Mandalay ဒီဒေသဟာတော့ အထက်မြန်မာပြည်ရဲ့အသည်းနှလုံးလို့ဆိုလို့ရပါတယ်။ နောက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှု၊အနုပညာတွေပေါင်းစုံရာဒေသတစ်ခုလို့လည်းသိထားကြပါတယ်။မန္တလေးဆိုတာရန်ကုန်ပြီးသွားရင် နောက်ကလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ မန္တလေးမြို့တော်ကြီးဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် တော်ဝင်ဘုရင်တွေနန်းစိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ မန္တလေးမြို့ဟာဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းတစ်လျှောက်မှာတည်ရှိပါတယ်။ မြို့ရဲ့ တည်နေရာကရေရလွယ်တဲ့နေရာတစ်လျှောက်မှာ ရှိနေတာရယ် မြို့တည်ထားပုံရယ်ကြောင့်အထက်မြန်မာပြည်ရဲ့ စီးပွားရေးအချက်အချာကျတဲ့ဒေသတစ်ခု ဖြစ်နေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ကြီးတဲ့နေရာများ

 

ဦးပိန် တံတား။

 

Mandalay-Region

ဒီတံတားကြီးကိုလူအင်အားနဲ့ ကျွန်းသစ်တွေအသုံးပြုကာဆောက်ထားပြီးအရှည်ဆုံးကျွန်းတံတားဆိုပြီးသတ်မှတ်ထားကြပါတယ် အရှည်ကတော့ 1.2km ရှိပြီးသူ့ကို ၁၈၅၉ခုနှစ်ကဆောက်ထားပါတယ်။ တံတားကတော့ အမရပူရ နားကတောင်သမန်အင်းနားမှာတည်ရှိပါတယ်။ တံတားကြီးဆောက်ခဲ့ခြင်းရည်ရွယ်ချက်ကတော့ ဒေသခံတွေအတွက် ကန်ကြီးကိုကျော်ပြီးလမ်းလျှောက်ဖြတ်ဖို့အတွက် ရည်ရွယ်ပြီးဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီတံတားကြီးဟာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေကိုအဆွဲဆောင်နိုင်ဆုံးအရာတစ်ခုဖြစ်ပြီးသူ့ကိုစဆောက်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းလည်းလူတွေ နေ့စဉ်ဖြတ်သန်းသွားလို့ရအောင် နှစ်ပေါင်းကြာရှည်စွာဆောင်ရွက်နေဆဲဖြစ်ပါတယ်။ တံတားကြီးနားမှာအမှတ်တရပစ္စည်းရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အမှတ်တရလက်ဆောင်များ ဝယ်ဖို့ ဆိုင်တွေအများကြီးရှိပါတယ်။ ဦးပိန်တံတားဟာကမ္ဘာလှည့်ခရီးသွားတွေနဲ့ လူတန်းစားအလွှာအားလုံးတို့အတွက် လှပတဲ့ ရှုခင်းတွေ ကြိုက်သူတွေအားလုံးအတွက် ဓာတ်ပုံလှလှလေးရိုက်ဖို့၊ ဗီဒီယိုလှလှလေးရိုက်ဖို့အတွက် နတ်ဘုံနတ်နန်းပါပဲ။ တံတားကြီးကိုသွားလည်ဖို့အကောင်းဆုံးအချိန်ကတော့ ညနေနေဝင်တာကို တံတားကနေကြည့်ဖို့အတွက် ဖြစ်တာကြောင့် ညနေစောင်းလောက်မှာကောင်းကင်ကြီးနဲ့အောက်ကကန်ရဲ့ရေပြင်ကရွှေရောင်တဖြတ်ဖြတ်လတ်တဲ့ လှပတဲ့ ရှုခင်းကို ကြည့်ပြီး နေဝင်ချိန်တွေကို စောင့်ကြည့်လို့ရပါတယ်။ ဦးပိန်တံတားကနေမြင်ရတဲ့ နေဝင်ချိန်ပုံတွေကို ပို့စ်စကဒ်တွေ၊ ပန်းချီကားတွေ ဓာတ်ပုံတွေ မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီးသား ဖြစ်ပါတယ်။

.

မန္တလေးတောင်

 

Mandalay-Region

ပေပေါင်း ၇၉၀ (၂၄၀မီတာ) အမြင့်ရှိပြီး မန္တလေးမြို့ရဲ့အမြင့်ဆုံးနေရာမှာထင်ရှားစွာဒီတောင်ကရှိနေပါတယ်။မန္တလေးတောင်ဟာဆိုရင် မြို့လည်ခေါင်ကနေပြီးအရှေ့မြောက်ဘက်လောက်မှာတည်ရှိပါတယ်။ တောင်ထိပ်မှာတော့ ဆုတောင်းပြည့်ဘုရားရှိပြီးအံ့သြစရာဗိသုကာလက်ရာနဲ့သပ္ပာယ်စွာတည်ထားပါတယ်။ တောင်ပေါ ်ကနေကြည့်ပါက မန္တလေးတစ်မြို့လုံးကို ခြုံပြီးအကုန်မြင်နေရပါတယ်။ တိမ်ကင်းစင်တဲ့နေသာတဲ့နေ့မျိုးမှာဆိုပါက မိုးကုတ်စက်ဝိုင်းစွန်းထိမြင်ရပါတယ်။ တောင်ခြေကနေပြီးတော့ ထိပ်ဆုံးအမြင်ရဆုံးနေရာထိဆိုပါကလှေကားထစ် ၁၇၉၂ထစ်ရှိပါတယ်။လမ်းတစ်ဝက်လောက်မှာတော့ မတ်တပ်ရပ်နေတဲ့ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ရှိကာရုပ်ပွားတော်ရဲ့ ညာလက်တော်ကမြို့ဘက်ကိုလက်ညွှန်ပြနေတဲ့ ပုံစံထုထားပါတယ်။ ပြောကြတာကတော့ ဗုဒ္ဓရုပ်ပွားတော်ကအခုနန်းတွင်းတည်ရှိတဲ့နေရာမှာ ကြီးကျယ်မြင့်မြတ်တဲ့ နန်းတော်ကြီးတစ်ခု၊ဘုရင်တွေအတွက် နေရာတစ်ခု ဖြစ်မယ်လို့ နမိတ်ဖတ်ခဲ့တယ်ညွှန်ပြခဲ့တယ်လို့ ဆိုကြါပတယ်။ တောင်ပေါ ်မရောက်ခင်နားလေးမှာမြွေကြီးနှစ်ကောင် ရုပ်ထုလည်းရှိပါသေးတယ်။ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ဆီကိုလာဖူးတဲ့မြွေကြီးနှစ်ကောင်ရှိခဲ့တယ်ဆိုတဲ့ အမှတ်တရအနေနဲ့ရုပ်ထုထုထားတာဖြစ်ပါတယ်။ အကောင်းဆုံးလည်ဖို့ကောင်းတဲ့အချိန်ကတော့ ညနေခင်းနေဝင်ချိန် ၅နာရီ ၅ခွဲလောက်ကအကောင်းဆုံးဖြစ်ပါတယ်။

မြန်မာ့ရုပ်သေး

 

Mandalay-Region မန္တလေးမှာအရမ်းနာမည်ကြီးတဲ့ ရုပ်သေးပြတဲ့ ပြဇာတ်ရုံကြီးရှိပါတယ်။ စင်သေးသေးလေးပေါ ်မှာအလှဆင်ထားတဲ့ ရုပ်သေးရုပ်လေးတွေဟာရှေးခေတ် သမိုင်းကြောင်းတွေ၊မြန်မာ့ရိုးရာပုံပြင်တွေကိုအရောင်စုံလင်စွာ၊ ကျွမ်းကျင်စွာအသေးစိတ်ကပြဖျော်ဖြေကြပါတယ်။ ရုပ်သေးစင်ပေါ ်ကကားလိပ်လေးကို မ တင်လိုက်တာနဲ့ စင်ပေါ ်မှာလက်နဲ့ပြုလုပ်ထားတဲ့အရမ်းကိုအသေးစိတ်ကျတဲ့ ရုပ်သေးရုပ်လေးတွေရယ် ရုပ်သေးကပြဖျော်ဖြေတဲ့ သူတွေကလည်းအသက်၈၀နဲ့၉၀ကြားလောက် တွေဖြစ်တာကိုတွေ့လိုက်ရလု့ိအရမ်းအံ့သြကြရပါတယ်။ ဒီရုပ်သေးကပြသူတွေဟာနှစ်ပေါင်းများစွာရုပ်သေးကပြ ပြုလုပ်ဖျော်ဖြေလာကြတဲ့သူတွေဖြစ်လို့အရမ်းကို ကျွမ်းကျင်ကြကာကမ္ဘာ့စင်မြင့်ပေါ ်တွေမှာတောင်ပြသခဲ့ကြဖူးတဲ့သူတွေဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ လှပတဲ့ မတူထူးခြားတဲ့ ရုပ်သေးမျိုးစုံကိုလည်းဒီနေရာမှာဝယ်ယူလို့ရပါတယ်။

မဟာမုဏိဘုရား။
Mandalay-Region

မန္တလေးမှာအရမ်းကိုနာမည်ကြီးကျော်ကြားတဲ့ ဗုဒ္ဓဆင်းတုတော် ဘုရားတစ်ဆူဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ထောင်ချီတဲ့ဘုရားဖူးတွေဟာ ၁၃ပေ အမြင့်ရှိတဲ့ ထိုင်တော်မူမဟာမုဏိဗုဒ္ဓ ရုပ်ပွားတော်ကိုလာရောက်ဖူးမျှော်ကြပါတယ်။ ဒီဘုရားကြီးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်ကတည်းက တည်ထားခဲ့တာလု့ိယူဆရပါတယ်။ နှစ်ပေါင်းရာချီကတည်းကဘုရားကြီးကိုရွှေဆိုင်းတွေ ပူဇော်ခဲ့တာကြောင့်မို့ဘုရားကြီးရဲ့ ကိုယ်ထည်မှာရွှေတွေကြောင့်အဖုအထစ်တွေနဲ့ဖြစ်ကာရွှေထုထည်အစစ်ကို ၆လက်မ ထုလောက်ရှိနေပြီဖြစ်ပါတယ်။ ရွှေဆိုင်းကပ်တဲ့အခါမှာလည်းအမျိုးသမီးတွေကတော့ လက်နဲ့အနီးကပ်သွားကပ်လို့မရပါဘူးအမျိုးသားတွေသာသွားပြီးကပ်ခွင့်ရှိပါတယ်။ ရွှေဆိုင်းကပ်တဲ့အခါဘုရားကြီးရဲ့ မျက်နှာတော်ကိုကပ်ခွင့်မရှိပါဘူး။ ဘုရားကြီးရဲ့ မျက်နှာတော်ကို မနက်၄နာရီမှာ နေ့စဉ် မျက်နှာတော်သစ်ပေးခြင်း ပြုလုပ်ကြပါတယ်။မဟာမုနိဘုရားရဲ့ အရှေ့မြောက်အပြင်ဘက် အထွက်မှာတော့မဟာဗုဒ္ဓဓမ္မ ပြတိုက်ကြီးရှိပြီးဗုဒ္ဓမြတ်စွာဘုရားရဲ့ သက်ရှိထင်ရှားရှိစဉ်ကအကြောင်းအရာများကိုပုံပြင်သဖွယ် ပြသထားတဲံအနုပညာလက်ရာများ၊ ရှေးခေတ်ကတူးဖော်ရရှိခဲ့တဲ့ သမိုင်းဝင်လက်ရာပစ္စည်းများပြသထားတဲ့ ပြတိုက်ရှိပါတယ်။အလယ်ပေါက် အဆောင်ကနေပြီးတော့ သွားရင်အပေါ ်က အမိုးမှာရွှေတွေနဲ့ မိုးထားတဲ့ လှပရှုပ်ထွေးနေတဲ့အမိုးရှိပြီးရှည်လျားလှတဲ့ကွန်ကရစ်ဟောခန်းကြီးနေ ၄မျက်နှာဘက်လုံးကို သွားတဲ့ လမ်းတွေရှီပါတယ်။ ဘုရားရဲ့ဆောင်းတန်းလေးဘက်လုံးမှာဘုရားတရားနဲ့ဆိုင်တဲ့ ပစ္စည်းပစ္စယတွေ ရောင်းတဲ့ဆိုင်တွေနဲ့နေရာလပ်မကျန်အောင် ပြည့်နေပါတယ်။ အနောက်ဘက်အပေါက်ဟာဆိုရင်တော့ ၈၄လမ်းဘက်ကို ရောက်ပြီးတော့ အဲ့ဘက်ကနေထွက်လိုက်မယ်ဆိုရင် လှပ ကျွမ်းကျင်စွာထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်အဆူဆူ ပြုလုပ်တဲ့ ဆိုင်တွေ၊နေရာတွေကိုသင်တွေ့ရမှာပါ။

ဗားကရာကျောင်း

Mandalay-Region ဒီဘုန်းကြီးကျောင်းကတော့ အင်းဝမှာ လူသိများကျော်ကြားခဲ့တဲ့ ဘုန်းကြီးကျောင်းတစ်ခုပဲဖြစ်ပါတယ်။ လှပတဲ့ကျွန်းသစ်တွေဆောက်ထားတဲ့ဘုန်းကြီးကျောင်းကို၁၈၃၄ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အင်းဝရဲ့ နာမည်ကြီးအကျော်ကြားဆုံးကမ္ဘာ့လှည့်ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီကျောင်းကိုတော့ ကျွန်းသစ်ဒေါက်တိုင် ၂၆၇နဲ့ ဆောက်ထားပြီးအကြီးဆုံးက ပေ၆၀ရှည်ကာ ၉ပေမျှအကျယ်ရှိပါတယ်။ အဲ့ဒါကြောင့်ပဲဒီကျောင်းဟာအေးမြပြီးတော့ ဆုတောင်းလို့ကောင်း၊ တရားမှတ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပြီးရှေးဟောင်းကျမှုကိုလည်းခံစားမြင်တွေ့ရမှာပါ။ သစ်သားမှာတော့ ဒေါင်းပုံစံ၊ ကြာပန်းပုံစံဒီဇိုင်းတွေကိုဆွဲထားပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေ၊ လာလည်တဲ့သူတွေနဲ့ အမြဲမပြတ်ပြည့်နေတာတောင်မှ ဒီကျောင်းကြီးဟာဆိုရင် ဘုန်းကြီးကျောင်းတစ်ခုအဖြစ်ကောင်းစွာလည်ပတ်နိုင်ပါသေးတယ်။ မန္တလေးမှ လူများ။

မန္တလေးမှ လူများ။

မန္တလေးလူဦးရေဟာအခုလက်ရှိမှာတစ်သန်းလို့ ခန့်မှန်းရပြီး ၂၀၂၅လောက်မှာ ၁သန်းခွဲလောက်ထိတိုးလာမယ်လို့မျှော်လင့်ထားကြပါတယ်။ မန္တလေးကို မြန်မာ့ယဉ်ကျေးမှုအချက်အချာကျရာအဓိကဒေသလို့ သတ်မှတ်ခဲ့ကြသော်လည်းလွန်ခဲ့တဲ့ နှစ်ပေါင်း၂၀လောက်ကစပြီး ဟန် တရုတ်လူမျိုးတွေ ဝင်ရောက်လာတာကြောင့် လက်ရှိလူမျိုးစုအပေါ ်သက်ရောက်မှုရှိလာပါတယ်။ အိန္ဒိယကနေရွှေ့ပြောင်းလာသူတွေကလည်းလက်ရှိ မန္တလေးမှာနေထိုင်နေကြပါတယ်။ မြန်မာစကားကအဓိကဘာသာစကားဖြစ်သော်လည်းပဲတရုတ်စကားတရုတ်လူမျိုးတွေကပိုမိုများပြားတိုးပွားလာနေပါတယ်။ မြို့ပေါ ်တွေမှာတော့ အင်္ဂလိပ်စကားကိုတတိယဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။

မန္တလေးခံတပ်နှင့် ကျုံး

 

Mandalay-Fort

မန္တလေးခံတပ်၊ နန်းတွင်းတို့ဟာ မန္တလေးနှင့်မြန်မာနိုင်ငံတို့ရဲ့အကြီးမားဆုံးဂုဏ်ယူစရာနေရာတစ်ခုဖြစ်ပါတယ်။ ဒီခံတပ်ကြီးကိုမင်းတုန်းမင်းကတည်ဆောက်ခဲ့ပြီးမင်းတုန်းမင်းညီတော် ပုဂံမင်း ပြီးတဲ့နောက် မင်းရွှေမြို့တော်ကို၁၈၅၀မှာမန္တလေးကို မြို့တော်အဖြစ်ရွှေ့ခဲ့ပါတယ်။ ခံတပ်ကြီးရယ်၊လှပတဲ့နန်းတော်ကြီးရယ်နဲ့အခြားသောအရာတွေအားလုံးကို၁၈၅၇မှာ ဆောက်ခဲ့ပါတယ်။ ခံတပ်ကြီးကိုတော့နံရံအကြီးအထူကြီးတွေနဲ့ ကျုံးကြီးကကာရံထားပါတယ် ။နံရံကြီးဟာအလွန်ပဲကြီးမားပြီးအကျယ်ကြီးဖြစ်တာမို့ ဘယ်နေရာကကြည့်ကြည့်မြင်နေရပြီးနံရံနားမှာအကာအကွယ်ဖို့အတွက် အစောင့်တွေပါ ထားပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံကိုဂျပန်တွေအုပ်စိုးချိန် ဂျပန်တွေရဲ့ ရန်သူတွေနဲ့အပြန်အလှန် တိုက်ခိုက်ကျရင်းအထဲကနန်းတွင်းကိုဗုံးဒဏ်၊ စစ်ဘေးဒဏ်နဲ့ ဖျက်စီးခံလိုက်ရပါတယ်။ဒီလိုဖျက်ဆီးခြင်းမခံရခင်မှာနန်းတွင်းထဲက ကျွန်းသစ်နဲ့ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းကိုနန်းတွင်းအပြင်ဘက်ကိုရွှေ့လိုက်တာကြောင့် အပြင်မှာအကောင်းအတိုင်းကျန်နေခဲ့တာဖြစ်ပါတယ်။ မန္တလေးတောင်ခြေမှာရှိတဲ့ တော်ဝင်နန်းတော်ဘုန်းကြီးကျောင်းဟာဆိုရင် အခုအချိန်မှာ မန္တလေးမြို့ရဲ့အဓိကအဆွဲဆောင်နိုင်ဆုံးအရာတွေထဲကတစ်ခုအဖြစ်ရှိနေပါတယ်။နန်းတွင်းကို ၁၉၉၀ခုနှစ်မှာ အရင်ကပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပါတယ်။မိဖုရားတွေအတွက်နန်းဆောင်များအခြားသောနန်းဆောင်များကို ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ နန်းမြင့်မျှော်စင်ဟာဆိုရင် ကျုံးကြီးပတ်လည် ၃၆၀ဒီဂရီကိုလှည့်ကြည့်လို့ရပြီးရင်သပ်ရှုမောဖွယ်မြင်ကွင်းတွေကိုမြင်ရတာမို့ သေချာပေါက်သွားကိုလည်ရမယ့်နေရာဖြစ်ပါတယ်။ကျုံးပတ်ပတ်လည်ကိုကာထားတဲ့ နံရံတွေကအမြင့်အနေနဲ့ ၈မီတာ၊အထူအနေနဲ့ အောက်ခြေက ၃မီတာ၊အထက်ဘက်ကို ၁.၅မီတာထိထူကာ အုတ်ခဲတွေနဲ့စီပြီးပြုလုပ်ထားပါတယ်။ လေးဘက်လေးတန်ကို ၂ကီလိုမီတာရှည်ကာကျုံးကတော့ မီတာ၇၀ရှိပြီး အနက်က ၃မီတာရှိပါတယ်။ခံတပ်ကြီးကိုတော့ သိပ်မကြာသေးမီကပဲ ပြန်လည်ပြုပြင်ထားပါသေးတယ်။ အခုခေတ် ဆောက်လုပ်မှုပုံစံဒီဇိုင်းအတိုင်း ပြန်လည်မွမ်းမံထားပါတယ်။ ဘယ်လိုပဲပြောပြောမန္တလေးကျုံးနဲ့ ခံတပ်ကြီးကတော့ မန္တလေးမြို့ကြီးရဲ့အသည်းနှလုံးအဖြစ် တာဝန်ထမ်းဆောင်နေဦးမှာပါပဲ။

 

ရတနာပုံခေတ်သစ်သားပန်းပုလက်ရာတွေကို လေ့လာနိုင်မယ့် ရွှေနန်းတော်ကျောင်း

မန္တလေးတိုင်းဒေသကြီး
မန္တလေး

မြန်မာတစ်နိုင်ငံလုံးတွင် အညာဘက်၌သာရှိသည့်ချစ်စရာဓလေ့

မန္တလေးတိုင်းဒေသကြီး

ရေခဲတတ်တဲ့ မိုးကုတ်မြို့က ဘားနတ်ဒ်ရွာ

မန္တလေးတိုင်းဒေသကြီး
မိုးကုတ်

အမရပူရ

မန္တလေးတိုင်းဒေသကြီး

တက္ကဆပ်ကိုရောက်သွားသလိုခံစားရစေမယ့် TEXAS BAR

မန္တလေးတိုင်းဒေသကြီး

BAGAN: WANDERING SOLO

မန္တလေးတိုင်းဒေသကြီး
ပုဂံ

ပြက္ခရွေ့ သို့မဟုတ် မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်တည်နေရာ

မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်

Mandalay – Pyin Oo Lwin – Hsipaw, Adventure trip

မန္တလေးတိုင်းဒေသကြီး
မန္တလေး
ပုဂံ
ပြင်ဦးလွင်
ရှမ်းပြည်နယ်
သီပေါ

မန္တလေးနန်းမြို့ရိုးနှင့်ကျုံး

မန္တလေးတိုင်းဒေသကြီး
မန္တလေး

Alliance Myanmar River Cruise-RV Panorama

မန္တလေးတိုင်းဒေသကြီး
မန္တလေး
ပုဂံ

`အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ခရီးသွားမှတ်တမ်း’

မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်

ပုဂံသို့ခရီးသွားခြင်း။

မန္တလေးတိုင်းဒေသကြီး
ပုဂံ

YGW Garden (Pyin Oo Lwin)

မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်