မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်

2018-07-25edit MyoMinThu

thingyan Thingyan festival (Source: wikimedia)

ပွဲတော်တွေဟာဆိုရင် တကမ္ဘာလုံးက လူတွေအတွက် ထိန်းသိမ်းထားတတ်သော အချိန်အခါ လေးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိတ်ဝင်စားဖို့ကောင်းပီး အရောင်အသွေးစုံသောပွဲတော်တွေနဲ့ ပြည့်နှံ့နေပါတယ်။ အဲ့ပွဲတော်တွေထဲမှာသင်္ကြန် (ရေသဘင်ပွဲတော်) ကဆိုရင် မြန်မာနိုင်ငံမှာအကြီးကျယ်ဆုံးနဲ့ လူသိအများဆုံးပွဲတော်ဖြစ်ပီးနိုင်ငံခြားခရီးသွားတွေကိုအလွန်ဆွဲဆောင်နိုင်သောပွဲတော်တစ်ခုဖြစ်ပါတယ်။ အဲ့တာကသင်္ကြန်ပွဲတော်တင်မကပဲ ၄ရက်မှ ၅ရက်ကြာကျင်းပလေ့ရှိသောအေပရယ်လ်လလလယ်လောက်မှာ ပြုလုပ်တဲ့ မြန်မာနှစ်သစ်ကူးပွဲတော်လို့လည်းလူသိများပါတယ်။ နှစ်ကူးခြင်းဟုအဓိပ္ပာယ်ရသော“သာကူး” ဟူသောစာလုံးကနေပြောင်းလဲခေါ်ဆိုသောတန်ခူးလဟာဆိုရငါ မြန်မာလပြက္ခဒိန်ရဲ့ ပထမဆုံးသောလဖြစ်ပါတယ်။ အဲ့ဒီလအတွင်းမှာနေရဲ့ရွေ့လျားမှှုက မိန်ရာသီကနေမိဿရာသီသို့ပြောင်းလဲလာပါတယ်။ အဲ့တာကသာမန်နှစ်မှာဆို ၄ရက်ကြာလေ့ရှိပီးရက်ထပ်နှစ်မှာ ၅ရက်ကြာလေ့ရှိပါတယ်။

ဘာသာရေးပွဲ လှုပ်ရှားမှုမျိုးစုံစတင်လုပ်တဲ့နေ့ သင်္ကြန်ပွဲတော်ပထမနေ့ဖြစ်တဲ့ “အကြိုနေ့” ကစတင်ရျ် ဒုတိယနေ့ “အကျနေ့”၊ တတိယနေ့ “အကျတ်နေ့” နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ “အတတ်နေ့” ဟူရျ် ရှိပီးရက်ထပ်နှစ်ရောက်ရင်တော့ “အကျက်နေ့” တစ်ရက်ထပ်တိုးပီး “အကျတ်နေ့” နှစ်ရက်ဖြစ်သွားတယ်ဗျ။ အဲ့ ၄၊ ၅ရက်ပီးတော့ မြန်မာလ ပြက္ခဒိန်မှာနှစ်သစ်ပထမနေ့ကိုစတင်ပြောင်းလဲပီးဖြစ်ပါတယ်။ သင်္ကြန်အားလပ်ရက်တွေဟာဆိုရင် လူထုအားလပ်ရက်တွေထဲမှာ အရေးအကြီးဆုံးဖြစ်ပီး ကျောင်းရာသီနှစ်ပီးဆုံးပီး နွေရာသီကျောင်းပိတ်ရက် စတင်ပီဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာဆိုရင် ထိုင်းနိုင်ငံနဲ့ လာအိုနိင်ငံတို့ကSongkranနဲ့ ကမ္ဘောဒီးယားနိုင်ငံံရဲ့ ChoulChnamThmeyကဲ့ သို့သောတခြားပွဲတော်တွေနဲ့ဆင်တူပါတယ်။ သင်္ကြန်ရက်အတွင်းမှာသိကြားမင်းကလူ့ပြည်ကိုဆင်းသက်လာပီးနှစ်စဉ်နှစ်တိုင်းလူတွေရဲ့ ပြုလုပ်ခဲ့သမျှ မကောင်းမှု ကောင်းမှု တို့ကိုရေးမှတ်ထားလေ့ရှိတယ်လို့ လူတွေကယုံကြည်ထားကြတယ်။ အဲ့ဒါကြောင့်ပဲလူတွေဟာသင်္ကြန်တွင်းမှာကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်ကြပါတယ်။

မြန်မာသမိုင်းထဲမှာတော့ ပုဂံအင်ပါယာရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ နရသီဟပတေ့မင်းကလူအများရှေ့မှာသူရဲ့ မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ မိဖုရားစောလွန်းကိုရေဖြစ်လောင်းကာစနောက်ရန် ကြိုးစားခဲ့ဖူးတယ်။ သူမတစ်ကိုယ်လုံးခေါင်းစခြေဆုံးရေတွေစိုရွှဲကာအဲ့လုပ်ရပ်ကြောင့်ပဲရှက်စိတ်လည်းဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူမဟာဘုရင်ကြီးဘုရင်ကြီးစားမယ့် အစာထဲမှာအဆိပ်ခတ်ပီးသေကြောင်းကြံရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပါဘူး။ ထို့ကြောင့်ပဲသူမရဲ့ လုပ်ရပ်ကြောင့် သူမဖမ်းဆီးခံခဲ့ရပီးကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ ဒီသမိုင်းကို ကြည့်ခြင်းအားဖြင့် သင်္ကြန်ဆိုတာပုဂံမင်းဆက်ခေတ်ကတည်းကစတင်ခဲ့တာလို့ ပြောလိုရပါတယ်။ ရှေးခေတ်အချိန်တွေတုန်းကဗမာ့မင်းတွေကမော်လမြိုင်မြို့အနီးကကျောက်စရစ်ကျွန်းဖြစ်တဲခေါင်းဆေးကျွန်း (ရှန်ပူကျွန်း)မှ ရေကြည်ရေသန့်တွေနဲ့ ခေါင်းဆေးမင်္ဂလာပွဲများ ပြုလုပ်ဆင်နွှဲလေ့ရှိခဲ့ကြတယ်။ သူတို့ဟာနှစ်ဟောင်းကမကောင်းတဲ့ ရောဂါဘယတွေ၊ မကောင်းတဲ့ အတွေးတွေ၊ အပြစ်တွေကိုရေနဲ့ဆေးကြောခြင်းဟာနှစ်သစ်ကိုဘယ်အဆိုးတွေမှ သယ်မသွားပဲဂုဏ်ရှိရှိနဲ့ ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

Thingyan Ancient Bagan Thingyan painting (Source: wikipedia)

 

ဒေသအလိုက်ကွဲပြားခြားနားသောသင်္ကြန်ကျင်းပပုံများ

သင်္ကြန်ယဉ်ကျေးမှုက မြို့နယ်တွေ၊ တိုင်းတွေအလိုက် ကွာခြားမှုရှိကြပါတယ်။ သာမန်အားဖြင့် ပွဲတော်ရက်တွေကလေးရက် သို့မဟုတ် ၅ရက်ကြာလေ့ရှိပီးတချို့မြို့ပြတွေနဲ့ မြို့နယ်တွေမှာ ၁၀ရက်ကနေ တစ်လအထိ ကြာလေ့ရှိပါတယ်။ မန္ထလေးမြို့မှာတော့ ရိုးရာသံစုံတိးဝိုင်းတွေက ကိုယ်ပိုင်နာမည်တွေနဲ့ သီဆိုဖျော်ဖြေရင်းပုံစံအမျိုးမျိုးဖြင့်အလှဆင်ထားသောသင်္ကြန်အလှပြယာဉ်တွေကိုများစွာတွေ့ရနိုင်ပါတယ်။မင်းအလှပြယာဉ်တွေပေါ်မှာပိတောက်ပန်း (သင်္ကြန်ရဲ့ သင်္ကေတပန်း)တွေပန်ဆင်ပီးသနပ်ခါးတွေ လိမ်းကြံထားသောမြန်မာအမျိုးသမီးအကအဖွဲ့တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အလှပြယာဉ်တွေက မဏ္ဍပ်(စတိတ်စင်)တွေတိုင်းမှာရပ်လေ့ရှိပီးနိုင်ငံရေးအကြောင်းတွေ မူးယစ်ဆေးဝါး၊ ပြစ်မှု၊ ဖက်ရှင်ခေတ်ပေါ်ဒီဇိုင်းတွေအကြောင်းနဲ့ နိုင်ငံတဝှမ်းမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုဟာသနှောကာထောက်ပြရန် ရေးစပ်ထားသောရက်ပ်ပင်စာသားကိုဆိုတဲ့ “သံချပ်”အဖွဲ့မှ သီဆိုရင်း၊ သင်္ကြန်သီချင်းများလည်းတလှည့်စီဖွင့်ရင်းသီဆိုရင်းနဲ့ပေါ့။ ရခိုင်သင်္ကြန်မှာတော့ ရေတွေကိုလောင်းလှေ(လှေအရှည်) ထဲမာဖြည့်ထားလေ့ရှိကြတယ်။ မိန်းကလေးတွေကလောင်းလှေပတ်လည်မှာ ဝိုင်းထိုင်လေ့ရှိပြီး ယောက်ျားလေးတွေကမိန်းကလေးတွေကိုရေပက်ရန် အကွာအဝေးတစ်ခုထိ လာရောက်ပီးခွင့်ပြုချက်တောင်းရပါတယ်။ ယောကျ်ားလေးတွေကဒီလိုသင်္ကြန်ရက်မှာပဲမိန်းကလေးတွေကိုတွေ့ဖို့ အခွင့်အရေးရပီးမိန်းကလေးများမှာတော့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ မိဘတွေရဲ့ အနီးတနေရာကနေစောင့်ရှောက်ကြည့်ရှုခြင်းကိုခံရလေ့ရှိပါတယ်။

Mandalay legendary Thingyan float (Source: Wikimedia)

Thingyan_3 Ancient Float (Source: Wikipedia)

Rakhine Thingyan Rakhine Thingyan (Source: Wikimedia)

Thingyan_dance Myanmar traditional dancer group (Source: wikimedia)

ယနေ့ခေတ်သင်္ကြန်

ယနေ့ခေတ် သင်္ကြန်မှာတော့နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောပီးနှစ်သစ်ကို ကြိုဆိုရန် လူတွေဟာတယောက်နဲ့ တယောက် ရေခွက်မျိုးစုံ၊ ရေပြွတ်သေနတ်တွေ၊ ရေပြွတ်သေနတ်တိုတွေ၊ အပင်ရေလောင်းတဲ့ရေပိုက်တွေနဲ့ မီးသတ်ပိုက်တွေကိုအသုံးပြုပီးရေပတ်ဆော့ကစားကြပါတယ်။ လူတွေကရေသဘင်ပွဲတော်မှာရေဖြန်းပက်ခြင်းဟာဆိုရင် နှစ်ဟောင်းကအညစ်အကြေးတွေ မကောင်းတဲ့ ကံတွေကိုဆေးကြောပီးအကောင်းဆုံးအရာတွေနဲ့နှစ်သစ်ကို ကြိုဆိုနိုင်ကြမယ်လို့ ယုံကြည်ထားကြတယ်။ မင်းသင်္ကြန်ရဲ့ သင်္ကေတဖြစ်တဲ့ ပိတောက်လို့ခေါ်တဲ့ အဝါရောင်ပန်းလေးတွေကို လူတွေရဲ့ခေါင်းပေါ်တွေမှာ မြင်တွေ့ရပါလိမ့်မယ်။ ပိတောက်ပန်းဟာသင်္ကြန်အချိန်အတွင်းမှာရွာတဲ့ ပထမဆုံးမိုးရေနဲ့ ပွင့်လေ့ရှိပီးသင်္ကြန်ပန်းလို့ကော သဘာဝပန်းလို့ကော လူသိများပါတယ်။ လူတွေဟာလမ်းလျှောက်သင်္ကြန်လျှောက်လည်သူကလျှောက်၊ သူငယ်ချင်းတွေစုပီးအမိုးဖွင့်ကားနဲ့ ဒါမမဟုတ် စက်ဘီးတွေနဲ့ မြို့တကာ မဏ္ဍပ်တွေဆီသွားပီးရေပတ်ခံထွက်တဲ့သူကထွက်၊ တရားစခန်းမှာ တရားဘာဝနာ လုပ်တဲ့သူကလု့ပ်၊ ဘုန်းကြီးကျောင်းတွေမှာအလှူပေးဖို့ သွားတဲ့သူကသွားစသည်ဖြင့် သင်္ကြန်ကိုပျော်ရွှင်စွာပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲကြလေ့ရှိကြတယ်။ မဏ္ဍပ်တွေကတော့ rock မဏ္ဍပ်၊ EDM မဏ္ဍပ် စသဖြင့် ပုံစံအမျိုးမျိုးရှိကြပီးမင်းတတ်နိုင်သလောက်ငွေကြေးနဲ့ လက်မှတ်ဝယ်လို့ရပီး နာမည်ကြီးအဆိုတော်တွေရဲ့ တိုက်ရိုက်ပြသတဲ့ပွဲတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။ တချို့လူတွေကတော့ မဏ္ဍပ်တွေရှိတဲ့နေရာတဝိုက်မှာ လမ်းလျှောက်ရင်းဆင်နွှဲရတာသဘောကျကြတယ်။ အဲ့တာကြောင့်လည်းလမ်းမတွေပေါ်မှာလူတွေ ကားတွေနဲ့ ပြည့်ကျပ်နေပီးတယောက်နဲ့တယောက် ရေပတ်တဲ့သူတွေပါ အပါအဝင်ပေါ့။ လူတွေကသူတို့ တတ်နိုင်တဲ့ အကုန်အကျနဲ့ သင်္ကြန်တွင်းမှာရွေးချယ်စရာများများရှိကတည်းကပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ကြပါတယ်။

Padauk

ပိတောက်

Thingyan_yangon Thingyan Mandats (Source: Wikimedia)

ခေတ်မီသင်္ကြန်ပွဲတော်တွေမှာတော့ မဏ္ဍပ်များကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ခွင့်ပြုတဲ့နေရာတွေမှာပဲ ဆိုင်းဘုတ်၊ကြော်ငြာဘုတ်အကြီးကြီးတွေနဲ့ အလှဆင်ကာ ဆောက်လုပ်ကြပါတယ်။ အဓိက မဏ္ဍပ်နေရာတွေကတော့ ရန်ကုန်မြို့ကရန်ကုန်စီးတီးဟောလ်အဝန်း၊ အင်းယားကန်အနီး ပြည်လမ်းတစ်လျှောက်နဲ့ ကမ္တာအေးဘုရားလမ်း တို့ပဲဖြစ်ပါတယ်။ မဏ္ဍပ်အများစုတွေမှာ ဘားတွေ၊ ရေပတ်တဲ့နေရာတွေ၊ ကတဲ့နေရာတွေ၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပွဲအစီအစဉ်တွေ၊ Djတီးတဲ့သူတွေနဲ့ လူသိများကျော်ကြားတဲ့ လှုပ်လှုပ်ရှားရှားကပွဲသီချင်းပွဲတွေ၊ မြန်မာ့ရိုးရာအကပွဲတွေ၊ ခေတ်ပေါ်အကပွဲတွေနဲ့ နာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်ပါတယ်။ အဖွဲ့အစည်းအများစုမှာချမ်းချမ်းသာသာနဲ့ အင်အားကြီကြီးနောက်ခံကောင်းကြပါတယ်။ တချို့ ကုမ္ပဏီကြီးတွေကသူတို့ရဲ့ကုန်ပစ္စည်းတွေကိုရန်ကုန်၊ မန္ထလေးတို့လို မြို့ကြီးပြကြီးတွေမှာကြော်ငြာဖို့ မဏ္ဍပ်တွေကိုဆောက်လုပ်ကြပါတယ်။ အခုခေတ်မှာတော့ ခေတ်မီမဏ္ဍပ်တွေဟာစီပွားဖြစ်ပုံစံလိုဖြစ်လာကြပါတယ်။

Thingyan_foreigner Foreigner enjoying Thingyan (Source: Wikimedia)

အစားအသောက်အလှူ “စတုဒီသာ”

ပွဲတော်ရက်အားလုံးမှာလူတွေက မဏ္ဍပ်တွေကိုစက်ဘီးတွေ၊လျှပ်စစ်စက်ဘီးတွေနဲ့ အမိုးဖွင့်ကားတွေစီးကာလျှောက်လည်လေ့ရှိကြတယ်။ ဦးပဇင်းတွေ၊ သီလရှင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့လူတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလွဲပီးလေးစားမှုကိပြတဲ့အနေနဲ့ ရေနဲ့မပက်ဘဲလူတိုင်းလိုလိုတယောက်ကိုတစ်ယောက် ရေနဲ့ပက်ကာဆော့ကစားကြပါတယ်။ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကပွဲတော်ရက်တွေအတွင် ပိတ်လေ့ရှိကြတယ် ဒါပေမဲ့ စတုဒီသာလို့ခေါ်တဲ့ အစားအစာဒါနအလှူပေးပွဲတွေဟာဆိုရင် မြန်မာတနိင်ငံလုံးနီးပါးမှာကျင်းပကြလေ့ရှိကြပီးမည်သူမဆို ဝင်ရောက်သုံးဆောင်ဆင်နှွဲှနိုင်ကြပါတယ်။ သင်္ကြန်ရိုးရာအစားအစာဖြစ်တဲ့ မုန့်လုံးရေပေါ် လို့လည်းခေါ်တဲ့ ဆန်မုန့်လုံးလေးတွေကရေထဲမှပြုတ်ပီးလုပ်စားရတဲ့ သွားးရည်စာမုန့်မျိုးဖြစ်ပါတယ်။ မုန့်လုံးရေပေါ်ကိုဆန်အနှစ်ထဲထန်းလျက်ခဲထည့်ပီးလုံးကာအပေါ်မှ အုန်းသီးခြစ်ပီးသားအမျှင်လေးတွေ ဖြူးပိးစားရပါတယ်။ မင်းသူငယ်ချင်းတွေကိုမင်းစချရင်တော့ ဆန်လုံးထဲမှာထန်းလျက်အစားငရုတ်သီးထည့်ကာကျွေးလို့ရပါတယ်။

Thingyan Mote-Lone Yay-Paw (Source: Internet)

Thingyan Making Mote-Lone Yay-Paw (Source: Internet)

မြန်မာနှစ်သစ်ကူး

သင်္ကြန်ပွဲတော်နေ့ကိုပျော်ရွှင်စွာဆင်နွှဲပီးတဲ့နောက် ဧပရယ်လ ၁၇ လောက်မှာဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ဘုရားစေတီပုထိုးတွေမှာသန့်ရှင်းရေးကုသိုလ်လုပ်ခြင်းဖြင့် မြန်မာနှစ်သစ်ကို ကြိုဆိုလေ့ရှိကြတယ်။ လူငယ်တွေကသက်ကြီးရွယ်အိုတွေအားရေချိုးသန့်စင်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းနဲ့ လက်သည်းခြေသည်းညှပ်ပေးခြင်းစသည့် ကုသိုလ်ကောင်းမှုတို့ကိုရိုးရာယဉ်ကျေးမှုအနေနဲ့ ပြုလုပ်ပေးလေ့ရှိကြတယ်။ တချို့လူတွေကတော့ ဘုရားလာတဲ့မည်သူကိုမဆိုအစားအသောက်တွေ free ဒါနပြုလုပ်ဝေငှကြပါတယ်။ ဒါ့အပြင် ချုပ်နှောင်ခံထားရတဲ့ ငှက်လေးတွေ ငါလေးတွေနဲ့ နွားတွေကိုလည်းလွတ်ပေးရင်း ကုသိုလ်ပြုကြလေ့ရှိပါတယ်။ လူတွေကသူတို့ တိရိစ္ဆာန်လေးတွေကိုလွှတ်ပေးကြရင်း “မင်းအသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွတ်” ဟုပြောပီးဆုတောင်းလေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေဟာသူများအသက်သတ်တာကမကောင်းတဲ့ လုပ်ရပ်အဖြစ် ယုံကြည်ထားကြပီးနှစ်သစ်ကူးနေ့တွေမှာတော့ အနည်းဆုံးမလုပ်မိအောင် ရှောင်ကြဉ်ဖို့ ကြိုးစားလေ့ရှိကြတယ်။

Thingyan Nail-clipping to elderly people (Source: Internet)

တကယ်လို့ မင်းဟာရွှေမြန်မာနိင်ငံကိုလာလည်ဖို့စီစဉ်နေတယ်ဆိုရင် ဒီပွဲတော်ဟာဆိုရင် မလွတ်သင့်တဲ့ ပွဲတော်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကိုလာလည်ပီးတော့ နှစ်ဟောင်းကအညစ်အကြေးဆေးကြောပီး နှစ်သစ်ကိုလူသစ်စိတ်သစ်နဲ့ မြန်မာလူမျိူးတွေနဲ့အတူဆင်နွှဲရင်းအတွေ့အကြုံတွေကော မြန်မာယဉ်ကျေးမှှုကိုလည်းလေ့လာနိုင်ပါတယ်။ ကျနော် မင်းမှာမေ့လို့မရတဲ့ အချိန်အခါလေးတွေ အမှတ်တရလေးတွေရရှီမယ်ဆိုတာအာမခံနိင်ပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း