တက္ကဆပ်ကိုရောက်သွားသလိုခံစားရစေမယ့် TEXAS BAR
2019-08-29edit Yamone
America မှာရှိတဲ့Texas ပြည်နယ်ရဲ့ အငွေ့အသက်လေးတွေကို အခိုက်အတန့်လေးမှာပဲဖြစ်ဖြစ်ရရှိခံစားနိုင်သလို European အစား အစာကောင်းကောင်းတွေကိုလည်းဈေးနှုန်းအသင့်အတင့်နဲ့စားမယ် ။
ဒီလိုဆိုရင်တော့မန္တလေးမြို့မှာ မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ '' TEXAS BAR '' နဲ့မိတ်ဆက်ပေးချင်ပါတယ် ။
ဆိုင်အပြင်အဆင်ကတော့ လုံးဝ classy ဖြစ်တဲ့အပြင် Rocker ကြီးများအကြိုတ် ဒီဇိုင်းပဲဖြစ်ပါတယ်။ ဆိုင်မှာအလှတပ်ဆင်ထားတဲ့မီးအိမ်/ဆေးလိပ်ခွက်မှအစ တော်တော်များများ အသုံးအဆောင် ပစ္စည်းတွေကိုတော့ USက နေတိုက်ရိုက်မှာပြီး အလှဆင်ထားတာပဲဖြစ်ပါတယ် ။
ဆိုင်ဖွဲ့စည်းပုံကတော့ အထပ်သုံးထပ်ပါရှိပြီး ညနေဘက်အေးအေးဆေးဆေး ထိုင်ချင်သူများအတွက်လည်း ဆိုင် အတွင်း၊ အပြင် ကြိုတ်နှစ်သက်ရာရွေးချယ်ထိုင်နိုင်ပါတယ်။ ညပိုင်း မန္တလေးမြို့အလှ night view ကို ကြည့်ချင်သူများအတွက် လည်း အပေါ်ဆုံးထပ်မှာ Bar ရှိပါသေးတယ် ။
ဓါတ်ပုံရိုက်ချင်သူများအတွက်လည်း အေးဆေးသပ်ရပ်လှတဲ့ သည့်အပြင် Wi-Fi လည်း ကောင်းသလို ညဘက်မှာလည်း Dim light မီးရောင်ဖျော့ဖျော့လေး ဖွင့်ပေးထားတာကြောင့်ချစ်သူနဲ့အတူလာထိုင်ပြီး Ro ချင်သူများအတွက် ကွက်တိ ပါပဲနော်။
ချစ်သူစုံတွဲတွေအတွက် ဆွတ်ပျံ့ကြည်နူးဖွယ်ညနေခင်းလေးတွေကို ဖန်တီးပေးရုံတင်မကပါဘူး။ ကိုယ့်ရဲ့မွေးနေ့မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ လွတ်လပ်ပေါ့ပါးတဲ့အချိန်တွေကိုလည်း ပိုင်ဆိုင်နိုင်အောင် Texas Bar က ကူညီပေးနိုင်ပါသေးတယ်။
ယမုံစားဖြစ်ခဲ့တဲ့အစားအစာတွေကတော့ Mexican ကြက်ကြော်နဲ့ beef steak ပဲဖြစ်ပါတယ်။ Mexican ကြက်ကြော်ရဲ့အရသာကတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ကြက်သားကနုအိ နေတာပါပဲ။ စားဖူးသမျှထဲတော့ အရသာအရှိဆုံးပဲလို့ပြောပလို့ရတယ်။ Beef steak ရဲ့အရသာကတော့ အသားကတော့မာလည်းမမာ၊ ပျော့လည်းမပျော့အနေတော်ပဲ။ လတ်လတ်ဆတ်ဆတ်ရာသီပေါ်အသီးအနှံတွေကိုပဲထည့်သုံးပေးထားတာကြောင့် ယမုံကတော့ beef steak ကို recommend ပေးချင်ပါတယ် ။
တက္ကဆပ်ဘားဆိုတဲ့အတိုင်း ဆိုင်ရဲ့အခင်းအကျင်းကြောင့် တက္ကဆပ်ရဲ့ အငွေ့အသက်တင်မကဘဲ အထိ အတွေ့ကိုပါ ရစေနိုင်တာကတော့ Cowboy ဟင်းလျာတွေရရှိနိုင်တဲ့အချက်ပါပဲ။ အစားအသောက်အနေနဲ့ လတ်ဆတ်တဲ့ သဘာဝ အသီးဖျော် ရည်တွေရနိုင်သလို cocktail အမျိုးမျိုးလည်း ရရှိနိုင်ပါတယ်။ အမေရိကန် ကောင်းဘွိုင်ဘားတစ်ခုရဲ့ အငွေ့အ သက်ကို ခံစားရင်း အမေရိကန်နိုင်ငံကထုတ်လုပ်တဲ့ Lostcoast Beer သံဗူး ကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။
ဒါ့အပြင် စားသောက်ပြီးချိန်အချိုပွဲအနေနဲ့ ကောင်းမွန်လတ်ဆတ်တဲ့ အမေရိကန်ရေခဲမုန့်တွေကိုလည်း Texas Bar မှာ ရရှိနိုင်ပါသေးတယ်။
ဒါကြောင့် အားလပ်ရက်တွေမှာပဲဖြစ်ဖြစ် Weekend တွေမှာပဲဖြစ်ဖြစ်တစ်နေ့တာပင်ပန်းမှုတွေကို မိသားစု မိတ်ဆွေသူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးအနားယူပြီး စားသောက်လို့လည်းရတဲ့TEXAS BAR ကိုသွားရောက်ဖို့အကြံပြု အကြုံပြုလိုက်ပါတယ်နော်။
ADDRESS
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။