Mon

မွန်ပြည်နယ်က မြောက်ဘက်မှာ ပဲခူး၊ အရှေ့ဘက်မှာ ကရင်ပြည်နယ်တို့နဲ့ ထိစပ်နေပါတယ်။ တောင်ဘက်မှာ တနင်္သာရီ၊ အနောက် ဘက်မှာ ကပ္ပလီပင်လယ်တို့ရှိပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း အနည်းငယ်ထိစပ်နေပါတယ်။ မွန်ပြည်နယ်ရဲ့မြို့တော် ကတော့ မော်လမြိုင်မြို့ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ ကျွန်းတွေ၊ တောင်တန်းတွေ၊ သစ်တောနဲ့ လှပတဲ့ပင်လယ်ကမ်းခြေအပန်းဖြေ စခန်းတွေအများကြီးရှိပါတယ်။ ကျိုက်ထီးရိုး၊ ကျိုက်သံလန်၊ ကျိုက်ခမီ၊ ကျိုက်ထီးဆောင်း၊ ရွှေကြာယံ၊ ကျိုက်မရောနဲ့ ဝင်းစိန်တောရ လျောင်းတော်မှုဘုရား စတဲ့ သမိုင်းဝင်ဘုရားတွေကြောင့် မွန်ပြည်နယ်က ကျော်ကြားပါတယ်။

ဌာနေတိုင်းရင်းသားများ

Mon-State (https://goo.gl/images/fcVTpr)

အများစုက မွန်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မွန်လူမျိုးတွေအပြင် မြန်မာ၊ ကရင်၊ ပအို့ပ်၊ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ အင်ဂလို ဗမာနဲ့ ဗမာထိုင်းတွေလည်း မွန်ပြည်နယ်မှာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ မွန်လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ယဉ်ကျေးမှုရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားရှိပြီး တချို့ဆိုရင် ဗမာစကားကို နားမလည်မသလို မပြောနိုင်ပါဘူး။ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး တချို့ကတော့ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟင်ဒူဘာသာဝင်တွေလည်း မွန်ပြည်နယ်မှာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။

ထင်ရှားကျော်ကြားတဲ့နေရာတွေ

ကျိုက်ထီးရိုးဘုရား

Mon state

ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ ၃၆၀၉ မှာ ကျိုက်ထီးရိုးစေတီတော် တည်ရှိပါတယ်။ ကျိုက်ထီးရိုးစေတီတော်က မြန်မာနိုင်ငံမှာ ဘုရားဖူးသူတွေနဲ့ အင်မတန်စည်ကားလှသလို နိုင်ငံခြားသားဧည့်သည်တွေလည်း လာရောက်မှုများပြားပါတယ်။ ထူးခြားတဲ့တည်နေပုံ ကြောင့် ကျိုက်ထီးရိုးစေတီတော်က ထင်ရှားပါတယ်။ ကြီးမားလှတဲ့ရွှေကျောက်တုံးကြီးက ကျောက်တောင်စွန်းမှာ အံ့သြစဖွယ် တည်နေ ပြီး တောင်စွန်းနဲ့ ကျောက်တုံးထိတွေ့တဲ့ဧရိယာက ကျဉ်းကျဉ်းလေးပါ။ ဘုရားဖူးတွေအလာများတဲ့လတွေကတော့ နိုဝင်ဘာလကနေ  မတ်လအတွင်းပါပဲ။ [blogcard url="https://mingalago.com/interest/kyaikhtiyo-pagoda/"]

ကျိုက်သံလန်ဘုရား

Mon state

မြန်မာနိုင်ငံရဲ့သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပြီး မော်လမြိုင်မြို့မှာ တည်ရှိပါတယ်။ ဗုဒ္ဓရဲ့ဆံတော်နဲ့ ဗုဒ္ဓစာပေတွေ၊ရွှေဆင်းတုတော် တွေကို ဌာပနာပြီး အေဒီ ၈၇၅မှာ တည်ထားခဲ့တာဖြစ်ပါတယ်။ စေတီတော်ရဲ့မူလဉာဏ်တော်အမြင့်က ၅၆ပေ ဖြစ်ပါတယ်။ အစဉ်အ ဆက်ရှင်ဘုရင်တွေက မွမ်းမံကိုးကွယ်ခဲ့ရာက လက်ရှိဉာဏ်တော်အမြင့် ၁၅၁ပေဖြစ်လာခဲ့ပါတယ်။

ကျိုက်ခမီဘုရား

/Mon-State

ကျိုက်ခမီဘုရားဟာ ပင်လယ်ပြင်ထဲမှာ တည်ရှိပြီး ကမ်းခြေနဲ့ ဆက်ထားတဲ့ စင်္ကရြှိပါတယ်။ ကျိုက်ခမီဘုရားက သံဖြူဇရပ်မြို့မှာ တည်ရှိ ပါတယ်။ သံဖြူဇရပ်မြို့ဆိုတာ မွန်ပြည်နယ်မှာ  နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့အဓိကနေရာတစ်ခုပါပဲ။ ထူးခြားချက်က တော့ ဘယ်လောက်ပဲ ဒီရေတက်တက် စေတီတော်ရင်ပြင်ကို ရေမမြှပ်ပါဘူး။ ကျိုက်ခမီစေတီတော်ကို နံနက် ၇နာရီကနေ ည ၈ နာရီအ တွင်း ဖူးမြော်နိုင်ပါတယ်။

စက်စဲကမ်းခြေ

Mon-State

သံဖြူဇရပ်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ကီလိုမီတာ၊ ကျိုက်ခမီဘုရားရဲ့တောင်ဘက် ၂၄ကီလိုမီတာမှာ စက်စဲကမ်းခြေရှိပါတယ်။ မွန်ပြည်နယ်ရဲ့ အထင်ရှားဆုံးကမ်းခြေလည်း ဖြစ်ပါတယ်။ ကမ်းခြေကဧရိယာကျယ်ပြောပြီး တနိုင်ငံလုံးက ဧည့်သည်တွေ လာရောက် လည်ပတ်ကြပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေအတွက် အခြေခံအဆောက်အအုံ့တွေနည်းပါးတာကြောင့် လက်ရှိအချိန်မှာတော့ လာ ရောက်လည်ပတ်မှု နည်းပါးပါသေးတယ်။ ကမ်းခြေရောက်ပြီဆိုရင် ကမ်းခြေမှာလတ်လတ်ဆပ်ဆပ်ရောင်းချတဲ့ အုန်းစိမ်းရည်ကိုတော့ သောက်ဖြစ်အောင်သောက်ခဲ့ပါလို့ မှာပရစေ။

ကဗျာဝကမ်းခြေ

Mon-State

ရေးမြို့ကနေ ၂၅ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ကဗျာဝကမ်းခြေလေးက အင်မတန်လှပတာကြောင့် တဖြည်းဖြည်းနဲ့ လူသိများကျော် ကြားလာနေပါတယ်။ လူသူအရောက်အပေါက်နည်းသေးတဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။ ညဉ့်အိပ်တည်းခိုဖို့ ဟိုတယ်တွေ၊ တည်းခိုခန်း တွေ မရှိသေးပါဘူး။ ဒါပေမဲ့ စားသောက်ဆိုင်တွေတော့ ဖွင့်နေပါပြီ။ သင့်တင့်တဲ့ဈေးနူန်းနဲ့ ပင်လယ်စာတွေကို သုံးဆောင်နိုင်ပါတယ်။ အဆင်မပြေသေးတဲ့အချက်ကတော့ အများပြည်သူအသုံးပြုနိုင်တဲ့ သယ်ယူပို့ဆောင်ရေးမရှိသေးတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လည်ပတ်ရမှာ ဖြစ်ပါတယ်။

သေမင်းတမန်ရထားလမ်း ပြတိုက်

Mon-State

သေမင်းတမန်ရထားလမ်းပြတိုက်က သံဖြူဇရပ်မြို့မှာ တည်ရှိပါတယ်။ ရထားလမ်းတည်ဆောက်ချိန်က လူပေါင်းများစွာသေဆုံးခဲ့ရတာ ကြောင့် သေမင်းတမန်ရထားလမ်းလို့ ကျော်ကြားပါတယ်။ ခန့်မှန်းခြေ သြစတေးလျှ၊ ဒက်ချ်၊ဗြိတိန်၊ အမေရိကန်နဲ့ မြန်မာ၊ထိုင်းနဲ့ မလေး ရှားက အလုပ်သမား စုစုပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ပါတယ်။ ရထားလမ်းက ၄၁၅ကီလိုမီတာရှည်လျားပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်

Mon-State

မွန်ပြည်နယ်ရဲ့မြို့တော်က မော်လမြိုင်မြို့ဖြစ်ပါတယ်။ ပြည်နယ်ရဲ့အကြီးမားဆုံးမြို့ဖြစ်ပြီး အဓိကကုန်သွယ်ရေးပြုလုပ်တဲ့ဒေသလည်း ဖြစ်ပါတယ်။ မော်လမြိုင်မြို့ဟာ ရန်ကုန်မြို့ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းရဲ့ ပညာရေးထွန်းကားတဲ့ မြို့အဖြစ်လည်း မော်လမြိုင်မြို့က လူသိများပါတယ်။ အထက်တန်းကျောင်း ၁၃ကျောင်း၊ အင်စတီကျုးရှင်း ၂ခု၊ ကောလိပ်တစ်ခုနဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ အပူပိုင်းဒေသထွက်အစားအသောက်တွေနဲ့ သမိုင်းဝင်စေတီပုထိုးတွေကြောင့်လည်း ကျော်ကြားပါတယ်။

မော်လမြိုင်ကို ဘယ်လိုသွားမလဲ

လေကြောင်း၊ရေလမ်းနဲ့ ကုန်လမ်းအားလုံးနဲ့ သွားရောက်လို့ အဆင်ပြေတာကြောင့် မော်လမြို့က သွားရောက်လည်ပတ်ဖို့ အင်မတန် အဆင်ပြေပါတယ်။

 

လေဆိပ်

သက်သောင့်သက်သာအဖြစ်ဆုံးနည်းကတော့ ရန်ကုန်မြို့ကနေ မော်လမြိုင်မြို့ကို လေယာဉ်နဲ့သွားရောက်တာပါပဲ။ ရန်ကုန်-မော်လမြိုင် ပုံမှန်လေယာဉ်ခရီးစဉ်တွေရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံပြည်နယ်တစ်ခုဖြစ်တဲ့ မဲဆောက်ကနေလည်း လေယာဉ်ခရီးလည်း ရှိပါတယ်။ ပစ်ကပ်စ်ကား၊ မော်တော်ဆိုင်ကယ်တွေ၊ ဘတ်စ်ကားတွေက လေဆိပ်အပြင်မှာ အဆင်သင့်ရှိပါတယ်။

ရထားလမ်း

ဧည့်သည်တွေအကြားမှာ ရထားနဲ့သွားတဲ့ မော်လမြိုင်ခရီးစဉ်ကလည်း လူကြိုတ်များပါတယ်။ လမ်းတလျှောက် အသက်ရှုမှားလောက်တဲ့ ရှုခင်းတွေကို မြင်တွေ့ခံစားရမှာပါ။ ဒါပေမဲ့ ရောက်ဖို့တော့ အချိန်ပိုကြာမြင့်သွားပါလိမ့်မယ်။ ရထားလမ်းက ရန်ကုန်မှာစတင်ပြီး မော်လ မြိုင် ၊ ရေးနဲ့ ထားဝယ်မြို့တွေအထိ ရောက်ပါတယ်။

ကုန်လမ်း

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းတွေကနေလည်း သွားရောက်နိုင်ပါတယ်။ အဝေးပြေးလမ်းက မော်လမြိုင်၊ ကော့ကရိတ်၊ မြဝတီ၊ မဲဆောက်နဲ့ သံဖြူဇရပ် ဘုရားသုံးဆူအထိ ရောက်ရှိပါတယ်။ ပုံမှန်အားဖြင့် ဧည့်သည်တွေက ဒီလမ်းကအသွားများပါတယ်။ ရန်ကုန်ကနေ မော်လမြိုင်-ဖားအံ၊ မြဝတီနဲ့ အခြားမြို့တွေကို ပုံမှန်ပြေးဆွဲတဲ့ အဝေးပြေးကားတွေ ရန်ကုန်မှာ ရှိပါတယ်။

ရေလမ်း

ရေလမ်းကတော့ ခရီးသွားသက်သက်မဟုတ်ဘဲ နိုင်ငံတကာကို ပို့ကုန်တင်ပို့ရာမှာ အသုံးပြုပါတယ်။ မော်လမြိုင်မြို့ကနေ ကမ္ဘာတလွှား ကို ပို့ကုန်တင်ပို့မှုတွေရှိပါတယ်။ အရှေ့တောင်အာရှရဲ့ အဓိကဆိပ်ကမ်းတခုလည်း ဖြစ်ပါတယ်။

ဘယ်အချိန်သွားရောက်လည်ပတ်မလဲ

Mon-State

မွန်ပြည်နယ်မှာ အဓိကအားဖြင့် ခြောက်သွေ့တဲ့ရာသီနဲ့ စိုစွက်တဲ့ရာသီဆိုပြီး ရာသီဥတုနှစ်ခု ရှိပါတယ်။ တချို့အချိန်တွေမှာ အလွန် ပူပြင်းပြီး မိုးသည်းသည်းထန်ထန်ရွာလေ့ရှိတာကြောင့် ဇွန်လနဲ့ စက်တင်ဘာလမှာ သွား ရောက်လည်ပတ်လို့ အဆင်မပြေပါဘူး။ 

မွန်ပြည်နယ်ရဲ့အခြားထင်ရှားတဲ့မြို့

မုဒုံ၊ ဝင်းစိန်တောရလျောင်းတော်မှုဗုဒ္ဓ

Mon-State Mazur Travel / Shutterstock.com

 

ချည်ထည်ထုတ်လုပ်မှုကြောင့် မုဒုံမြို့က ကျော်ကြားပါတယ်။ မုဒုံမြို့က မော်လမြိုင်မြို့နဲ့  ၂၉ ကီလိုမီတာအကွာအဝေးမှာ တည်ရှိပါ တယ်။ မုဒုံမြို့က ငြိမ်းချမ်းပြီး ဝင်းစိန်တောရ လျောင်းတော်မှုဗုဒ္ဓကြောင့်လည်း ကျော်ကြားပါတယ်။ လျောင်းတော်မှုရုပ်ပွားတော်က ၁၈၀ မီတာရှည်လျားပြီး ၃၄မီတာ မြင့်ပါတယ်။ ဗုဒ္ဓဆင်းတုတော်အတွင်းမှာ အခန်းတွေအများကြီးရှိပြီး ဗုဒ္ဓရဲ့ဓမ္မတွေကို ဖော်ပြထားပါတယ်။ ဘုရားဖူးသွားမယ်ဆိုရင် မော်လမြိုင်-မုဒုံ လမ်းမကြီးကနေ သွားနိုင်ပါတယ်။

မုဒုံမြို့က ကန်ကြီးဘုရားနဲ့ ကန်ကြီးရေကန်

ဒေသခံတွေကြားမှာတော့ ပျော်ပွဲစားထွက်တဲ့နေရာအဖြစ် ကျော်ကြားပါတယ်။ ဧည့်သည်တွေက ရေကူးအပန်းဖြေနိုင်ပါတယ်။ ကန်ရဲ့ မြောက်ဘက်အခြမ်းမှာ ကန်ကြီးဘုရားတည်ထားပြီး ဗုဒ္ဓရဲ့ဓါတ်တော်တွေဌာပနာထားပါတယ်။ စေတီတော်ရဲ့ဝင်းကလည်း အင်မတန် ကျယ်ဝန်းပါတယ်။

ရိုးရာအစားအစာ

သင်္ကြန်ထမင်း

Mon state

မွန်သင်္ကြန်ထမင်းက မွန်လူမျိုးတို့ရဲ့ရိုးရာဖြစ်ပြီး မွန်ပြည်နယ်ရဲ့အထင်ရှားဆုံးဟင်းချက်နည်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ချက်ရတာတော့ နည်းနည်း လက်ဝင်ပါတယ်။ ဆန်ကို မီးလောင်ကျွမ်းနေတဲ့ဖယောင်းတိုင်က ဖယောင်းအနည်းငယ်နဲ့ ရောစပ်လိုက်ပါတယ်။ ဆားနယ် ငါးကြော်၊ သရက်ချဉ်တွေနဲ့ တွဲဖက်သုံးဆောင်ရတာပါ။ ဆားနယ်ငါးကို ကြက်သွန်နီ၊ သရက်ချဉ်တွေနဲ့ ရောကြော်တာဖြစ်ပါတယ်။ သင်္ကြန်ထမင်းအနေနဲ့ နာမည်ကျော်ပေမယ့် မွန်ပြည်နယ်ကလူတွေကတော့ နေ့စဉ်စားတာမျိုး မလုပ်ပါဘဲ သားရည်စာသဘောမျိုးစား ကြတာဖြစ်ပါတယ်။

ဆေးတံခဲတဲ့ဘီလူးဆီ အလည်တခေါက်

မွန်ပြည်နယ်
မော်လမြိုင်

သုဝဏၰဘုမိ Mountain View Hotel

မွန်ပြည်နယ်
ကျိုက်ထီးရိုး