Rakhine ရခိုင်ကိုအာရကန်လို့လည်းသိထားကြပြီး မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ရခိုင်ဆိုတဲ့အဓိပ္ပာယ်ကကိုယ့်လူမျိုးကိုထိန်းသိမ်းနိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာတည်ရှိပါတယ်။ ရခိုင်ရဲ့ မြောက်ဘက်မှာချင်းပြည်နယ်၊မကွေးဒေသ၊ အရှေ့ဘက်မှာပဲခူးနဲ့ ဧရာဝတီဒေသ၊ နဲ့အရှေ့ဘက်မှာဘင်္ဂလားပင်လယ်အော်တို့ ရှိပါတယ်။ ရခိုင်ကတောင်တန်းများ( ရခိုင်ရိုးမလို့ ဗမာတွေသိကြပါတယ်) ကိုအာရကန်တောင်တန်းများလို့လည်းခေါ ်ကြပြီးရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီ မြစ်ကြားတို့မှာတည်ရှိပါတယ်။ ၎င်းမှာ ခရိုင် ၅ခုပါပါတယ်။စစ်တွေ၊ မြောက်ဦး၊ မောင်းတော၊ ကျောက်ဖြူ၊သံတွဲတို့ဖြစ်ပြီးရခိုင်ပည်နယ်ရဲ့ မြို့တော်ကတော့ စစ်တွေဖြစ်ပါတယ်။ သံတွဲမှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေထဲကအလှဆုံးကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေရှိပြီးကျောက်ဖြူကလည်းရခိုင်ပြည်နယ်ရဲ့နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ယဉ်ကျေးမှု

Rakhine ရခိုင်အများစုဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီးတော့ သူတို့မှာအခြားဘာသာဝင်များဖြစ်တဲ့မူစလင်၊ ခရစ်ယာန်၊ဟင်ဒူနဲ့အခြားသောမျိုးနွယ်စုအလိုက်ကိုးကွယ်ကြတာတွေလည်းရှိကြပါတယ်။  ရခိုင်ဟာထုံးတမ်း အစဉ်အလာယဉ်ကျေးမှုတွေကြွယ်ဝပါတယ်။ အက၊အဆိုနဲ့ ဘာသာရေးအဆောက်အဦးတွေ များစွာရှိပါတယ်။ရခိုင်ပြည်မှာရှေးကျလှတဲ့ဘုရားတွေ၊ စေတီပေါင်းရာနဲ့ချီပြီးနေရာတကာမှာတွေ့ရပါတယ်။ အထူးသဖြင့်တော့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမှာပိုပြီးတွေ့မြင်ရပါတယ်။

စစ်တွေ

Rakhine Rakhine စစ်တွေ( ဆိုက်တွေ ဆိုပြီးတွေ ရခိုင်ဘာသာစကားအရအသံထွက်ပါတယ်။) ဟာရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါ တယ်။ ဒီမြို့ကတော့ ကုလားတန်မြစ်၊ မယုမြစ်၊ လဲမျိုးမြစ်တို့ ပေါင်းဆုံတဲ့နေရာမှာတည်ရှိပါတယ်။ ကျွန်တော်တို့အဲ့ဒီကိုသွားချင်ရင်တော့ လေကြောင်းနဲ့ဖြစ်ဖြစ်၊ မြေပြင်ကပဲဖြစ်ဖြစ် လွယ်ကူစွာသွားနိုင်ပါတယ်။ စစ်တွေကိုသွားလည်ဖို့အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာကနေ ဖေဖော်ဝါရီလအတွင်းဖြစ်ပါတယ်။ စစ်တွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အဓိကနေရာတွေကတော့ စစ်တွေ view point၊ ရွှေစေတီဘုန်းကြီးကျောင်း၊ အကျိုက်တော်၊ ရခိုင်ပြည်နယ်ရဲ့ယဉ်ကျေးမှုပြတိုက်၊ လောကနန္ဒာ ဘုရား၊ စစ်တွေ ငါးဈေးနဲ့ ဈေးကြီးတို့ဖြစ်ကြပါတယ်။

မြောက်ဦး

Rakhine ရခိုင်ရဲ့ဗိသုကာ မြို့တော် မြောက်ဦးကတော့ကုလားတန်မြစ်နဲ့ လဲမျိုးမြစ်ရယ် ဘင်္ဂလားပင်လယ်အော်အနီးမှာတည်ရှီပါတယ်။ မြောက်ဦးမှာတော့ မရေမတွက်နိုင်လောက်အောင်များတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ကျော်လောက်က ဘုရားတွေ၊ စေတီကျောင်းကန်တွေကိုတွေ့နိုင်ပါတယ်။ မြောက်ဦးနားတစ်ဝိုက်က နေရာတွေကဧရာဝတီဒေသပြီးရင် မြန်မာနိုင်ငံကစပါးအထွက်ဆုံးမှာဒုတိယနေရာကလိုက်ပါတယ်။ မြောက်ဦးမှာအလည် အပတ်သွားလို့ရတဲ့အဓိကနေရာတွေကတော့ ရှစ်သောင်းဘုရား၊ကိုးသောင်းဘုရား၊ ထူးကံသိန်းဘုရား၊ အန်ဒေါသိန်းဘုရား၊လေးမျက်နှာဘုရား၊ လူငါးဦးဘုရားများလို့ခေါ ်တဲ့ မင်္ဂလာမန်းဘုရား၊ ရတနာမန်းဘုရား၊ စကြမာန်အောင်ဘုရား၊ လောကမာန်အောင်ဘုရားနဲ့ ဇိနမာန်အောင် ဘုရားတို့ဖြစ်ပြီး၊ စန္ဒာမုနိဘုရား၊ ဗန္ဓုလကျောင်းဘုန်းကြီးကျောင်း၊ မြောက်ဦးပြတိုက်၊ နဲ့အခြားအခြားသောနေရာတွေဖြစ်ကြပါတယ်။မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာလည်းမြောက်ဦးအနီးမှာတည်ရှိပါတယ်။

ငပလီ

Rakhine ငပလီကမ်းခြေသည်မြန်မာနိုင်ငံ၏အလှဆုံးကမ်းခြေဖြစ်သည်။ ၎င်းကိုနီပေါဟုခေါ်တွင်ပြီးနီပေါကမ်းခြေနှင့်ဆင်တူသည်။ ၎င်း၏အစားအစာဈေးနှုန်းနှင့်ဟိုတယ်ခများသည်ဈေးသိပ်မကြီးသော်လည်းဒေသခံ visitors ည့်သည်များနှင့်ခရီးသွားများကြားတွင်ရေပန်းစားသည်။ သင်သည်ဇိမ်ခံခရီးစဉ်ကို    ကြိုးစားလိုပါကငပလီ ကမ်းခြေ ကိုသွားရောက်လည်ပတ်ရန်မလွဲသင့်သောနေရာဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်(သူဂရန်)ပွဲတော်

 

မြန်မာတွေရဲ့ရိုးရာသင်္ကြန်လိုပါပဲရခိုင်ရိုးရာသင်္ကြန်ပွဲတော်ဟာလည်းဧပြီလမှာပဲကျင်းပကြပါတယ်။ ရခိုင်သင်္ကြန်ကိုအောက်ပါ အမျိုးအစား ၃မျိုးခွဲပြီး ကျင်းပကြပါတယ်။
၁။ နံ့သာသွေးတဲ့ အခမ်းအနား
၂။နံသာရေနဲ့ ဘုရားကိုရေလောင်းပူဇော်တဲ့အခမ်းအနား
၃။ ရေသင်္ကြန်ပွဲတော် ဆိုပြီးဖြစ်ပါတယ်။

ရခိုင်လူမျိုးတွေကဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓရုပ်တော်များ၊ဘုန်းကြီးကျောင်းတွေကိုဒီသင်္ကြန်ပွဲတော်ရက်တွေမှာသန့်ရှင်းမှုပြုလုပ်ကြပါတယ်။ သင်္ကြန်ပွဲတော်ရက်တွေ မတိုင်ခင်မှာရခိုင်အမျိုးသမီးတွေဟာနံသာရေလုပ်ဖို့ရန်အတွက်အနီနဲ့အဖြူ ရှိတဲ့သနပ်ခါးတုံး(မြန်မာလိုတော့ နံသာဖြူနဲ့ နံသာနီဆိုပြီးသိကြပါတယ်။)တွေကိုသယ်လာပြီးသွေးကြပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ ရခိုင်အမျိုးသားတွေကပွဲတော်မှာသာယာပျော်ရွှင်စေဖို့ ရခိုင်သင်္ကြန်သီချင်းတွေဆိုပြီးတူရိယာတွေတီးမှုတ်ကာပျော်ရွှင်စေဖို့ ပြုလုပ်ကြပါတယ်။ သင်္ကြန်မတိုင်ခင်ရက်တွေမှာပဲလူတွေတော်တော်များများကဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်းတို့မှာသန့်ရှင်းရေးတွေပြုလုပ်ကြခြင်း၊ရေသပ္ပာယ်ကြခြင်း၊ နံသာရေတို့နဲ့ဘုရားကိုပူဇော်ကြခြင်းတွေပြုလုပ်ကြပါတယ်။ ပွဲတော်ရက်အတွင်းမှာတော့ရခိုင် အမျိုးသားနဲ့အမျိုးသမီးငယ်လေးတွေဟာမန်းဒပ် ထဲမှာတစ်ဦးနဲ့တစ်ဦးရေလောင်းပြီးဆော့ကြပါတယ်။ မန်းဒပ်တစ်ခုဆီကို သစ်သားနဲ့ဝါးတို့နဲ့ ဆောက်ထားပြီး၊ အုန်းရွက်တို့၊ ပိတောက်ပန်းတို့နဲ့အလှဆင်ကာအထဲမှာတော့ လောင်းလှေကြီးတွေနဲ့ရေဖြည့်ပြီးထည့်ထားပါတယ်။

ရခိုင်ရိုးရာဆီမီးခွက်အက

ဆီမီးခွက်အကဟာရခိုင်ရိုးရာအကတစ်မျိုးလည်းဖြစ်ပါတယ်။ ဒီအကရဲ့အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင်
ကိုမီးပူဇော်တဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ ကတဲ့သူတွေကလက်ထဲမှာ ဝါဂွမ်းနဲ့ ဆီထည့်ထားတဲ့ မီးထွန်းညှိထားတဲ့ဆီမီးခွက်လေးတွေကိုကိုင်ပြီးကရခြင်းဖြစ်ပါတယ်။ သူတို့ကတဲ့အခါမှာရခိုင် ဒရမ်များတီးခြင်း၊ ပလွေမှုတ်ခြင်းနဲ့ သာကရင်လု့ိခေါ ်တဲ့ သီချင်းဆိုခြင်းတို့နဲ့ အတူကပြကြပါတယ်။ အခုခေတ်မှာတော့ဆီမီးပုံးအစားမီးထွန်းညှိထားတဲ့ ဖယောင်းတိုင်နဲ့ကပြကြပါတယ်။

ရခိုင်အစားအစာများ

ရခိုင်အစားအစာတော်တော်များများဟာငပိ(ငါးသို့မဟုတ် ပုစွန်ခြောက်အသေးနဲ့ပြုလုပ်ထားသောစားစရာ)
နဲ့ အခြေခံပြီးပြုလုပ်ထားတာကြောင့် ငန်တဲ့အရသာရှိပြီးတော့ စပ်ပါတယ်။ ရခိုင်ပြည်နယ်မှာမိသားစုဝင်တွေအားလုံးဟာ ထမင်းစားပွဲမှာစုံကြပြီးတော့မှ အတူတူလက်ဆုံစားကြပါတယ်။ ပြောရရင်တော့ ရခိုငအစားအစာတွေဟာလတ်ဆတ်တယ်၊ စပ်ပြီးတော့ အဆီနည်းတာကြောင့် အဆီဓာတ်တွေနည်းပါတယ်။ ရခိုင်မုန့်တီကတော့ရခိုင်အစားအစာတွေထဲကနာမည်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီမုန့်တီဟင်းရည်ကိုတော့အထူးသဖြင့် ငပိ၊ငါး၊ ငရုတ်သီးအခြားသောအမွေးအကြိုင်များနဲ့ မုန့်တီဖတ်အသေးနဲ့အတူတွဲပြီးစားရပါတယ်။ ရခိုင်မုန့်တီကိုစားတဲ့အခါ ကျွန်တော်တို့အနေနဲ့နှစ်မျိုးရွေးချယ်စားလို့ရပါတယ်။ တစ်ခုကတော့မုန့်တီအသုပ် ဖြစ်ပြီးတစ်မျိုးကတော့ မုန့်တီအရည်ဖြစ်ပါတယ်။ အခြားသောနာမည်ကြီးတဲ့ ရခိုင်အစားအစာများကတော့ ရခိုင်ကြက်သားဟင်းစပ်စပ်လေး၊ ရခိုင်စတိုင် ပင်လယ်စာများ၊ ရေညှိသုပ်၊ ပင်လယ်စာသုပ်တို့ပဲဖြစ်ကြပါတယ်။Rakhine Photo by Mon Marlar Rakhine Photo by Zon Wai Phyo Rakhine Rakhine

ကမ္ဘာကျော်သည့် မြန်မာပြည်ရဲ့ ငပလီကမ်းခြေ 

ရခိုင်ပြည်နယ်
ငပလီကမ်းခြေ

စစ်တွေကမ်းခြေရဲ့ View point

ရခိုင်ပြည်နယ်
စစ်တွေ

မြောက်ဦးကချင်းရွာကိုသွားလည်ကြည့်ခြင်း။

ရခိုင်ပြည်နယ်
စစ်တွေ
မြောက်ဦး