြောတော့ဘူး၊အားတဲ့ရက်မှာ အချိန်ပေး ရောက်အောင်သာ သွားပြီး တော်ဝင်ဆန်လိုက်ကြပါတော့။
ဈေးနှုန်းတွေကရော
လူကြီးတွေအတွက် ၄၅မိနစ်ကို ၂၀၀၀၀ကျပ်ပါ။
၁၂နှစ်အောက်တွေအတွက်ကတော့ ၁၅၀၀၀ကျပ်ပါခင်ဗျ။
(သင်ကြားခ သက်သက်မယူပဲ Session ကြေးတွင် သင်ကြားခ ပါပြီးသား ဖြစ်သည်)
တကယ်လို့ ကျွမ်းကျွမ်းကျင်ကျင် စီးချင်လို့ သင်တန်းတက်ချင်တယ်ဆိုရင်တော့ နှစ်လပြတ်သင်တန်းကို လူကြီး ၁၃၀၀၀၀ကျပ်နဲ့ ကလေး ၁၁၀၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။
မြင်းစီးတာအပြင် အဲ့မှာ ဘာတွေလုပ်လို့ရသေးလဲ
ဧက၆၀ကျော်တဲ့ ခြံဝန်းကြီးဖြစ်တဲ့အတွက် မင်မင်ကတော့ မြင်းစောင်းတွေကို ခွင့်တောင်းပြီး လေ့လာကြည့်ရှုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတဲ့ မြင်းမောင်နှမဖြစ်တဲ့ "ပြည်ထောင်စုအလှ" နဲ့ "လူထုအလှ" မြင်းနှစ်ကောင်ကိုလည်းတွေ့ခဲ့ပါသေးတယ်။ ပြီးတော့ မြင်းတွေကို ဘယ်လိုလေ့ကျင့်ပေးလဲ၊ မြင်းခွာ သန့်ရှင်းရေး တွေ ဘယ်လိုလုပ်လဲဆိုတာ အနီးကပ်လေ့လာခဲ့ပါသေးတယ်။
ကဲ... လိပ်စာ သိချင်နေပြီလား။
လိပ်စာကတော့ မြောက်ဒဂုံ ပင်လုံလမ်းပေါ်က Golden Park နဲ့ ကပ်ရက်ပါပဲ။ အသေးစိတ်အချက်အလက်တွေသိချင်ရင်တော့ YECC ရဲ့ fb pageကိုcmt မှာ ဝင်ကြည့်နိုင်ပါတယ်။
MORE INFORMATION
WEB: https://www.facebook.com/YECC-Yangon-Equestrian-Country-Club-845162728981988/
TEL: +95 9259181691.
OPENIG HOUR: 7:00AM - 5:00PM
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။