Yangon Society -မြန်မာပြည်မှာ နာမည်ကြီးလာတဲ့ မော်ဒန်Tee ဖြစ်တဲ့ Yangon Society
2019-01-14edit Grace
Facebook မှာ လျှောက်ကြည့်နေရင်းနဲ့ မြန်မာရဲ့ ဆယ့်နှစ်ရာသီခွင်ပုံစံတွေနဲ့ တီရှပ်ဒီဆိုင်းတွေ ဆန်းလှတဲ့ ပုံစံတစ်မျိုးနဲ့ကို သွားတွေ့ပါတယ်။ မြန်မာဖောင့်နဲ့ တိရစ္ဆာန်ပုံနဲ့ရောထားတဲ့ ရိုးရှင်းပြီး အံ့သြစရာကောင်းတဲ့ ဒီဇိုင်းတွေကို မြင်ရတာထူးခြားလှပါတယ်။ Yangon Society နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလေးကို ကြည့်လိုက်ရအောင်။
Yangon Society ကို ဘယ်အချိန်ကနဲ့ဘာကြောင့် စတင်ဖြစ်ခဲ့ပါသလဲ။
ဒီ အဝတ်အစားလိုင်းကို လွန်ခဲ့တဲ့နှစ် ၂၀၁၈ အောက်တိုဘာလောက်က ကျွန်မသူငယ်ချင်းတစ်ယောက်က အဝတ်အစားတွေထုတ်တဲ့ဘက်မှာအတွေ့အကြုံရှိတာကြောင့် သူ့အကူအညီနဲ့ပဲစဖြစ်ခဲ့ပါတယ်။ ကျွန်မက ဖက်ရှင်ဒီဇိုင်းပုံဖော်သူဖြစ်တာနဲ့အညီ ကျွန်မရဲ့ ဒီဇိုင်းတွေကနေ တစ်ခုခု ဖြစ်စေချင်ပါတယ်။တစ်နှစ်လုံး ကျွန်မခေါင်းထဲမှာ ဒီအတွေးကရှိနေပြီးတော့ လူတိုင်းနဲ့လည်းအကျွမ်းတဝင်ရှိတဲ့ ဒီလို တီရှပ်လိုင်းကိုစပြီးကျွန်မဒီဇိုင်းနဲ့ ကျွန်မပြုလုပ်ဖို့ တွေးမိလိုက်တာပါပဲ။
အခု ညီမတို့ရဲ့ ဒီအဝတ်အစားလိုင်းကပေါ့နော် အထူးသဖြင့်ဘာလို့ facebookမှာ ပိုပြီးနာမည်ကြီးနေရသလဲ ပေါ့နော်။
ကျွန်မထင်တာတော့ လူတွေက Yangon Society ကို ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ပုံလေးတွေကို သတိထားမိပြီးတော့ကျွန်မတို့ကလည်း တီရှပ်လေးတွေကို ရောင်စုံကာလာတွေနဲ့ တစ်ရက်ပြီးတစ်ရက် ဘယ်လိုရာသီခွင်နဲ့ ဘယ်လိုပုံလေးတွေလာမယ်ဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်အားပေးကြလို့လို့ ထင်ပါတယ်။ဒီလိုနာမည်ကြီးတဲ့ အဝတ်အစားလိုင်းတစ်ခုဖြစ်လာတာကလည်း ကျွန်မတို့ အဝတ်အစားလိုင်းက မြန်မာနိုင်ငံမှာအခြေခံပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတာမျိုးမို့ပိုပြီး အားပေးကြတယ်လို့လည်းထင်ပါတယ်။
ဘာလို့ အမတို့ရဲ့ အဝတ်အစားလိုင်းကို Yangon Society လို့ ခေါ ်တာပါလဲ။
ကျွန်မကို ရန်ကုန်မှာပဲမွေးပြီး ရန်ကုန်မှာပဲကြီးတာကြောင့်ရယ် ဒီအဝတ်အစားလိုင်းက ဘယ်ကနေလာတယ်ဆိုတာကိုသိစေချင်တာကြောင့်မို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မရဲ့ ဘရန်းကို အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ အဖွဲ့အစည်းမရွေး ပါစေချင်တာကြောင့်မို့ society ဆိုတဲ့ စကားလုံးကို ထည့်ထားတာဖြစ်ပါတယ်။
ဒီအဝတ်အစားလိုုင်းပေါ ်သင့်ရဲ့ Vision က ဘယ်လိုရှိပါသလဲ။
Yangon Society အတွက် ကျွန်မ visionကတော့ မြန်မာ့အနုပညာ၊ မြန်မာ့သမိုင်းကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနဲ့ရိုးရာတွေကို ချစ်မြတ်နိုးတတ်ဖို့နဲ့ ဆန်းသစ်တဲ့ ၊အစစ်အမှန်ဖြစ်တဲ့အဝတ်အစားတွေကို အားလုံးအတွက် ဝတ်နိုင်အောင်ပဲဖြစ်ပါတယ်။
ဒီအဝတ်အစားလိုင်းရဲ့ theme က ဘာလဲ။
ကျွန်မရဲ့ tee ကို အခုလက်ရှိမှာတော့ မြန်မာတွေရဲ့ ခုနှစ်ရက်သားသမီး နေ့နံတွေနဲ့ အိပ်ပျော်နေတဲ့ တိရစ္ဆာန်ပုံလေးတွေနဲ့theme ပြုလုပ်ထားပါတယ်။ ဆယ့်နှစ်လရာသီခွင်တွေရဲ့ တီရှပ်တွေမျိုးစုံနဲ့ တစ်ကမ္ဘာလုံးမှာရှိနေပါတယ်။ အဲ့ဒါကြောင့်မြန်မာလူမျိုးတွေယုံကြည်ကြတဲ့သူတို့ မွေးနေ့နဲ့မွေးနံ ခုနှစ်ခုကို လုပ်ကြည့်ဖို့ စိတ်ကူးရသွားတာပါ။သင်မွေးတဲ့ နေ့ကို ကိုယ်စားပြုတဲ့ တိရစ္ဆာန်တစ်ကောင်စီရှိပါတယ်။ ဥပမာ တနင်္လာဆိုပါက ကျား၊ အင်္ဂါဆိုပါက ခြင်္သေ့၊ ဗုဒ္ဓဟူးဆိုပါက ဆင်၊ ကြသပတေးဆိုပါက ကြွက်အစရှိသဖြင့်အကောင် ခုနှစ်ကောင်ရှိပါတယ်။ဒါပေမယ့် ဒီလိုမျိုးရှေးကျတဲ့ တိရစ္ဆာန်ပုံလေးတွေကို မရိုမသေမရောက်စေအောင်လို့ လှည့်ကွက်လေးတစ်ခုနဲ့ကျွန်မက ပြုလုပ်ထားပါတယ်။ အဲ့ဒါကြောင့်တွေးမိလိုက်တာက တိရစ္ဆာန်လေးတွေက ကလေးလေးပုံလေးတွေဖြစ်ရင်ပြီးတော့ အိပ်နေတဲ့ပုံလေးတွေအဖြစ်ပြောင်းလိုက်ရင် လူတိုင်းက ကလေးလေးတွေကို ချစ်ကြပြီးတော့ အိပ်ရတာကိုကြိုက်တယ်လေး။ အဲ့ဒါကြောင့် ဒီ theme လေးကိုလုပ်ဖြစ်တာဖြစ်ပါတယ်။
Yangon Society ရဲ့အနာဂတ်မှာ တီရှပ်တွေတင်မက အခြားသောအရာတွေပါ မြင်ရမှာပါ။ မြန်မာ့ယဉ်ကျေးမှုနဲ့ အဖွဲ့အစည်းပေါ ်မှာ သက်ရောက်မှုအများကြီးရှိနိုင်မယ့် ထူးခြား ဆန်းသစ်တဲ့အရာတွေကို တွေ့ရဦးမယ်ဆိုတာသေချာပါတယ်။ https://www.facebook.com/Yangon-Society-1802834669753801/https://www.facebook.com/Yangon-Society-1802834669753801/
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။