မြန်မာနိုင်ငံရဲ့တခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်လန်ပိ

2020-03-27edit Ye Naung


ဓါတ်ပုံ - Lampi_MNP


ခရီးသွားကမ္ဘာမှာ မြန်မာနိုင်ငံကို ပုန်းကွယ်နေတဲ့ရတနာတပါးလို့ တင်စားပြောဆိုမှုတွေရှိပါတယ်။ ၁၉၄၂ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ တဲ့အရှေ့တောင်အာရှနိုင်ငံဟာ ယခုတိုင်အဆုံးမသတ်နိုင်သေးတဲ့ ပြည်တွင်းစစ်၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုစတဲ့ ခေတ်အဆက် ဆက်အကြောင်းအမျိုးအမျိုးကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ရောက်ရှိမှုနည်းပါးခဲ့တယ်လို့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ယှဉ်ပြီး ဆိုနိုင်ပါ တယ်။


ဒါကြောင့် နိုင်ငံတကာခရီးသွားတွေသာမက ပြည်တွင်းခရီးသွားလာသူတွေပါ အရောက်အပေါက်နည်းပါးလှတဲ့ဒေသတွေအများကြီး မြန်မာနိုင်ငံမှာ ကျန်ရှိနေပါသေးတယ်။အဲဒီဒေသတွေထဲကတစ်ခုကတော့ လန်ပိကျွန်းပါပဲ။ လန်ပိကျွန်းက လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်ရဲ့ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးရဲ့မြိတ်ကျွန်းစုတွေထဲမှာ ကျွန်းစုအုပ်စု လိုက်ကြီး အနေနဲ့ ပါဝင်ပါတယ်။ မြိတ်ကျွန်းစုကို ကျွန်းပေါင်း ၈၀၀ကျော်နဲ့ ဖွဲ့စည်းထားပြီး ကပ္ပလီပင်လယ်ထဲက ကမ်းရိုးတန်း တလျှောက် ကီလိုမီတာ ၆၀၀ ကျော်နေရာယူထားပါတယ်။


မြိတ်မြို့နဲ့ အနီး တဝိုက်က သွားရောက်လည်ပတ်ချင်စရာနေရာတွေအကြောင်းကို သိရှိချင်ရင်တော့ MingalaGo ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြခဲ့တဲ့ (မြိတ်လို့ခေါ်တဲ့ကျွန်တော်ရဲ့ဇာတိမြေ) လင့်ခ်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက် တချက်ကတော့ မြန်မာ နိုင်ငံရဲ့သန္တာကျောက်တန်းအများစုက မြိတ်ကျွန်းစုမှာပါ။ ဇီဝမျိုးကွဲတွေကြွယ်ဝတဲ့မြိတ်ကျွန်းစုဟာ သန္တာ ကျောက်တန်းတွေတင်မကဘဲ အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဒီရေတောတွေ၊ seagrass meadows ပါရှိတာကြောင့် အဏ္ဏဝါနဲ့ကမ်းရိုးတန်းထိန်းသိမ်း စောင့်ရှောက်မှုမှာ အင်မတန်အရေးပါတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် အပန်းဖြေခရီးထွက်ချင်တဲ့ သူတွေအတွက်သာမက ဇီဝမျိုးကွဲ (Biodiversity) ကိုလေ့လာချင်သူတွေအတွက် သွားရောက်လည်ပတ်ဖို့ ထိုက်တန်တဲ့ခရီးစဉ်တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။


လန်ပိကျွန်း


ဓါတ်ပုံ - Lampi_MNP


ပိုပြီးသေးငယ်တဲ့ ကျွန်းပေါင်း ၂၀လောက်ခြံရံထားတဲ့ လန်ပိကျွန်းဟာ အဏ္ဏဝါအမျိုးသားဥယာဉ်ရဲ့အဓိကကျတဲ့ကျွန်းပါပဲ။ လန်ပိ ကျွန်း က ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဥယျာဉ်တစ်ခုလုံးအနေနဲ့ မျိုးသုန်းတော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ အဏ္ဏဝါ မျိုးစိတ် ပေါင်း ၅၀ကျော်ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ပေးထားပါတယ်။
ဓါတ်ပုံ - Lampi_MNP

ဓါတ်ပုံ - Lampi_MNP
ဒါ့အပြင် လန်ပိကျွန်းကို မိခင်ကျွန်းအဖြစ်ယုံကြည်ထားကြတဲ့ ပင်လယ် ပျော်ဂျစ်ပစီတွေဖြစ်တဲ့ ဆလုံကျွန်းသားတွေကိုလည်း မြင်တွေ့ လေ့လာခွင့်ရဦးမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ - Lampi_MNP

ဘယ်လိုသွားမလဲ

ပြည်တွင်းခရီးသွားအေဂျင်စီတွေရှိသလို နိုင်ငံတကာခရီးသည်တွေအနေနဲ့တော့ ထိုင်းနိုင်ငံကဖြစ်ဖြစ်၊ မြန်မာနိုင်ငံကဖြစ်ဖြစ် သွားရောက် နိုင်ပါတယ်။ မြန်မာနိုင်ငံကဆိုရင်တော့ ကော့သောင်းကို လေယာဉ်စီးပြီးသွားလိုက်တာ အမြန်ဆုံးပါပဲ။ ထိုင်းနိုင်ငံဘက်ကဆိုရင်တော့ ရနောင်းကတဆင့် ကော့သောင်းကို ကူးရမှာဖြစ်ပါတယ်။ ရနောင်းကနေမော်တော်နဲ့လာရင် မိနစ် ၂၀ခရီးပါပဲ။ နိုင်ငံတကာခရီးသွားတွေ အတွက် အထူးခွင့်ပြုချက်လိုအပ်ပြီး လိုင်စင်ရတိုးကုမ္ပဏီတွေက လုပ်ဆောင်ပေးတာတွေရှိပါတယ်။ ငွေကြေးအနေနဲ့ကတော့ မြန်မာ ကျပ်ငွေ နဲ့ ထိုင်းဘတ်ငွေနှစ်ခုစလုံးကို မြိတ်မြို့နဲ့ လန်ပိဥယျာဉ် နှစ်နေရာစလုံးမှာ လက်ခံအသုံးပြုကြပါတယ်။ တည်းခိုဖို့နေရာကတော့ လန်ပိဝက်ဘ်ဆိုက်မှာ နောက်ဆုံးရသတင်းအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားရောက် လည်ပတ်ဖို့ စိတ်ဝင်စားရင် ဒီနေရာ မှာ ခရီးစဉ်တွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဓါတ်ပုံ - Lampi_MNP

ဓါတ်ပုံ - Lampi_MNP

ဘယ်အချိန်သွားရောက်လည်ပတ်မလဲ

အကောင်းဆုံးအချိန်ကတော့ ခြောက်သွေ့တဲ့ရာသီဖြစ်ပြီး အောက်တိုဘာလကနေ မေလအထိဖြစ်ပါတယ်။ ဒီဇင်ဘာကနေ မတ်လ အတွင်း သွားရောက်လည်ပတ်မယ်ဆိုရင်လည်း အရှေ့မြောက်လေတိုက်ခတ်မှုကိုခံစားရမှာဖြစ်ပြီး နေ့လည်နေ့ခင်းဘက်မှာ ပူသ လောက် ညပိုင်းအအေးကဲတာကို ကြုံတွေခံစားရပါလိမ့်မယ်။ ရွက်လှေတစီးနဲ့ရွက်လွှင့်မယ်၊ ငါးဖမ်းမယ်ဆိုရင်တော့ ဒါက တနှစ်တာ ရဲ့အချိန်ကောင်းပါပဲ။ ဧပြီနဲ့မေလတွေမှာတော့ လေသိပ်မတိုက်ဘဲ ရာသီဥတု အလွန်ပူလေ့ရှိပါတယ်။ ဇွန်လကနေ ဒီဇင်ဘာလအထိ ကတော့ မိုးလေပြင်းထန်လွန်းတာကြောင့် လန်ပိအဏ္ဏဝါဥယျာဉ် ပိတ်လေ့ရှိပါတယ်။

နိုင်ငံတကာဧည့်သည်တွေအတွက် ဆောင်ရန်၊ရှောင်ရန်တွေ


ဒေသခံတွေနဲ့ စကားစမြည်ပြောဆိုပါ။ မြန်မာလူမျိုးတွေက ယဉ်ကျေးပျုငှာကြပါတယ်။
ရိုးရာအစဉ်အလာဓလေ့တွေကို လေးစားမှုထားပါ။
မင်္ဂလာပါ၊လို့ ပြုံးပြုံးရွင်ရွင်နူတ်ဆက်ပါ။
ဓါတ်ပုံရိုက်မယ်ဆိုရင် ခွင့်တောင်းပါ။
ဘာသာရေးအဆောက်အအုံ့တွေနဲ့ ဒေသခံရွာတွေကိုသွားရောက်လည်ပတ်မယ်ဆိုရင် သင့်လျော်တဲ့ဝတ်စားဆင်ယင်မှုဖြစ်ပါစေ။
တောလမ်းခရီးသွားဖို့ သင့်လျော်တဲ့ဖိနပ်ကို ဝတ်ဆင်သွားပါ။
စိတ်အနှောက်အယှက်ဖြစ်စေတဲ့ဓါတ်ပုံတွေ မရိုက်မိပါစေနဲ့။
တဦးတယောက်ရဲ့ဦးခေါင်းကို ထိတွေ့ကိုင်တွယ်မှုမလုပ်ပါနဲ့။
ကလေးငယ်တွေကို မုန့်၊ လက်ဆောင်နဲ့ငွေကြေး တိုက်ရိုက်ပေးတာမျိုး မလုပ်ပါနဲ့။
တကယ်လို့ ပရဟိတသဘောပေးချင်ရင် ဒေသခံလမ်းညွှန်ကို မေးမြန်ပါ။
လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းတာမျိုး မလုပ်ပါနဲ့။
တရားမဝင်တဲ့ ဆေးဝါးတွေ ရောင်းဝယ်မှုမလုပ်ပါနဲ့။
ဒီရေတောမြစ်တွေထဲကို အင်ဂျင်တပ်မော်တော်ဘုတ်နဲ့ မဝင်ပါနဲ့။ ကယက်လှေနဲ့ ကနူးလှေတွေပဲ ဝင်ခွင့်ပြုထားပါတယ်။
တောရိုင်းသတ္တဝါနဲ့ တောရိုင်းထွက်ပစ္စည်းတွေ ဝယ်ယူမှုမလုပ်ပါနဲ့။

မြန်မာနိုင်ငံရဲ့တခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်အပြင် အာဆီယံရဲ့အမွေအနှစ်ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ လန်ပိကျွန်းအကြောင်း စိတ်ဝင်စားဖွယ်အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားပါဦးမှာ ဖြစ်ပါတယ်။

 

 

 

 

 

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာနိုင်ငံရဲ့တခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်လန်ပိ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း