shan

မြန်မာနိုင်ငံရဲ့အရှေ့အလယ်ပိုင်းမှာ ရှမ်းပြည်နယ်တည်ရှိပြီး ပြည်နယ်နဲ့တိုင်း ၁၄ခုမှာ အကြီးမားဆုံးပြည်နယ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့ အရှေ့ဘက်မှာ ထိစပ်နေပြီး တောင်ဘက်မှာ ထိုင်းနိုင်ငံ၊ အနောက်ဘက်မှာ မြန်မာနိုင်ငံရဲ့တိုင်းဒေသကြီး ငါးခုနဲ့ ထိ စပ်နေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ မြင့်မားတဲ့တောင်တန်းကြီးတွေ ရှိပါတယ်။ အရှည်ဆုံးမြစ်ဖြစ်တဲ့ သံလွင်မြစ် က ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေပါတယ်။

ထင်ရှားလူသိများတဲ့ဒေသတွေ

shan Photo by Thurain Aung

အင်းလေးကန်

shan

ရှမ်းပြည်နယ်ရဲ့ နာမည်ကျော်မြေမျက်နှာသွင်ပြင်တွေထဲကတစ်ခုကတော့ အင်းလေးကန်ပါပဲ။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးမားဆုံး ကန်ကြီးလည်းဖြစ်ပါတယ်။ ရေကန်ဧရိယာက ၁၄မိုင်ရှည်လျားပြီး ၇မိုင်ကျယ်ဝန်းပါတယ်။

ပင်းတယဂူ

shan

ဗုဒ္ဓဆင်းတုတော်ပေါင်း ၆၂၂၆ ဆူတည်ရှိတဲ့ ပင်းတယဂူဟာ ကျယ်ပြောကြီးမားတဲ့ ထုံးကျောက်ဂူဖြစ်ပြီး ရှမ်းပြည်နယ်၊ အောင်ဘန်းမြို့ အနီးမှာ တည်ရှိပါတယ်။

Mway Taw Kekku

shan

ဗုဒ္ဓဆင်းတုတော်အများကြီးကို တနေရာတည်းမှာစုဝေးပြီး ဖူးတွေ့မှာဖြစ်ပါတယ်။ တောင်ကြီးမြို့နဲ့ ၂၆မိုင် အကွာအဝေးမှာ တည်ရှိပြီး ဒီဧရိယာအတွင်းမှာ ဆင်းတုတော်ပေါင်း ၂၀၀၀ကျော် တည်ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် မတ်လမှာ ကျင်းပလေ့ရှိပြီး ပွဲတော် ကာလက ရက်သတ္တပတ်တစ်ပတ်ကြာမြင့်ပါတယ်။

Red Mountain ဝိုင်ခြံ

shan Matyas Rehak / Shutterstock.com

ရှမ်းပြည်တောင်ပိုင်းမှာ တည်ရှိပါတယ်။ ချိုမြိန်တဲ့ဝိုင်အရသာနဲ့ လှပတဲ့ရှုခင်းတွေက ထူးခြားလှတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါ လိမ့်မယ်။

ဌာနေများ

shan Photo by www.ichcap.org

လက်ရှိအချိန်မှာ ရှမ်းပြည်နယ်ရဲ့ဌာနေတွေက ရှမ်း၊ဗမာ၊ ရှမ်းတရုတ်၊ ဝ၊ လီဆူး၊ ဓနု၊ အင်းသား၊ အထာ၊ လာဟူ၊ တအောင်းန်၊ ပအို့ပ်၊ တောင်ရိုး၊ အိန္ဒိယနဲ့ ဂေါ်ရခါးတွေရှိပါတယ်။ ပြည်နယ်ရဲ့တောင်ကြားနဲ့ မြစ်ဝှမ်းဒေသတွေမှာ ရှမ်းလူမျိုးတွေအနေများပြီး ဓနုနဲ့ တောင်ရိုး၊ အင်းသားနဲ့ ဗမာတိုင်းရင်းသားတွေကတော့ ပြည်နယ်အနောက်ဘက်မှာ နေထိုင်ကြပါတယ်။ ပလောင်လူမျိုးတွေကတော့ ရှမ်းပြည်နယ်  မြောက်ပိုင်းမှာ တည်ရှိပါတယ်။ သူတို့က အထူးသဖြင့် နန့်စံနဲ့ ပင်းတယဘက်မှာ အနေများပါတယ်။ တိုင်းရင်းသားအများစုက ဗုဒ္ဓဘာ သာဝင်တွေဖြစ်ပြီး မွတ်စလင်၊ ဟင်ဒူနဲ့ ခရစ်ယာဉ်ဘာသာဝင်တွေလည်း အတူယှဉ်တွဲနေထိုင်ကြပါတယ်။

ရှမ်းပြည်နယ်မြို့တော် 

shan

ရှမ်းပြည်နယ်ရဲ့မြို့တော်က တောင်ကြီးဖြစ်ပြီး ပြည်နယ်ရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။ မြို့တော်က သာစည်-ကျိုင်းတုံ့လမ်းမကြီးပေါ် မှာ တည်ရှိပါတယ်။ တောင်ပေါ်ဒေသဖြစ်ပြီး ပင်လယ်မျက်နှာပြင်ကနေ ၁၄၂၀မီတာအမြင့်မှာတည်ရှိတာကြောင့် တနှစ်တာပတ်လုံး အေး စိမ့်ပြီး သာယာတဲ့ရာသီဥတုရှိပါတယ်။ လူဦးရေအားဖြင့် ၃၈၀၆၆၅ ဦးခန့်ရှိပြီး မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက်အကြီးမားဆုံးမြို့ဖြစ်ပါတယ်။ မီးပုံပျံပွဲတော်ကြောင့် တောင်ကြီးမြို့က ကျော်ကြားပါတယ်။ ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလမှာ ကျင်းပလေ့ရှိပါတယ်။

စူလာမဠိဘုရား

shan

မြို့တော်ရဲ့ဘာသာတရားကိုင်းရှိုင်းမှုအကြီးမားဆုံးဒေသတွေထဲမှာ စူလာမဠိဘုရားပါဝင်ပါတယ်။ ကြီးမားတဲ့စေတီတော်ကြီးဖြစ်ပြီး ပုဂံ အာနန္ဒာဘုရားကို ပုံတူတည်ထားတာဖြစ်ပါတယ်။

ဈေး

shan

စိတ်ဝင်စားစရာကောင်းတဲ့အချက်တချက်ကတော့ ငါးရက်ဈေးပါပဲ။ ငါးရက်ဈေးမှာဈေးရောင်းဖို့အတွက် အနီးနားက စိုက်ပျိုးရေးသမား တွေ တောင်ကြီးမြို့ကို လာရောက်လေ့ရှိပါတယ်။ မြို့မဈေးက တောင်ကြီးရဲ့အစည်ကားဆုံးအစိတ်အပိုင်းဖြစ်ပြီး လတ်ဆတ်တဲ့ဒေသ ထွက်ကုန်တွေရောင်းချပါတယ်။ လက်ရှိအချိန်မှာတော့ ငါးရက်ဈေးက ပုံမှန်ဖွင့်တဲ့ဈေးဖြစ်လာပြီး ပုံမှန်စည်ကားနေပါတယ်။ ခရမ်းချဉ် သီး၊ အာလူး၊ လက်ဖက်၊ ပဲနဲ့ ဒေသထွက်သီးနှံတွေ တပုံတပင်ရောင်းချကြပါတယ်။

ရှမ်းပြည်နယ်ကို ဘယ်အချိန်သွားလည်မလဲ

shan

ဒီဇင်ဘာ - မတ်လ

ခြောက်သွေ့တဲ့ဆောင်းရာသီဖြစ်လို့ သွားလာလှုပ်ရှားဖို့ ကောင်းတဲ့အချိန်ပါပဲ။ ရှမ်းပြည်နယ်ကို သွားရောက်လည်ပတ်မယ်ဆိုရင် ဘုရားဖူး၊ ကျေးရွာနဲ့ဂူတွေကို သွားရောက်လည်ပတ်တာတွေ၊ တောတွင်းခရီးကြမ်းခရီးစဉ်တွေအတွက် ဒီဇင်ဘာကနေ မတ်လ အထိ အချိန်က အသင့်လျော်ဆုံးဖြစ်ပါတယ်။

ဧပြီ - နိုဝင်ဘာ

နွေရာသီနဲ့ စိုစွက်တဲ့ရာသီအစပ်ကာလဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ တခါတရံပူပြင်းပြီး မိုးရွာတတ်ပါတယ်။ ဒီရာသီဥတုကြောင့် သွားလာရတာ အဆင်မပြေလှပါဘူး။

သယ်ယူပို့ဆောင်ရေး

shan

လေကြောင်း

ရန်ကုန်၊ မန္တလေး၊ ပုဂံကနေ သက်သောင့်သက်သာသွားမယ်ဆိုရင် ရှမ်းပြည်နယ်ရဲ့အနီးနားမြို့တွေကို လေကြောင်းနဲ့ သွားလာနိုင်ပါ တယ်။ ရှမ်းပြည်နယ်မှာ လေဆိပ် လေးခုရှိပါတယ်။ ဟဲဟိုးလေဆိပ်က တောင်ကြီးကနေ ကီလိုမီတာ ၄၀အကွာအဝေးမှာ တည်ရှိပါ တယ်။ အဲဒီလေဆိပ်ကနေ မြို့တော်ကို ကားနဲ့ ၄၅မိနစ်ဆို ရောက်ပါပြီ။ တက္ကစီ၊ ပစ်ကပ်ကားနဲ့ ဘတ်စ်ကားတွေကို လေဆိပ်အဝင်ဝ ရှိပါတယ်။ ဒါ့အပြင် လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံလေဆိပ်တွေဆီကို နေ့စဉ်လေယာဉ်ခရီးရှိပါတယ်။

ကုန်းလမ်း

ကားစီးပြီးသွားမယ်ဆိုရင်တော့ တောင်တက်လမ်းတလျှောက် ရှုခင်းတွေကို ငေးမောသွားနိုင်တာကြောင့် ပျော်ဖို့ကောင်းပါတယ်။ ကားစီး ချိန်ကတော့ ကြာမြင့်နိုင်ပါတယ်။ ကားလမ်းတလျှောက် မြွေလိမ်မြွေလမ်းတွေ အများကြီးပါပဲ။ ကျွမ်းကျင်တဲ့ယာဉ်မောင်းဖြစ်ဖို့ကို ခရီးမ ထွက်ခင် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယုံကြည်အားထားနိုင်တဲ့ ခရီးသွားအေဂျင်စီတွေကစီစဉ်ပေးတဲ့ ဇိမ်ခံဘတ်စ်ကား တွေနဲ့လည်း သွားနိုင်ပါတယ်။ ရှမ်းပြည်နယ်ကို ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားခရီးစဉ်လည်း ရှိပါတယ်။

ရှမ်းပြည်နယ်အစားအစာ

ရှမ်းခေါက်ဆွဲ

shan

မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံးဟင်းချက်နည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရှမ်းခေါက်ဆွဲကို ရှမ်းပြည်နယ်ရဲ့လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။ အရသာတူပေမယ့် အရည်နဲ့ အသုပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ခေါက်ဆွဲကိုလည်း ကိုယ်နှစ်သက် တာရွေးချယ်နိုင်ပါသေးတယ်။ ချက်ပြုတ်တဲ့နည်းကြောင့် အရသာအနည်းငယ်ကွဲပြားမှုတော့ရှိနိုင်ပါတယ်။ အများအားဖြင့် အချဉ်ကို ခရမ်းချဉ်သီး၊ ဆား၊သကြား၊ ဆီစတာတွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ စားသုံးသူတွေက ရှမ်းခေါက်ဆွဲကို တိုဖူးကြော်နဲ့ တွဲဖက်စားလေ့ရှိ ကြပါတယ်။

တိုဖူးနွေး

shan

ကမ္ဘာပေါ်မှာ တို့ဖူးယဉ်ကျေးမှုအကျယ်ပြောဆုံးကတော့ ရှမ်းပြည်နယ်ပါပဲ။ တို့ဖူးနွေးဆိုတာက စေးကပ်တဲ့ခေါက်ဆွဲကို တို့ဖူးနဲ့ ငရုတ်သီး ၊ နှမ်း၊ မြေပဲ၊ နံနံပင်စတာတွေနဲ့ပြုလုပ်ထားတဲ့ တို့ဖူးစွပ်ပြုတ်နဲ့ ရောစပ်စားသုံးတာဖြစ်ပါတယ်။ ဒါက ရှမ်းပြည်နယ်ရဲ့ထူးခြားတဲ့အစားအ စာပါပဲ။

နှမ်းနက်နဲ့ ကောက်ညှင်း(ခေါပုတ်)

shan

ရှမ်းပြည်နယ်ရဲ့အကျော်ကြားဆုံးသားရည်စာကတော့ ခေါ်ပုတ်ပါပဲ။ ခေါ်ပုတ်ကို အရသာအရှိဆုံးစားတဲ့နည်းကတော့ ကြော်တာပါပဲ။ လွယ်လင့်တကူခြောက်သွေ့မသွားရလေအောင် ငှက်ပျော်ဖက်နဲ့ထုပ်ပြီး ရောင်းချလေ့ရှိပါတယ်။

စိုက်ပျိုးရေး

shan ronemmons / Shutterstock.com

စပါး၊ဂျုံ၊ ငရုတ်၊ ချည်၊ အာလူး၊ မြေပဲ၊ နှမ်း၊ လက်ဖက်၊ ဆေးရွက်ကြီးတွေကို ရှမ်းပြည်နယ်မှာ စိုက်ပျိုးပါတယ်။ ကောက်ပဲသီးနှံတွေက ဒေသတွင်းသုံးဖို့တင်မကဘဲ ပြည်ပပို့ကုန်အနေနဲ့လည်း ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါ့အပြင် နေကြာ၊ မှို၊ ပဲပိစပ်စတာတွေကိုလည်း စိုက်ပျိုးလေ့ရှိပါတယ်။

ညောင်ရွှေမြို့က “Aqua Lilies Spa”

ရှမ်းပြည်နယ်
ညောင်ရွှေ

ဝဿန်မိုးရဲ့ မြူမှုန်တွေကြားက ကျော်ဖြတ်ရမယ့် တောင်ကိုးလုံး

ရှမ်းပြည်နယ်
ကလော

ပြဒါးလင်းဂူ

ရှမ်းပြည်နယ်
ရွာငံ

ဝိုင်ရနံ့တွေနဲ့ ခြုံလွှမ်းထားတဲ့ တောင်ကုန်းလေးပေါ်က ဝိုင်ခြံလေး (သို့မဟုတ်) Red Mountain

ရှမ်းပြည်နယ်
ညောင်ရွှေ

သဘာဝရင်ခွင်ဆီသို့ ထွက်ပြေးခြင်း

ရှမ်းပြည်နယ်
ကလော

စီးမယ်၊ လျှောက်မယ်

ရှမ်းပြည်နယ်
ညောင်ရွှေ

အင်းလေးကန်ထဲက နေဝင်ချိန်ကိုဝယ်ယူခြင်း

ရှမ်းပြည်နယ်
အင်းလေး

ညောင်ရွှေမြို့ရဲ့ တောင်တန်းတွေအလွန်က ဝါးနဲ့လုပ်ထားတဲ့ လယ်တောအိမ်လေး

ရှမ်းပြည်နယ်
ညောင်ရွှေ

သီပေါမြို့ရဲ့ Trekking ခရီးစဉ်လေး

ရှမ်းပြည်နယ်
သီပေါ

တိမ်တွေတောင်တွေကြားက ကိုယ့်ရဲ့ ကလော မနက်ခင်း

ရှမ်းပြည်နယ်
ကလော

ပွယ်လုဖွယ်(ဒုံးလွှတ်ပွဲ)

ရှမ်းပြည်နယ်
တောင်ကြီး

ရှမ်းရိုးမ တစ်နေရာက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

ရှမ်းပြည်နယ်
တောင်ကြီး

ရှမ်းပြည်နယ် တောင်ပိုင်းသို့ တကိုယ်တော်ခရီးသွားခြင်း

ရှမ်းပြည်နယ်
ညောင်ရွှေ
ကလော
တောင်ကြီး

Mandalay – Pyin Oo Lwin – Hsipaw, Adventure trip

မန္တလေးတိုင်းဒေသကြီး
မန္တလေး
ပုဂံ
ပြင်ဦးလွင်
ရှမ်းပြည်နယ်
သီပေါ

မြန်မာလူမျိုးများနဲ့ကျွန်မ။

ရှမ်းပြည်နယ်
တောင်ကြီး