အရှေ့တောင်အာရှရဲ့ နာမည်ကျော် ညဈေးတန်းများ နဲ့ ရန်ကုန် ညဈေးတန်းအား နှိုင်းယှဉ်ခြင်း
2019-05-20edit Annalyssabညဈေးတန်းများကြောင့် အရှေ့တောင်အာရှဒေသအား လူသိများသည်။ နေဝင်ပြီဆိုသည်နှင့် ဈေးဆိုင်ရွက်တဲများ အလျို လျိုပေါ်လာပြီး လူအများက ဈေးဆိုင်တန်းများဆီ တိုးဝှေ့ဝင်ရောက်လာကြပါတော့သည်။ နေ့အချိန်က တိတ်ဆိတ်ပြီး ညစ်ပေနေပုံရသော လမ်းများတွင် ဈေး သက်သာသောအမှတ်တရလက်ဆောင်နှင့် စားအသောက်ကောင်းကောင်းများ စားသုံးရန် သွားလာကြည့်ရှုနေကြသော ထောင်နှင့်ချီသည့် လူများဖြင့် ပြည့်နှက်သွားတော့၏။ လမ်းဘေးဈေးဆိုင်များမှအစားအစာများကြောင့် တရုတ်တိုင်ပေက ကျော်ကြားသည်။ အထူးခြားဆုံး အတွေ့အကြုံများ ခံစားတွေ့ကြုံရနိုင်သော အများနှင့်မတူတမူထူးခြားလှသောညဈေးတန်း ထိုင်းနိုင်ငံတွင်ရှိသည်။ ဗီယက်နမ်ကတော့ လှေဖြင့် ရောင်းချသော ရေပေါ်ဈေးနှင့် ထူးခြားသောထုတ်လုပ်မှုများကြောင့် လူသိများပါသည်။ ဤအခင်းအကျင်းကိုကြည့်လျှင် အရှေ့တောင် အာရှသည် ကမ္ဘာ့လှည့်ခရီးသွားများအတွက် ထိပ်တန်းခရီးစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်နေသည်မှာ ထူး၍ မဆန်းတော့ပေ။
ရန်ကုန်မြို့၊ ကမ်းနားလမ်းတွင် ညဈေးတန်းရှိသော်လည်း ဆွဲဆောင်မှုဖြစ်စေမည့်အရာအတော်များများ လစ်ဟာနေသည်။ သစ်သီးဆိုင်များ၊ - နှင့် စားသောက်ဆိုင်များ ရှိပင်ရှိသော်လည်း လူမစည်ကားပေ။ ထို့အပြင် ကမ်းနားလမ်းရှိ ရန်ကုန်ည ဈေးတန်းသည် သန့်ရှင်းမှုမရှိခြင်းနှင့် ရောင်းကုန်များမှာလည်း အမှိုက်ပုံးအတွင်း တွေ့ရတတ်သည့်အရာများနှင့် တူညီနေတတ်သော အဟောင်းဆိုင်စတိုးမှပစ္စည်းများ နှင့် တူညီနေခြင်းကြောင့် လူသိများသည်။ ညဈေးတန်းတခုလုံးအား ပြုပြင် ပြောင်းလဲအဆင့်မြှင့်ရန်နှင့် သန့်ရှင်းမှုစံနူန်းများဖြင့် သတ်မှတ်ပြောင်း လဲပုံဖော်ရန် နှစ်နှင့်ချီပြီး ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများ ဆောင်ရွက်နေဆဲဖြစ်ပုံရသည့်အချိန်တွင် အခြားသောဈေးများက တဖြည်းဖြည်းချင်းပေါ်ပေါက်လာခဲ့သည်။
ခေတ်သစ် အစားအသောက်ဆိုင်များအမျိုးအစားအစုံအလင် ပါဝင်သည့်ဈေးသည်များနှင့်အတူ အကောင်းဆုံး ဘာဘီကျု နှင့် လမ်းဘေး ခေါက်ဆွဲများပါဝင်သော အထူးပွဲတော်များအတွက် ပြည်သူ့ဥယျာဉ် သို့မဟုတ် ကန်တော်ကြီးရေကန်တွင် ကျင်းပလေ့ရှိသည်။ လက်မှုပညာ ပစ္စည်းရောင်းချသူများနှင့် အောဂဲနစ်ထုတ်ကုန်များစွာကို ရွေးမကုန်နိုင်အောင် မြင်ရပါ လိမ့်မည်။ အဆိုပါပွဲတော်များနှင့်ပတ်သက်၍ ပြောစရာ ရှိသည်မှာ ယာယီဈေးများဖြစ်နေခြင်းပင်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သင့်လျော်သောဈေးကို တွေ့ရှိခဲ့ပါပြီ။
ဆိပ်ကမ်းအာဏာပိုင်များရုံးအနီး ပန်းဆိုးတန်းအောက်ဘလောက်ခ်တွင် ရန်ကုန်မြို့တဝှမ်းမှ ဒေသခံများနှင့် နိုင်ငံခြားသား များအားလုံးကို ဆွဲဆောင်နိုင်သော စနေ၊တနင်္ဂနွေဖွင့်သည့်ဈေးတန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ဖွင့်ကာစအသစ်ဖြစ်သကဲ့သို့ အရွယ်အစားအားဖြင့် အတော် အတန်သေးငယ်ဆဲဖြစ်သော်လည်း ကောင်းမွန်သင့်လျော်သည့် ဈေးတန်းတစ်ခုပင်ဖြစ်သည်။ လက်ရှိအချိန်တွင် စနေ၊တနင်္ဂနွေ သာဖွင့် ပါ သေးသည်။ သို့သော် တစ္တေမြို့ဟုဆိုရလုနီးပါးဖြစ်နေသော ကမ်းနား လမ်းညဈေးတန်းအတွက် ကြီးမားသော တိုးတက်ဖြစ်ထွန်းမှုဟု ဆိုရပါ မည်။ ထိုင်းနိုင်ငံတွင် တွေ့မြင်ရသည့်ဈေးနှင့် ဆင်တူသည့်ပုံစံဖြင့် ဤဈေးကို စီစဉ်ထားခြင်းဖြစ်သည်။
ဤဈေးတန်းတွင် အဝတ်အထည်ရောင်းချသူများ၊ ထုတ်ကုန်နှင့် လက်မှုပစ္စည်းများ၊ ကစားနည်းများ၊ အစားအစာ၊ ဘီယာ၊ ဘိုဘာနှင့် အစား အသောက်ကောင်း များစွာကို ရွေးချယ်နိုင်ပါသည်။ အနှစ်ခြိုက်ဆုံးအစားအစာကိုဖော်ပြရလျှင် ရှမ်းအစားအစာတမျိုးဖြစ်သော အုန်းသီးဝေဖါ သို့မဟုတ် ဒေသထွက် စတော်ဘယ်ရီဝိုင်ဖြစ်ပါသည်။ ထိုင်းခေါက်ဆွဲကြော်မှာလည်း အရသာကောင်းမွန်လှသကဲ့သို့ ထိုင်းနို့လက်ဖက်ရည်မှာ လည်း ရေဓါတ်ဆာလောင်မွတ်သိပ်မှုကို အံ့မခမ်းဖြေဖျောက်ပေးနိုင်စွမ်းရှိပါသည်။
ခြုံငုံပြောရလျှင် ဤညဈေးတန်းလေးသည် ယခင်ဈေးများ၏အစဉ်အလာနှင့်မတူ ထူးခြားသက်ဝင်မှုများဖြင့် ဆွဲငင်ဖမ်းစားနေသည်။ အရွယ်အ စားသေးငယ်ခြင်းကြောင့် ရွေးချယ်စရာမများလှပေ၊ ကန့်သတ်ချက်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း အဆာပြေ စားသောက်နိုင်သည့် သွား ရည်စာမျိုးစုံကို အရသာရှိရှိရှာဖွေသုံးဆောင်ရန် များစွာလွယ်ကူပါသည်။ ကမ်းနားလမ်းညဈေးတန်းသည် မည်သို့မည်ပုံဆက်ဖြစ်လာမည်ကို လက်ရှိအချိန်တွင် မသိရှိနိုင်သေးပါ။ သို့သော် ပန်းဆိုးတန်းညဈေးတန်းကတော့ များစွာကောင်းမွန်လာလိမ့်မည်ဟု ဆိုရပါမည်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။