AYEYARWADY

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ဆန်အိုးကြီးလို့တင်စားပြောဆိုခံရပြီး ကောက်ပဲသီးနှံအဓိကထုတ်လုပ်တဲ့ဒေသဖြစ်ပါတယ်။ တိုင်းဒေသကြီးမြို့တော်ကတော့ ပုသိမ်မြို့ဖြစ်ပါတယ်။ ဒီတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၂၆မြို့နယ်ပါဝင်ပြီး စုစုပေါင်း ဧရိယာ ၃၅၉၆၄ စတုရန်းကီလိုမီတာ ကျယ်ပြန့်ပါတယ်။ အနောက်မြောက်ဘက်မှာ ရခိုင်ပြည်နယ်၊ အရှေ့နဲ့ မြောက်ဘက်မှာ ပဲခူး၊ အရှေ့ဘက်မှာ ရန် ကုန်တိုင်းဒေသကြီးနဲ့ တောင်ဘက်နဲ့ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံလျှက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး က မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ ကောက်ယူခဲ့တဲ့အချက်အလက်တွေအရ စုစုပေါင်းလူဦးရေ ၆.၃၂သန်းရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ဆင်ခြေဖုံးဒေသတွေမှာ လူဦးရေထူထပ်မှုကြီးမားပြီး လူဦးရေရဲ့ ၈၈ရာခိုင်နူန်းက နယ်ဘက်မှာနေထိုင်ကြပြီး မြို့ပေါ်မှာ ၁၂ရာခိုင်နူန်းခန့်ပဲ နေထိုင်ကြပါတယ်။ ၂၀၀၈ခုနှစ်က ဒီဧရိယာကို နာဂစ်မုန်တိုင်းအပြင်းအထန် တိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်းဒေသကြီးရဲ့အဓိကစီးပွားရေးကတော့ စိုက်ပျိုးရေးနဲ့ သစ်ထုတ်လုပ်ရေးပါပဲ။ အဓိကဒေသထွက်ကုန် ကတော့ ဆန်စပါးဖြစ်ပါတယ်။ အခြားကောက်ပဲသီးနှံတွေဖြစ်တဲ့ ပြောင်း၊ နှမ်း၊ မြေပဲ၊ နေကြာ၊ပဲစတာတွေကိုလည်း စိုက်ပျိုးကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးရယ်လို့ တင်စားခံရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေလုပ်ငန်းကလည်း အရေးကြီးတဲ့စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ငါး၊ငါးခြောက်၊ ပဲပိ၊ မျှင်ငပိစတာတွေက မြစ်ချောင်းအင်းအိုင်ပေါ်များလှတဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ထွက် ကုန်တွေပဲ ဖြစ်ပါတယ်။

မြေမျက်နှာသွင်ပြင်

ဧရာဝတီတိုင်းက မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်မှာ ကပ္ပလီပင်လယ်တို့က ဝန်းရံ ထားတဲ့ဒေသဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ခရိုင် ၆ခုရှိပါတယ်။ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာဆိုပြီး ခရိုင်တွေ ရှိပါတယ်။ မြို့နယ်အားဖြင့် ၃၉မြို့နယ်၊ ရပ်ကွက် ၂၇၃ခု၊ ကျေးရွာအုပ်စုပေါင်း ၁၉၁၉ရွာနဲ့ ကျေးရွာပေါင်း ၁၁၉၀၇ရွာရှိပါတယ်။ ငွေဆောင်၊ ချောင်းသာလိုမျိုး အပန်းဖြေကမ်းခြေတွေလည်း ဧရာဝတီတိုင်းရဲ့အနောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ ကမ်းခြေနှစ်ခုစလုံး က ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းတလျှောက်တည်ရှိတာဖြစ်ပါတယ်။ ရန်ကုန်ကနေ ကားနဲ့သွားမယ်ဆိုရင် ၄နာရီကြာမြင့်မှာဖြစ် ပြီး ပုသိမ်မြို့ကနေ ၁နာရီခရီးပဲရှိပါတယ်။ ချောင်းသာက ပြည်တွင်းခရီးသွားတွေအကြားမှာ ပိုမိုရေပန်းစားပြီး ငွေဆောင်ကတော့ နိုင်ငံ ခြားသား ဧည့်သည်တွေ လာရောက်မှု ပိုမိုများပြားပါတယ်။ ကမ်းခြေနှစ်ခုစလုံးမှာ ဟိုတယ်၊ တည်ခိုးခန်း၊အပန်းဖြေစခန်းတွေအများကြီး ရှိပြီး ကိုယ်အသုံးပြုမယ့်ငွေကြေးနဲ့ ချိန်ဆတည်းခိုနိုင်ပါတယ်။ ကမ်းခြေတွေဆီကို ကားလမ်းခရီးနဲ့လွယ်လင့်တကူ သွားရောက်နိုင်ပါ တယ်။

ဘယ်အချိန်သွားလည်ပတ်မလဲ

ဧရာဝတီတိုင်းမှာ လည့်ပတ်ကြည့်ရှုစရာအရမ်းကြီး မများပေမယ့် ဇလွန်၊ လေးကျွန်းမာန်အောင်ဖောင်တော်ဦးဘုရား၊ မော်တင်စွန်းဘုရား၊ ရွှေမှုတော်ဘုရားတွေကို သွားရောက်ဖူးမြော်နိုင်သလို ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီကျွန်းနဲ့ ရွှေသောင်ယံတို့  မှာလည်း သွားရောက်အပန်းဖြေနိုင်ပါတယ်။

ဇလွန်

Ayeyarwady Tooykrub / Shutterstock.com

ဇလွန်မြို့က ဧရာဝတီတိုင်းရဲ့မြို့ငယ်လေးဖြစ်ပြီး ဟင်္သာတခရိုင်မှာ ပါဝင်ပါတယ်။ ရန်ကုန်ကနေ မိုင် ၅၀ အကွာအဝေးမှာတည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ ညောင်တုန်းကနေ သဘောၤာနဲ့ဖြတ်ကူးနိုင်တာကြောင့် နေ့ချင်းပြန်သွားလို့ ရပါတယ်။ ဇလွန်မြို့က မြန်မာနိုင်ငံမှာ ဘုရားဖူးဧည့်သည်အလာအများဆုံး မြို့တမြို့ဖြစ်ပါတယ်။ မာန်အောင်မြင်ဘုရားက အင်မတန်တန်ခိုးကြီးပါတယ်။ ဗုဒ္ဓ ဆင်းတုတော်ကို ကြီးမားလှတဲ့စေတီတော်ကြီးအတွင်းမှာ တည်ထားပူဇော်တာဖြစ်ပါတယ်။ ပွင့်တော်မူပြီးတော် ဘုရားလေးဆူဖြစ်တဲ့ ကကုဿန်၊ ကောနဂုဏ၊ ကဿဖနဲ့ ဂေါ်တမမြတ်စွာဘုရားတို့ကို တည်ထားပါတယ်။ တနိုင်ငံလုံးက ဘုရားဖူးတွေဟာ ရုံးပိတ်ရက်တွေ မှာ လာရောက်ကြတာများပါတယ်။ ဘုရားဖူးတွေဟာ နံနက်ခင်းပိုင်းမှာသွားရောက်ကြပြီး နေ့လည်နေ့ခင်းမှာ ပြန်ကြလေ့ရှိပါတယ်။

ချောင်းသာကမ်းခြေ

Chaung-Tha-Beach ပုသိမ်မြို့အနောက်ဘက်မှာ ချောင်းသာကမ်းခြေတည်ရှိပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ကမ်းရိုးတန်းပဲဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးဆုံး ဖြစ်တာကြောင့် ပြည်တွင်းခရီးသွားအများစုက ချောင်းသာကို သွားရောက်လည်ပတ်မှုများပြားပါတယ်။ ရန်ကုန်နဲ့ဆိုရင် ၁၅၄.၃မိုင်ပဲကွာ ဝေးပြီး ပုသိမ်မြို့နဲ့တော့ ၃၆.၄မိုင်ကွာဝေးပါတယ်။ သိပ်မဝေးတာကြောင့် အားလပ်ရက်တွေမှာ ပြည်တွင်းခရီးသွားအများအပြားကို မြင် တွေ့နိုင်ပါတယ်။ ငွေဆောင်ကမ်းခြေနဲ့ယှဉ်ရင် ပြည်တွင်းခရီးသွားတွေက ချောင်းသာကို ပိုကြိုတ်ကြပါတယ်။ ငွေဆောင်နဲ့ချောင်းသာက ရန်ကုန်ကနေသွားရင် ခရီးအကွာအဝေးအတူတူပါပဲ။ ကမ်းခြေတလျှောက် ဆိုင်ကယ်ကယ်ရီနဲ့ ငွေဆောင်-ချောင်းသာ အပြန်အလှန်သွား လို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားဧည့်သည်တွေကတော့ ချောင်းသာထက်စာရင် အနီးနားက ငွေဆောင်နဲ့ ငပလီကမ်းခြေကို ပိုပြီးနှစ် သက်ကြပါတယ်။ ကမ်းခြေခရီးစဉ်မှာ လတ်ဆပ်တဲ့ပင်လယ်စာတွေရနိုင်တာကြောင့်လည်း လူကြိုတ်များလှပါတယ်။ မုတ်သုန်ရာသီမစ တင်မီ နိုဝင်ဘာနဲ့ ဧပြီလအထိ ဧည့်သည်တွေ လာရောက်ကြလေ့ရှိပါတယ်။[blogcard url="https://mingalago.com/interest/chaungtha-beach/"]

ငွေဆောင်ကမ်းခြေ

Ayeyarwady

ငွေဆောင်ကမ်းခြေက မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ အဓိကကမ်းခြေ သုံးခုမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပထဝီအနေအထား အရ အဲဒီကမ်းခြေသုံးခုက ကွဲပြားခြားနားပါတယ်။ ငွေဆောင်က ငွေကြေးအကုန်အကျသက်သာပြီး ရန်ကုန်မြို့ကနေ ကားနဲ့သွားရောက် နိုင်ပါတယ်။ ငွေဆောင်က တိတ်ဆိတ်အေးချမ်းပြီး ရှည်လျားတဲ့ကမ်းခြေဖြစ်ပါတယ်။ ချောင်းသာနဲ့ယှဉ်ရင် ပိုပြီးဆိတ်ငြိမ်တယ်လို့ ဆိုနိုင် ပါတယ်။ ဒါပေမဲ့ ငှက်ကျွန်း၊ တောင်လျားရှည်ကျွန်းတို့လို ထင်ရှားတဲ့ကျွန်းတွေကို မော်တော်ဘုတ်နဲ့သွားရောက်နိုင်ပြီး ရေကစားလို့ ရ ပါတယ်။ အဝေးပြေးကားဈေးနူန်းတွေနဲ့ ဟိုတယ်ဈေးနူန်းတွေက ချောင်းသာနဲ့ယှဉ်ရင် နည်းနည်းပိုပြီး ဈေးကြီးတတ်ပါတယ်။

ဂေါ်ရန်ဂျီ ဒိုင်ယာရီ

ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်

ချောင်းသာကမ်းခြေ

ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်