ဘုရားစေတီပေါ်က သိသင့်တဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ဆိုင်ရာအချက်အလက်များ

2020-02-21edit Ye Naung

နိုင်ငံတကာကနေ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တော်တွေအနေနဲ့ မြန်မာနိုင်ငံကိုရောက်လို့ ရန်ကုန်မှာ လည်ပတ်သွားလာ ကြပြီဆိုရင် ဘယ်လိုမှချန်လှပ်ထားခဲ့လို့ မသင့်တဲ့နေရာတစ်ခုကတော့ ရွှေတိဂုံစေတီတော်ပါပဲ။ ရွှေတောင်ကြီးလို သပ္ပါယ်ခမ်းနားလှတဲ့စေတီတော်ကြီးကို အဝေးကဖူးမြင်ရရုံနဲ့ အံ့ဖွယ်အဖြစ်ပါပဲ။ ဒါပေမဲ့ ဧည့်သည်တွေအနေနဲ့ စေတီတော်ရဲ့ရင်ပြင်ပေါ်ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့စိတ်နှလုံးကို ရှုပ်ထွေးသွားစေနိုင်လောက်တဲ့အရာတွေ အများကြီးမှ အများကြီးပါပဲ။ အဲဒီအရာတွေထဲမှာ စိတ်ရှုပ်ထွေးစရာ အကောင်းဆုံးတစ်ခုကတော့ ဘုရားရဲ့ထောင့် ၈ ထောင့်ကအနီရောင်ဆိုင်းဘုတ်တွေပေါ်မှာ ဒဏ္ဍာရီလာတိရိစ္ဆာန်ရုပ်ပုံတွေတည်ရှိနေ တဲ့အချက်ပါပဲ။

အရှေ့မြောက်ဘက်ထောင့်ကနေ စေတီတော်ကို ညာရစ်ပတ်ဖူးမြော်မယ်ဆိုရင် ပထမဆုံးစတွေ့ရမှာက ဒဏ္ဍာရီလာဂဋ္ဌုန်ကို စတွေ့ရ ပါပြီ။ မြန်မာ့ရိုးရာဒီဇိုင်းပညာသဘောအရ ဂဋ္ဌုန်ဆိုတာ ခွန်အားရဲ့သင်္ကေတပါ။ ရိုးရာဗေဒင်သဘောအရတော့ ဂဋ္ဌုန်ဆိုတာ တနင်္ဂနွေ နေ့အပေါ်စိုးမိုးထားတဲ့ ဂြိုလ်မင်းပါပဲ။

ဒီနေရာမှာ မေးစရာရှိလာပါပြီ။ နေ့ရက်ကို ကိုယ်စားပြုခဲ့တယ်ဆိုရင် ထောင့် ၈ ထောင့်မှာ အရုပ် ၈ ရုပ်ဘာကြောင့် ဖြစ်နေရတာလဲဆို တာကို မေးချင်စရာပါပဲ။ မြန်မာအယူအဆအရ ရက်သတ္တပတ်တစ်ခုရဲ့အလယ်ရက် ဗုဒ္ဓဟူးကို နှစ်ပိုင်းအညီအမျှ ခွဲထားတာကြောင့် ရာဟုဆိုပြီး ၈ထောင့် ၊ ၈ ကောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ရှေ့ဆက်သွားမယ်ဆိုရင် တနင်္လာထောင့် (ကျားရုပ်)။ အရှေ့တောင်ထောင့်(ခြင်္သေ့)။ ဗေဒင်သဘောအရ အင်္ဂါဂြိုလ်မင်းက ခြင်္သေပါပဲ။ မြန်မာ့ရိုးရာဒီဇိုင်းသင်္ကေတသဘောအရတော့ သူရသတ္တိကို ကိုယ်စားပြုပါတယ်။ တောင်ဘက်ထောင့်ကတော့ ဗုဒ္ဓဟူးဂြိုလ်ထောင့်ဖြစ် ပြီး အစွယ်နဲ့ဆင်ရုပ်ကို တွေ့မှာပါ။ ဒီလိုအစဉ်အတိုင်းသွားတယ်ဆိုရင် နောက်တွေ့ရမယ့် အနောက်တောင်ထောင့်က ရာဟုပဲဖြစ်ရမယ်လို့ ဧည့်သည်က အလိုအလျှောက်တွေးမိလျက်သားဖြစ်တော့တာပေါ့။

ဒါပေမဲ့ သူ့ကိုအံ့သားသင့်စေမယ့်အချက်ကတော့ စနေနေ့ကို ကိုယ်စားပြုတဲ့ နဂါးရုပ်ကိုတွေ့လိုက်ရတာပါပဲ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ နောက်ထပ် အစဉ်အတိုင်းမဖြစ်တဲ့သဘောတွေက ကျန်နေပါသေးတယ်။ အနောက်ဘက်ထောင့်က ကြာသပတေး ထောင့်ဖြစ်နေပြီး ကြွက်ရုပ်ကိုတွေ့ရပါမယ်။ အနောက်မြောက်ထောင့်ကတော့ အစောကအစဉ်အတိုင်းဖြစ်ရမှာကို ချန်ထားခဲ့တဲ့ ရာဟု ထောင့်ဖြစ်ပြီး အစွယ်မပါတဲ့ဆင်ရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ မြန်မာ့ရိုးရာနက္ခတ္တဗေဒင်သဘောရဲ့ ဇီဇာကြောင်မှုတစ်ခုလို့ပဲ ပြောရမှာပါ။ နောက်ဆုံးမြောက်ဘက်ထောင့်ကတော့ သောကြာထောင့်ဖြစ်ပြီး ပူးရုပ်ကိုထားရှိပါတယ်။

အင်္ဂလိပ်ဘာသာစကားမှာသုံးနူန်းတဲ့မွေးနေ့ဆိုတာက ဗမာလူမျိုးတွေအတွက်တော့ ရက်သတ္တပတ်တိုင်းမှာ မွေးနေ့ဆိုတာရှိနေတယ်လို့ ပြောရပါလိမ့်မယ်။

ဗမာလူမျိုးတွေရဲ့ထုံးတမ်းစဉ်လာအယူအဆတွေမှာ ဘယ်နေ့မွေးသလဲဆိုတာက အတော်လေးကို အရေးပါပါတယ်။ စေတီတော်တွေဆီရောက်ပြီဆိုရင် အစဉ်အလာအရ ကိုယ့်မွေးနေ့ထောင့်မှာ ဘုရားဝတ်ပြုတာ၊ ဆီမီးပူဇော်တာတွေပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ဗမာလူမျိုးတွေဟာ ကိုယ့်ရဲ့မွေးနေ့ထောင့်က ဆင်းထုတော်ကို ရေသပ္ပါယ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

အဲဒီလိုရေသပ္ပါယ်တဲ့နေရာမှာ ပရောဖက်ရှင်နယ်ဗေဒင်ဆရာက ဟောပြောလိုက်တဲ့အတိုင်း ကိုယ့်ရဲ့အသက်နှစ်အရေအတွက်အတိုင်း ရေခွက်အရေအတွက်ကို လောင်းလှူကြတာလည်း ရှိပါတယ်။  

ဒါပေမဲ့ အဲဒီဓလေ့ထုံးစံဟာ ရိုးရာဓလေ့ထုံးစံဖြစ်ပြီး ဗမာလူမျိုးအများစု ယုံကြည်ကိုးကွယ်ကြတဲ့ ထေရဝါဒဗုဒ္ဓအဆုံးအမနဲ့တော့ တိုက်ဆိုင်မှု မရှိပါဘူး။

ပြောရမယ်ဆိုရင် တချို့ဘုရားစေတီရင်ပြင်ပေါ်တွေမှာ အမျိုးသမီးမတက်ရတဲ့အချက်နဲ့ပတ်သက်ပြီး Gender equality in Myanmar ဆောင်းပါးမှာရေးသားဖော်ပြခဲ့ဖူးသလို ကိုယ့်ရဲ့မွေးနေ့ထောင့်မှာပဲ ရေကိုသက်စေ့လှူဒါန်းရမယ်ဆိုတာက ရိုးရာဓလေ့ ထုံးစံတွေပါပဲ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဘုရားစေတီပေါ်က သိသင့်တဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ဆိုင်ရာအချက်အလက်များ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း