Tanintharyi တနင်္သာရီတိုင်းက မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပါတယ်။ ဒီဒေသကိုတော့ ထိုင်းနဲ့ ဆက်နေပြီး ကုန်းမြေလမ်းလောက်သာဝေးပါတယ်။ Andaman ပင်လယ်က တနင်္သာရီတိုင်းရဲ့အနောက်ဘက်အပိုင်းမှာတည်ရှိကာ ထိုင်းကတော့အရှေ့ဘက်မှာရှိပါတယ်။ မြောက်ဘက်မှာတော့ မွန်ပြည်နယ်ရှိပါတယ်။ ထားဝယ်နဲ့မြိတ် မြို့တို့ဟာ တနင်္သာရီတိုင်းရဲ့ အရေးကြီးတဲ့ အဓိက မြို့ကြီးနှစ်မြို့ဖြစ်ပါတယ်။ နေရာက ပင်လယ်နဲ့ နီးတာကြောင့်မို့ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်လို ဖြစ်နေပါတယ်။

လူမျိုးစုများနှင့် ဘာသာရေးကိုးကွယ်မှုများ

တနင်္သာရီတိုင်းက လူတော်တော်များများက ဗမာလူမျိုးများဖြစ်ကြပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့မြို့တော်ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးတို့ကလူတွေနဲ့ ပုံစံနဲ့ဘာသာစကားအနည်းငယ် ကွဲပြားပါတယ်။ ဆလုံဆိုတာကလည်းမြန်မာနိုင်ငံရဲ့ လူမျိုးစုတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဆလုံလူမျိုးတွေဟာ ကမ္ဘာမှာနာမည်ကြီးပါတယ်။ သူတို့တွေဟာ ရေအောက်နေသတ္တဝါတွေလိုမျိုး ဖြစ်နေုလိ့ုပါ။ ဆလုံလူမျိုးတွေဟာရေအောက်မှာကို ရေအောက်မှာသွားလို့နေလို့ရတဲ့ အောက်ဆီဂျင်တွေ၊ ပစ္စည်းအကူအညီတွေမပါပဲ နာရီဝက်လောက်ကြာအောင်ထိ ရေငုပ်နိုင်ကြပါတယ်။ မွန်လူမျိုးတော်တော်များများနဲ့ ထိုင်းလူမျိုးတစ်ချို့လည်း ဒီနေရာမှာနေထိုင်ကြပါတယ်။ လူဦးရေရဲ့ ၉၀%လောက်ကတော့ ဗုဒ္ဓဘာသာကိုးကွယ်ကြပါတယ်။ အဲ့ဒီမှာကရင်(ခရစ်ယာန်)နဲ့ အိန္ဒိယ( မွတ်စလင်)လူမျိုးတစ်ချို့ကိုလည်းတွေ့နိုင်ပါတယ်။ဟင်ဒူလူမျိုးကရှိပေမယ့်နည်းပါတယ်။

သွားလာရေးလမ်းကြောင်း

ရန်ကုန်ကနေ ထားဝယ်ကို express ကားနဲ့ သွားလို့ရောက်ပါတယ်။ ထားဝယ်ကို ကားလမ်းပေါက်လို့ပဲဖြစ်ပါတယ်။မြိတ်ကိုရောက်ဖို့ဆိုရင်တော့ သင်က ရန်ကုန်၊ ထားဝယ် သို့မဟုတ် ကော့သောင်းတို့ကနေ လေယာဉ်စီးရမှာဖြစ်ပါတယ်။ထိုင်းဘက် ရနောင်းကနေပြီး ဘုတ်စီးပြီးတော့လည်း လွယ်လွယ်ကူကူရောက်နိုင်ပါတယ်။ သင်က ရန်ကုန်ကနေ ထားဝယ်ကို ရထားနဲ့လည်း သွားနိုင်ပါသေးတယ်။

ဟိုတယ်နှင့်Guest house များ

Tanintharyi အဲ့ဒီမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေအများကြီးရှိပါတယ်။သင်ငွေဘယ်လောက်သုံးနိုင်မလဲ ဆိုတာပေါ ်မူတည်ပြီးတော့ဝန်ဆောင်မှုနဲ့ ပါဝင်တာတွေ ကွာသွားပါလိမ့်မယ်။ တည်းခိုခန်းတွေအနေနဲ့ကတော့ 12$ လောက်ကစပြီးတော့ ဟိုတယ်အနေနဲ့ကတော့ 25$ လောက်က စပြီးရှိပါမယ်။ရာသီကိုလိုက်ပြီး အခန်းဈေးနှုန်းထားတွေကတော့ပြောင်းလဲနိုင်ပါတယ်။ ကျွန်မအနေနဲ့ကတော့ မြိတ်က မြင့်မိုရ် ဟိုတယ်ကို အကြံပြုလိုပါတယ်။ သူတို့က ဝန်ဆောင်မှုလည်းကောင်းပြီး၊ ဧည့်သည်တွေဆီကလည်းကောင်းတဲ့ စကားတွေပြန်ကြားရလို့ဖြစ်ပါတယ်။ သူတို့ရဲ့ facebook page ကတော့ http://www.facebook.com/Myint-Mo-Hotel-1843095812611500/ ဖြစ်ပြီး phone နံပါတ်ကတော့+959765005641 ဖြစ်ကာ လိပ်စာက အမှတ် ၂၂၂၊ ဗန္ဓုလလမ်း၊ရေပုံးလမ်း၊မြိတ်မြို့ မြန်မာ ဖြစ်ပါတယ်။

ထားဝယ်မြို့

Taninthary ထားဝယ်မြို့ဆိုတာ ဟိုးရှေးယခင် ဗမာ့အင်ပါယာနဲ့ ရှေးဟောင်း ထိုင်းအင်ပါယာဖြစ်တဲ့ အယုဒ္ဓယ တို့ကြားက ကုန်သွယ်ကူးသန်းတဲ့ နောက်ပေါက်အသေးလေးတစ်ခုလိုဖြစ်ခဲ့တာဖြစ်ပါတယ်။ ထားဝယ်မြို့က တနင်္သာရီတိုင်းရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ အပူပိုင်း ကမ်းခြေမြို့တစ်မြို့ဖြစ်ကာ မကြာသေးမီကမှ မြန်မာနိုင်ငံဘက်အခြမ်းကို ကားလမ်းမနဲ့ဆက်ခြင်း၊ ရထားလမ်းပြုလုပ်ခြင်းတို့နဲ့ ဆက်သွယ်ထားခဲ့တာဖြစ်ပါတယ်။ မြို့တွင်းက ဗိသုကာပညာရှင်တွေရဲ့လက်ရာတွေဟာ ရှေးဟောင်း သစ်သားအိမ်များ၊ ကိုလိုနီခေတ်စတိုင်လ် အုတ်တိုက်များပုံစံတွေ ဆောက်ထားတာဟာ အထင်ကြီးစရာကောင်းလှပါတယ်။ အုန်းပင်များ၊ရှည်လျားကြီးထွားလှတဲ့ အပင်များ၊ ငှက်ပျောပင်များနဲ့အခြား အသီးတွေရတဲ့အပင်တွေနဲ့အုပ်ဆိုင်းနေတဲ့ပုံကိုကထားဝယ်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

သိမ်ဝကျောင်း(ဘုရားကြီး)

မြို့ထဲက အကြီးဆုံးဗုဒ္ဓဘုန်းကြီးကျောင်းတစ်ခုပဲဖြစ်ပါတယ်။နာမည်အရပဲ သူက ကြီးမားတဲ့ဘုရားကြီးတစ်ခုဖြစ်ကာ မွန်စတိုင်လ် ဗိသုကာလက်ရာတွေနဲ့တည် ထားတာဖြစ်ပါတယ်။သိမ်ဝကျောင်းကို အကောင်းဆုံးသွားလည်သင့်တဲ့အချိန်ကတော့ မနက်ခင်းစောစောနဲ့ နေဝင်ပြီးစအချိန်တို့ပဲဖြစ်ပါတယ်။

ရွှေသာလျောင်းတော်မူ

ရွှေသာလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၁၉၃၁ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူဖြစ်ကာ အရှည် ၇၄မီတာနဲ့ အမြင့် ၂၁မီတာရှိပါတယ်။ ဒီဘုရားကြီးကို မြို့ရဲ့ရောတော်တော်များများ ဘယ်နားကကြည့်ကြည့် လှမ်းမြင်နေရပါတယ်။ ဘုရားကြီးရဲ့ကြီးမားလှတဲ့ ပုံစံကြောင့်နာမည်ကြီးကျော်ကြားလှပါတယ်။

မောင်းမကန် ကမ်းခြေ

ထားဝယ်ရဲ့ ကမ်းရိုးတန်းနေရာ မောင်းမကန်ကမ်းခြေဟာ10km ရှည်ပြီးတော့ မြန်မာနိုင်ငံထဲက အကောင်းဆုံး၊အလှဆုံးကမ်းခြေတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ်းခြေက စနေ၊တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာ လူရှုပ်ထွေးစည်ကားပါတယ်။ သင်က လူရှုပ်စည်ကားတာမကြိုက်ရင်တော့ ပိတ်ရက်တွေကို ရှောင်ပြီးသွားဖို့အကြံပေးပါရစေ။

မြိတ်

Tanintharyi မြိတ်( အသံထွက်နဲ့ခေါ ်ပါက ဘိတ်)ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀လောက်ကတည်းက အရေးကြီးတဲ့ ဆိပ်ကမ်းနေရာဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်းတွေကို မျက်နှာမူထားပြီး ရေပတ်လည်ဝိုင်းနေပြီးကျွန်းဆွယ်လေးတစ်ခုလိုဖြစ်နေတာကြောင့် စိတ်ချရတဲ့ဆိပ်ကမ်းပုံစံဖြစ်နေလို့ပဲဖြစ်ပါတယ်။ မြန်မာတွေပြောတာကတော့ မြိတ်မှာ ကျွန်းပေါင်း ၄၀၀၀လောက်ရှိတယ်လို့ပြောပေမယ့် လေ့လာသူတွေရဲ့မှတ်တမ်းအရတော့ ကျွန်းပေါင်း ၈၀၄ခုလောက်သာရှိတယ်လို့ ပြောပါတယ်။ မြိတ်မြို့မှာထွက်တဲ့ ပစ္စည်းတွေကတော့ရာဘာ၊ ရေထွက်ပစ္စည်းများ၊ အရမ်းကိုနာမည်ကြီးတဲ့ပျံလွှားငှက်သိုက်များ ထွက်ပါတယ်

ကော့သောင်

Tanintharyi ကော့သောင်(ကော့သောင်းလို့လည်းသိကြပါတယ်) ကတော့မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးအပိုင်းမှာတည်ရှိပါတယ်။ အဓိက စီးပွားရေးအနေနဲ့ကတော့ ငါးဖမ်းခြင်း၊ ရာဘာလုပ်ခြင်း အစရှိသည်တို့ကို ထိုင်းနဲ့ ဖလှယ်ကြခြင်းဖြစ်ပါတယ်။ နောက်ပြီး ကော့သောင်က အရမ်းကို ထူးချွန်တဲ့ လက်ဝှေ့သမားတွေ ထွက်တဲ့နေရာလို့လည်းနာမည်ကြီးပါတယ်။ ကော့သောင်က ရန်ကုန်ကနေပြီးတော့ 800km ဝေးပြီးတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက် ကချင်ပြည်နယ်နဲ့တော့ 2000km ဝေးပါတယ်။

ကော့သောင်ကျွန်းများ

ကော့သောင်မှာကျွန်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့်လည်းကျွန်းတွေကို သွားလည်ဖို့အတွက် ပို့ဆောင်ရေးတွေကအမြဲပုံမှန်မရှိတာကြောင့် ခရီးသွားတွေလာလည်တဲ့အခါအဆင်မပြေတဲ့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ အဲ့လိုပို့ဆောင်ရေးမလွယ်တာကြောင့်မို့ လူအရောက်အပေါက်နည်းတာကြောင့်လည်း သင်က တကယ့်သဘာဝအလှနဲ့ကမ်းခြေတွေကို ခံစားနိုင်ပါတယ်။ တကယ်လို့ သင်က ကျွန်းတွေကို လည်ပတ်ချင်ပါက စက်လှေပိုင်ရှင်နဲ့ဆွေးနွေးပြီးတော့ ဈေးညှိနိုင်ပါတယ်။ ရာသီအလိုက် ဈေးနှုန်းကွဲပြားနိုင်ပါတယ်။ နာမည်ကြီးတဲ့ဆလုံကျွန်း( ဂျစ်ပစီကျွန်း)ကတော့လုံးဝသဘာဝအတိုင်းရှိတဲ့ကျွန်းဖြစ်ပြီး၊သဲနုနုလေးတွေတွေ့ရမှာပါ။ ဆလုံတွေရဲ့ လူနေမှုပုံစံကိုပါ သင်က အနီးကပ်လေ့လာနိုင်မှာဖြစ်ပါတယ်။Tanintharyi Photo by Noenoe

မြန်မာနိုင်ငံရဲ့ ပင်လယ်ပျော်ဂျစ်ပစီများ

တနင်္သာရီတိုင်းဒေသကြီး
မြိတ်

မြန်မာနိုင်ငံရဲ့တခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်လန်ပိ

တနင်္သာရီတိုင်းဒေသကြီး
မြိတ်

မြိတ်လို့ခေါ်တဲ့ ကျွန်တော့်ရဲ့ဇာတိမြေ

တနင်္သာရီတိုင်းဒေသကြီး
မြိတ်

မြိတ်ကျွန်းစုများဆီသို့

တနင်္သာရီတိုင်းဒေသကြီး
မြိတ်