သနပ်ခါး

2019-01-22edit MyoMinThu


သနပ်ခါး မြန်မာလူမျိုးတို့ရဲ့သင်္ကေတ၊ မြန်မာနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုလေးပေါ့။ သနပ်ခါးကိုမျက်နှာတွင်လိမ်းခြယ်ထားသည်ကိုအများအားဖြင့်တွေ့မြင်နိုင်သော်လည်း ခြေ၊ လက်၊ လည်ပင်း အစရှိသည်ဖြင့်လည်း လိမ်းခြယ်နိုင်သည်။ တစ်ချို့သော မြန်မာအမျိုးသမီးများသည် အပြင်ထွက်သည့်အခါနေရောင်ဒဏ်ကို ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ ခန္ဓာကိုယ်အနှံ့အပြားသို့လိမ်းလေ့ရှိသည်။ သနပ်ခါးသည် အရောင်အသွေးအားဖြင့် ဝါဖျော့ဖျော့ အရောင်ရှိသော်လည်း ထွက်ပေါ်ရာနေရာဒေသကိုလိုက်၍ သနပ်ခါအမျိုးအစား အရောင်အသွေး အရည်အသွေး ကွာခြားနိုင်ပါသည်။ သနပ်ခါးလူးခြင်းသည် မြန်မာကိုယ်ပိုင်ဓလေ့ထုံးစံဖြစ်ပြီး ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့ပင် ပျံ့နှံ့သွားတော့သည်။

သမိုင်းထဲကသနပ်ခါး


သနပ်ခါးကို မြန်မာတို့ လိမ်းခြယ်ရန်အသုံးပြုလာသည်မှာ ပုဂံခေတ်မတိုင်ခင်ကပင် ဟု ယူဆရပြီး လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ထဲက သုံးစွဲခဲ့သည်ဟု ခန့်မှန်းကြသည်။ သို့သော်လည်း သမိုင်းအတိအကျရေးသားခဲ့ခြင်းမရှိပဲ ဟံသာဝတီပြည့်ရှင် ရာဇဓိရာဇ်(ဗညားနွဲ့) လက်ထက်(အင်းဝခေတ်)တွင်ရေးသားခဲ့သော ကဗျာတွင်မှ သနပ်ခါးအကြောင်းကိုစတင်ရေးသားခဲ့သည်ကို တွေ့ရှိရသည်။


သနပ်ခါးကိုဘယ်လိုရရှိနိုင်လဲ

Thanaka သနပ်ခါးဆိုတာမြန်မာပြည်အလယ်ပိုင်း(အပူပိုင်းဒေသ)မှာပေါက်ရောက်တဲ့အပင်တစ်မျိုးပါ။ အရည်အသွေးကောင်းတဲ့သနပ်ခါးတစ်ပင်ရရှိဖို့အတွက် ၃၅နှစ်အထက် စောင့်ဆိုင်းခဲ့ရသော်လည်း ယနေ့ခေတ်တွင်တော့ ၃နှစ် မှ ခုနှစ်နှစ်အတွင်းသက်တမ်းရှိသော သနပ်ခါးများသည်လည်းရောင်းတမ်းဝင် သနပ်ခါးများဖြစ်နေပြီဖြစ်သည်။ နာမည်အကြီးဆုံး သနပ်ခါးမျိုးများမှာ စစ်ကိုင်းတိုင်းဒေသကြီးကထွက်သော ရွှေဘိုသနပ်ခါးနှင့် မကွေးတိုင်းမှထွက်သော ရှင်မတောင်သနပ်ခါးဖြစ်ပါသည်။


ဘယ်လိုအသုံးပြုမလဲ

Thanaka သနပ်ခါးအခေါက်မှသွေး၍ရရှိသော အရည် မကျဲမပြစ်လေးအား ရှေးယခင်ကပင် မြန်မာအမျိုးသမီးများ၏ ပင်တိုင်အလှကုန်ပစ္စည်းအဖြစ်သုံးစွဲခဲ့ကြသည်။ သနပ်ခါးအခေါက်ကို ရေအနည်းငယ်ထည့်၍ ကျောက်ပြင်ပေါ်တွင်သွေးခြင်းဖြင့် အကုန်အကျသက်သက်သာသာနဲ့ အရည်အသွေးကောင်းသော သဘာဝအလှကုန် မြန်မာသနပ်ခါးကိုရနိုင်ပြီဖြစ်သည်။ သနပ်ခါး၏ အခြားသော အစိတ်အပိုင်းများစွာကို ဆေးဝါးထုတ်ကုန်များအဖြစ် အခြားသောနိုင်ငံများတွင် အသုံးပြုသော်လည်း အလှကုန်ပစ္စည်းအဖြစ်သုံးစွဲသည်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံထဲသာရှိပေသည်။ ယနေ့ခေတ်တွင် သနပ်ခါးကို ပိုမိုလွယ်လွယ်ကူကူအသုံးချ၍ရပြီး ယခင်ကကဲ့သို့ သနပ်ခါးတုံးပုံစံဖြင့်မဟုတ်ပဲ ခေတ်မှီထုတ်ပိုးမှုပုံစံများဖြင့်သုံးစွဲကြသည်ကိုတွေ့ရသည်။ လက်ရှိတွင် ရွှေပြည်နန်းနဲ့ တောင်ကြီးမောက်မယ်တို့သည် လက်ရှိ သနပ်ခါးဈေးကွက်တွင်နာမည်အကြီးဆုံးဖြစ်သည်။ ‘’ ‘’


သနပ်ခါးရဲ့စွမ်းအာ:

မြန်မာတော်တော်များများမှ သနပ်ခါးဟာသူတို့အသားအရေကို ပိုမိုတိုး၍ ညက်ညောလှပစေသည် ဟုယုံကြည်ကြပြီး အချို့ယောကျာ်းလေးများ၊လူကြီး လူငယ် မကျန် လိမ်းခြယ်လေ့ရှိသည်။ နေရောင်ဒဏ် ကာကွယ်ရန်ဖြစ်စေ၊ အသားအရေဝင်းပရန်ဖြစ်စေ၊ ဝက်ခြံ အဖု များ သက်သာစေရန်ဖြစ်စေ သနပ်ခါးလိမ်းကြသည်။ သနပ်ခါးသည် အေးမြသော အထိအတွေ့ရှိသည့်အလျောက် ခြောက်သွေ့သောအသားအရေကိုလည်း ကုသပေးနိုင်ပါသည်။


ဘယ်သူတွေသနပ်ခါးလိမ်းကြလဲ

Thanaka appleyayee / Shutterstock.com Thanaka EASYWAY / Shutterstock.com

တကယ်လို့ သနပ်ခါးလိမ်းထားတဲ့လူများကိုမြင်ဖူးချင်ပါက နိုင်ငံအတွင်း လူနေများတဲ့မည်သည့်နေရာတွင်မဆို လမ်းသာလျှောက်ပြီးရှာဖွေလိုက်ပါ။လက်ညှိုးထိုးမလွဲတွေ့နိုင်ပါသည်။ နောက်ဆုံးပေါ်အလှကုန်ပစ္စည်းတွေ တစ်နေ့ပြီးတစ်နေ့အသစ်များပေါ်ပေါက်နေသော်လည်း မြန်မာအချို့ကတော့ သနပ်ခါးကို မစွန့်လွှတ်နိုင်ပဲ ရေးမြဲရေးဆဲပါ။ ကျောင်းသားကျောင်းသူလေးများ၊ ရုံး(သို့မဟုတ်)ဈေးဝယ်စင်တာများတွင်တွေ့မြင်နိုင်သောအမျိုးသမီး ငယ်များ သာမက ဈေးထဲတွင်ခြင်းတောင်းကြီး ကိုင်ကာ လှုပ်ရှားသွားလာနေသော အမျိုးသမီးကြီးများ၏ မျက်နှာပေါ်တွင် သနပ်ခါးသည် နေရာယူနေမြဲပင်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မြန်မာလူနေမှုပုံစံနှင့် သနပ်ခါးကို ခွဲထုတ်၍မရခြင်းဖြစ်သည်။ သေချာတာပေါ့။ သဘာဝအလှကုန်ပစ္စည်းဖြစ်သည့်အားလျော်စွာ ဓာတုဗေဒထုတ်ကုန်များထက် လူကို အန္တရာယ်လျော့ပါးစေတယ်။ အသုံးပြုသူများမှာလည်း စိတ်ရောကိုယ်သက်တောင့်သက်တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိလာစေပါသည်။ အဲ့တော့ သင် သနပ်ခါးကို တစ်ခါလိမ်းဖူးတာနဲ့ ကြိုက်နှစ်သက်သွားမယ်ဆိုတာ အာမခံပြီး မလိမ်းရသေးပါက အလျင်အမြန် လိမ်းခြယ်လိုက်ဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


သနပ်ခါး
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း