Sagaing

မြန်မာနိုင်ငံရဲ့တိုင်းဒေသကြီတွေထဲမှာ စစ်ကိုင်းတိုင်းအပါအဝင်ဖြစ်ပြီး နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ တည်ရှိပါတယ်။ အိန္ဒိယရဲ့နာဂ မြေ၊ အာရုနာချယ်ပရာဒက်ရှ်ပြည်နယ်တွေနဲ့ မြောက်ပိုင်းမှာ ထိစပ်နေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသတွေနဲ့ အရှေ့ဘက်မှာ ထိစပ်နေပါတယ်။ မန္တလေးဒေသ၊ မကွေးဒေသတွေနဲ့ တောင်ဘက်၊ ချင်းပြည်၊ အိန္ဒိယတို့နဲ့ အနောက်ဘက်မှာ ထိစပ်မှု ရှိပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးရဲ့မြို့တော်က စစ်ကိုင်းမြို့ပါပဲ။ ဧရိယာ ၉၃၅၂၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကျယ် ဆုံးဒေသဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ခရိုင် ၈ခုရှိပါတယ်။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်နဲ့ ထန်းမတီး ဆိုပြီး ခရိုင် ၈ ခုရှိပါတယ်။ ဒီဒေသရဲ့အဓိကမြို့တွေက စစ်ကိုင်း၊ မင်းကွန်း၊ မုံရွာ၊ ရွှေဘိုနဲ့ ကလေးတို့ပဲ ဖြစ်တယ်။ အဓိကတိုင်းရင်းသား တွေက ဗမာတွေဖြစ်ပြီး အခြား လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း( ချင်းတွင်းမြစ်အထက်ပိုင်းနေထိုင်)၊ နာဂ ( အနောက်မြောက် ဘက်တောင်တန်းတွေရဲ့မြောက်ဘက်နေထိုင်)၊ ဇွမ်မီ(တောင်ပိုင်းနေထိုင်)၊ ကဒူးနဲ့ ဂနန်း( မူးမြစ်၊မေဇာမြစ် အထက်ပိုင်းနေထိုင်)တို့ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ ဒေသခံတွေအများကြီးရှိတဲ့အထဲမှာ နာဂနှစ်သစ်ကူးပွဲက ထင်ရှားတဲ့ပွဲတော်ဖြစ်ပြီး ရှားပါးထူးခြားတဲ့ မျိုးနွယ်စုယဉ်ကျေးမှုကို လေ့လာဖို့ နိုင်ငံခြားဧည့်သည်များစွာ လာရောက်လေ့ရှိပါတယ်။ ဒီပွဲတော်ကို ပုံမှန်အားဖြင့် ဇန်နဝါရီလ အတွင်း မှာ ကျင်းပပါတယ်။

မင်းကွန်း

မင်းကွန်းပုတိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်း

Sagaing-Region

မင်းကွန်းပုထိုးတော်ကြီးက မင်းကွန်းမြို့မှာ တည်ရှိတာဖြစ်ပြီး စစ်ကိုင်းဒေသရဲ့အကျော်ဇေယျတွေထဲမှာ အပါအဝင်ဖြစ်တယ်။ ဒီစေတီ တော်ကို ၁၇၉၀ ပြည့်နှစ်တွေမှာ ဘိုတော်ဘုရားက တည်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးစီးအောင်တည်မယ်ဆိုရင် ပြည်ပျက်မယ်၊ ဘုရင်မင်းမြတ် နတ်ရွာစံမယ်ဆိုတဲ့ ဟောကိန်းကြောင့် ပြီးစီးတဲ့အထိ မတည်ခဲ့ပါဘူး။ တကယ်တမ်းရည်မှန်းထားတဲ့ ဉာဏ်တော်အမြင့် ၅၀ မီတာရဲ့ သုံးပုံတပုံမှာ ရပ်တန့်ခဲ့ရတယ်။ မြန်မာ့လက်မှုအနုပညာကို လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် မင်းကွန်းပုထိုးတော်ကြီးမှာ  လေ့လာနိုင်ပါတယ်။ ကုန်းဘောင်ခေတ်လက်ရာတွေကို လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မင်းကွန်းပုထိုးတော်ကြီးဘုရားနဲ့ ပုံစံတူ တည်ထားခဲ့တဲ့ ပုံတော်စေတီမှာ လေ့လာနိုင်ပါတယ်။ ဒီစေတီတော်က မင်းကွန်းပုထိုးတော်ကြီးဘုရားရဲ့ အရှေ့တောင်ဘက် ၃၂၀ ကီလို မီတာ အကွာအဝေးမှာ တည်ရှိပါတယ်။ ၁၈၃၉ခုနှစ်၊ မတ်လမှာ ငလျင်လှုပ်ခဲ့တာကြောင့် မပြီးစီးသေးတဲ့ ပုထိုးတော်ကြီးက ဆိုးဆိုးရွား ရွား ပျက်စီးခဲ့ပြီး အက်ရာအကြီးကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ပုထိုးတော်ကြီးကိုသွားမယ်ဆိုရင် အရှေ့ဘက်တန်ဆောင်းက တက်ဖို့ အကြံပြုချင် ပါတယ်။ ဧရာဝတီမြစ်ရဲ့ အင်မတန်လှပတဲ့ရှုခင်းနဲ့ စိမ်းစိုလှပတဲ့ မင်းကွန်းတောင်ကြီးကို မြင်ရပါလိမ့်မယ်။

Sagaing-Region Chokchai Suksatavonraphan / Shutterstock.com

မင်းကွန်းခေါင်းလောင်းကြီးကို ဘိုးတော်ဘုရားက မင်းကွန်းပုထိုးတော်ကြီးမှာ သွန်းလောင်းခဲ့တယ်။ ဗမာအတိုင်းအတာနဲ့ မင်းကွန်း ခေါင်းလောင်းက ၅၅၅၅၅ ပိဿာ အလေးချိန်ရှိပါတယ်။ ကီလိုနဲ့ပြောရင် ၉၀၇၁၇.၄၂၆ ကီလိုဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကတော့  - မမင်းဖြူမှန်မှန်ပြော - လို့ မှတ်သားကြပါတယ်။ ဒါဟာ မြန်မာရှေးဟောင်း နက္ခတ်နဲ့ ကိန်းဂဏန်းပညာအရ မှတ်သားမှုဖြစ်ပြီး ၅ ကို ကိုယ် စားပြုပါတယ်။ ၂၀၀၀ ပြည့်နှစ်အထိ မင်းကွန်းခေါင်းလောင်းကြီးက ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

မြသိန်းတန်ဘုရား

ShweBo

ရွှေဘိုမြသိန်းတန်ဘုရားကို ၁၈၆၁ခုနှစ်မှာ ဘကြီးတော်ဘုရားက တည်ထားခဲ့တယ်။ သူ့ရဲ့မိဘုရားရှင်ဘို့မယ်ကိုရည်ရွယ်ပြီး ဒါနပြုလုပ်ခဲ့ တာဖြစ်တယ်။ ဒီဘုရားကို ရှင့်ဘို့မယ်ဘုရားလို့လည်း သိရှိထားကြပါတယ်။ မြသိန်းတန်ဘုရားဟာ စစ်ကိုင်းတိုင်း၊ မင်းကွန်မြို့ မြောက် ပိုင်းမှာ တည်ရှိပါတယ်။ စေတီတော်ဟာ စူလာမဠိစေတီတော်ဖြစ်ပြီး ပြဿဇ်တွေဝန်းရံထားတယ်။ ဒါက နတ်ဘုံကိုရည်ညွှန်းတာဖြစ်ပါ တယ်။ စောင်းတန်းသုံးခုရှိပြီး တာဝတိသာနတ်ပြည်မှာ ဗုဒ္ဓမြတ်စွာ တရားဟောကြားခဲ့ပြီး စောင်းတန်းသုံးခုနဲ့ ပြန်လည်ဆင်းသက်ခဲ့တာ ကို ရည်ညွှန်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဆောင်းတန်းတစ်ခုစီမှာ လှေခါးထစ် ၅၃ထစ်ရှိပါတယ်။

[blogcard url="https://mingalago.com/interest/shwebo/"]

စစ်ကိုင်း

စစ်ကိုင်းတောင်

Sagaing-Region

စစ်ကိုင်းတောင်ကတော့ ထုံးဖြူဖြူစေတီတော်၊ ငွေနဲ့ ရွှေရောင်စေတီတော်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ရာနဲ့ချီပြီး တည်ရှိတာ ကြောင့် ကျော်ကြားပါတယ်။ ဧရာဝတီမြစ်နဲ့ ဓါးလွယ်ခုတ်အရပ်မှာ စစ်ကိုင်းတောင်တည်ရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဗုဒ္ဓဘာသာရဲ့ ဗဟိုချက်လို့လည်း စစ်ကိုင်းတောင်ရိုးကို သိရှိထားကြပါတယ်။ အကြောင်းကတော့ ဒီဧရိယာတဝိုက်မှာ ဘာသာရေးအဆောက်အအုံ့ ပေါင်း ၃၀၀ ကျော် တည်ရှိနေတာကြောင့်ပါပဲ။ တရားအားထုတ်ဖို့ အင်မတန်သင့်လျော်တဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာက ဒီနေရာမှာ ထွန်းတောက်ပြီး အင်မတန် ငြိမ်းချမ်းတဲ့ဒေသတစ်ခုလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဆွမ်းဦးပုညရှင်ဘုရား

Sagaing-Region

စစ်ကိုင်းတောင်ရဲ့ ၃၇တောင်ထိပ်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ နာဖတောင်ထိပ်ပေါ်မှာ ဆွမ်းဦးပုညရှင်စေတီတော် တည်ရှိပါတယ်။ ဒီ စေတီတော်က ဗုဒ္ဓဓါတ်တော်တွေကို ဌာပနာပြီး ၁၃၁၂ခုနှစ်မှာ ဦးပုညက တည်ထားတာဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အစောဆုံးဆွမ်းကို ဘယ်လူသားမှ ဦးအောင် ကပ်လှူလို့ မရဘူးလို့ ဆိုပါတယ်။ ဘုရားပွဲတော်ကို ဝါဆိုလပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။

ဥမင်သုံးဆယ် ဘုရား

Sagaing-Region Sagaing-Region

ဥမင်းသုံးဆယ်ဘုရားဆိုတာကတော့ ဘုရားအဆူသုံးဆယ်ရှိတဲ့ ဥမင်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဥမင်သုံးဆယ်ဘုရားကို ဘုန်းတော်ကြီး သင်္ဂါယေဇက စစ်ကိုင်းတောင်ရိုးမှာ တည်ထားခဲ့တာဖြစ်ပါတယ်။ ဒီစေတီတော်က ဗုဒ္ဓရဲ့ ပါရမီ တော် ဆယ်ပါးနဲ့ အပြား ၃၀ ကို ရည်ရွယ် ပြီး တည်ထားခဲ့တာဖြစ်ပါတယ်။ စေတီတော်အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ၄၅ဆူ တည်ရှိပြီး ဗုဒ္ဓရဲ့ လေးဆယ် ငါးဝါတရား ဟောကြားခဲ့မှု ကို ရည်ညွှန်း တည်ထားတာဖြစ်ပါတယ်။

ဥမင် ကိုးဆယ်ဘုရား

ဥမင်ကိုးဆယ်ဘုရားဆိုတာကတော့ ဘုရားကိုးဆယ်ဂူလို့ ဆိုလိုပါတယ်။ ဒီဘုရားကို အင်းဝဘုရင်မင်းခေါင်က စစ်ကိုင်းတောင်ရိုးမှာ တည်ထားခဲ့တာဖြစ်ပါတယ်။ ဘုရားရဲ့မူလနာမတော်ရှိခဲ့ပေမယ့် ၁၂၉၃ခုနှစ်မှာ ဥမင်းခြောက်ဆယ်၊ ၁၃၃၀ပြည့်နှစ်မှာ ဥမင်ကိုးဆယ်အ ဖြစ် အဆင့်ဆင့်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

တိလောကဂုရုဂူ ဘုန်းတော်ကြီးကျောင်း

Sagaing-Region

စစ်ကိုင်းတောင်ခြေမှာ တိလောကဂုရုဂူဘုန်းတော်ကြီးကျောင်း တည်ရှိပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းကို ၁၆၇၀ပြည့်နှစ်မှာ တည် ဆောက်ခဲ့ပြီး တရားအားထုတ်တဲ့ဂူဖြစ်ခဲ့ပါတယ်။ ဂူအတွင်းမှာ လှပတဲ့ ဂူနံရံပန်းချီတွေကို အနီရဲရဲ၊အပြာရောင်တွေနဲ့ ရေးခြယ်ထားတာ ကို တွေ့မြင်ရပါမယ်။ အဲဒီပန်းချီတွေက ဗုဒ္ဓရဲ့ဇာတ်တော်တွေ၊ သတ္တဝါတွေ၊ သူရဲကောင်းတွေ၊ စစ်ပွဲတွေ၊ ကုန်သည်တွေ၊ ဘုရင်တွေ၊ လယ်သမားနဲ့ ဒဏ္ဍာရီလာသတ္တဝါတွေကို ရေးဆွဲထားပါတယ်။ ဂူတံခါးက အမြဲပိတ်ထားလေ့ရှိတာကြောင့် ဒေသခံတွေရဲ့အကူအညီနဲ့ ဂူတံခါးသော့ကို တောင်းခံနိုင်ပါတယ်။

သီတဂူနိုင်ငံတကာဗုဒ္ဓဘာသာအကယ်ဒမီ

Sagaing-Region သီတဂူအဖွဲ့ရဲ့အကြီးအကဲ သီတဂူဆရာတော်ဘုရားကြီးက ၁၉၉၄ခုနှစ်မှာ သီတဂူနိုင်ငံတကာဗုဒ္ဓအကယ်ဒမီကို တည်ထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ပရိယတ္တိ၊ ပရိပတ္တိတရားတော်တွေကို ပျံ့နှံ့စေဖို့ ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အကျင့် (ပရိယတ္တိ)၊  ထိုးထွင်းသိမြင်မှု(ပရိဝေဒ) တရားတော်များကို လောကတခွင့်ပျံ့ပွားစေဖို့ ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ သီတဂူအဖွဲ့က ဘွဲ့ကြို၊ ဘွဲ့လွန် အဆင့် ကမ္ဘာ့အဆင့်လေ့လာမှုတွေကို သင်ကြားပို့ချပေးနိုင်မယ့် ပညာရေးအင်စတီကျုးရှင်းဖြစ်ပေါ်စေဖို့ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါ တယ်။ အဲဒီအကယ်ဒမီမှာ ဘုန်းတော်ကြီး၊ မယ်သီလရှင်တွေအပြင် ဒါယီကာ၊ဒါယီကာမတွေလည်း သင်ယူခွင့်ရှိတယ်လို့ သိရှိရပါတယ်။ အကယ်ဒမီက ဆွမ်းဦးပုညရှင်ဘုရားနဲ့ မလှမ်းမကမ်းမှာ တည်ရှိပြီး စစ်ကိုင်းတောင်ရိုးနဲ့ မင်းကွန်းတို့ရဲ့ အနောက်ဘက်မှာ တည်ရှိ တာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေသိရှိလိုရင် ဒီနေရာမှာ (http://www.myanmarnet.net/nibbana/stacdamy.htm)လေ့လာနိုင်ပါတယ်။

ကောင်းမှုတော်ဘုရား

Sagaing-Region

ရာဇမဏိစူလကောင်းမှုတော်လို့လည်း သိရှိထားကြတဲ့ ကောင်းမှုတော်ဘုရားက စစ်ကိုင်းတိုင်း အနောက်မြောက်ဒေသမှာ တည်ရှိပါ တယ်။ ဒီဘုရားကို သာလွန်မင်းကြီးက ၁၆၃၆ခုနှစ်မှာ တည်ထားခဲ့တာဖြစ်ပြီး ပြီးစီးတဲ့အထိ ၁၂နှစ်ကြာ အချိန်ယူတည်ထားခဲ့ရတာဖြစ်ပါ တယ်။ ကောင်းမှုတော်ဘုရားရဲ့ လုံးဝန်းတဲ့တည်ဆောက်ပုံကြောင့် ထင်ရှားပါတယ်။ ဒါဟာ ရိုးရာအစဉ်အလာပုံသဏ္ဍာန်ကနေ ခွဲထွက်ခဲ့ တာပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ဉာဏ်တော်အမြင့် ၄၆မီတာရှိပါတယ်။ ဒဏ္ဍာရီအရ ဗုဒ္ဓရဲ့ ဓါတ်တော်၊မွှေတော်တွေ ဌာပနာထားတယ်လို့ သိ ရှိရပါတယ်။

မိုးညှင်းသံဗုဒ္ဓေဘုရား

Sagaing-Region

မိုးညှင်းသံဗုဒ္ဓေဘုရားက မုံရွာအရှေ့တောင်ဘက် ၁၅ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ မိုးညှင်ဆရာတော် ဦးသုမနက ၁၉၃၉ခုနှစ် မှာ တည်ထားခဲ့တာဖြစ်ပါတယ်။ ဘုရားတည်ချိန် ၁၃နှစ်နီးနီးကြာခဲ့ပြီး ၁၉၅၂ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ထူးခြားခမ်းနားတဲ့ပိသုကာဒီဇိုင်း ကြောင့် ထင်ရှားပါတယ်။ အဝင်ဂိတ်ဝမှာ ဆင်ဖြူနှစ်ကောင်က စောင့်ရှောက်နေတဲ့ပုံကို ထုလုပ်ထားပါတယ်။ အများအားဖြင့် ဒဏ္ဍာရီ လာ ခြင်္သေ့ရုပ်တုပဲထားလေ့ရှိပေမယ့် ဆင်ဖြူရုပ်တုထားရှိမှုက ထူးခြားပါတယ်။ အဓိကစေတီတော်က ၄၀မီတာ ဉာဏ်တော်အမြင့်ရှိပြီး  ဗုဒ္ဓရုပ်ပွားတော်များစွာနဲ့ ခြံရံတည်ထားပါတယ်။ အတွင်းအပြင် နံရံတွေမှာ ဆင်းတုတော်ဉာဏ်တော်အမျိုးမျိုးနဲ့ စုစုပေါင်း ၅၈၂၀၀၀ ကျော် ရှိပါတယ်။ တစ်နှစ်တကြိမ် ဘုရားပွဲတော်ကျင်းပလေ့ရှိပြီး မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ တနိုင်ငံလုံးက ဘုရားဖူးတွေ လာရောက်ကြတာကြောင့် အင်မတန်စည်ကားလှတဲ့ ဘုရားပွဲဖြစ်ပါတယ်။ နေ့စဉ် နံနက် ၈နာရီကနေ ညနေ ၆ နာရီအထိ ဘုရားရင်ပြင်ကို တက်ရောက်လို့ရပြီး နိုင်ငံခြားသားဧည့်သည်တွေအနေနဲ့ ဝင်ကြေး ၃ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

လေးကျွန်းစကြာရပ်တော်မှုဗုဒ္ဓ နဲ့ လျောင်းတော်မှုဘုရား

Sagaing-Region Anton_Ivanov / Shutterstock.com

အရှင်ဗောဓိတတောင်ဆရာတော်က လေးကျွန်းစကြာရပ်တော်မှုဆင်းတုတော်ကို တည်ထားခဲ့တာဖြစ်ပြီး ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ပြီးစီးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တတိယမြောက် ဉာဏ်တော်အမြင့်မားဆုံး ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပြီး ၁၁၆ မီတာရှိပြီး ဖိုးဝင်းတောင်မှာ တည်ရှိ တာဖြစ်တယ်။ အတွင်းမှာ ဂူပုံစံတည်ဆောက်ထားတာဖြစ်လို့ ဘုရားဖူးတွေက လှေခါးတွေအတိုင်းအပေါ်ဘက်ကို တက်ရောက်နိုင်ပါ တယ်။ ဒါကြောင့် ဘုရားလည်းဖူးရင်း လှပတဲ့မြင်ကွင်းကျယ်တွေကို ရှုစားနိုင်ပါတယ်။ လျောင်းတော်မှုဘုရားကတော့ ရပ်တော်မှုဘုရား တည်ရှိတဲ့တောင်ရဲ့ အဆင်းလမ်းမှာ တည်ရှိပါတယ်။

ဗောဓိတထောင်

Sagaing-Region Anton_Ivanov / Shutterstock.com

ဗောဓိတထောင်ရဲ့အဓိပ္ပါယ်ကတော့ မြန်မာစကားမှာ ဗောဓိပင်တစ်ထောင်လို့ ဆိုလိုပြီး ဆရာတော် နာရာဒက ၁၉၆၀ ပြည့်နှစ်မှာ တည် ထားခဲ့တာဖြစ်ပါတယ်။ ဗောဓိပင်တစ်ပင်စီရဲ့အောက်မှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူစီ တည်ထားခဲ့တာဖြစ်ပါတယ်။ ဗောဓိပင်က ဗုဒ္ဓဘာ သာမှာ အရေးပါပြီး ဗုဒ္ဓဟာ ဗောဓိပင်အောက်မှာ ဉာဏ်အလင်းပွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၁၅ဧက ကျယ်ဝန်းပြီး လက်ရှိအချိန်မှာ နောက်ထပ် ဗောဓိပင် ၉၀၀၀ ကျော်ထပ်မံစိုက်ပျိုးခဲ့ပြီး ဧရိယာအနေနဲ့ ၂၅၀ ဧကအထိ ကျယ်ပြန့်နေပြီ ဖြစ်ပါတယ်။

အလောင်းတော်ကဿဖ

မုံရွာဘုရားဖူးခရီးစဉ်တွေမှာ အလောင်းတော်ကဿဖဂူက ကျော်ကြားပါတယ်။ ၁၉၄၁ခုနှစ်က စပြီး တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ ပြီး ၁၉၄၈ခုနှစ်မှာ အလောင်းတော်ကဿဖအမျိုးသားဥယျာဉ်ဖြစ်လာခဲ့တဲ့ ဥယျာဉ်အလယ်မှာ တည်ရှိပါတယ်။ ဒီဥယျာဉ်က မြန်မာနိုင်ငံမှာ အကျယ်ပြောဆုံးဘေးမဲ့တောလည်း ဖြစ်ပါတယ်။ နွေရာသီမှာ မြန်မာတနိုင်ငံလုံးကဘုရားဖူးတွေ လာရောက် လေ့ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။  နှစ်စဉ် ပွဲတော် နှစ်ပွဲကျင်းပလေ့ရှိပြီး တပို့တွဲလပြည့်နေ့မှာ ပထမအကြိမ်၊ တပေါင်း လပြည့်နေ့မှာ ဒုတိယအကြိမ် ကျင်းပလေ့ရှိပါတယ်။ တောင်ခြေအထိ ဘတ်စ်ကားနဲ့ သွားရောက်နိုင်ပါတယ်။ ဆင်စီးပြီးသွားနိုင်သလို တောတွင်းခရီးကြမ်းအနေနဲ့လည်း သွားရောက်နိုင်ပါတယ်။ဂူနဲ့အလောင်းတော်ကဿဖဆင်းတုကို နှံ့စပ်အောင်သွားမယ်ဆိုရင် တစ်နာ ရီ လောက်အချိန်ယူရပါတယ်။ တောင်ခြေမှာတော့ လမ်းကြမ်းပြီး ဖုန်ထူပါတယ်။ အမျိုးသားဥယျာဉ်က မိုးတွင်းမှာ သွားမဖြစ်လောက် အောင်ပါပဲ။ ဒါကြောင့် ဒီဇင်ဘာလကနေ မေလအထိပဲ သွားရောက်နိုင်ပါတယ်။ အလောင်းတော်ကဿဖက ဗုဒ္ဓရဲ့ ဉာဏ်အလင်းပွင့်ပြီး ဖြစ်တဲ့ သာဝကလို့ ဆိုပါတယ်။ ဒဏ္ဍာရီအရ ပျံလွန်တော်မှုသွားတဲ့ဘုန်းတော်ကြီးရဲ့ကိုယ်ကာယက မီးမလောင်ကျွမ်းဘူးလို့ ဆိုပါတယ်။

ဖိုးဝင်းတောင်

ချင်းတွင်းမြစ်နောက်ဘက်ကမ်းမှာ ဖိုးဝင်းတောင်တည်ရှိပါတယ်။ မုံရွာကနေ ခန့်မှန်း ၃၅ကီလိုမီတာခန့် ကွာဝေးပါတယ်။ ခမ်းနားလှပတဲ့ အဆင်အပြင်တွေနဲ့ သဲကျောက်ဂူပေါင်း ၉၄၀ကျော် ဖိုးဝင်းတောင်မှာတည်ရှိပါတယ်။ ဂူအတော်များများမှာ ဗုဒ္ဓရုပ်ပွားတော်တွေ တည်ရှိ ပြီး ပန်းချီကားတွေကိုလည်း ကောင်းကောင်း ထိန်းသိမ်းထားပါတယ်။ ရှေးဟောင်းဗုဒ္ဓပန်းချီကားတွေ အများကြီး ရှိပါတယ်။ တချို့ပုံတွေ မှာတော့ ပြည်တွင်းဘုရားဖူးတွေက ရွှေချထားပါတယ်။ ဗုဒ္ဓဆင်းတုတော်နဲ့ ပန်းချီတွေအကုန်လုံးက ၁၄ရာစုနဲ့ ၁၈ရာစုအတွင်းက လက် ရာတွေပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အကြွယ်ဝဆုံးသော ဗုဒ္ဓဆင်းတုတော်နဲ့ ပန်းချီကားတွေကို တစုတဝေးတည်း ဖူးတွေ့လေ့ လာခွင့်ရမှာပဲ ဖြစ်ပါတယ်။

ရွှေဘတောင်

ဖိုးဝင်းတောင်မှာ ရွှေဘတောင်ဆိုတာလည်း ရှိပါသေးတယ်။ ရွှေဘတောင်လို့ ဖြစ်လာရတာကတော့ ဦးရွှေဘဆိုတဲ့ပုဂ္ဂိုလ်ကြီးက တောင် ပေါ်မှာ ဂူတွေ၊ ဘုရားကျောင်းတွေ၊ ဗုဒ္ဓဆင်းတုတော်စတာတွေ ထွင်းထုပူဇော်ထားတာကနေ ရွှေဘတောင်လို့ အမည်တွင်လာခဲ့တာဖြစ် ပါတယ်။ အဲဒီဝင်းထဲမှာ ဂူပေါင်း ၄၆ဂူကို ၂၅ပေအနက်အထိကို ကျဉ်းမြောင်းတဲ့ ကျောက်တုံးလမ်းတွေကနေ ဝင်ရောက်နိုင်ပါတယ်။ အထက်အောက်ဘက်နံရံ နှစ်ဖက်စလုံးမှာ အဆင့်မြင့်နည်းပညာတွေအသုံးမပြုဘဲ လက်မှုပညာသက်သက်နဲ့ ထွင်းထုတားတဲ့ ဗုဒ္ဓရုပ် ပွားတော်တွေကို ဖူးမြော်နိုင်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁၃ရာစုကတည်းက ပန်းချီကားတွေကို လေ့လာနိုင်ပါသေးတယ်။ အင်မတန် ထူးခြားတဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

ရာသီဥတုအခြေအနေ

စစ်ကိုင်းဒေသက နွေရာသီမှာ ပူပြင်းတဲ့အခြေအနေရှိပြီး တိမ်အနည်းငယ်ထူထပ်လေ့ရှိပါတယ်။ ဆောင်းရာသီမှာ ရာသီဥတုပြင်းပြီး ကောင်းကင်က ကြည်လင်လေ့ရှိပါတယ်။ တနှစ်ပတ်လည်လုံး ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ရှိပါတယ်။ ဒါပေမဲ့ နွေရာသီမှာ စစ်ကိုင်းတောင်တွေဆီကနေတဆင့် ဧရာဝတီမြစ်ကသေဘာဝ လေပြေညှင်းလေး တွေကို ခံစားရနိုင်ပါတယ်။

စစ်ကိုင်းကို ဘယ်လိုသွားမလဲ

ရန်ကုန်ကနေ စစ်ကိုင်းကို ဘတ်စ်ကားနဲ့ဆိုရင် ကုန်ကျစရိတ်အသက်သာဆုံးနည်းနဲ့ သွားနိုင်ပါတယ်။ အချိန် ၁၁နာရီခန့်ကြာပြီး ဒေါ်လာ ၂၀ခန့် ကုန်ကျပါမယ်။ ရန်ကုန်ကနေ စစ်ကိုင်းကို အမြန်ဆုံးသွားချင်တယ်ဆိုရင်တော့ လေယာဉ်နဲ့သွားရောက်နိုင်ပြီး ဒေါ်လာ ၁၁၀ခန့်  ကုန်ကျမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ စစ်ကိုင်းက ၅၆၄ကီလိုမီတာ ကွာဝေးပါတယ်။ စစ်ကိုင်းမှာ ဟိုတယ်အတော်များများရှိပြီး တည်းခိုခက ကတော့ တစ်ညကို ၂၁ဒေါ်လာကနေ အစားစားရှိပါတယ်။

အင်းဝလို့ခေါ်တဲ့ တခါက အဝရွှေပြည်

စစ်ကိုင်းတိုင်းဒေသကြီး

မင်းကွန်း

စစ်ကိုင်းတိုင်းဒေသကြီး
မင်းကွန်း