Myanmar at a Glance in 4 days (Inle-Bagan-Mandalay-Sagaing)

2019-08-12edit Htoo

ဒီခရီးကေတာ့ ဖီလစ္ပိုင္က ကၽြန္ေတာ့္သူငယ္ခ်င္းေတြလာတုန္း ေကာက္ကာငင္ကာ လြယ္အိတ္တစ္လံုး ေကာက္လြယ္ၿပီး ထလိုက္သြားတဲ့ခရီး ဒါေပမဲ့ ခရီးသြားဖူးတဲ့ အထဲမွာေတာ့ ေတာ္ေတာ္ႀကီးကို ေက်နပ္ခဲ့တဲ့ ခရီးတစ္ခု တကယ္ေတာ့ ကၽြန္ေတာ္သြားခဲ့တဲ့လမ္းေၾကာင္းဟာ ႏိုင္ငံျခားသားေတာ္ေတာ္မ်ားမ်ား သြားေနက်လမ္းေၾကာင္း ႏိုင္ငံျခားကေန ျမန္မာ ျပည္ ခဏျပန္လာတဲ့သူေတြအတြက္ အဆင္ေျပမဲ့ လမ္းေၾကာင္း ျဖစ္တာမို႔ Myanmar At A Glance လို႔သံုးထားတာပါ ဒီခရီးက ႏိုင္ငံျခားသားေတြ ျမန္မာျပည္ကို လာတဲ့အခါ သြားေနက် လမ္းေၾကာင္းတစ္ခုပါ ခရီးထြက္ၿပီးေအးေဆး အနားယူလိုတဲ့ လူေတြထက္ လြယ္အိတ္ေလးတစ္လံုးလြယ္ၿပီး ေလွ်ာက္သြားခ်င္တယ္ ကိုယ့္ကိုကိုယ္ challenge လုပ္ခ်င္တဲ့ လူေတြအတြက္ပို အဆင္ေျပပါတယ္။

ပိုက္ဆံကို ေခၽြတာတဲ့အေနႏွင့္ေရာ ေလးရက္ေလာက္ႏွင့္ သြားခ်င္တဲ့ေနရာကမ်ားေနတာေရာဆိုေတာ့ ခရီးစဥ္တစ္ခုလံုးမွာ ပုဂံတစ္ခုဘဲ ဟိုတယ္မွာတည္းၿပီး က်န္တာကေတာ့ ကားေပၚမွာဘဲ အိပ္ခဲ့ပါတယ္။ ေတာ္ေတာ္မ်ားမ်ားအတြက္ကေတာ့ အဆင္ေျပမွာမဟုတ္ေပမဲ့ backpack traveling သြားခ်င္တယ္။ ပင္ပန္းတဲ့ဒဏ္ခံႏိုင္တယ္ဆိုတဲ့ သူေတြအတြက္ကေတာ့ ေပ်ာ္စရာခရီးျဖစ္မွာပါ ျဖစ္ခ်င္ရာျဖစ္ ခရီးထြက္ရရင္ကို ေပ်ာ္တတ္ေနတဲ့သူ လြယ္အိတ္တစ္လံုးႏွင့္ ေလွ်ာက္သြားခ်င္တဲ့သူေတြအတြက္ ခရီးစဥ္ကို အတိုခ်ံဳးေလးဘဲ အဓိက တင္ျပခ်င္ပါတယ္။

 



အင္းေလး


ရန္ကုန္ကစထြက္ေတာ့ ညေန ေျခာက္နာရီေလာက္ JJ Express VIP bus ကို စီးျဖစ္ခဲ့ပါတယ္ လမ္းက ၁၁၅ မွတ္တိုင္မွာ ခဏနားၿပီး ကေလာကို မနက္ ေလးနာရီေက်ာ္ေလာက္ ေညာင္ေရႊကို မနက္ ေျခာက္နာရီ နီးပါး ေလာက္မွာ ေရာက္ပါတယ္ ေညာင္ေရႊေရာက္ေရာက္ခ်င္းကို အဲ ကားဂိတ္မွာဘဲ ည ပုဂံကို သြားမယ့္ ကားလက္မွတ္ကို ျဖတ္ပါတယ္ ၿပီးေတာ့ အင္းေလးထဲသြားဖို႔ ေလွကို ကားဂိတ္မွာဘဲ စံုစမ္းပါတယ္ အင္းေလးထဲသြားဖို႔ ေလွက တစ္စီး ကို ၂၅၀၀၀ ေပးရပါတယ္ အင္းတိမ္ဘက္သြားရင္ေတာ့ ၅၀၀၀ ပိုေပးရပါတယ္ အင္းေလး+အင္းတိမ္ကို ၃၀၀၀၀ ၿပီးေတာ့ အင္းထဲမွာ ေန႔လည္စာစားဖို႔ ငွားတဲ့စက္ေလွကဘဲ စီစဥ္ေပးမယ္ တစ္ေယာက္ကို ၄၀၀၀ ဆိုေတာ့ သူတို႔ကိုဘဲ စီစဥ္ခိုင္းလိုက္ပါတယ္ ကၽြန္ေတာ္တို႔က ငါးေယာက္ဆိုေတာ့ စက္ေလွဖိုး ၃၀၀၀၀ + ေန႔လည္စာ ၂၀၀၀၀ (ေပါင္း ၅၀၀၀၀ - တစ္ေယာက္ကို ၁၀၀၀၀ က်ပါတယ္) ေနာက္ေတာ့ ကားဂိတ္နားမွာဘဲ မနက္စာစား ခဏနားၿပီး အင္းထဲကို ခရီးဆက္ၾကပါတယ္ ပထမဆံုး အင္းထဲစေရာက္ေတာ့ ရႈခင္းေတြအရင္ၾကည့္တယ္ ၿပီးေတာ့ ကၽြန္းေမွ်ာေတြရယ္ႏွင့္ အလုပ္႐ုံေတြ ဘုရားေတြကို ေလ့လာတယ္ ေန႔လည္ၾကေတာ့ အင္းထဲက အိမ္မွာ ေန႔လည္စားၿပီး အင္းတိမ္ဘက္ကို ထြက္ခဲ့ပါတယ္ အင္းထဲက Burmese Cat Village ကရွားပါးေျကာင္မ်ိဳးစိတ္ေတြကို မေလ့လာခဲ့ရတာကေတာ့ ဝမ္းနည္းစရာပါ ပိတ္ထားတဲ့ အခ်ိန္ႏွင့္ တိုက္ေနလို႔ပါ ကၽြန္ေတာ္အႀကိဳက္ဆံုးကေတာ့ အင္းတိမ္ရြာပါ အေနာ္ရထာမင္းႀကီးလက္ထက္က ဘုရားေတြဟာ ယခုဆို ရာသီဥတုဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းေနေပမဲ့ ဝမ္းနည္းစရာေကာင္းတာက သမိုင္းကို သမိုင္းထဲက အတိုင္းမထားဘဲ ဘုရားေတာ္ေတာ္မ်ားမ်ားကိုျဖိဳဖ်က္ၿပီး ဘုရားအသစ္ေတြတည္ထားတာပါဘဲ ႏွေျမာစရာအေမြ အႏွစ္ေတြပါ။



အင္းတိမ္ၿပီးေတာ့ အင္းေလးကန္ထဲျပန္သြားၿပီး ကန္ထဲကေန sunset ၾကည့္ပါတယ္။ ၿပီးတာႏွင့္ ေညာင္ေရႊကို ျပန္လာၿပီး ညကားႏွင့္ ပုဂံကို ခရီးဆက္ခဲ့ပါတယ္ ပုဂံမသြားခင္မွာ ေရခ်ိဳးဖို႔အတြက္ ကားဂိတ္ကဆိုင္ကယ္ ကယ္ရီႏွင့္ backpacker ေတြ ေရခ်ိဳးေနက် ေညာင္ေရႊၿမိဳ႕ထဲက အိမ္ကို လိုက္ပို႔ခိုင္းလို႔ရပါတယ္ ပိုက္ဆံ ၁၀၀၀ ေပးၿပီး အဲဒီ အိမ္မွာ ေရခ်ိဳးသန္႔စင္လို႔ရပါတယ္ ေရခ်ိဳးခန္းက ကားဂိတ္ေရာက္မွ ေမးၿပီး tuk tuk သမားကို လိုက္ျပခိုင္းတာပါ မိန္းကေလးေတြအတြက္လည္း အဆင္ေျပပါတယ္ တစ္ေယာက္တစ္ခန္းစီပါ ေရခ်ိဳးခန္းက အဲအိမ္မွာ ေရခ်ိဳးခန္း ေလးခန္း ရွိပါတယ္ ကၽြန္ေတာ္တို႔ အဖြဲ႕မွာလည္း မိန္းကေလးႏွစ္ေယာက္ပါပါတယ္ သန္႔လည္း သန္႔ရွင္းပါတယ္

( P.S - ကားေနာက္က်ေနလို႔ ျမန္ျမန္ျပန္လာခဲ့ရလို႔ရယ္ personal case တစ္ခုေၾကာင့္ ကၽြန္ေတာ္အလုပ္ရႈပ္ေနတာရယ္ႏွင့္ လိပ္စာမေတာင္းမိခဲ့လိုက္တာ Sorry ပါ ေညာင္ေရႊကားဂိတ္က tuk tuk သမားေတြကို ေမးၾကည့္ပါ သူတို႔ ၫႊန္ေပးပါလိမ့္မယ္ သူတို႔က အဲလိုဘဲ ပို႔ေပးေနက်ပါ )

ပုဂံ

ေညာင္ေရႊကေန ည ၇ နာရီကားႏွင့္ ထြက္လာတာ ကေလာမွာ ခဏနား ထမင္းစားၿပီး ပုဂံကို မနက္ သံုးနာရီေလာက္ေရာက္ပါတယ္ မနက္ေဝလီေဝလင္းႀကီးမွာ စိတ္မေကာင္းစရာကေတာ့ ပုဂံ ကားဂိတ္က ကားသမားမ်ားရဲ႕ taxi ခ အဆမတန္ေတာင္းတာပါ ေသခ်ာေလး ေစ်းဆစ္ၾကဖို႔ မွာခ်င္ပါတယ္ ဒါမွမဟုတ္ ကိုယ္တည္းမယ့္ ဟိုတယ္ကို ferry ရွိမယ့္ ကားကို ေညာင္ေရႊကတည္းက ေမးၿပီး စီးရင္ ပိုအဆင္ေျပပါတယ္ (P.S - ပုဂံ ကားဂိတ္က taxi ေတြက တစ္ေယာက္ကို ဘယ္ေလာက္ဆိုၿပီး ငါးေယာက္ကို ၂၀၀၀၀ နီးပါးေလာက္ကို ေတာင္းတာပါ Hotel က နီးနီးေလးဆိုေတာ့ ေနာက္ဆံုး အေခ်အတင္ ျဖစ္ရင္း ၈၀၀၀ ႏွင့္ ရသြားပါတယ္ ငါးေယာက္စာကို foreigners ပါလို႔ ပိုေတာင္းခ်င္တာပါ ) ဟိုတယ္ မနက္ေစာေစာေရာက္တာမို႔ check in ဝင္လို႔ မရေသးေတာ့ စိတ္ဝင္စားရင္ ဟိုတယ္ lobby မွာ အထုပ္ေတြအပ္ၿပီး sunrise သြားၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္ ကၽြန္ေတာ္တို႔ကေတာ့ ေနာက္ေန႔မနက္မွ ၾကည့္မယ္ဆိုၿပီး lobby မွာဘဲ ခဏနားၿပီး ဟိုတယ္နားက restaurant street မွာ မနက္စာသြားစားပါတယ္ ၿပီးေတာ့ ဟိုတယ္ျပန္ေရာက္ေတာ့ check in ဝင္လို႔ရၿပီဆိုေတာ့ check in ဝင္ၿပီး ေရမိုးခ်ိဳး ကိုယ္လက္သန္႔စင္ၿပီး ခဏနားပါတယ္ ၿပီးမွ ဟိုတယ္ႏွင့္ အရမ္းမေဝးတဲ့ ေရႊစည္းခံုဘုရားကေနစၿပီး ဘုရားတစ္ဆူၿပီးတစ္ဆူ ဝင္ေလ့လာပါတယ္တည္းခဲ့တဲ့ hotel ကေတာ့ Royal Bagan Hotel ပါ agoda ထဲကရွာၿပီး promotion rate ႏွင့္ US$ 60 တန္အခန္းကို US$ 25 ႏွင့္ရခဲ့ပါတယ္

သြားေရးလာေရးကေတာ့ E Bike ႏွင့္ပါဘဲ တစ္ရက္ကိုမွ ၇၀၀၀ ကေန ၉၀၀၀ ၾကားဘဲရွိပါတယ္ Battery ကုန္သြားရင္လည္း ဖုန္းဆက္ၿပီး ကိုယ္ေရာက္ေနတဲ့ေနရာကို လာလဲ ခိုင္းလို႔ရပါတယ္ ေန႔လည္စာကေတာ့ ပထမေန႔မွာ သရပါဂိတ္နားက နာမည္ႀကီး ထမင္းဆိုင္မွာဘဲ စားပါတယ္ သူတို႔ရဲ႕ နာမည္ႀကီး ဟင္းကေတာ့ ၾကက္ေၾကာ္ပါ ေနာက္ေန႔ကေတာ့ TripAdvisor ထဲမွာ rating ေကာင္းတဲ့ ရာျပည့္ သတ္သတ္လြတ္ထမင္းဆိုင္မွာ စားပါတယ္ ညစာကေတာ့ ႏွစ္ရက္လံုး ဟိုတယ္နားက restaurant street ထဲမွာ ၾကံဳတဲ့ဆိုင္မွာဘဲ စားျဖစ္ပါတယ္

ကၽြန္ေတာ္တို႔သြားတဲ့ အခ်ိန္က ငလ်င္လႈပ္ၿပီး ေနာက္တစ္ပတ္ဆိုေတာ့ sunset & sunrise ၾကည့္ဖို႔ေနရာ ေတာ္ေတာ္ရွားပါတယ္ ပံုမွန္ ၾကည့္လို႔ရတဲ့ေနရာေတြ ေတာ္ေတာ္မ်ားမ်ားကလည္း ပိတ္ထားပါတယ္ ကၽြန္ေတာ့္တို႔က ပုဂံက ၿမိဳ႕ခံေတြကို ေမးၿပီး သူတို႔ ေျပာတဲ့ေနရာေတြကို ေျမပံုထဲမွာ မရမကရွာ ၿပီးေတာ့ အဲေနရာေတြကို ေရာက္ေအာင္ ရွာၿပီး သြားခဲ့ပါတယ္။
တစ္ညအိပ္ၿပီး ေနာက္ေန႔မနက္မွာေတာ့ sunrise ၾကည့္ဖို႔ ဟိုတယ္ကေန ေစာေစာထြက္ၿပီး sunrise ၾကည့္ဖို႔ လိုက္ရွာ ေနရာတိုင္းက ပိတ္ထားေတာ့ တစ္ဝဲလည္လည္ႏွင့္ ေနာက္ဆံုးမွာေတာ့ ေရႊနန္းရင္ေတာ္ အစုထဲက အုတ္ေက်ာင္း တစ္ေက်ာင္းကေနၿပီး ၾကည့္ခြင့္ရခဲ့ပါတယ္ မနက္ေဝလီေဝလင္း ႀကီး E bike ႏွင့္ ပ်ာယာခတ္ၿပီး sunrise ပတ္ရွာခဲ့ရတာေတာ့ အမွတ္တရပါဘဲ ၿပီးေတာ့ ဟိုတယ္မွာ မနက္စာစားၿပီး ည မႏၲေလးသြားဖို႔ check out တစ္ခါတည္းလုပ္ အထုပ္ေတြကိုေတာ့ ဟိုတယ္ lobby မွာဘဲ ထားခဲ့ၿပီး မေန႔က မၾကည့္ရေသးတဲ့ ဘုရားေတြ ဆက္ၾကည့္ပါတယ္ ၿပီးတာႏွင့္ sunset ၾကည့္ၿပီး dinner စား hotel ျပန္ေရာက္ေတာ့ hotel က ေရခ်ိဳးဖို႔ ေနရာေပးပါတယ္ ေရခိ်ဳးျပီးေတာ့ မႏၲေလးသြားဖို႔ ကားဂိတ္က လာေခၚမယ့္ ferry ကို ေစာင့္ၿပီး မႏၲေလးကို ခရီးဆက္ခဲ့ပါတယ္




( P.S - မႏၲေလးသြားမဲ့ ကားလက္မွတ္ကို ပုဂံ hotel reception မွာ သူတို႔ hotel ႏွင့္ join ထားတဲ့ ကားကို booking လုပ္ခိုင္းတာပါ ဒါဆို ကားက hotel ထိ လာႀကိဳေပးပါတယ္ )

မႏၲေလး - စစ္ကိုင္း - အမရပူရ

မႏၲေလးသြားေတာ့မယ္ ဆိုေတာ့ သြားၾကည့္ခ်င္တဲ့ေနရာက မ်ားၿပီး ကိုယ့္ဘာသာကို သြားဖို႔က မလြယ္ေတာ့လို႔ ကားငွားဖို႔ ျဖစ္လာပါတယ္ ကားငွားဆိုေတာ့ ကိုယ့္ၾကည့္ခ်င္ေနတဲ့ေနရာေတြလည္းပါ အဆင္လည္း ေျပေအာင္ ကားအငွားလိုက္တဲ့ ကုမၸဏီ ႏွင့္ ဆက္သြယ္ၿပီး ကိုယ့္ခရီးစဥ္ေတြလည္းေျပာျပ ေစ်းလည္း ၫွိႏွင့္ ေနာက္ဆံုး one day tour ကို ၁၂၀၀၀၀ ႏွင့္ ငွားျဖစ္ခဲ့ပါတယ္ မႏၲေလး စစ္ကိုင္းႏွင့္ sunset ကို ဦးပိန္တံတားမွာျပန္ၾကည့္ ၿပီးေတာ့ ရန္ကုန္ျပန္ဖို႔ ကားဂိတ္ကို ျပန္ပို႔တဲ့အထိပါ ကားကို ပုဂံေရာက္မွ ဖုန္းဆက္ၿပီး ဌားခဲ့တာပါ ပုဂံက ည ၈:၃၀ ေလာက္ထြက္ေတာ့ မႏၲေလးကို မနက္ေစာေစာ ၃ နာရီခြဲေလာက္ေရာက္ပါတယ္ ကားဂိတ္မွာ ခဏထိုင္ေစာင့္ၿပီး ညရန္ကုန္ျပန္ဖို႔ ကားလက္မွတ္ကို တစ္ခါတည္း ကားဂိတ္မွာ ျဖတ္ခဲ့ပါတယ္ ၿပီးေတာ့ မဟာျမတ္မုနိဘုရား မ်က္ႏွာေတာ္သစ္ကို သြားဖို႔ taxi ဌားၿပီးထြက္ခဲ့ပါတယ္ မနက္ေစာေစာ မဟာျမတ္မုနိမ်က္ႏွာေတာ္သစ္ပြဲကို ဖူးၿပီး ဌားထားတဲ့ ကားလာအေခၚကို ဘုရားႀကီးေရွ႕မွာဘဲ ထိုင္ေစာင့္ပါတယ္ ကားက မ်က္ႏွာ ၇ နာရီေလာက္မွာ ေရာက္လာၿပီး မႏၲေလးေတာင္ကို အရင္တက္ပါတယ္ ၿပီးေတာ့ ကုသိုလ္ေတာ္ဘုရား နန္းၿမိဳ႕႐ိုးႏွင့္ ေရွးေဟာင္း ဘုန္းႀကီးေက်ာင္းေတြကို လိုက္ၾကည့္ခဲ့ပါတယ္ ၿပီးတာႏွင့္ မင္းကြန္းကို တန္းထြက္ခဲ့ၿပီး မင္းကြန္းပုထိုးေတာ္ႀကီး မင္းကြန္းေခါင္းေလာင္းႀကီး ႏွင့္ ျမသိန္းတန္ဘုရားေတြကို ေလ့လာ ၿပီးတာႏွင့္ ေန႔လည္စာ စား ၿပီး စစ္ကိုင္းေတာင္ကို ခရီးဆက္ခဲ့ပါတယ္


စစ္ကိုင္းေတာင္က ဘုရားေတြကိုဖူးၿပီးေတာ့ မႏၲေလးဘက္ကို ျပန္လာကာ အမရပူရမွာရွိတဲ့ ကမ႓ာ့ အရွည္ဆံုးႏွင့္ ေရွးအက်ဆံုး ကၽြန္းသစ္တံတားႀကီးျဖစ္တဲ့ ဦးပိန္တံတားေပၚကေန sunset ၾကည့္ၿပီးေတာ့ မႏၲေလးကားဂိတ္နားက စားေသာက္ဆိုင္မွာ ညစာစားၿပီး ရန္ကုန္ကို ညကားစီးၿပီး ျပန္ခဲ့ပါတယ္ မႏၲေလး-စစ္ကိုင္း ခရီးစဥ္တစ္ခုလံုးကို ေနျခည္ႏွင့္ လမင္း tour ( ☎️ 09795727121) က ကားဌားၿပီး သြားခဲ့တာပါ ကိုယ့္သြားခ်င္တဲ့ခရီးစဥ္ကို ေျပာၿပီး စီစဥ္ခိုင္းခဲ့တာပါ ကားဆရာေရာ tour company ေရာက ေတာ္ေတာ္ႀကီးကို အဆင္ေျပပါတယ္

( P.S - မႏၲေလးက ကားငွားတဲ့ ေအးဂ်င့္ကေတာ့ ပုဂံေရာက္မွ internet မွာ ရွာၿပီး ဖုန္းဆက္ေမးတာပါ ေအးဂ်င့္ သံုးခုေလာက္ကို ဖုန္းဆက္ေမးၿပီး ေစ်းသင့္တာကို ေရြးခဲ့တာပါ ကိုယ့္ဘက္က itinerary ကို ေသခ်ာ info ေပးရပါတယ္ ဘယ္ေတြ သြားခ်င္လည္းေပါ့ေနာ္ ကားအမ်ိဳးအစားက alphard လိုမ်ိဳးကားပါ alphard လိုမ်ိဳး luxury မဟုတ္ေပမဲ့ သက္ေတာင့္သက္သာရွိပါတယ္ )
MORE INFORMATION: https://mingalago.com/en/interest/detail/mingun

ခရီးစဥ္က စထြက္ေတာ့ တနလာၤေန႔ညေန - ရန္ကုန္ျပန္ေရာက္ေန႔ စေနေန႔မနက္ ေလးရက္ေလာက္ဘဲ အပင္ပန္းခံၿပီး ျမန္မာရဲ႕ အလွအပႏွင့္ ယဥ္ေက်းမႈကို အၾကမ္းဖ်င္း ေလ့လာႏိုင္ခဲ့ပါတယ္ အားလံုးစုစုေပါင္း ခရီးတစ္ခုလံုးမွာ သံုးခဲ့တာကလည္း ၁၅၀၀၀၀ ေလာက္ဘဲ ကုန္ပါတယ္ အပင္ပန္းခံၾကည့္ပါ လြယ္အိတ္ေလးတစ္လံုးႏွင့္ ခရီးသြားၾကည့္ပါ ေတြ႕တဲ့လူႏွင့္ မိတ္ေဆြဖြဲ႕ပါ ခရီးထြက္ရတာကို ေပ်ာ္သထက္ေပ်ာ္လာပါလိမ့္မယ္

 

Unicode Version

 

ဒီခရီးကတော့ ဖီလစ်ပိုင်က ကျွန်တော့်သူငယ်ချင်းတွေလာတုန်း ကောက်ကာငင်ကာ လွယ်အိတ်တစ်လုံး ကောက်လွယ်ပြီး ထလိုက်သွားတဲ့ခရီး ဒါပေမဲ့ ခရီးသွားဖူးတဲ့ အထဲမှာတော့ တော်တော်ကြီးကို ကျေနပ်ခဲ့တဲ့ ခရီးတစ်ခု တကယ်တော့ ကျွန်တော်သွားခဲ့တဲ့လမ်းကြောင်းဟာ နိုင်ငံခြားသားတော်တော်များများ သွားနေကျလမ်းကြောင်း နိုင်ငံခြားကနေ မြန်မာ ပြည် ခဏပြန်လာတဲ့သူတွေအတွက် အဆင်ပြေမဲ့ လမ်းကြောင်း ဖြစ်တာမို့ Myanmar At A Glance လို့သုံးထားတာပါ ဒီခရီးက နိုင်ငံခြားသားတွေ မြန်မာပြည်ကို လာတဲ့အခါ သွားနေကျ လမ်းကြောင်းတစ်ခုပါ ခရီးထွက်ပြီးအေးဆေး အနားယူလိုတဲ့ လူတွေထက် လွယ်အိတ်လေးတစ်လုံးလွယ်ပြီး လျှောက်သွားချင်တယ် ကိုယ့်ကိုကိုယ် challenge လုပ်ချင်တဲ့ လူတွေအတွက်ပို အဆင်ပြေပါတယ်။

ပိုက်ဆံကို ချွေတာတဲ့အနေနှင့်ရော လေးရက်လောက်နှင့် သွားချင်တဲ့နေရာကများနေတာရောဆိုတော့ ခရီးစဉ်တစ်ခုလုံးမှာ ပုဂံတစ်ခုဘဲ ဟိုတယ်မှာတည်းပြီး ကျန်တာကတော့ ကားပေါ်မှာဘဲ အိပ်ခဲ့ပါတယ်။ တော်တော်များများအတွက်ကတော့ အဆင်ပြေမှာမဟုတ်ပေမဲ့ backpack traveling သွားချင်တယ်။ ပင်ပန်းတဲ့ဒဏ်ခံနိုင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ ပျော်စရာခရီးဖြစ်မှာပါ ဖြစ်ချင်ရာဖြစ် ခရီးထွက်ရရင်ကို ပျော်တတ်နေတဲ့သူ လွယ်အိတ်တစ်လုံးနှင့် လျှောက်သွားချင်တဲ့သူတွေအတွက် ခရီးစဉ်ကို အတိုချုံးလေးဘဲ အဓိက တင်ပြချင်ပါတယ်။



အင်းလေး


ရန်ကုန်ကစထွက်တော့ ညနေ ခြောက်နာရီလောက် JJ Express VIP bus ကို စီးဖြစ်ခဲ့ပါတယ် လမ်းက ၁၁၅ မှတ်တိုင်မှာ ခဏနားပြီး ကလောကို မနက် လေးနာရီကျော်လောက် ညောင်ရွှေကို မနက် ခြောက်နာရီ နီးပါး လောက်မှာ ရောက်ပါတယ် ညောင်ရွှေရောက်ရောက်ချင်းကို အဲ ကားဂိတ်မှာဘဲ ည ပုဂံကို သွားမယ့် ကားလက်မှတ်ကို ဖြတ်ပါတယ် ပြီးတော့ အင်းလေးထဲသွားဖို့ လှေကို ကားဂိတ်မှာဘဲ စုံစမ်းပါတယ် အင်းလေးထဲသွားဖို့ လှေက တစ်စီး ကို ၂၅၀၀၀ ပေးရပါတယ် အင်းတိမ်ဘက်သွားရင်တော့ ၅၀၀၀ ပိုပေးရပါတယ် အင်းလေး+အင်းတိမ်ကို ၃၀၀၀၀ ပြီးတော့ အင်းထဲမှာ နေ့လည်စာစားဖို့ ငှားတဲ့စက်လှေကဘဲ စီစဉ်ပေးမယ် တစ်ယောက်ကို ၄၀၀၀ ဆိုတော့ သူတို့ကိုဘဲ စီစဉ်ခိုင်းလိုက်ပါတယ် ကျွန်တော်တို့က ငါးယောက်ဆိုတော့ စက်လှေဖိုး ၃၀၀၀၀ + နေ့လည်စာ ၂၀၀၀၀ (ပေါင်း ၅၀၀၀၀ - တစ်ယောက်ကို ၁၀၀၀၀ ကျပါတယ်) နောက်တော့ ကားဂိတ်နားမှာဘဲ မနက်စာစား ခဏနားပြီး အင်းထဲကို ခရီးဆက်ကြပါတယ် ပထမဆုံး အင်းထဲစရောက်တော့ ရှုခင်းတွေအရင်ကြည့်တယ် ပြီးတော့ ကျွန်းမျှောတွေရယ်နှင့် အလုပ်ရုံတွေ ဘုရားတွေကို လေ့လာတယ် နေ့လည်ကြတော့ အင်းထဲက အိမ်မှာ နေ့လည်စားပြီး အင်းတိမ်ဘက်ကို ထွက်ခဲ့ပါတယ် အင်းထဲက Burmese Cat Village ကရှားပါးကြောင်မျိုးစိတ်တွေကို မလေ့လာခဲ့ရတာကတော့ ဝမ်းနည်းစရာပါ ပိတ်ထားတဲ့ အချိန်နှင့် တိုက်နေလို့ပါ ကျွန်တော်အကြိုက်ဆုံးကတော့ အင်းတိမ်ရွာပါ အနော်ရထာမင်းကြီးလက်ထက်က ဘုရားတွေဟာ ယခုဆို ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းနေပေမဲ့ ဝမ်းနည်းစရာကောင်းတာက သမိုင်းကို သမိုင်းထဲက အတိုင်းမထားဘဲ ဘုရားတော်တော်များများကိုဖြိုဖျက်ပြီး ဘုရားအသစ်တွေတည်ထားတာပါဘဲ နှမြောစရာအမွေ အနှစ်တွေပါ။



အင်းတိမ်ပြီးတော့ အင်းလေးကန်ထဲပြန်သွားပြီး ကန်ထဲကနေ sunset ကြည့်ပါတယ်။ ပြီးတာနှင့် ညောင်ရွှေကို ပြန်လာပြီး ညကားနှင့် ပုဂံကို ခရီးဆက်ခဲ့ပါတယ် ပုဂံမသွားခင်မှာ ရေချိုးဖို့အတွက် ကားဂိတ်ကဆိုင်ကယ် ကယ်ရီနှင့် backpacker တွေ ရေချိုးနေကျ ညောင်ရွှေမြို့ထဲက အိမ်ကို လိုက်ပို့ခိုင်းလို့ရပါတယ် ပိုက်ဆံ ၁၀၀၀ ပေးပြီး အဲဒီ အိမ်မှာ ရေချိုးသန့်စင်လို့ရပါတယ် ရေချိုးခန်းက ကားဂိတ်ရောက်မှ မေးပြီး tuk tuk သမားကို လိုက်ပြခိုင်းတာပါ မိန်းကလေးတွေအတွက်လည်း အဆင်ပြေပါတယ် တစ်ယောက်တစ်ခန်းစီပါ ရေချိုးခန်းက အဲအိမ်မှာ ရေချိုးခန်း လေးခန်း ရှိပါတယ် ကျွန်တော်တို့ အဖွဲ့မှာလည်း မိန်းကလေးနှစ်ယောက်ပါပါတယ် သန့်လည်း သန့်ရှင်းပါတယ် ( P.S - ကားနောက်ကျနေလို့ မြန်မြန်ပြန်လာခဲ့ရလို့ရယ် personal case တစ်ခုကြောင့် ကျွန်တော်အလုပ်ရှုပ်နေတာရယ်နှင့် လိပ်စာမတောင်းမိခဲ့လိုက်တာ Sorry ပါ ညောင်ရွှေကားဂိတ်က tuk tuk သမားတွေကို မေးကြည့်ပါ သူတို့ ညွှန်ပေးပါလိမ့်မယ် သူတို့က အဲလိုဘဲ ပို့ပေးနေကျပါ )

( P.S - ကားနောက်ကျနေလို့ မြန်မြန်ပြန်လာခဲ့ရလို့ရယ် personal case တစ်ခုကြောင့် ကျွန်တော်အလုပ်ရှုပ်နေတာရယ်နှင့် လိပ်စာမတောင်းမိခဲ့လိုက်တာ Sorry ပါ ညောင်ရွှေကားဂိတ်က tuk tuk သမားတွေကို မေးကြည့်ပါ သူတို့ ညွှန်ပေးပါလိမ့်မယ် သူတို့က အဲလိုဘဲ ပို့ပေးနေကျပါ ).

ပုဂံ


ညောင်ရွှေကနေ ည ၇ နာရီကားနှင့် ထွက်လာတာ ကလောမှာ ခဏနား ထမင်းစားပြီး ပုဂံကို မနက် သုံးနာရီလောက်ရောက်ပါတယ် မနက်ဝေလီဝေလင်းကြီးမှာ စိတ်မကောင်းစရာကတော့ ပုဂံ ကားဂိတ်က ကားသမားများရဲ့ taxi ခ အဆမတန်တောင်းတာပါ သေချာလေး ဈေးဆစ်ကြဖို့ မှာချင်ပါတယ် ဒါမှမဟုတ် ကိုယ်တည်းမယ့် ဟိုတယ်ကို ferry ရှိမယ့် ကားကို ညောင်ရွှေကတည်းက မေးပြီး စီးရင် ပိုအဆင်ပြေပါတယ် (P.S - ပုဂံ ကားဂိတ်က taxi တွေက တစ်ယောက်ကို ဘယ်လောက်ဆိုပြီး ငါးယောက်ကို ၂၀၀၀၀ နီးပါးလောက်ကို တောင်းတာပါ Hotel က နီးနီးလေးဆိုတော့ နောက်ဆုံး အချေအတင် ဖြစ်ရင်း ၈၀၀၀ နှင့် ရသွားပါတယ် ငါးယောက်စာကို foreigners ပါလို့ ပိုတောင်းချင်တာပါ ) ဟိုတယ် မနက်စောစောရောက်တာမို့ check in ဝင်လို့ မရသေးတော့ စိတ်ဝင်စားရင် ဟိုတယ် lobby မှာ အထုပ်တွေအပ်ပြီး sunrise သွားကြည့်ဖို့ အကြံပေးချင်ပါတယ် ကျွန်တော်တို့ကတော့ နောက်နေ့မနက်မှ ကြည့်မယ်ဆိုပြီး lobby မှာဘဲ ခဏနားပြီး ဟိုတယ်နားက restaurant street မှာ မနက်စာသွားစားပါတယ် ပြီးတော့ ဟိုတယ်ပြန်ရောက်တော့ check in ဝင်လို့ရပြီဆိုတော့ check in ဝင်ပြီး ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး ခဏနားပါတယ် ပြီးမှ ဟိုတယ်နှင့် အရမ်းမဝေးတဲ့ ရွှေစည်းခုံဘုရားကနေစပြီး ဘုရားတစ်ဆူပြီးတစ်ဆူ ဝင်လေ့လာပါတယ်တည်းခဲ့တဲ့ hotel ကတော့ Royal Bagan Hotel ပါ agoda ထဲကရှာပြီး promotion rate နှင့် US$ 60 တန်အခန်းကို US$ 25 နှင့်ရခဲ့ပါတယ်
သွားရေးလာရေးကတော့ E Bike နှင့်ပါဘဲ တစ်ရက်ကိုမှ ၇၀၀၀ ကနေ ၉၀၀၀ ကြားဘဲရှိပါတယ် Battery ကုန်သွားရင်လည်း ဖုန်းဆက်ပြီး ကိုယ်ရောက်နေတဲ့နေရာကို လာလဲ ခိုင်းလို့ရပါတယ် နေ့လည်စာကတော့ ပထမနေ့မှာ သရပါဂိတ်နားက နာမည်ကြီး ထမင်းဆိုင်မှာဘဲ စားပါတယ် သူတို့ရဲ့ နာမည်ကြီး ဟင်းကတော့ ကြက်ကြော်ပါ နောက်နေ့ကတော့ TripAdvisor ထဲမှာ rating ကောင်းတဲ့ ရာပြည့် သတ်သတ်လွတ်ထမင်းဆိုင်မှာ စားပါတယ် ညစာကတော့ နှစ်ရက်လုံး ဟိုတယ်နားက restaurant street ထဲမှာ ကြုံတဲ့ဆိုင်မှာဘဲ စားဖြစ်ပါတယ်


ကျွန်တော်တို့သွားတဲ့ အချိန်က ငလျင်လှုပ်ပြီး နောက်တစ်ပတ်ဆိုတော့ sunset & sunrise ကြည့်ဖို့နေရာ တော်တော်ရှားပါတယ် ပုံမှန် ကြည့်လို့ရတဲ့နေရာတွေ တော်တော်များများကလည်း ပိတ်ထားပါတယ် ကျွန်တော့်တို့က ပုဂံက မြို့ခံတွေကို မေးပြီး သူတို့ ပြောတဲ့နေရာတွေကို မြေပုံထဲမှာ မရမကရှာ ပြီးတော့ အဲနေရာတွေကို ရောက်အောင် ရှာပြီး သွားခဲ့ပါတယ်။
တစ်ညအိပ်ပြီး နောက်နေ့မနက်မှာတော့ sunrise ကြည့်ဖို့ ဟိုတယ်ကနေ စောစောထွက်ပြီး sunrise ကြည့်ဖို့ လိုက်ရှာ နေရာတိုင်းက ပိတ်ထားတော့ တစ်ဝဲလည်လည်နှင့် နောက်ဆုံးမှာတော့ ရွှေနန်းရင်တော် အစုထဲက အုတ်ကျောင်း တစ်ကျောင်းကနေပြီး ကြည့်ခွင့်ရခဲ့ပါတယ် မနက်ဝေလီဝေလင်း ကြီး E bike နှင့် ပျာယာခတ်ပြီး sunrise ပတ်ရှာခဲ့ရတာတော့ အမှတ်တရပါဘဲ ပြီးတော့ ဟိုတယ်မှာ မနက်စာစားပြီး ည မန္တလေးသွားဖို့ check out တစ်ခါတည်းလုပ် အထုပ်တွေကိုတော့ ဟိုတယ် lobby မှာဘဲ ထားခဲ့ပြီး မနေ့က မကြည့်ရသေးတဲ့ ဘုရားတွေ ဆက်ကြည့်ပါတယ် ပြီးတာနှင့် sunset ကြည့်ပြီး dinner စား hotel ပြန်ရောက်တော့ hotel က ရေချိုးဖို့ နေရာပေးပါတယ် ရေချိုးပြီးတော့ မန္တလေးသွားဖို့ ကားဂိတ်က လာခေါ်မယ့် ferry ကို စောင့်ပြီး မန္တလေးကို ခရီးဆက်ခဲ့ပါတယ်



( P.S - မန္တလေးသွားမဲ့ ကားလက်မှတ်ကို ပုဂံ hotel reception မှာ သူတို့ hotel နှင့် join ထားတဲ့ ကားကို booking လုပ်ခိုင်းတာပါ ဒါဆို ကားက hotel ထိ လာကြိုပေးပါတယ် )

မန္တလေး - စစ်ကိုင်း - အမရပူရ

မန္တလေးသွားတော့မယ် ဆိုတော့ သွားကြည့်ချင်တဲ့နေရာက များပြီး ကိုယ့်ဘာသာကို သွားဖို့က မလွယ်တော့လို့ ကားငှားဖို့ ဖြစ်လာပါတယ် ကားငှားဆိုတော့ ကိုယ့်ကြည့်ချင်နေတဲ့နေရာတွေလည်းပါ အဆင်လည်း ပြေအောင် ကားအငှားလိုက်တဲ့ ကုမ္ပဏီ နှင့် ဆက်သွယ်ပြီး ကိုယ့်ခရီးစဉ်တွေလည်းပြောပြ ဈေးလည်း ညှိနှင့် နောက်ဆုံး one day tour ကို ၁၂၀၀၀၀ နှင့် ငှားဖြစ်ခဲ့ပါတယ် မန္တလေး စစ်ကိုင်းနှင့် sunset ကို ဦးပိန်တံတားမှာပြန်ကြည့် ပြီးတော့ ရန်ကုန်ပြန်ဖို့ ကားဂိတ်ကို ပြန်ပို့တဲ့အထိပါ ကားကို ပုဂံရောက်မှ ဖုန်းဆက်ပြီး ဌားခဲ့တာပါ ပုဂံက ည ၈:၃၀ လောက်ထွက်တော့ မန္တလေးကို မနက်စောစော ၃ နာရီခွဲလောက်ရောက်ပါတယ် ကားဂိတ်မှာ ခဏထိုင်စောင့်ပြီး ညရန်ကုန်ပြန်ဖို့ ကားလက်မှတ်ကို တစ်ခါတည်း ကားဂိတ်မှာ ဖြတ်ခဲ့ပါတယ် ပြီးတော့ မဟာမြတ်မုနိဘုရား မျက်နှာတော်သစ်ကို သွားဖို့ taxi ဌားပြီးထွက်ခဲ့ပါတယ် မနက်စောစော မဟာမြတ်မုနိမျက်နှာတော်သစ်ပွဲကို ဖူးပြီး ဌားထားတဲ့ ကားလာအခေါ်ကို ဘုရားကြီးရှေ့မှာဘဲ ထိုင်စောင့်ပါတယ် ကားက မျက်နှာ ၇ နာရီလောက်မှာ ရောက်လာပြီး မန္တလေးတောင်ကို အရင်တက်ပါတယ် ပြီးတော့ ကုသိုလ်တော်ဘုရား နန်းမြို့ရိုးနှင့် ရှေးဟောင်း ဘုန်းကြီးကျောင်းတွေကို လိုက်ကြည့်ခဲ့ပါတယ် ပြီးတာနှင့် မင်းကွန်းကို တန်းထွက်ခဲ့ပြီး မင်းကွန်းပုထိုးတော်ကြီး မင်းကွန်းခေါင်းလောင်းကြီး နှင့် မြသိန်းတန်ဘုရားတွေကို လေ့လာ ပြီးတာနှင့် နေ့လည်စာ စား ပြီး စစ်ကိုင်းတောင်ကို ခရီးဆက်ခဲ့ပါတယ်


စစ်ကိုင်းတောင်က ဘုရားတွေကိုဖူးပြီးတော့ မန္တလေးဘက်ကို ပြန်လာကာ အမရပူရမှာရှိတဲ့ ကမ္ဘာ့ အရှည်ဆုံးနှင့် ရှေးအကျဆုံး ကျွန်းသစ်တံတားကြီးဖြစ်တဲ့ ဦးပိန်တံတားပေါ်ကနေ sunset ကြည့်ပြီးတော့ မန္တလေးကားဂိတ်နားက စားသောက်ဆိုင်မှာ ညစာစားပြီး ရန်ကုန်ကို ညကားစီးပြီး ပြန်ခဲ့ပါတယ် မန္တလေး-စစ်ကိုင်း ခရီးစဉ်တစ်ခုလုံးကို နေခြည်နှင့် လမင်း tour ( ☎️ 09795727121) က ကားဌားပြီး သွားခဲ့တာပါ ကိုယ့်သွားချင်တဲ့ခရီးစဉ်ကို ပြောပြီး စီစဉ်ခိုင်းခဲ့တာပါ ကားဆရာရော tour company ရောက တော်တော်ကြီးကို အဆင်ပြေပါတယ်

( P.S - မန္တလေးက ကားငှားတဲ့ အေးဂျင့်ကတော့ ပုဂံရောက်မှ internet မှာ ရှာပြီး ဖုန်းဆက်မေးတာပါ အေးဂျင့် သုံးခုလောက်ကို ဖုန်းဆက်မေးပြီး ဈေးသင့်တာကို ရွေးခဲ့တာပါ ကိုယ့်ဘက်က itinerary ကို သေချာ info ပေးရပါတယ် ဘယ်တွေ သွားချင်လည်းပေါ့နော် ကားအမျိုးအစားက alphard လိုမျိုးကားပါ alphard လိုမျိုး luxury မဟုတ်ပေမဲ့ သက်တောင့်သက်သာရှိပါတယ် )
MORE INFORMATION: https://mingalago.com/en/interest/detail/mingun

 ခရီးစဉ်က စထွက်တော့ တနလာၤနေ့ညနေ - ရန်ကုန်ပြန်ရောက်နေ့ စနေနေ့မနက် လေးရက်လောက်ဘဲ အပင်ပန်းခံပြီး မြန်မာရဲ့ အလှအပနှင့် ယဉ်ကျေးမှုကို အကြမ်းဖျင်း လေ့လာနိုင်ခဲ့ပါတယ် အားလုံးစုစုပေါင်း ခရီးတစ်ခုလုံးမှာ သုံးခဲ့တာကလည်း ၁၅၀၀၀၀ လောက်ဘဲ ကုန်ပါတယ် အပင်ပန်းခံကြည့်ပါ လွယ်အိတ်လေးတစ်လုံးနှင့် ခရီးသွားကြည့်ပါ တွေ့တဲ့လူနှင့် မိတ်ဆွေဖွဲ့ပါ ခရီးထွက်ရတာကို ပျော်သထက်ပျော်လာပါလိမ့်မယ်

This is just a glance about Myanmar in 4 days (Inle – Bagan – Mandalay – Sagaing). I dedicated this itinerary to the foreigners and budget friendly travelers. Hope you all will like it. Thanks with love.

Do you like this contents?
If you have MingalaGO user's account, you can add bookmark into your mypage.