မြောက်ဦးကချင်းရွာကိုသွားလည်ကြည့်ခြင်း။
2018-09-25edit Mya NandarUnicode Version
မြောက်ဦး မြို့ဆိုတာလည်ပတ်ဖို့အတွက် ကျွန်မရဲ့ စာရင်းထဲမှာထည့်ထားတာတော်တော်ကြာခဲ့ပါပြီ။ 2017 ဒီဇင်ဘာကျွန်မကစစ်တွေနဲ့မြောက်ဦးကိုသွားတဲ့ခရီးသွားအုပ်စုအဖွဲ့နဲ့ သွားခဲ့ပါတယ်။ ဟုတ်ပါတယ် Tour leader ကနေပြီးတော့ ကျွန်မတု့ိကို သမိုင်းဝင်နေရာတွေအများကြီးရှိတဲ့ မြောက်ဦးကိုခေါ ်သွားခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့ အဓိကကတော့ မျက်နှာမှာတက်တူးတွေထိုးထားတဲ့အမျိုးသမီးတွေကို မြင်ချင်တဲ့အတွက် မြောက်ဦးကချင်းရွာလေးကိုသွားချင်တာဖြစ်ပါတယ်။ Lemro မြစ်တစ်လျှောက်မြောက်ဦးကနေပြီးတော့ စက်လှေငှားပြီးသွားရပါတယ်။ ချင်းရွာလေးကို ကျွန်မတို့ရောက်ဖို့မြောက်ဦးကနေ ၃နာရီလောက်သွားရပါတယ်။ လမ်းတစ်လျှောက်မှာတော့ ဒေသခံလူတွေရဲ့လူနေမှု ဘဝတွေကို မြင်တွေ့ခဲ့ရပါတယ်။မြစ်ကမ်းဘေးတစ်လျှောက်မှာစိုက်ခင်းတွေ၊ တံငါရွာတွေ ရှိပါတယ်။ တစ်ချို့လှေတွေမှာသစ်တွေ၊ ဝါးတွေ တင်ထားပြီးဈေးထဲမှာသွားရောင်းဖို့ တင်သွားကြတာကိုတွေ့ရပါတယ်။ မြစ်ထဲမှာလူတွေ အဝတ်လျှော်နေကြတာ၊ ရေချိုးနေကြတာတွေ တွေ့ခဲ့ရပါတယ်။ လမ်းမှာဗူးသီးပုံစံရေတကောင်းနဲ့ရေသယ်နေတဲ့လူတွေများတွေ့ရမလားဆိုပြီး ကျွန်မရှာကြည့်ပါသေးတယ်။ ဘာလို့လဲဆိုတော့ မြောက်ဦးမှာပဲဒီလိုပုံစံနဲ့ရေသယ်ကြတယ်ဆိုတာလက္ခဏာတစ်ခုလိုဖြစ်နေတာကိုး။ တစ်ချို့တွေလည်းသယ်နေတာကိုတွေ့ရပေမယ့် အရမ်းဝေးလွန်းတာကြောင့် ကျွန်မရဲ့ အဝေးကို ဆွဲပြီးရိုက်လို့ရတဲ့ကင်မရာနဲ့တောင် ပုံကောင်းကောင်းရဖို့အတွက် မလွယ်ဘူးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ချင်းရွာကိုရောက်တဲ့အချိန်မှာရွာကအုန်းသီးကိုအပေါက်ဖောက်ထားတဲ့ အုန်းစိမ်းရည်နဲ့ဧည့်ခံကြပါတယ်။ကျွန်မတို့ toilet သုံးဖို့ လိုလာတဲ့အခါကျတော့ အဲ့ကဒေသခံစားသောက်ဆိုင်မှာသင့်တော်တဲ့ အိမ်သာမရှိဘူးဖြစ်နေပါတယ်။ အမျိုးသားတွေအတွက်တော့ ချုံထဲမှာသွားလိုက်လို့ရပေမယ့် အမျိုးသမီးတွေအတွက်တော့ အဆင်မပြေပါဘူး။ ကျွန်မတို့တွေအကုန်လုံးရွှံတွေနဲ့ ထူထပ်နေတဲ့မြစ်ကမ်းနံဘေးကိုလမ်းလျှောက်ပြီးတော့မှ လဟာပြင်မှာအစလေးနဲ့ပဲကာထားတဲ့ တံခါးသော့လည်းခတ်လို့မရတဲ့ အိမ်သာလေးဆီရောက်ပါတော့တယ်။ ကျွန်မလည်းလက်တစ်ဖက်က တံခါးကိုဆွဲထားပြီးနောက်တစ်ဖက်ကဘောင်းဘီကိုကိုင်ထားရတာကြောင့် ဓာတ်ပုံတောင်မရိုက်ခဲ့လိုက်နိုင်ပါဘူး။
နေ့လည်စာစားပြီးတဲ့အချိန်မှာတော့ ကျွန်မတို့ကရွာဘက်ကိုသွားခဲ့ကြပါတယ်။ ကျွန်မကတော့ မျက်နှာမှာတက်တူးထိုးထားတဲ့အမျိုးသမီးတွေရယ် သူတို့ရဲ့ လက်နဲ့ယက်ထားတဲ့အထည်တွေကိုတွေ့ချင်တဲ့စိတ်နဲ့ ရင်တွေခုန်နေခဲ့ပါတယ်။ကျွန်မ Tourist guide bookတွေထဲမှာတွေ့နေတဲ့ အရောင်စုံတဲ့ ပုဝါတွေ၊ လုံခြည်တွေ၊ ပုခုံးမှာလွယ်လို့ရတဲ့အိတ်တွေကိုအမြဲ ဝယ်ချင်တဲ့ဆန္ဒရှိပါတယ်။ ကျွန်မတို့ရောက်ရောက်ချင်းလာကြိုတဲ့ ချင်းအမျိုးသမီးကငှက်ပျောသီးတွေ ယူလာပြီး ကျွန်မတို့ကိုတစ်ယောက်တစ်လုံးကျွေးပါတယ်။ သူမကကျွန်မတို့ကိုငှက်ပျောသီးတွေစားစေပြီး၊ ရေသောက်ပြီးသူမအိမ်မှာအနားယူစေပါတယ်။ ဘယ်လောက်တောင်သဘောကောင်းလိုက်ပါသလဲ။ ကျွန်မငှက်ပျောသီးစားလို့တောင်မကုန်သေးခင်မှာပဲသူမကလက်နဲ့ထိုးထားတဲ့ အိတ်လေးတွေ၊ ပုဝါတွေကို ကျွန်မတို့ဆီယူလာပြီးသူ့ဆီက ဝယ်ဖို့ပြောပါတယ်။ ကျွန်မကဒေသထွက်ပစ္စည်းတွေကို ဝယ်ဖို့ရည်ရွယ်ထားသော်လည်းသူမပစ္စည်းတွေကဈေးကြီးနေတာကြောင့် ကျွန်မသူ့ဆီကဘာမှ မဝယ်ခဲ့ပါဘူး။ သူမကြည့်ရတာစိတ်ပျက်သွားပုံတော့ရပါတယ်။ ကျွန်မကရွာထဲသွားပြီးတစ်ခြားဆိုင်တွေကိုသွားကြည့်ဖို့ထွက်ခဲ့ပါတယ်။
ကျွန်မတို့ လမ်းမှာ ဝါးနဲ့ဆောက်ထားတဲ့ အိမ်သေးသေးလေးကိုဖြတ်လာတော့ ကလေးတွေ ၁၂ယောက် ၁၃ယောက်လောက်ကိုအိမ်ထဲမှာ မြင်လိုက်ရပါတယ်။ လူကြီးတော့တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ ကလေးတွေရဲ့ အဝတ်အစားတွေကအရမ်းကိုညစ်ပတ်နေပြီးကလေးတွေကလည်းအာဟာရမပြည့်သလိုပုံစံတွေ့ရပါတယ်။ ကျွန်မကလှေဆိပ်မှာမုန့်ပဲသရေစာတစ်ချို့ကို ဝယ်ခဲ့တာကြောင့် အဲ့မုန့်လေးတွေကိုကလေးတွေကိုပေးခဲ့ပါတယ်။ လက်ဆောင်လေးတွေရလို့ သူတို့ကအရမ်းပျော်နေကြပါတယ်။ တစ်ချို့ကလေးတွေကတော့ ပလတ်စတစ်အိတ် ခွံလေးတွေ၊ ချိုချဉ်လေးတွေ ကိုတောင် ဘယ်လိုဖွင့်ရမှန်းမသိတဲ့ပုံကြောင့် ကျွန်မတို့ဖွင့်ပေးခဲ့ပါသေးတယ်။ သူတို့ကမုန့်တွေရတာနဲ့တန်းပြီးစားပစ်ကြပြီးတော့ အခွံတွေ အမှိုက်တွေကိုလမ်းပေါ ်ပဲပစ်ချလိုက်ကြပါတယ်။ အမှိုက်တောင်းရှာမိတော့လည်းမတွေ့ပါဘူး။ ဒီလိုသဘာဝအတိုင်းရှိတဲ့နေရာမှာ ကျွန်မတို့ရဲ့ ကမ္ဘာကလာတဲ့ အမှိုက်တွေနဲ့ ညစ်ပတ်ပြီး၊စုတ်ပြတ်သွားမှာကိုတွေးမိတော့ ဝမ်းနည်းမိပါတယ်။ ကျွန်မကကလေးတွေကို ပေးဖို့ ခဲတံတွေ ဘောပင်တွေသယ်လာတာကြောင့် ပေးဖို့ လုပ်တဲ့အခါမှာ ဒေသခံ guide က မပေးဖို့ပြောပါတယ်။ ဘာလု့ိလဲဆိုတော့ ကလေးတွေက စာမရေးတတ်ကြလို့ပါတဲ့။ ကျွန်မတကယ်ကို ဝမ်းနည်းသွားမိပါတယ်။ ကျွန်မတို့ ရွာတစ်လျှောက် လှည့်ကြည့်ကြပြီးတော့ မျက်နှာမှာ တက်တူးထိုးထားတဲ့အမျိုးသမီးတွေကို တွေ့ခဲ့ပါတယ်။ ကျွန်မက သူတို့ကို အရမ်းကို တွေ့ချင် မြင်ချင်တဲ့စိတ်ဆန္ဒရှိခဲ့ပေမယ့် တကယ်တွေ့ရတော့လည်း သူတို့နဲ့ အတူဓာတ်ပုံရိုက်ဖို့ အဲ့လောက်စိတ်အားမထက်သန်တော့ပါဘူး။ ကျွန်မကသူတို့လူနေမှုဘဝထဲမှာ သွားပြီးနှောက်ယှက်နေသလိုမျိုး ခံစားရလု့ိပါ။ သူတို့အနေနဲ့ ကျွန်မတို့လို နိုင်ငံခြားသားဧည့်သည်တွေကို ကြိုဆိုဖို့ လိုပြီး ပိုက်ဆံရဖို့အတွက ်သူတို့နဲ့ဓာတ်ပုံတွဲရိုက်ဖို့အဖြစ် လုပ်ပေးနေရပါတယ်။ တစ်ခါတစ်လေ ကျွန်မတွေးမိတာက “ဒါတိရစ္ဆာန်ရုံမှမဟုတ်ပဲ” ဆိုပြီးခေါင်းထဲဝင်လာပါတယ်။ အဲ့ဒါကြောင့် မျက်နှာမှာ တက်တူးထိုးထားတဲ့အမျိုးသမီးတစ်ယောက်တည်းနဲ့ပဲ ကျွန်မဒီရွာကိုရောက်ခဲ့ကြောင်း သက်သေအနေနဲ့ ရှိနိုင်ဖို့ ဓာတ်ပုံတစ်ပုံတည်းသာ ရိုက်ခဲ့ပါတယ်။ ကျွန်မတို့ guide က ဒီအမျိုးသမီးတွေကို ပိုက်ဆံမပေးသင့်ကြောင်းပြောပေမယ့် ကျွန်မတို့ထဲကတစ်ချို့ကတော့ မုန့်ဖိုးနည်းနည်းပေးခဲံပါသေးတယ်။ကျွန်မဒီခရီးက ပြန်လာတော့ တွေးမိတာကတော့ “သူတို့ပိုက်ဆံတွေကို ဘယ်လိုသုံးကြသလဲ” ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ရွာလေးက ဈေးတို့၊ မြို့တို့နဲ့အလွန်ဝေးပြီးမြို့ပြလူနေမှုနဲ့အရမ်း အလှမ်းဝေးနေလို့ပါ။
ချင်းအမျိုးသမီးငယ်လေးတွေကတော့ နိုင်ငံခြားသား ကျွန်မတို့လို ဧည့်သည်မျိုးတွေကို မမြင်ဖူးတဲ့ပုံစံနဲ့လာကြည့်ကြပါတယ်။ သူတို့ ကျွန်မတို့အနားကပ်လာတော့မှ အမျိုးသမီးငယ်လေးတွေ ၂ယောက်၃ယောက်လောက်က ကိုယ်ဝန်တွေနဲ့ဆိုတာတွေ့ရပါတယ်။ ကျွန်မတို့က သူတို့အသက်ဘယ်လောက်လဲမေးတဲ့အခါ ၁၄နှစ် ၁၅နှစ်လောက်ပဲရှိကြပါသေးတယ်။ တစ်ချို့ကလေးမလေး တွေလက်ထဲမှာလည်း ငိုနေတဲ့ကလေးတွေကို ချီပိုးထားတာမျိုးတွေ့ရပါတယ်။ ကျွန်မတို့ကတော့ သူတို့ကို ချိုချဉ်တွေပဲ ပေးစရာရှိပါတယ်။ ကျွန်မက သင်တုန်းဓားလေးတွေ သယ်လာပြီး သူတို့ကို လက်ဆောင်အဖြစ်ပေးဖို့ လုပ်တာဟာ ကျွန်မ မိုက်မဲတာပါပဲ။ ကျွန်မကသင်တုန်းဓားတစ်ခုကို အမျိုးသမီးတစ်ယောက်ကို ပေးပြီးတော့ သူမ အမျိုးသားကို ပေးဖို့ပြောပြပါတယ်။ ဒါပေမယ့်သူမက ချက်ချင်းပဲ သူ့ကလေးလက်ထဲကို အဲ့ပစ္စည်းထည့်လိုက်ပါတယ်။ ကလေးကလည်း ချက်ခြင်း သူ့ပါးစပ်ထဲကို ထည့်ဖို့ကြိုးစားပါတယ်။ ကျွန်မ အမှားပါပဲ ကျွန်မ ယူကို မလာသင့်တဲ့ပစ္စည်းပါပဲ။ ရွာမှာတော့ အမျိုးသားအနည်းငယ်ပဲတွေ့ရပါတယ်။ တော်တေ်ာများများကတော့ အမျိုးသမီးတွေပဲများပါတယ်။ ကျွန်မတိုု့ ကရွာအစွန်ဆုံးထိ လမ်းလျှောက်ကြည့်ခဲ့ကြပါတယ်။ ကျွန်မတို့ နောက်ဆုံးအိမ်ကနေလှည့်မပြန်ခင်မှာ ပိန်ပိန်ပါးပါး ချင်းအမျိုးသမီးတစ်ယောက်က ကျွန်မလက်မောင်းကို ဆုပ်ကိုင်ပြီး ကျွန်မ သူ့စကားကို ခန့်မှန်းရသလောက်တော့ “ဆေး ဝါးလေးများ မပါလာကြဘူးလား” ဆိုတဲ့စကားလို့မှန်းရပါတယ်။ ကျွန်မ အတော်စိတ်မကောင်းဖြစ်မိသွားပါတယ်။ သူတို့ ဘာကို တကယ်လိုအပ်နေလဲဆိုတာ ဘာလို့ ကျွန်မကို မပြောကြသလဲ။ကျွန်မတို့ ဒီရွာလေးကို လာမလည်ခင်မှာ ရွာသားတွေအနေနဲ့ဘာတွေလိုအပ်သလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို အရင်မလေ့လာမိတဲ့ ကျွန်မဘာသာပဲ စိတ်မကောင်းဖြစ်မိတော့တယ်။ သူတို့ တကယ်လိုအပ်တဲ့အရာတွေကို ပဲကျွန်မတို့ သယ်လာသင့်ပါတယ်။ ကျွန်မက သူမ ဘာဆေးတွေလိုချင်သလဲဆိုတာ မေးခဲ့ပါတယ်။ သူမက ရိုးရုးိ အဖျားကျဆေး၊ လိမ်းဆေး လေး ရှုဆေးလေးတွေဆို ရတယ်လို့ပြန်ဖြေရှာပါတယ်။ ကျွန်မက ကျွန်မမှာလည်း ဘာဆေးမှ မပါကြောင်းပြန်ဖြေတဲ့အခါ သူမ အလွန်ဝမ်းနည်းသွားတာကို တွေ့ရပါတယ်။ သူမရဲ့ ဝမ်းနည်းသွားတဲ့မျက်လုံးလေးတွေကိုကျွန်မအခုထိ မေ့လို့မရသေးပါဘူး။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။