တောင်ကြီး တန်ဆောင်တိုင် ပွဲတော် သို့မဟုတ် မီးပုံးပျံပွဲ

2018-10-06edit Marie Win

Heho-airport (Source: wikimedia) (Source: wikimedia)
တောင်ကြီးမြို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီးသာဇီကျိုင်းတုံလမ်းမကြီးပေါ ်တည်ရှီကာ ရွှေညောင်မြို့နဲ့ အင်းလေးကန်ရဲ့ မြောက်ဘက်မှာတည်ရှိပါတယ်။ တောင်ကြီး မြို့ဟာ မြန်မာနိုင်ငံရဲ့ ငါးခုမြောက်အကြီးဆုံးမြို့ တော်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ပေ(1.436m) အမြင့်မှာတည်ရှိပါတယ်။ ရာသီဥတုက အေးမြပြီး သာယာလှပ ပါတယ်။ တောင်ကြီးကို အဓိကသွားလို့ရတာကတော့ တောင်ပေါ ်လမ်းကနေဖြစ်ပါတယ်။ အနီးဆုံး လေဆိပ်ကတော့ ဟဲဟိုးလေဆိပ်ဖြစ်ပြီး တောင်ကြီးအနောက်ဘက် လမ်းကနေမောင်းရင် ၂၄မိုင်လောက်သွား ရပါတယ်။ ဟဲဟိုးကနေပြီး ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ တို့ကိုပုံမှန်ပျံသန်းလေ့ရှိပါတယ်။ တောင်ကြီးဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာမှာ အင်းလေးကန်၊ ပင်းတယ၊ ကက္ကူဘုရားတို့ဟာ နာမည်ကြီးလှပါတယ်။

တန်ဆောင်တိုင်ပွဲတော်သို့မဟုတ် မီးပုံးပျံပွဲ။

Tazaungdaing-Festival (Source: wikimedia)
တောင်ကြီးမြို့ဟာ တန်ဆောင်တန်ပွဲတော် သို့မဟုတ် မီးပုံးပျံပွဲတော်နဲ့ နာမည်ကြီးလှပြီးတော့ ပွဲကိုတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပပါတယ်။ တန်ဆောင်မုန်းလဟာ မြန်မာပြက္ခဒိန်အရ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလောက်မှာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ငြင်းလို့မရအောင်ကို နာမည်ကြီးကျော်ကြားတဲ့ပွဲဖြစ်ကာ ဒီပွဲတော်ကျင်း ပတဲ့အချိန်ဟာ မိုးရာသီကုန်ဆုံးတဲ့အချိန်လို့ အသိအမှတ်ပြုမှတ်ထားကြပါတယ်။ ပွဲတော်ကြီးထဲမှာ ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ၊ ဘုရားဖူးများ ထောင်နဲ့ချီပြီးလက်ခံကျင်းပကာညကောင်းကင်မှာ မီးပုံးပျံတွေဟာ ကျွမ်းကျင်တဲ့သူတွေမီးပုံး ပျံအလှပြိုင်ကြတာကော၊ မကျွမ်းကျင်သေးတဲ့သူတွေ မီးပုံးပျံအလှလွှတ်ကြတာတွေနဲ့ ကောင်းကင်ကြီးတစ်ခုလုံး ငေး ကြည့်ချင်စရာကောင်းအောင်လှပါနေတတ်ပါတယ်။ Tazaungdaing-Festival နေ့ခင်းအချိန်မှာတော့ ကောင်းကင်မှာ တိရစ္ဆာန်အရုပ်ပုံစံမီးပုံးပျံတွေ လွှတ်တင်တတ်ကြပါသေးတယ်။ Tazaungdaing-Festival ဒါပေမယ့် ညဘက် ပွဲတော်နဲ့မီးပုံးပျံတွေကတော့ ပိုပြီး ကြည့်လို့ကောင်းပါတယ်။ ပွဲတော်ကွက်လပ်ကြီးမှာ လူတွေ စည်ကားစွာနဲ့ရှိပါတယ်။9m အရှည်ရှိတဲ့မီးပုံးပျံဟာ အပျော်အတွက်ကြည့်လို့ကောင်း တယ်လို့ပဲ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်မီးပုံးပျံလွှတ်သူတွေကတော့ အဲ့ဒီဒေသကလူတွေအတွက် အလွန်တန်ဖိုးရှိလှပါတယ်။ သူတို့ရဲ့အုပ်စုလိုက်အလုပ်လုပ်ကြပုံကို မီးပုံးပျံလွှတ်ရာမှာမြင်နိုင်ခြင်းနဲ့ သူတို့ရဲ့ ရိုးရာဓလေ့ ချစ်မြတ်နိုးမှုကို မြင်ကြရမှာဖြစ်ပါတယ်။ မီးပုံးပျံတွေကို ရှမ်းပြည်နယ်က ထွက်တဲ့စာရွက်တွေနဲ့ပြုလုပ်ကာ ဒီဇိုင်းတွေရယ်၊ တည်ဆောက်တာတွေကိုတော့ ပါဝင်သူ တွေက လုပ်ကြပါတယ်။ ဖယောင်းတိုင်များ၊ ပန်းချီများ၊မီးရှုးမီးပန်းတွေအားလုံးကိုလည်း လချီကြိုပြီးတော့ လက်နဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ပွဲတော်မှာ မီးပုံးပျံပုံစံနှစ်မျိုးရှိပါတယ်။ စိန်နားပန်(ဖယောင်းတိုင်များနဲ့ အလှဆင်ထားခြင်း) နှင့် ညမီးကျည်( မီးရှုးမီးပန်းများနဲ့ အလှဆင်ထားခြင်း) ဆိုပြီးနှစ်မျိုးရှိပါတယ်။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


တောင်ကြီး တန်ဆောင်တိုင် ပွဲတော် သို့မဟုတ် မီးပုံးပျံပွဲ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း