ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

2019-01-12edit MyoMinThu

Yangon-Zoological-Garden ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာယနေ့ခေတ်ဆယ်ကျော်သက်တွေအတွက် ပျင်းစရာကောင်းတဲ့ခြောက်ကပ်ကပ်နေရာလို့ယူဆနေပေမယ့်၁၉၉၀ဝန်းကျင်ဖွားတို့အတွက်တော့မြတ်နိုးစရာနိဗ္ဗာန်ဘုံလေးပါ။ အဲ့ခေတ်ကာလက ရန်ကုန်မှာအားလပ်ရက်မှာအပန်းဖြေစရာအတွက်ရွေးချယ်စရာ နေရာများများစားစားမရှိသေးဘူးလေ။ တိရစ္ဆာန်ဥယျာဉ်ကိုအရင်ဝင်၊ပြီးရင်ကစားကွင်း ယခုပိတ်သွားပြီဖြစ်သောမှာ ရိုလာကိုစတာစီး၊ပင်လယ်ဓားပြစီး၊ပြီးရင် ရေကူးကန်မှာ ရေကူး၊နေ့လည်လောက်ရောက်ရင် နီလာဒန်ပေါက်ကို လိုက်ပွဲနဲ့စားပြီး ညနေလောက်မှ အိမ်ပြန်။ အဲ့လိုလုပ်ခွင့်ရတဲ့အချိန်တွေဟာ ကျွန်တော်တို့အတွက် ပျော်စရာအကောင်းဆုံးအခိုက်အတန့်တွေပါ။နောက်နေ့ကျောင်းတက်ရက်တွေမှာ ဘော်ဒါတွေကို ပြန်ကြွားပြီပဲ။ ဘယ်မှမသွားရတဲ့ကောင်တွေကတော့ မျက်လုံးလေးအဝိုင်းသားနဲ့ ထိုင်ကြည့်နေပေါ့လေ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ ၇၀ဧကနီးပါးကျယ်ဝန်းပြီး ၁၉၀၆ခုနှစ်ကိုလိုနီခေတ်မှာ စတင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းပြသထားသောတောရိုင်းတိရစ္ဆာန်များကိုယခုတိရစ္ဆာန်ရုံနေရာသို့တစ်စတစ်စရွှေ့ပြောင်းရာမှ၁၉၀၆ခုနှစ်ဇန်နဝါရီ၂၅ရက်နေ့တွင်တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာသက်တမ်းအားဖြင့် နှစ်၁၀၀ကျော်ကြာမြင့်သော်လည်း ရန်ကုန်မြို့နေလူထု၏ အသည်းနှလုံးတစ်ထောင့်တစ်နေရာတွင်နေရာယူထားဆဲပင်ဖြစ်သည်။

ဒီဇိုင်းကာလာအနေအထားနဲ့ဝန်ဆောင်မှုများ

Yangon-Zoological-Garden အချက်အချာကျသောမြေနေရာကောင်းကောင်းပေါ်တွင်တည်ဆောက်ထားပြီးလူတို့ဖန်တီးထားသောရေကန်တစ်ကန်၊ကစားကွင်း၊ကလေးများနှင့်လည်ပတ်သူများအတွက် တိရစ္ဆာန်ရုံအတွင်းနေရာအနှံ့ပို့ဆောင်ပေးမည့်အပျော်စီးရထားငယ်တို့နှင့်ဝန်ဆောင်မှုပေးနေသည်။စိုက်ပျိုးထားသော အပင်အများစုနှင့် လမ်းညွှန်မြေပုံကိုအင်္ဂလိပ်ဘာသာ၊မြန်မာ ဘာသာတို့သာမက လက်တင်ဘာသာနှင့်ပါရေးထိုးထားပါသည်။

တိရစ္ဆာန်မျိုးစိတ်များ

Yangon-Zoological-Garden Yangon-Zoological-Garden Yangon-Zoological-Garden Yangon-Zoological-Garden Yangon-Zoological-Garden တောရိုင်းတိရစ္ဆာန်များဖြစ်သောကျားနှင့်ခြင်္သေ့ကဲ့သို့သောသတ္တဝါများကိုလုံခြုံသောလှောင်ချိုင့်များဖြင့် ခင်းကျင်းပြသထားပါသည်။ကျားရုံနှင့်ခြင်္သေ့ရုံအနီးတွင် ဆင်အိမ်ရှိပြီး ဆင်မကလေးမိုမိုသည် အထင်ရှားအကျော်ကြားဆုံးပင်ဖြစ်သည်။မိုမိုကို တိရစ္ဆာန်ရုံ၏သင်္ကေတကဲ့သို့မှတ်ယူခဲ့ကြပြီး အနယ်နယ်အရပ်ရပ်မှ သူမအားကြည့်ရှုရန်လာကြသောခရီးသွားဧည့်သည်များလည်း မနည်းလှချေ။အရှေ့တိုင်းတိရစ္ဆာန်များဖြစ်သောသမင်၊ဒရယ်၊ကျားသစ်၊တောဆိတ်၊ဝက်ဝံတို့သာမက စပါးကြီးမြွေ၊မြွေဟောက်၊မိကျောင်းအစရှိတဲ့တိရစ္ဆာန်များကို မျိုးစိတ်ပေါင်းစုံ စုံစုံလင်လင်တွေ့မြင်နိုင် သည်။ လွန်ခဲ့သောနှစ်များက ယနေ့ထက်ပိုစုံလင်ခဲ့သော်လည်း နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွက် တိရစ္ဆာန်များအားဖြည့်ပေးလိုက်ရသည့်အတွက် အကောင်အရေအတွက်လျော့နည်းသွားခြင်းဖြစ်ပါသည်။ ယနေ့အထိ တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်မျိုးစိတ် ၁၃၀ရှိပြီး တိရစ္ဆာန်ကောင်ရေ ၁၅၀၀ကျော်ကို ထိန်းသိမ်းပြသလျက်ရှိပါသည်။

ဝင်ကြေး

လက်မှတ်ခသည် နိုင်ငံခြားသားနှင့်ပြည်တွင်းဟူ၍ခွဲခြားထားပြီး နိုင်ငံခြားသားများအတွက် လူကြီး၃၀၀၀ကျပ်၊ကလေး ၂၀၀၀ကျပ်စီ ကောက်ခံလျက်ရှိသည်။ပြည်တွင်းလာရောက်လည်ပတ်သူတို့အတွက် လူကြီး၁၀၀၀ကျပ်၊ ကလေး ၅၀၀ ကျပ်နှုန်းဖြင့် ဝင်ရောက်နိုင်ပါသည်။ကတ်စနစ်သည် အသုံးပြု၍မရသေးပဲ ငွေသားနှင့်သာအသုံးပြုနိုင်သော်လည်းစက်တော့ထားပေးထားပါသည်။

ပွဲတော်ရက်နဲ့အထူးအစီအစဉ်များ

Yangon-Zoological-Garden Yangon-Zoological-Garden Yangon-Zoological-Garden Yangon-Zoological-Garden အစိုးရရုံးပိတ်ရက်များတွင် မြွေကပွဲ၊ ဆင်ဆပ်ကပ် နှင့်အခြားသော တိရစ္ဆာန်ပြပွဲများကိုလာရောက်အပန်းဖြေသူများအတွက်စီစဉ်ပေးလျက်ရှိသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဖွင့်ပွဲနှစ်ပတ်လည်နေ့ဖြစ်သော ဇန်နဝါရီ ၂၅ရက်တွင်အထူးအစီအစဉ်များပြုလုပ်လေ့ရှိသည်။ ရုံးဖွင့်ရက်များတွင် လူဦးရေ ၅၀၀၀မှ ၁၀၀၀ဝကြား လည်ပတ်လေ့ရှိပြီး စနေတနင်္ဂနွေပိတ်ရက်များတွင် လူဦးရေ၁၀၀၀၀မှ၁၅၀၀ဝကြားနဲ့စည်ကားလျက်ရှိနေသည်။ သီတင်းကျွတ်လပြည့်နေ့လိုနေ့မျိုးတွင် တစ်ရက်ထဲ လူဦးရေ ၃၀၀၀၀ကျော်အထိ လာရောက်လည်ပတ်ကြောင်းသိရပါသည်။ ထိုကြောင့် လူရှင်း ရှင်းနှင့်အပန်းဖြေအနားယူချင်ပါက ထိုသို့သော အခါကြီးရက်ကြီးနေ့များကိုရှောင်ကွင်းဖို့အကြံပေးချင်ပါတယ်နော်။တိရစ္ဆာန်ဥယျာဉ်သည် ဘတ်စ်ကားဂိတ်၊ရထားဘူတာများနဲ့အနည်းငယ်လှမ်းနေသဖြင့် အနီးပတ်ဝန်းကျင်၌နေထိုင်သူမဟုတ်ပါက ကိုယ်ပိုင်ကား သို့မဟုတ်ကိုသာ အသုံးပြု၍သွားလာသင့်ပါသည်။ ဒါကတော့ ကျွန်တော်တို့ရဲ့ငယ်ဘဝအမှတ်တရတွေတစ်ပွေ့တစ်ပိုက်ရှိတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့အကြောင်းမိတ်ဆက်လေးပါ။လက်ရှိမှာ တိရစ္ဆာန်တွေစုံစုံလင်လင်နဲ့ပျော်ရွှင်စရာအပန်းဖြေအစီအစဉ်များနှင့်ယခင်ရွှေရောင်နေ့ရက်များကိုပြန်လည်ရောက်ရှိအောင် တိရစ္ဆာန်ရုံတာဝန်ရှိသူများကကြိုးစားပေးနေပြီဖြစ်ပါတယ်။ထို့အတွက်တိရစ္ဆာန်ရုံသို့ ပြည်တွင်းပြည်ပခရီးသည်များပြန်၍ အပန်းဖြေလည်ပတ်နေပြီဖြစ်သည်။ တိရစ္ဆာန်ရုံသို့ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်ကတော့09 953 477764ဖြစ်ပါသည်ခင်ဗျာ။  

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း