Chin

အမြင်အရတော့ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ဖွံ့ဖြိုးမှုအနည်းပါးဆုံးပြည်နယ်ပါပဲ။ ဒါပေမဲ့ တောရိုင်းတွေ၊ တောင်တန်း ဧရိယာတွေက သစ်တောဖုံးလွှမ်းနေတဲ့တောင်တန်းတွေကို သဘာဝလက်ဆောင်အဖြစ် ပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ အခြေခံအဆောက်အအုံ့တွေ မဖွံ့ဖြိုးတာကြောင့် အရိုင်းအတိုင်းကျန်ရှိပြီး ဝေးလံခေါင်သီတဲ့ဒေသတွေ ဟာ အမြင့်ပေ တစ်သောင်းကျော်အထက်မှာ တည်ရှိပါတယ်။ ခရစ်ယာန်ဘာသာရဲ့လွှမ်းမိုးမှုကြောင့် ချင်းလူမျိုးတွေက အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်ကြပါတယ်။ အခုရာစုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့လမ်းတွေ ပိုမိုကောင်းမွန်လာခဲ့ပြီး ဒေသခံတွေနဲ့ခင်မင်ရင်းနှီးခွင့် ပိုများ လာခဲ့ပါတယ်။ မြို့ပြရဲ့မွန်းကျပ်မှုတွေကနေ စိတ်အပန်းပြေဖို့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းက ပိုပြီးအားကောင်းလာနေပါတယ်။

ဘယ်အချိန်သွားမလဲ

Chin

မိုးရာသီမှာ ချင်းပြည်နယ်ကို သွားမယ်ဆိုရင် ထင်သလောက် အဆင်မပြေပါဘူး။ မိုးရွာသွန်းမှုကြောင့် ရံဖန်ရံခါ မြေပြိုတာနဲ့ လမ်းချော် တာတွေ ဖြစ်တတ်ပါတယ်။ တချို့လမ်းတွေက တောင်တက်ကားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ မိုးရာသီမှာမသွားသင့်တဲ့နောက်ထပ် အကြောင်းအချက်တွေကတော့ ညစ်ပတ်တဲ့လမ်းတွေနဲ့ ကျောက်ခင်းလမ်းတွေဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် ကံဆိုးရင် ကိုယ်စီးသွား တဲ့ကားက ဗွက်နစ်နေနိုင်ပါတယ်။ နိုဝင်ဘာကနေ ဧပြီလကာလမှာ ခြောက်သွေ့တာကြောင့် သင့်လျော်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ကာလမှာ ရှားပါးတဲ့ ပန်းတွေ၊တောရိုင်းတိရိစ္ဆာန်တွေကို မြင်တွေ့နိုင်ပါတယ်။ ချင်းပြည်နယ်ရဲ့နာမည်ကျော်ပန်းကတော့ တောင်ဇလပ် ပန်းပါပဲ။ အဲဒီပန်းပင်တွေကို လူတွေစိုက်ပျိုးထားတာမဟုတ်ဘဲ လမ်းဘေးမှာ အရိုင်းပန်းအနေနဲ့ ပေါက်ရောက်နေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ဟာ ဇီဝမျိုးကွဲတွေကြွယ်ဝတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မင်းဒက်နဲ့ မတူပီအသွားမှာ လမ်းဘေးတင် အဲဒီပန်းပင်တွေကို ကိုယ်တွေ့မြင်ခဲ့ရပါတယ်။

ချင်းပြည်နယ်မှာ ဘယ်ကိုသွားကြမလဲ

ချင်းပြည်နယ်ကို နှစ်ပိုင်းခွဲထားပါတယ်။ ၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းလို့ ခွဲခြားနိုင်ပါတယ်။ ချင်းတောင်ပိုင်းမှာ ကလေး၊ ဖလန်း၊ ဟာခါးတို့ပါဝင်ပါတယ်။ ကလေးမှာ လေဆိပ်အသေးလေးရှိပါတယ်။ ချင်းမြောက်ပိုင်းက အကြီးဆုံးမြို့တွေကတော့ မင်းဒက်နဲ့ မတူပီပါပဲ။ ပခုက္ကူကနေတဆင့် တောင်တန်းဒေသတွေကိုဖြတ်ကျော်ပြီး အဲဒီမြို့ကို ခရီးဆက်နိုင်ပါတယ်။

တောင်ပိုင်း၊ မြောက်ပိုင်း ဘယ်ကိုသွားမလဲ

ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပါတယ်။ ခရီးသွားဖို့အချိန်ဘယ်လောက်ရသလဲစသဖြင့်ပေါ့။ တကယ်လို့ လေယာဉ်အသေးစားလေးနဲ့ ခရီးသွားရတာ အဆင်မပြေတတ်သူဆိုရင်တော့ ချင်းပြည်နယ်မြောက်ပိုင်းကို သွားတာကောင်းပါတယ်။ ချင်းပြည်တောင်ပိုင်းကိုလည်း သွားတဲ့ အဝေးပြေးကားရှားပါးတာကြောင့် ကိုယ့်ကားနဲ့ကိုယ်သွားမှ အဆင်ပြေပါလိမ့်မယ်။ ကားအကြာကြီးစီးရတာကို မနှစ်သက်သူဆို ရင်တော့ ကလေးအထိ လေယာဉ်စီးသွားရပါလိမ့်မယ်။ ထဲထဲဝင်ဝင်လည်ပတ်လေ့လာချင်ရင်တော့ ပြည်နယ်မြို့တော် ဟာခါးကို သွား တာ သင့်လျော်ပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း

နတ်မတောင်အမျိုးသားဥယျာဉ်က တိုးရစ်တွေအတွက် အဓိကဆွဲဆောင်မှုပါပဲ။ ကန်ပက်လက်မြို့ကနေသွားလို့ရသလို မင်းဒက်ကနေ တဆင့်လည်း သွားနိုင်ပါတယ်။ ကန်ပက်လက်ဘက်က အဆင်ပြေပေမယ့် မင်းဒက်ဘက်ကတော့ လမ်းတွေအများစုက ညစ်ပတ်ပြီး ကားလမ်းတွေကလည်း ဖောက်လုပ်နေဆဲပါ၊ လမ်းတွေက တနှစ်ထက်တနှစ်တော့ ပိုပြီးကောင်းမွန်လာနေပါတယ်။ ကန်ပက်လက်မှာ ဟိုတယ်ကောင်းကောင်းတွေရှိပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ အဲဒီလိုဟိုတယ်တွေ မရှိပါဘူး။ လျှပ်စစ်ဓါတ်အားပြတ် တောက်မှုကြောင့် ဟိုတယ်အများစုက ဂျင်နရေတာကို ဆောင်ထားကြရပါတယ်။ ဗစ်တိုးရီးယားတောင်ခြေမှာ မော်တော်ဆိုင်ကယ်တွေ ငှားနိုင်ပါတယ်။ ကျဉ်းမြောင်းပြီး မတ်စောက်တဲ့လမ်းတွေမှာ ကျွမ်းကျင်တဲ့ ဒေသခံဆိုင်ကယ်ကို အားကိုးရမှာပါ။ တချို့နေရာတွေမှာ အ သက်ရှုမှားလောက်တဲ့ လမ်းအချိုးအကွေ့တွေပါပဲ။ တောင်ထိပ်မှာတော့ တောင်ဇလပ်ပန်းတွေနဲ့ အင်မတန်လှပတဲ့မြင်ကွင်းပါပဲ။ တောင် ဇလပ်ပန်းတွေကို တနေရာတည်းမှာ တစုတဝေးထဲ တပြိုင်နက်တွေ့နိုင်တဲ့နေရာပါပဲ။ တောင်ဇလပ်ပန်းတွေ ပွင့်ချိန်ကို မြင်ချင်ရင်တော့ ဒီဇင်ဘာလအတွင်းမှာ သွားဖို့ပါ။ 

Chin Dmytro Gilitukha / Shutterstock.com
မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် ချင်းပြည်နယ်တောင်ပိုင်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မင်းဒက် မြို့ကို ရောက်ပါတယ်။ တောင်ခြေကနေသွားမယ်ဆိုရင် ၆နာရီလောက် ကားမောင်းရပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုအတော်များများ က အဲဒီဧရိယာမှာနေထိုင်ကြပါတယ်။ ကျော်ကြားတဲ့မျိုးနွယ်စုတွေကတော့ ဒိုင်၊ အူပုနဲ့ ယ မျိုးနွယ်စုတွေပဲ ဖြစ်ပါတယ်။ အဲဒီဒေသက မျိုးနွယ်တွေက မျက်နှာမှာ ဆေးမှင်ကြောင်အပြည့်ထိုးလေ့ရှိတယ်လို့ လူသိများပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတွေကတော့ အဲဒီဓလေ့ကို ဆက်ပြီးမကျင့်သုံးကြတော့ပါဘူး။ ပါးရဲထိုးသူတွေနေတဲ့ဒေသကိုသွားချင်ရင် ဒေသခံတွေကို အကူအညီတောင်းနိုင်ပါ တယ်။

ချင်းပြည်နယ်မြောက်ပိုင်း

Chin wikimedia
ချင်းပြည်နယ်မြောက်ပိုင်းရဲ့အဓိကဆွဲဆောင်မှုကတော့ ရီဒီးလ်လို့အမည်ပေးထားတဲ့ အသည်းနှလုံးပုံသဏ္ဍာန် ရေကန်ဖြစ်ပါတယ်။ သဘာဝအတိုင်းဖြစ်ပေါ်နေတာဖြစ်ပြီး အလျား  တစ်မိုင်၊ မိုင်ဝက်ကျယ်ပြီး ရေအနက် ပေ၆၀ ရှိပါတယ်။ အဲဒီရေကန်ကိုရောက်ဖို့အတွက် ပထမဆုံး အိန္ဒိယနယ်စပ်နဲ့ထိတွေ့နေတဲ့ ရီခေါ် ဒါမြို့လေးဆီ ရောက်အောင် သွားရပါမယ်။ ရေကန်ကိုကြည့်ရှုခံစားဖို့အတွက် ဒေသခံ တွေပြောတဲ့ဒဏ္ဍာရီတွေကို နားထောင်ကြည့်သင့် ပါတယ်။ ရီဒီးလ်ရေကန်နဲ့ပတ်သက်ပြီး ဇာတ်လမ်းအမျိုးမျိုးရှိပါတယ်။Chin Sam DCruz / Shutterstock.com

ဒါ့အပြင် ချင်း ပြည်နယ်ရဲ့မြို့တော် အမြင့်ပေ ၆၁၂၈ပေအမြင့်မှာတည်ရှိတဲ့ ဟာခါးကိုလည်း ဖလန်းကနေတဆင့် သွားသင့်ပါတယ်။ ဒေသဓလေ့ထုံးစံ တွေကို သင်ယူလေ့လာနိုင်သလို တောင်ထိပ်တွေကနေ မြင်ကွင်းကျယ်တွေကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ချမ်းအေးတဲ့ဆောင်းရာ သီမှာ အသက်ရှုမှားလောက်တဲ့မြင်ကွင်းတွေဖြစ်လို့ နေဝင်နေထွက်ချိန်တွေကို စောင့်ကြည့်သင့်ပါတယ်။ ချင်းအမျိုးသားဘောလုံးကွင်း ကိုလည်း သွားရောက်လေ့လာသင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရရင် ချင်းပြည်နယ်က သွားရောက်လည်ပတ်ဖို့ ထိုက်တန်တဲ့နေရာဒေ သတစ်ခုပါပဲ။ မပျက်စီးသေးတဲ့သဘာဝအလှတွေကို ခံစားကြည့်ရှုခွင့်ရစေမှာဖြစ်ပါတယ်။ တသက်တာ မမေ့နိုင်စရာခရီးစဉ်တစ်ခုဖြစ် လာမှာ အမှန်ပါပဲ။ မြန်မာနိုင်ငံရဲ့လျို့ဝှက်အလှတွေကို MingalaGo ဝက်ဘ်ဆိုက်ဒ်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။