ရွှေပြည် အပန်းဖြေစခန်း။
2019-02-05edit Htike ရန်ကုန်ရဲ့အရှေ့မြောက်ဘက် မိုင်၅၀လောက်အကွာမှာ ရွေပြည်ကတော့ အပူပိုင်းဇုန်ထဲက နတ်ဘုံနတ်နန်းလေးတစ်ခု၊ ချစ်သူရည်းစားတို့အတွက် ရင်ခုန်ပျော်ရွှင်ဖွယ် သွားချင်စရာနေရာလေးတစ်ခု၊ မိသားစုတွေအတူတကွလည် ပတ်ဖို့ ကောင်းတဲ့ ရန်ကုန်နဲ့လည်းနီးတဲ့ အပန်းဖြေနေရာလေးတစ်ခု ဖြစ်လို့နေပါတယ်။ ဒီ Resort ရဲ့အားသာချက်အ နေန့ကတော့ နာမည်ကြီးကျော်ကြားလှတဲ့ ပဲခူးရိုးမ တောင်တန်းကြီးတွေကို Resort ရဲ့ နောက်ကျောဘက်ကနေကြည့် ရင်လှပစွာ မြင်နေရတာပဲဖြစ်ပါတယ်။
ရွှေပြည် Resort
မြို့ပြရဲ့မွန်းကျပ်မှုတွေထဲကနေ ထွက်ပြေးလွတ်မြောက်ချင်သူတွေအတွက် သိပ်အဝေးကြီးသွားစရာမလိုဘဲ ပြီးပြည့်စုံတဲ့နေရာလေးကို ပြောပါဆိုရင် Shwe Pyi Resort ပါပဲ။ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်လို့ သွားလို့အင်မတန်လွယ်ကူအဆင်ပြေပါတယ်။ ခဏလမ်းကြုံဝင်စားတာပဲဖြစ်ဖြစ် တည်းခိုဖို့အ တွက်ပဲဖြစ်ဖြစ် လွယ်ကူအဆင်ပြေ ပါတယ်။ KMA Hotel Groupမှာ ပါဝင်ပြီး ပုဂံနဲ့တောင်ငူဧရိယာတွေမှာ လည်း Shwe Pyi resort တွေ ဖွင့်လှစ်ထားပါတယ်။
ရွှေပြည် Resort တည်နေရာ
ရွှေပြည်က အနီးဆုံးမြို့ကနေ ကားမောင်းလာမယ်ဆိုပါက၁၅မိနစ်လောက်သာမောင်းရပြီး၊ မွန်လည်တောရ တရား ရိပ်သာ စခန်းကနေ ၅မိန်စလောက်သာမောင်းရပါတယ်။ရွှေပြည်ဟာ ကျိုက်ပန် ဘုရားကနေ 9.6mi(15.5km) ဝေးပြီးလေးမျက်နှာ ဘုရားကနေပြီးတော့ 11.9mi(19.2km) ဝေးပါတယ်။ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်နဲ့ ကမ္ဘောဇသာ ဒီနန်းတော်ကြီးကနေဆိုရင်တော့ အကြမ်းဖျင်း မိနစ် ၃၀လောက်မောင်းရနိုင်ပါတယ်။ အဲ့ဒီလမ်းတစ်လျှောက်က နေလာပါကလည်း သင့်အတွက် ကြီးကျယ် ခမ်းနားလှတဲ့ဘာသာရေးဆိုင်ရာ ဗိသုကာလက်ရာများကို ကြည့်ရှုရင်း လိုက်ပါလာလို့ရပါတယ်။
ဟိုတယ်နဲ့ သူ့ရဲ့ဝန်ဆောင်မှုများ။
သူတို့ရဲ့ 3 star rating ရထားတာထက်ကိုကျော်လွန်ပြီးတော့ဒီဟိုတယ်မှာ အဆင့်မြင့်အခန်း၂၁ခန်း ရှိပြီးတော့ စားသောက်ဆိုင်၂ခုရှိကာ ဟင်းပွဲစုံလင်စွာရှိခြင်း၊ ဧည့်သည်များအားလုံးအတွက် လုံလောက်တဲ့ ကားရပ်နားစရာနေရာ များရှိခြင်းတို့ ဖြစ်ပါတယ်။ Free WiFi ကိုလည်း နေရာ တော်တော်များများထိ မိနေအောင် ဆောင်ရွက်ပေးထားပါ တယ်။ ဒီ အပန်းဖြေစခန်းမှာတော့ ကမ္ဘာ့အဆင့်မီ ရွေးချယ်စရာအခန်းတွေဖြစ်တဲ့ Shwe Suites အခန်းသုံးခန်းနဲ့ သက်တောင့်သက်သာ နေချင်စရာကောင်းတဲ့ Shwe Deluxe room ၁၈ခန်းတို့ ရှိပါတယ်။ အခန်းအားလုံးကိုတော့ အပန်းဖြေစခန်းရဲ့ တိတ်ဆိတ်ငြိမ်သက်အေးချမ်းတဲ့ ကန်ရေပြင်နဲ့ နီးတဲ့ တောအုပ်လေးထဲမှာ ဆောက်လုပ်ထားရှိပါ တယ်။ အခန်းတစ်ခုချင်းစီကလည်း အေးမြပြီးတော့၊ အပန်းပြေစေနိုင်တဲ့ပတ်ဝန်းကျင်ရှိခြင်း၊ လက်လုပ် ပရိဘောဂများထားရှိခြင်း၊ အခန်းအတွင်း mini bar ရှိခြင်း၊အခန်းတိုင်းမှာ ကိုယ်ပိုင် လေသာဆောင်လိုမျိုးရှိကာ ပတ်ဝန်းကျင်အလှအပကို ကောင်းစွာ ခံစားနိုင်အောင် ပြုလုပ်ထားရှိပါတယ်။ ဧည့်သည်တွေအတွက် အခန်းရွေးတဲ့ အခါမှာတော့ လှပစွာရှိနေတဲ့ အပူပိုင်းသစ်တောတွေကို မြင်နေရတဲ့ view အခန်းနဲ့၊ ကန်ရေပြင်ကို လှမ်းပြီးမြင်နေရတဲ့ View အခန်းတို့ကို ရွေးချယ်ခွင့်ပေးထားပါတယ်။
Superior rooms အခန်းတစ်ခုကို တစ်ညအိပ် သို့မဟုတ် နှစ်ညအိပ်လောက် ငှားပြီးသွားနေလိုက်ချင်တယ်ဆိုတဲ့ ဆန္ဒ ပေါ ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကတစ်နှစ်ပတ်လုံးလိုလိုမျိုး ပရိုမိုးရှင်းနဲ့ ဈေးချပေးတတ်လို့ပဲ ဖြစ်ပါတယ်။ သစ်သားနဲ့ ဝါးတို့ကို အသုံးပြုပြီးတော့ ဟိုတယ်အတွင်း ဒီဇိုင်းဆင်ထားတာက အခန်းကို ကျယ်စေပြီးတော့၊ အမိုးခပ်မြင့်မြင့်နဲ့ပနံရလှပါတယ်။ အခန်းထဲမှာလည်း ဧည့်သည်တွေ အပန်းဖြေနားနေရင်းကြည့်နိုင်ဖို့အတွက် TV Channel ရွေးချယ်စရာများနဲ့ပါ ထားရှိပေးပါတယ်။ မနက်စာစားချိန်ကတော့မနက် ၆ခွဲကနေ ၁၀နာရီထိဖြစ်ပြီးတော့ မနက်စာထဲမှာ မြန်မာအစားအစာတွေဖြစ်တဲ့ ရွေးစရာတွေကတော့ နန်းကြီးသုပ်၊ ထမင်းဆီဆမ်း၊ ငါးခြောက်တို့ဖြစ်ကြ ပါတယ်။ မနက်စာ စားချိန်အတွင်းမှာ မနက်စာကို အခန်းထဲထိပို့ပေးတဲ့ service ပါလုပ်ပေးတာကြောင့် ဧည့်သည်တွေ အတွက်လည်း အဆင်ပြေပါတယ်။ မိသားဝင် များများပါတဲ့သူတွေအတွက်လည်း suite unit အခန်းခပ်ကြီးကြီးတစ်ခု ကို ရနိုင်ပါတယ်။ အဲ့အခန်းထဲမှာတော့ မီးဖိုချောင်နဲ့ ဧည့်ခန်းတွေပါပါဝင်ပါတယ်။ ရေချိုးခန်း အိမ်သာကလည်းအဆင်ပြေပါတယ်။ မိုးရေကျသလိုမျိုး ရေချိုးတဲ့ shower head ရှိပြီး hair dryers များ နဲ့ ရေချိုးခန်းသုံးပစ္စည်းများကို လည်းထားရှိပေးပါတယ်။အခန်းအားလုံးမှာ အဲကွန်းတွေ တပ်ထားပြီး၊ flat-screen TV မီးခံသေတ္တာ အသေးစားလေးတစ်ခု၊ ရေပူရေအေးစက်တို့ပါရှိပါတယ်။ ရွှေပြည် resort ရဲ့ ဧည့်သည်တွေအနေနဲ့ ရေ သန့်ဗူးများ၊စာဖတ်စရာများနဲ့ ကောဖီတို့ကို သတ်မှတ်ထားတဲ့ ပန်းခြံနေရာအတွင်းမှာ free ယူဆောင်အသုံးပြုနိုင်ပါ တယ်။ နောက်ပြီးတော့ လင်မိုကားနဲ ရိုးရိုးအငှားကားများကိုလည်း လိုအပ်ပါက ငှားရမ်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ Reception အနေနဲ့လည်း ဝန်ထမ်းတွေက ဘာသာစကားတော်တော်များများကို ပြောတတ်ကြပြီး၊ အခြားသောဝန်ထမ်းတွေအနေနဲ့ လည်း ကိုယ်က တောင်းဆိုချင်တာတွေဖြစ်တဲ့ အဝတ်အခြောက်လျှော်ခြင်း၊ အဝတ် ကိုဒိုဘီအပ်ခြင်း၊ အဝတ်အိတ်သိမ်းဆည်းခြင်း၊ တိုးနဲ့ ခရီးသွားခြင်းအတွက် လက်မှတ်တွေ ဝယ်ရခြင်းများမှာပါ အဆင်ပြေအောင် ကူညီလုပ်ဆောင်ပေးတတ်ကြပါတယ်။
ဧည့်သည်အနေနဲ့ ရွှေပြည် အပန်းဖြေစခန်းက စားသောက်ဆိုင်နှစ်ခုလုံးမှာ စားသောက်နိုင်ပါတယ်။ ရွှေပြည် အနေနဲ့ ညစာတွေကိုတော့ ပန်းခြံ ရှုခင်းနဲ့ အစားအစာများ၊သောက်စရာများကို စားသောက်နိုင်ပြီး Country Club အနေနဲ့ကျ တော့ နိုင်ငံတကာ ဟင်းပွဲအစားအစာမျိုးစုံကို မှာယူစားသောက်နိုင်အောင်ပြုလုပ်ထားရှိပါတယ်။ တကယ်လို့ အစား အစာတွေကို အပြင်မှာထွက်မစားချင်ပါကလည်း ကိုယ့်အခန်းထဲမှာကို အေးဆေးစွာ မှာယူစားသောက်နိုင်ပါ တယ်။ ဒါမှမဟုတ် လူအသစ်တွေ၊ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံချင်ပါကလည်း ရွှေပြည်ရဲ့ ဘားနဲ့ စားသောက်တဲ့ နေရာတွေမှာ သွားပြီး အနည်းငယ်သောက်ကာ စားကာ သွားလို့ရပါတယ်။
ပတ်ဝန်းကျင်နှင့် ရာသီဥတု။
စွန့်စွန့်စားစားတွေလုပ်ရတာကြိုက်တဲ့ဧည့်သည်တွေအတွက်ကတော့ Shwe Pyi Country Club ကနေပြီးတော့ အပန်း ဖြေစရာ နေရာတွေ ကိုလည်းထားရှိပေးထားပါတယ်။ ၎င်းတိ့ုကတော့ အပန်းဖြေစခန်းတစ်ဝိုက်မှာ လှပတဲ့ ရှုခင်းတွေ ကြည့်ရင်း စက်ဘီးစီးခြင်း၊ အနီးအနားက ကန်မှာ လူတွေအုပ်စုလိုက်ကြီး လှေလှော်ကြခြင်းတို့ ပြုလုပ်လု့ိရပါ တယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ လုပ်တဲ့ အလုပ်ရုံနဲ့ ပြတိုက်ကို လည်း သွားပြီး လူကြီးလူငယ်မရွေး ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်။ နောက်ပြီး အေးဆေး ငြိမ်သက်စွာ သာသာယာယာ ဖြတ်သန်းချင်တဲ့သူတွေ အတွက်တော့ Air Bus Café မှာ အချိန် ဖြုန်းလို့ရပါတယ်။Air Bus Café ဆိုတာ အရင်က Golden Airways ဂျက် လေယာဉ်ကို အသွင်ပြောင်းထားတဲ့ကော်ဖီဆိုင်ဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ ရွှေပြည် အပန်းဖြေစခန်းအ တွင်းက massage မာဆတ် လုပ်ပေးတဲ့ ၊ ကိုယ်လက်တွေလန်းဆန်းသွားစေတဲ့ ကုသမှုတွေ ခံယူနိုင်တဲ့ Shwe Pyi Spa မှာလည်း အချိန်ဖြုန်း အနားယူ လို့ရပါသေးတယ်။
ပျော်ရွှင်စရာနောက်တစ်ခုအနေနဲ့ကတော့ Mini-golf အသေးစားဂေါဖ့် ရိုက်လို့ ရတဲ့ နေရာလေးရှိခြင်း၊ လက်ဆောင်တွေဝယ်သွားလို့ရတဲ့ အရမ်းစုံတဲ့လက်ဆောင်ဆိုင်လေးလည်းရှိပါတယ်။ အပန်းဖြေစခန်းကို မရောက်ခင် ဧည့်သည်တွေအနေနဲ့ လေဆိပ်ကနေအကြိုအပို့တို့၊ ငွေလဲတာတို့ လုပ်ချင်ပါကလည်း တောင်းဆိုလို့ရပါတယ်။ အဲ့ဒါ တွေကြောင့်မို့ပဲ နိုင်ငံတွင်းက ဧည့်သည်တွေကော နိုင်ငံတကာက ဧည့်သည်တွေကပါ အခြားသောနေရာနဲ့ ဟိုတယ် တွေကို ယှဉ်လိုက်ပါက အတူတူပဲဆိုရင်တောင် ဒီ Resort လေးကို ပိုပြီးကောင်းတဲ့ အကြံပြုချက်တွေ ၊ မှတ်ချက်တွေ ပေးသွားတတ်ကြပါတယ်။
သတင်းအချက်အလက်၊ လိပ်စာ။
လိပ်စာ။ နံပါတ် ၉၉ ဂ၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ ၁၀မိုင်၊ ပဲခူး တိုင်း၊ မြန်မာ။ Ph +959977991900 Hotline: +959457400006 Email:sales@kmahotels.com, spr.rsv@kmahotels.com WEB: http://www.kmahotels.com/shwepyi/
သုံးသပ်ချက်
![ရွှေပြည် အပန်းဖြေစခန်း။](/media/interest/thumbnail/Shwe-Pyi-Resort_9.jpg)
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။